(The Mog Nation Wiki, an archive)
- သံယုတ္တနိကာယ်—၅၆
- ၂—ဓမ္မစက္ကပ္ပဝတ္တနဝဂ်
၁—ဓမ္မစက္ကပ္ပဝတ္တနသုတ်
၁ဝ၈၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်း သုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို မိန့်တော်မူ၏— ရဟန်းတို့ ရဟန်းဖြစ်သူသည် အစွန်းနှစ်ပါးတို့ကို မမှီဝဲအပ်ကုန်၊ အဘယ်နှစ်ပါးတို့နည်း —
ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာ ဖြစ်၍ အရိယာတို့၏အလေ့အကျင့် မဟုတ်သောအကျိုးစီးပွားနှင့် မစပ်ယှဉ်သော ကာမဂုဏ်တို့၌ ကာမဂုဏ်ချမ်းသာကို ကပ်ငြိသောအားဖြင့် အဖန်တလဲလဲ လိုက်စားအားထုတ်ခြင်းလည်းကောင်း၊ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သောအရိယာတို့၏ အကျင့် မဟုတ်သောအကျိုးစီးပွားနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းလည်းကောင်း ဤနှစ်ပါးတို့တည်း။
ရဟန်းတို့ ဤအစွန်းနှစ်ပါးတို့သို့ မကပ်ရောက်မူ၍ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သောအလယ်အလတ်ဖြစ်သောအကျင့်သည် ကိလေသာငြိမ်းရန်အလို့ငှါ ဖြစ်၏၊ ထူးသော ဉာဏ်ဖြင့် သိရန်အလို့ငှါ ဖြစ်၏၊ သစ္စာလေးပါးကိုသိရန်အလို့ငှါ ဖြစ်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ ဖြစ်၏။
ရဟန်းတို့ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သောဉာဏ်အမြင်ကို ပြုတတ်သော ကိလေသာငြိမ်းခြင်းငှါ ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးကို သိခြင်းငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်သော ထိုအလယ်အလတ်ဖြစ်သော မြတ်သောအကျင့်ကားအဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း —
မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’၊ မှန်ကန်သော ကြံစည်မှု ‘သမ္မာသင်္ကပ္ပ’၊ မှန်ကန်သော စကား ‘သမ္မာဝါစာ’၊ မှန်ကန်သောအလုပ် ‘သမ္မာကမ္မ န္တ’၊ မှန်ကန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’၊ မှန်ကန်သောအားထုတ်မှု ‘သမ္မာဝါယာမ’၊ မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’၊ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’တို့တည်း။
ရဟန်းတို့ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သောဉာဏ်အမြင်ကို ပြုတတ်သောအလယ်အလတ်ဖြစ်သော ဤမြတ်သောအကျင့်သည် ကိလေသာငြိမ်းရန်အလို့ငှါ ဖြစ်၏၊ ထူးသော ဉာဏ်ဖြင့် သိရန်အလို့ငှါ ဖြစ်၏၊ (သစ္စာလေးပါးကို) သိရန်အလို့ငှါ ဖြစ်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ ဖြစ်၏။
ရဟန်းတို့ ဤသည်ကား ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားတည်း။ ပဋိသန္ဓေ တည်နေရခြင်းသည်လည်း ဆင်းရဲ၏၊ အိုရခြင်းသည်လည်း ဆင်းရဲ၏၊ နာရခြင်းသည်လည်း ဆင်းရဲ၏၊ သေရခြင်းသည်လည်း ဆင်းရဲ၏၊ မချစ်သော သူတို့နှင့် အတူနေရခြင်းသည်လည်း ဆင်းရဲ၏၊ ချစ်သော သူတို့နှင့်ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ၏၊ လိုချင်ရာကို မရခြင်းသည်လည်း ဆင်းရဲ၏၊ အကျဉ်းအားဖြင့်စွဲလမ်းရာ အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည်လည်း ဆင်းရဲကုန်၏။ (၁)
ရဟန်းတို့ ဤသည်ကား ဆင်းရဲခြင်း၏ အကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရားတည်း။ အကြင်တဏှာသည် ဘဝသစ်၌ ဖြစ်စေတတ်၏၊ နှစ်သက်ခြင်း တပ်မက်ခြင်းနှင့် တကွ ဖြစ်၏၊ ထိုထိုအာရုံ၌လွန်စွာ နှစ်သက်တတ်၏။ ထိုတပ်မက်မှု ‘တဏှာ’ဟူသည် အဘယ်နည်း၊ ကာမ၌ တပ်မက်မှု ‘ကာမတဏှာ’၊ သဿတဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှု ‘ဘဝတဏှာ’၊ ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှု ‘ဝိဘဝ့တဏှာ’တို့တည်း။ (၂)
ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာဖြစ်သောအရိယာတို့၏ အမှန်တရားတည်း။ ယင်းဆင်း ရဲ၏ချုပ်ငြိမ်းရာဟူသည် ထိုတပ်မက်မှု ‘တဏှာ’ ၏သာလျှင် အကြွင်းမဲ့ စွဲမက်မှု ကင်းပျောက်ချုပ်ငြိမ်းရာစွန့်လွှတ်ရာ တစ်ဖန် စွန့်ပယ်ရာ လွတ်မြောက်ရာ မကပ်ငြိရာပင် ဖြစ်၏။ (၃)
ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာ တို့၏အမှန်တရားတည်း။ ဤအရိယမဂ်သည် အင်္ဂါရှစ်ပါးရှိ၏၊ အင်္ဂါရှစ်ပါးဟူသော်ကား မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’တို့တည်း။ (၄)
ရဟန်းတို့ “ဤတရားသည် ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားမည်၏”ဟု (ဘုရား မဖြစ်မီ) ရှေးက မကြားဖူးကုန်သော (ဒုက္ခသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှား ဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’သည် ထင်ရှား ဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့”ထိုဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားကို ပိုင်းခြား၍ သိထိုက်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော ဒုက္ခသစ္စာတရားတို့၌) ငါဘုရားအား။ပ။ ထင်ရှားဖြစ်၏။ ရဟန်းတို့ “ထိုဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရားကို ပိုင်းခြား၍ သိခဲ့ပြီ”ဟု (ဘုရား မဖြစ်မီ) ရှေးကမကြားဖူး ကုန်သော (ဒုက္ခသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင် ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှား ဖြစ်၏။ (၁)
ရဟန်းတို့ “ဤတရားသည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရား မည်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌ ငါဘုရားအားပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ’သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှား ဖြစ်၏။ ရဟန်းတို့ “ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရားကိုပယ်အပ်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော သမုဒယသစ္စာတရားတို့၌) ငါဘုရားအား။ပ။ ထင်ရှား ဖြစ်၏။ ရဟန်းတို့ “ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သောအရိယာတို့၏ အမှန်တရားကိုပယ်ပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌ ငါဘုရားအားပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ’သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏၊ အလင်းရောင် သည် ထင်ရှားဖြစ်၏။ (၂)
ရဟန်းတို့ “ဤတရားသည် ဆင်းရဲ၏ ချုပ်ရာဖြစ်သောအရိယာတို့၏ အမှန်တရားမည်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည်ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ “ထိုဆင်းရဲ၏ ချုပ်ရာဖြစ်သောအရိယာတို့၏ အမှန်တရားကို မျက်မှောက်ပြုအပ်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော နိရောဓသစ္စာတရားတို့၌) ငါဘုရားအား။ပ။ ထင်ရှားဖြစ်၏။ ရဟန်းတို့ “ထိုဆင်းရဲ၏ ချုပ်ရာဖြစ်သောအရိယာတို့၏ အမှန်တရားကို မျက်မှောက်ပြုပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’သည်ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည့်ထင်ရှားဖြစ်၏။ (၃)
ရဟန်းတို့ “ဤတရားသည် ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာ တို့၏အမှန်တရားမည်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’သည် ထင်ရှားဖြစ်၏၊ အလင်း ရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ “ထိုဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားကို ပွားများအပ်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော မဂ္ဂသစ္စာ တရားတို့၌) ငါဘုရားအား။ပ။ ထင်ရှားဖြစ်၏၊ ရဟန်းတို့”ထိုဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားကိုပွားများပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန် သော (မဂ္ဂသစ္စာ) တရားတို့၌ ငါဘုရားအားပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှား ဖြစ်၏၊ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ’သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (၄)
ရဟန်းတို့ “ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသောအပြန် တစ်ဆယ့်နှစ်ပါးသောအခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင် မစင်ကြယ်သေးသမျှ ကာလပတ်လုံး ငါသည်နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသောလူ့လောက၌ အတုမရှိသောအလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိသော (အရဟတ္တမဂ်) ဉာဏ်ကို သိပြီဟု ဝန်မခံခဲ့ချေ။
ရဟန်းတို့ “ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသောအပြန် တစ်ဆယ့်နှစ်ပါးသောအခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင်သည် စင်ကြယ်လာသောအခါ၌သာလျှင် ငါသည် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ အတုမရှိသောအလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိသော (အရဟတ္တမဂ်) ဉာဏ်ကို သိပြီဟု ဝန်ခံခဲ့၏၊ ငါ၏ (ကိလေသာတို့မှ) လွတ်မြောက်မှုသည် မပျက်စီးနိုင်ပြီ၊ ဤကားအဆုံးစွန်သော ဘဝတည်း၊ ယခုအခါ ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီဟု ငါ့အားပစ္စဝေက္ခဏာဉာဏ်အမြင် သည် ဖြစ်ပေါ်လာ၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ပဉ္စဝဂ္ဂီငါးပါးရဟန်းတို့သည် နှစ်လိုကုန်သည် ဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်စွာခံယူကြလေကုန်၏။
ဤဂါထာမဖက် သက်သက်သော ဒေသနာတော်ကို ဟောတော်မူသည်ရှိသော် အသျှင်ကောဏ္ဍညအား”ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏”ဟု (ကိလေသာ) မြူ အညစ်အကြေးကင်းသော တရားမျက်စိ ‘သောတာပတ္တိမဂ်ဉာဏ်’သည် ဖြစ်ပေါ်လာ၏။
ဤသို့ မြတ်စွာဘုရားသည် ဓမ္မစကြာတရားတော်ကို ဟောတော်မူသည်ရှိသော် “ဗာရာဏသီပြည်ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြာဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှမဟောနိုင်သောအတုမရှိသော ဤဓမ္မစကြာတရားတော်ကို ဟောတော်မူ၏”ဟု ဘုမ္မစိုးနတ်တို့သည်ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။ ဘုမ္မစိုးနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍”မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြာဟ္မဏ နတ်မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သောအတုမရှိသော ဤဓမ္မစကြာတရားတော်ကို မြတ်စွာဘုရား ဟောတော်မူ၏”ဟု စာတုမဟာရာဇ်နတ်တို့သည် အဆင့်ဆင့် ကြွေးကြော်ကုန်၏။
စာတုမဟာရာဇ်နတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ တာဝတိံသာနတ်တို့သည်။ပ။ ယာမာနတ့်တို့သည်။ပ။ တုသိတာနတ်တို့သည်။ပ။ နိမ္မာနရတီနတ်တို့သည်။ပ။ ပရနိမ္မိတဝသဝတ္တီနတ်တို့သည်။ပ။
“မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြာဟ္မဏ နတ်မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သောအတုမရှိသော ဤဓမ္မစကြာတရားတော်ကိုဟော တော်မူ၏”ဟု ဗြဟ္မာတို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။
ဤသို့လျှင် ထိုအချိန် ထိုအခါ ထိုကာလတွင် အကနိဋ္ဌဗြဟ္မာ့ပြည်တိုင်အောင် ကောင်းချီးသံသည် ပြန့်နှံ့၍တက်၏၊ ဤတစ်သောင်းသော လောကဓာတ်သည်လည်း တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ ထက်ဝန်းကျင် တုန်လှုပ်၏၊ အတိုင်းအရှည်မရှိ ကြီးမားသောအရောင်အလင်းသည်လည်း လောက၌ နတ်တို့၏ အာနုဘော်ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်၏။
ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီ တကား၊ ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီတကား”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ ဤဥဒါန်းကို ကျူးရင့်တော်မူသော ကြောင့်သာလျှင် အသျှင်ကောဏ္ဍညအား ‘အညာသိကောဏ္ဍည’ ဟူ၍သာ အမည်တွင်၏။
ပဌမသုတ်။
( – Dhammacakkappavattanasutta—Pitaka Myanmar Translation – )
~ ~ ~ ~ ~
- Linked Discourses 56.11
- 2. Rolling Forth the Wheel of Dhamma
Rolling Forth the Wheel of Dhamma
At one time the Buddha was staying near Benares, in the deer park at Isipatana. There the Buddha addressed the group of five mendicants:
“Mendicants, these two extremes should not be cultivated by one who has gone forth. What two? Indulgence in sensual pleasures, which is low, crude, ordinary, ignoble, and pointless. And indulgence in self-mortification, which is painful, ignoble, and pointless. Avoiding these two extremes, the Realized One woke up by understanding the middle way of practice, which gives vision and knowledge, and leads to peace, direct knowledge, awakening, and extinguishment.
And what is that middle way of practice? It is simply this noble eightfold path, that is: right view, right thought, right speech, right action, right livelihood, right effort, right mindfulness, and right immersion. This is that middle way of practice, which gives vision and knowledge, and leads to peace, direct knowledge, awakening, and extinguishment.
Now this is the noble truth of suffering. Rebirth is suffering; old age is suffering; illness is suffering; death is suffering; association with the disliked is suffering; separation from the liked is suffering; not getting what you wish for is suffering. In brief, the five grasping aggregates are suffering.
Now this is the noble truth of the origin of suffering. It’s the craving that leads to future rebirth, mixed up with relishing and greed, taking pleasure in various different realms. That is, craving for sensual pleasures, craving to continue existence, and craving to end existence.
Now this is the noble truth of the cessation of suffering. It’s the fading away and cessation of that very same craving with nothing left over; giving it away, letting it go, releasing it, and not adhering to it.
Now this is the noble truth of the practice that leads to the cessation of suffering. It is simply this noble eightfold path, that is: right view, right thought, right speech, right action, right livelihood, right effort, right mindfulness, and right immersion.
‘This is the noble truth of suffering.’ Such was the vision, knowledge, wisdom, realization, and light that arose in me regarding teachings not learned before from another. ‘This noble truth of suffering should be completely understood.’ Such was the vision that arose in me … ‘This noble truth of suffering has been completely understood.’ Such was the vision that arose in me …
‘This is the noble truth of the origin of suffering.’ Such was the vision that arose in me … ‘This noble truth of the origin of suffering should be given up.’ Such was the vision that arose in me … ‘This noble truth of the origin of suffering has been given up.’ Such was the vision that arose in me …
‘This is the noble truth of the cessation of suffering.’ Such was the vision that arose in me … ‘This noble truth of the cessation of suffering should be realized.’ Such was the vision that arose in me … ‘This noble truth of the cessation of suffering has been realized.’ Such was the vision that arose in me …
‘This is the noble truth of the practice that leads to the cessation of suffering.’ Such was the vision that arose in me … ‘This noble truth of the practice that leads to the cessation of suffering should be developed.’ Such was the vision that arose in me … ‘This noble truth of the practice that leads to the cessation of suffering has been developed.’ Such was the vision, knowledge, wisdom, realization, and light that arose in me regarding teachings not learned before from another.
As long as my true knowledge and vision about these four noble truths was not fully purified in these three perspectives and twelve aspects, I didn’t announce my supreme perfect awakening in this world with its gods, Māras, and Brahmās, this population with its ascetics and brahmins, its gods and humans.
But when my true knowledge and vision about these four noble truths was fully purified in these three perspectives and twelve aspects, I announced my supreme perfect awakening in this world with its gods, Māras, and Brahmās, this population with its ascetics and brahmins, its gods and humans.
Knowledge and vision arose in me: ‘My freedom is unshakable; this is my last rebirth; now there’ll be no more future lives.’”
That is what the Buddha said. Satisfied, the group of five mendicants was happy with what the Buddha said.
And while this discourse was being spoken, the stainless, immaculate vision of the Dhamma arose in Venerable Koṇḍañña: “Everything that has a beginning has an end.”
And when the Buddha rolled forth the Wheel of Dhamma, the earth gods raised the cry: “Near Benares, in the deer park at Isipatana, the Buddha has rolled forth the supreme Wheel of Dhamma. And that wheel cannot be rolled back by any ascetic or brahmin or god or Māra or Brahmā or by anyone in the world.”
Hearing the cry of the Earth Gods, the Gods of the Four Great Kings … the Gods of the Thirty-Three … the Gods of Yama … the Joyful Gods … the Gods Who Love to Create … the Gods Who Control the Creations of Others … the Gods of Brahmā’s Host raised the cry: “Near Benares, in the deer park at Isipatana, the Buddha has rolled forth the supreme Wheel of Dhamma. And that wheel cannot be rolled back by any ascetic or brahmin or god or Māra or Brahmā or by anyone in the world.”
And so at that moment, in that instant, the cry soared up to the Brahmā realm. And this galaxy shook and rocked and trembled. And an immeasurable, magnificent light appeared in the world, surpassing the glory of the gods.
Then the Buddha expressed this heartfelt sentiment: “Koṇḍañña has really understood! Koṇḍañña has really understood!”
And that’s how Venerable Koṇḍañña came to be known as “Koṇḍañña Who Understood”.
( – Dhammacakkappavattanasutta—Bhikkhu Sujato – )
~ ~ ~ ~ ~
- Saṁyutta Nikāya
- Connected Discourses on the Truths
56.11. Setting in Motion the Wheel of the Dhamma
Thus have I heard. On one occasion the Blessed One was dwelling at Baraṇasi in the Deer Park at Isipatana. There the Blessed One addressed the bhikkhus of the group of five thus:
“Bhikkhus, these two extremes should not be followed by one who has gone forth into homelessness. What two? The pursuit of sensual happiness in sensual pleasures, which is low, vulgar, the way of worldlings, ignoble, unbeneficial; and the pursuit of self-mortification, which is painful, ignoble, unbeneficial. Without veering towards either of these extremes, the Tathagata has awakened to the middle way, which gives rise to vision, which gives rise to knowledge, which leads to peace, to direct knowledge, to enlightenment, to Nibbāna.
“And what, bhikkhus, is that middle way awakened to by the Tathagata, which gives rise to vision … which leads to Nibbāna? It is this Noble Eightfold Path; that is, right view, right intention, right speech, right action, right livelihood, right effort, right mindfulness, right concentration. This, bhikkhus, is that middle way awakened to by the Tathagata, which gives rise to vision, which gives rise to knowledge, which leads to peace, to direct knowledge, to enlightenment, to Nibbāna.
“Now this, bhikkhus, is the noble truth of suffering: birth is suffering, aging is suffering, illness is suffering, death is suffering; union with what is displeasing is suffering; separation from what is pleasing is suffering; not to get what one wants is suffering; in brief, the five aggregates subject to clinging are suffering.
“Now this, bhikkhus, is the noble truth of the origin of suffering: it is this craving which leads to renewed existence, accompanied by delight and lust, seeking delight here and there; that is, craving for sensual pleasures, craving for existence, craving for extermination.
“Now this, bhikkhus, is the noble truth of the cessation of suffering: it is the remainderless fading away and cessation of that same craving, the giving up and relinquishing of it, freedom from it, nonreliance on it.
“Now this, bhikkhus, is the noble truth of the way leading to the cessation of suffering: it is this Noble Eightfold Path; that is, right view … right concentration.
“‘This is the noble truth of suffering’: thus, bhikkhus, in regard to things unheard before, there arose in me vision, knowledge, wisdom, true knowledge, and light.
“‘This noble truth of suffering is to be fully understood’: thus, bhikkhus, in regard to things unheard before, there arose in me vision, knowledge, wisdom, true knowledge, and light.
“‘This noble truth of suffering has been fully understood’: thus, bhikkhus, in regard to things unheard before, there arose in me vision, knowledge, wisdom, true knowledge, and light.
“‘This is the noble truth of the origin of suffering’: thus, bhikkhus, in regard to things unheard before, there arose in me vision, knowledge, wisdom, true knowledge, and light.
“‘This noble truth of the origin of suffering is to be abandoned’: thus, bhikkhus, in regard to things unheard before, there arose in me vision, knowledge, wisdom, true knowledge, and light.
“‘This noble truth of the origin of suffering has been abandoned’: thus, bhikkhus, in regard to things unheard before, there arose in me vision, knowledge, wisdom, true knowledge, and light.
“‘This is the noble truth of the cessation of suffering’: thus, bhikkhus, in regard to things unheard before, there arose in me vision, knowledge, wisdom, true knowledge, and light.
“‘This noble truth of the cessation of suffering is to be realized’: thus, bhikkhus, in regard to things unheard before, there arose in me vision, knowledge, wisdom, true knowledge, and light.
“‘This noble truth of the cessation of suffering has been realized’: thus, bhikkhus, in regard to things unheard before, there arose in me vision, knowledge, wisdom, true knowledge, and light.
“‘This is the noble truth of the way leading to the cessation of suffering’: thus, bhikkhus, in regard to things unheard before, there arose in me vision, knowledge, wisdom, true knowledge, and light.
“‘This noble truth of the way leading to the cessation of suffering is to be developed’: thus, bhikkhus, in regard to things unheard before, there arose in me vision, knowledge, wisdom, true knowledge, and light.
“‘This noble truth of the way leading to the cessation of suffering has been developed’: thus, bhikkhus, in regard to things unheard before, there arose in me vision, knowledge, wisdom, true knowledge, and light.
“So long, bhikkhus, as my knowledge and vision of these Four Noble Truths as they really are in their three phases and twelve aspects was not thoroughly purified in this way, I did not claim to have awakened to the unsurpassed perfect enlightenment in this world with its devas, Mara, and Brahma, in this generation with its ascetics and brahmins, its devas and humans. But when my knowledge and vision of these Four Noble Truths as they really are in their three phases and twelve aspects was thoroughly purified in this way, then I claimed to have awakened to the unsurpassed perfect enlightenment in this world with its devas, Mara, and Brahma, in this generation with its ascetics and brahmins, its devas and humans. The knowledge and vision arose in me: ‘Unshakable is the liberation of my mind. This is my last birth. Now there is no more renewed existence.’”
This is what the Blessed One said. Elated, the bhikkhus of the group of five delighted in the Blessed One’s statement. And while this discourse was being spoken, there arose in the Venerable Kondañña the dust-free, stainless vision of the Dhamma: “Whatever is subject to origination is all subject to cessation.”
And when the Wheel of the Dhamma had been set in motion by the Blessed One, the earth-dwelling devas raised a cry: “At Baraṇasi, in the Deer Park at Isipatana, this unsurpassed Wheel of the Dhamma has been set in motion by the Blessed One, which cannot be stopped by any ascetic or brahmin or deva or Mara or Brahma or by anyone in the world.” Having heard the cry of the earth-dwelling devas, the devas of the realm of the Four Great Kings raised a cry: “At Baraṇasi … this unsurpassed Wheel of the Dhamma has been set in motion by the Blessed One, which cannot be stopped … by anyone in the world.” Having heard the cry of the devas of the realm of the Four Great Kings, the Tavatiṁsa devas … the Yama devas … the Tusita devas … the Nimmanarati devas … the Paranimmitavasavatti devas … the devas of Brahma’s company raised a cry: “At Baraṇasi, in the Deer Park at Isipatana, this unsurpassed Wheel of the Dhamma has been set in motion by the Blessed One, which cannot be stopped by any ascetic or brahmin or deva or Mara or Brahma or by anyone in the world.”
Thus at that moment, at that instant, at that second, the cry spread as far as the brahma world, and this ten thousandfold world system shook, quaked, and trembled, and an immeasurable glorious radiance appeared in the world surpassing the divine majesty of the devas.
Then the Blessed One uttered this inspired utterance: “Koṇḍañña has indeed understood! Koṇḍañña has indeed understood!” In this way the Venerable Koṇḍañña acquired the name “Añña Koṇḍañña—Koṇḍañña Who Has Understood.”
( – Dhammacakkappavattanasutta—Bhikkhu Bodhi – )
~ ~ ~ ~ ~
SN 56.11
PTS: S v 420
CDB ii 1843
Dhammacakkappavattana Sutta: Setting the Wheel of Dhamma in Motion
translated from the Pali by Thanissaro Bhikkhu
I have heard that on one occasion the Blessed One was staying at Varanasi in the Game Refuge at Isipatana. There he addressed the group of five monks:
“There are these two extremes that are not to be indulged in by one who has gone forth. Which two? That which is devoted to sensual pleasure with reference to sensual objects: base, vulgar, common, ignoble, unprofitable; and that which is devoted to self-affliction: painful, ignoble, unprofitable. Avoiding both of these extremes, the middle way realized by the Tathagata — producing vision, producing knowledge — leads to calm, to direct knowledge, to self-awakening, to Unbinding.
“And what is the middle way realized by the Tathagata that — producing vision, producing knowledge — leads to calm, to direct knowledge, to self-awakening, to Unbinding? Precisely this Noble Eightfold Path: right view, right resolve, right speech, right action, right livelihood, right effort, right mindfulness, right concentration. This is the middle way realized by the Tathagata that — producing vision, producing knowledge — leads to calm, to direct knowledge, to self-awakening, to Unbinding.
“Now this, monks, is the noble truth of stress:[1] Birth is stressful, aging is stressful, death is stressful; sorrow, lamentation, pain, distress, & despair are stressful; association with the unbeloved is stressful, separation from the loved is stressful, not getting what is wanted is stressful. In short, the five clinging-aggregates are stressful.
“And this, monks, is the noble truth of the origination of stress: the craving that makes for further becoming — accompanied by passion & delight, relishing now here & now there — i.e., craving for sensual pleasure, craving for becoming, craving for non-becoming.
“And this, monks, is the noble truth of the cessation of stress: the remainderless fading & cessation, renunciation, relinquishment, release, & letting go of that very craving.
“And this, monks, is the noble truth of the way of practice leading to the cessation of stress: precisely this Noble Eightfold Path — right view, right resolve, right speech, right action, right livelihood, right effort, right mindfulness, right concentration.
“Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: ‘This is the noble truth of stress.’ Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: ‘This noble truth of stress is to be comprehended.’ Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before:’ This noble truth of stress has been comprehended.’
“Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: ‘This is the noble truth of the origination of stress’… ‘This noble truth of the origination of stress is to be abandoned’ [2] … ‘This noble truth of the origination of stress has been abandoned.’
“Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: ‘This is the noble truth of the cessation of stress’… ‘This noble truth of the cessation of stress is to be directly experienced’… ‘This noble truth of the cessation of stress has been directly experienced.’
“Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: ‘This is the noble truth of the way of practice leading to the cessation of stress’… ‘This noble truth of the way of practice leading to the cessation of stress is to be developed’… ‘This noble truth of the way of practice leading to the cessation of stress has been developed.’ [3]
“And, monks, as long as this — my three-round, twelve-permutation knowledge & vision concerning these four noble truths as they have come to be — was not pure, I did not claim to have directly awakened to the right self-awakening unexcelled in the cosmos with its deities, Maras, & Brahmas, with its contemplatives & brahmans, its royalty & commonfolk. But as soon as this — my three-round, twelve-permutation knowledge & vision concerning these four noble truths as they have come to be — was truly pure, then I did claim to have directly awakened to the right self-awakening unexcelled in the cosmos with its deities, Maras & Brahmas, with its contemplatives & brahmans, its royalty & commonfolk. Knowledge & vision arose in me: ‘Unprovoked is my release. This is the last birth. There is now no further becoming.'”
That is what the Blessed One said. Gratified, the group of five monks delighted at his words. And while this explanation was being given, there arose to Ven. Kondañña the dustless, stainless Dhamma eye: Whatever is subject to origination is all subject to cessation.
And when the Blessed One had set the Wheel of Dhamma in motion, the earth devas cried out: “At Varanasi, in the Game Refuge at Isipatana, the Blessed One has set in motion the unexcelled Wheel of Dhamma that cannot be stopped by brahman or contemplative, deva, Mara or God or anyone in the cosmos.” On hearing the earth devas’ cry, the devas of the Four Kings’ Heaven took up the cry… the devas of the Thirty-three… the Yama devas… the Tusita devas… the Nimmanarati devas… the Paranimmita-vasavatti devas… the devas of Brahma‘s retinue took up the cry: “At Varanasi, in the Game Refuge at Isipatana, the Blessed One has set in motion the unexcelled Wheel of Dhamma that cannot be stopped by brahman or contemplative, deva, Mara, or God or anyone at all in the cosmos.”
So in that moment, that instant, the cry shot right up to the Brahma worlds. And this ten-thousand fold cosmos shivered & quivered & quaked, while a great, measureless radiance appeared in the cosmos, surpassing the effulgence of the devas.
Then the Blessed One exclaimed: “So you really know, Kondañña? So you really know?” And that is how Ven. Kondañña acquired the name Añña-Kondañña — Kondañña who knows.
Notes
1.The Pali phrases for the four noble truths are grammatical anomalies. From these anomalies, some scholars have argued that the expression “noble truth” is a later addition to the texts. Others have argued even further that the content of the four truths is also a later addition. Both of these arguments are based on the unproven assumption that the language the Buddha spoke was grammatically regular, and that any irregularities were later corruptions of the language. This assumption forgets that the languages of the Buddha’s time were oral dialects, and that the nature of such dialects is to contain many grammatical irregularities. Languages tend to become regular only when being used to govern a large nation state or to produce a large body of literature: events that happened in India only after the Buddha’s time. (A European example: Italian was a group of irregular oral dialects until Dante fashioned it into a regular language for the sake of his poetry.) Thus the irregularity of the Pali here is no proof either for the earliness or lateness of this particular teaching.2.Another argument for the lateness of the expression “noble truth” is that a truth — meaning an accurate statement about a body of facts — is not something that should be abandoned. In this case, only the craving is to be abandoned, not the truth about craving. However, in Vedic Sanskrit — as in modern English — a “truth” can mean both a fact and an accurate statement about a fact. Thus in this case, the “truth” is the fact, not the statement about the fact, and the argument for the lateness of the expression does not hold.3.The discussion in the four paragraphs beginning with the phrase, “Vision arose…,” takes two sets of variables — the four noble truths and the three levels of knowledge appropriate to each — and lists their twelve permutations. In ancient Indian philosophical and legal traditions, this sort of discussion is called a wheel. Thus, this passage is the Wheel of Dhamma from which the discourse takes its name.
( – Dhammacakkappavattana Sutta: Setting the Wheel of Dhamma in Motion – translated from the Pali by Thanissaro Bhikkhu – )

End Notes and External links
- source: “ဓမ္မစက္ကပ္ပဝတ္တနသုတ်” | SuttaCentral
- သစ္စာဒေသနာ ဓမ္မစကြာ-၁ | ဒေါက်တာ နန္ဒမာလာဘိဝံသ ဆရာတော်ကြီး MP3 တရားတော်
- သစ္စာဒေသနာ ဓမ္မစကြာ-၂ | ဒေါက်တာ နန္ဒမာလာဘိဝံသ ဆရာတော်ကြီး MP3 တရားတော်
- သစ္စာဒေသနာ ဓမ္မစကြာ-၃ | ဒေါက်တာ နန္ဒမာလာဘိဝံသ ဆရာတော်ကြီး MP3 တရားတော်
- သစ္စာဒေသနာ ဓမ္မစကြာ-၄ | ဒေါက်တာ နန္ဒမာလာဘိဝံသ ဆရာတော်ကြီး MP3 တရားတော်
The Mog Nation Wiki
- The Mog Nation Wiki
- The Mog Nation Wiki | fandom
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter

