ရခိုင်သမတိကို လူမှောင်ခိုပို့ နီရေကိစ္စ

(The Mog Nation Wiki, an archive)


တရုတ်မှာ အလုပ်တိ လစာကောင်းရေ။ ခိုးပေါက်က ဝင်လို့ရရေဆိုပနာ ရခိုင်အမျိုးသမီးတိကို သီးသန့်လူစုနီရေ ပွဲစားတိဟိရေလို့ သတင်းရထားရေ။ ဆွီမျိုးထဲမှာ ဖြစ်ဖြစ် သူငယ်ချင်းထဲမှာ ဖြစ်ဖြစ် သတင်းအစအနရကေ ကိုယ်ရို့သက်ဆိုင်ရာတိ ချက်ချင်းတိုင်ကတ်ပါ။ နယ်စပ်က လုံးဝခိုးဝင်လို့မရ။ တရားဝင်လေ့ လုံးဝဂိတ်မဖွင့်သိ။ ယေနန့် ကိုယ့်ညီမချင်း ကိုယ်ချင်းစာကေ လူစုနီရေပွဲစားတိ ဖမ်းပနာ သက်ဆိုင်ရာ ကိုယ့်အဖွဲ့အစည်း တရားစွဲကတ်ပါ။ တချို့ဒေပိုင် လူရောင်းစားရေ ကိစ္စမှာ ရွာကအုပ်ချုပ်ရီးမှူးတိအစပါရေလို့ သတင်းတိကြားရေ။ လူစုရေ ကားတင်ရေ။ ထောက်ခံစာထုတ်ပီးရေ။

မိသားစု ဝမ်းတထွာအတွက် လူတိကို ကျွဲ ၊နွားတိပိုင်

ရောင်းစားခံနီရစော်က ရင်နာစရာပါ။ တဖက်မှာ ရောင်းစားခံရရေ တချို့က မိသားစု အဆင်မပြေလို့ ဒေအလုပ်လုပ်ရပါရေ။ အကြောင်းပြချက်တိက အစုံ။ ရိုးရိုးသားသား လုပ်စားလို့ရရေ အလုပ်တိ

မကန်ဟိရေ။ ယင်းနီရာတိက ဆွဲထုတ်ပနာ တခြားအလုပ်တိ နီရာချပီးရေ။ မလုပ်ကတ်။ ထပ်လို့ ကိုယ့်ကိုယ် ပြန်ရောင်းစားရေ။ ရက္ခိုင်အချင်းချင်း ရောင်းစားရေ။ ရက္ခိုင်သားက ရက္ခိုင်သမကို

ရောင်းစားရေ။ ရက္ခိုင်သမအချင်းချင်း ရောင်း

စားရေ။ ရက္ခိုင်က မိဘတိမှာလေ့ ကိုယ့်သမီးတိ

တရုတ်မှာ အလုပ်ကြီးအကိုင်ကြီး လုပ်နီရေလို့

တထစ်ချင်းမယုံပါကေ့။ မိဘကို လိမ်ဝါပြီးကေ

ဘဝတိပျက်နီကတ်တေ။ စိစစ်မီးမြန်းကတ်ပါ။

ရက္ခိုင်မှာကပင် အကျင့်ပျက်နီပနာ ဒေရောက်လာကေ ပိုဆိုးရေ။ အမျိုးမျိုးမြင်နီ ၊ကြားနီရရေ။ တဖက်မှာ ဘုမသိဘမသိ အဖြူထည်မမချေတိကို

တရုတ်လင်ယူကေ တိုက်တလုံးကားတစီးရဖို့ဆိုရေ

မက်လုံးတိနန့် စည်းရုံးရေ။ ရွာက အဖြူထည်မမချေ တိလေ့လိုက်လာရေ။ ဒေရောက်ကေ ဘဝပျက်တေ။

တရုတ်ပြည်မကြီးမှာ အဖြစ်အပျက်တိစော် ရင်နာဖို့လေ့ကောင်းပိုင် ရှက်ဖို့လေ့ကောင်းရေ ဖြစ်ရပ်တိမကန်ဟိရေ။ ဖွင့်ချလိုက်ကေ ကိုယ့်လူမျိုးရာ

သိက္ခာကျဖို့။ ယကေ မင်းရို့ လူမှုရီးအသင်းအဖွဲ့တိ

တခုလေ့ မလုပ်လားမီးဖို့ ဟုတ်ပါရေ 2015 လောက်ကပင် ဒေပြသနာတိ ဖြေရှင်းလာစော် တောက်

လျှောက် ဇာလောက်ကူညီပီးပီး ကျေးဇူးတင် မခံရသည့်အပြင် အပြစ်တင်ခံရရေ။ ယေနန့် လုံးဝ

မကူညီပဲ ကြည့်ထားလိုက်ရရေ။ ပြည်တွင်းမှာဆိုကေ ကိုအမ်းသားကြီး အသိဆုံးဗျာယ်

ကူညီလေ့ ပီးရသိရေ အဆဲလေ့ခံရသိရေ။😁

ယေနန့် ယင်းပိုင်အခြီအနီတိ ထပ်မဖြစ်လာအောင်

ရက္ခိုင်က မိသားစုအသိုင်းအဝိုင်းနန့် သက်ဆိုင်ရာပုဂ္ဂိုလ်တိ ပူးပေါင်းဆောင်ရွက်ကတ်ပါ။

စေတနာဖြင့်

ကိုနေထွန်း



The Mog Nation Wiki

Leave a comment