နွီရာသီ ဝေသာလီခရီးသည်များသို့

(The Mog Nation Wiki, an archive)


နွီရာသီ ဝေသာလီခရီးသည်များသို့

အကျွန်ရို့ဌာနီ၊ ဝေသာလီကား
အတိတ်ရှီးက၊ အနွတ္တနှင့်
နာမသင်းကြိုင်၊ မျိုးရက္ခိုင်ဟု
ပြိုင်ဆိုင်ဝံံ့ယှား၊ တိုင်းတပါးက
ဆက်ထားဘဏ္ဍာ၊ ပို့လာမစဲ
ပြည်ထဲရေးမှာ၊ ပူဆွေးသောက
ကင်းဝီးကြ၏။
ဓနခွန်အား၊ ပြည်စပါးလည်း
ပေါများပြည့်တင်း၊ ပန်းစုံခင်း၍
ရောင်၀င်းသာသနာ လင်းလီယင့်။

ရှီးဟောင်းဌာနီ၊ ဝေသာလီသို့
ရောက်လီရေခါ၊ ထိုနိန်ရာမှာ
သာယာရှုခင်း၊ မြင်ကွင်းမဟိ
ပြိုဖိနန်းရိုး၊အုတ်ကျိုး အုတ်စ
ကြည့်မရအောင်၊ သောကရင်လှိုင်းခုံလိမ့်မည်။

အခုခါမီ၊ ဝေသာလီ၏
မပီမပြင်၊ ရုပ်အသွင်ကို
လွင်ပြင်ကုန်းပို့၊ မြီမို့မို့နှင့်
မှိုင်းညိုတောတန်း၊ ထိုစခန်း၌
ကျောက်ပန်းကျောက်ခက်၊ ကွဲအက်ပြိုပဲ့
ငိုယွဲ့နတ်ရုပ်၊ ဂျောင်ကကုတ်မှာ
ငုတ်ဆုတ်ထိုင်၍ တွီလိမ့်မည်။ ။

နွီရာသီ ဝေသာလီခရီးသည်များသို့ ရည်ညွှန်းလျက်……

~ သျှင်အုန်း
၁၂-၄-၁၉၇၅

(note by Sara Kyaw Maung: ဝေသာလီလေ့လာရေးခရီးမာဆရာကြီးမလိုက်ဖြစ်လို့ကဗျာလက်ဆောင်ပီးလိုက်စွာပါ။)



The Mog Nation Wiki
Kyaw Zaw Oo

Leave a comment