(The Mog Nation Wiki, an archive)
“ရခိုင်နိုင်ငံရေးပါတီများ၏အားနည်းချက်များ”
ရခိုင်နိုင်ငံရေးပါတီများမှာအားနည်းချက်များအသီးသီးရှိကြသည်ကိုတွေ့ရသည်။ ရခိုင်အမျိုးသားပါတီအနေဖြင့်ရပ်တည်ချက်များမှာခိုင်မာမှုမရှိငည်ကိုတွေ့ရသည်။(၂၀၂၁)ခုနှစ်ဖေဖော်ဝါရီလ(၁)ရက်နေ့ဖြစ်စဥ်နောက်ပိုင်း(၄)ရက်နေ့မှာပြည်သူ့လွှတ်တော်ကိုာ်စားပြုကော်မတီ(CRPH)ပေါ်လာပြီးနောက်ရခိုင်ပြည်နယ်မှပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ထုတ်ပြန်ကြေငြာချက်ထုတ်ပြန်ခဲ့သည်ကိုတွေ့ရသည်။ပင်မနိုင်ငံရေးရေစီးကြောင်းမှာစီးမျောလိုသောအနေအထားကိုပြဆိုသည်။ ထိုနောက်ပိုင်းနစကအဖွဲ့ဝင်အဖြစ်အမည်စာရင်းတင်သွင်းခြင်းအပါအဝင်ကိစ္စရပ်များတွင်မူလသဘောတူသလိုနှင့်နောက်ပိုင်းမှာသဘောထားပြောင်းလာသည်အားကြားသိရသည်။ အဆိုပါကွဲလွဲမှုများသည်နိုင်ငံရေးပါတီတခုမှာစဥ်ဆက်မပြတ်ကျင့်သုံးသည့်မူဝါဒ(SustainablePolicy)မရှိဟုသိနိုင်သည်။ နိုင်ငံရေးဆိုသည်မှာကလေးကစားစရာမဟုတ်သလိုစိတ်ခံစားချက်အလိုအရပင်မရေစီးကြောင်းမှာစီးမျောလိုက်ပါရမည့်အနေအထားမဟုတ်သည်ကိုသတိထားမိစေလိုသည်။ ထို့အတူအားရစရာမရှိသောအနေအထားကိုလူငယ်ခေါင်းဆောင်ဆိုသည်ကဆန်ကိစ္စပြောဆိုရာတွင်အရန်ဆန်မူဝါဒအားသိရှိနားလည်ခြင်းမရှိပဲဆန်စပါးလုပ်ငန်းရှင်များအသင်းကိုသာဝေဖန်လိုခြင်းနှင့်စစ်တွေမဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ်ဆိုသူမှာပညာအရည်အခြင်းနှင့်ဆငိခြင်တုံတရားလိုအပ်ချက်များအရစည်းရုံးရမည့်အစားဝေဖန်တိုက်ခိုက်သောစကားများကိုသာပြောကြားလာခြင်းတို့ကပြသသည်။ ရခိုင့်ဦးဆောင်ပါတီတွင်လည်းဥက္ကဌ၏အင်တာဗျူးများနှင့်အတွင်းရေးမှူး၏သဘောထားများသည်လက်ရှိအနေအထားနှင့်ကွဲပြားခြားနားမှုများဖြင့်အငြင်းပွားဖွယ်ရာများကိုရှောင်ရှားသင့်သည်။အထူးသဖြင့်ပင်မနိုင်ငံရေးရေစီးကြောင်းနှင့်လူမျိုးဘာသာခြားအရေးအရာများတွင်သတိကြီးစွာထားကာပြောဆိုသင့်သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှာကားအထွေထွေအတွင်းရေးမှူးဝရမ်းပြေးနေစဥ်နှင့်ပါတီစာရင်းစစ်ဆေးမှုမခံယူ၍အလားအလာမကောင်းချိန်ဖြစ်သည်။ သို့ဖြစ်ရာရခိုင်နိုင်ငံရေးပါတီများအနေနှင့်သတိကြီးစွာဖြင့်နေထိုင်ကျင့်သုံးရမည့်ကာလမှာအမျိုးသားအကျိုးစီးပွားကိုသာအလေးထားကြစေလိုသည်။



End Notes and External links
- source: “ရခိုင်နိုင်ငံရေးပါတီများ၏အားနည်းချက်များ” | Zaw Lin on Facebook
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter


