သေဒဏ်စီရင် ခံရသူ လေးဦး ဆိုင်ရာ ရှုထောင့်အမြင်တစ်ခု

(The Mog Nation Wiki, an archive)


သေဒဏ်ကွပ်မျက်မှုအား တာဝန်ရှိသူများဘက်မှ စီစဉ်ရာတွင် ထောင်ချောက်တစ်ခုထည့်ပေးလိုက်လေသည်။ ထိုထောင်ချောက်ကား လူသတ်မှုဖြင့် သေဒဏ်ချမှတ်ခြင်း ခံရသူနှစ်ဦးအား နိုင်ငံရေးသမားနှစ်ဦးနှင့်အတူ ကွပ်မျက်ရန် ပူးတွဲထည့်ပေးလိုက်ခြင်း ဖြစ်လေသည်။

လူသတ်မှုဖြင့် သေဒဏ်ချမှတ်ခြင်း ခံရသူ ထိုအခြားနှစ်ဦးအား democracy activist များ အာဇာနည်များ ဟု မိုက်မိုက်မဲမဲ ဖက်တွယ်ထားလေလေ ဖက်တွယ်ထားသည့်ဘက်ခြမ်းတွင် နစ်နာစရာပိုရှိလေလေ ဖြစ်သည်။ နိုင်ငံရေးသမားနှစ်ဦးအား အလေးပြုခြင်းသည် ထိခိုက်စရာမရှိ။ ထိုထက်ပိုခြင်း ဖြင့် ထိခိုက်စရာ ရှိသည်။

~

ဗမာပြည်မ နှင့် ရခိုင်တို့သည် အလုပ်လုပ်ပုံချင်း အပြန်အလှန် ပုံတူကူးချနေကြတုန်းပင် ရှိနေသေးတုန်းပင် ဖြစ်လေသည်။ အပြစ်မဲ့သူတို့အား အကြောင်းမဲ့လက်ရဲဇက်ရဲ သတ်ဖြတ်လျှင်လည်း နောင်တစ်ချိန်တွင် အာဇာနည်အဖြစ် ဂုဏ်ရှိန်ဂုဏ်ဝါတက်နိုင်သေးသည် ဆိုသော အယူအဆများ ရခိုင်ပြည်သို့ မကူးစက်လာစေလိုပေ။



The Mog Nation Wiki

Leave a comment