သစ်မရှိခင် ဝါးပေါင်းကွပ် ဇော်ဂျီ

(The Mog Nation Wiki, an archive)


သစ်မရှိခင် ဝါးပေါင်းကွပ် ဇော်ဂျီ

google ကဲ့သို့သော search engine တွင် ပြန်ရှာနိုင်သည့် စနစ် ဖြစ်လာရေး database စနစ်များတွင် အသုံးချနိုင်ရေးတို့အတွက် ဇော်ဂျီ ဖောင့်အား စွန့်ပယ်ပြီး unicode စနစ်အား မလွဲမသွေ အသုံးပြုကြရပေမည်။

ကျွန်တော်၏ blog တွင်လည်း (ဟိုး ယခင် ပို့စ် အချို့မှလွဲ၍) အများအကြိုက်သဘောကို မလိုက်ဘဲ unicode သက်သက်ကိုသာ သုံးလေသည်။ ဇော်ဂျီဖောင့်ဖြင့်သာ ဖတ်ရ အဆင်ပြေသူများက မကြာခဏ စောဒကတက်ခြင်း တချို့ဆိုလျှင် (ဇော်ဂျီဖောင့်ဖြင့် ရေးမထားသည်ကို အကြောင်းပြုကာ) လာရောက်ဆဲရေးခြင်းများကို ပြုကြလေသည်။ သို့သော် ဇော်ဂျီဖောင့်အား အနှေးနှင့်အမြန် စွန့်ပယ်ကြရမည်ဆိုသော အချက်သည် ဆဲရေးခြင်းအားဖြင့် ပျောက်ကွယ်သွားလိမ့်မည်ကား မဟုတ်ပေ။

ရခိုင်လူမျိုးတည်တံ့ရေးအတွက် (တစ်) ခိုးဝင်ဘင်္ဂါလီများကိစ္စ စနစ်တကျ ကိုင်တွယ်ရေးနှင့် (နှစ်) အာဏာရှင်စနစ် မဟုတ်သော ကျန်းမာသန်စွမ်းသည့် နိုင်ငံရေးစနစ်ဖြင့် လည်ပတ်နိုင်ရေး တို့မှာ အသက်တမျှအရေးကြီးပေသည်။

အုံကျင်းပြုလျက် ဆန့်ကျင်ဆဲရေးပင် ဆဲရေးကြမည် ဖြစ်သော်လည်း ထိုအချက်တို့၏ မှန်ကန်မှုမှာ ကွယ်ပျောက်သွားလိမ့်မည် မဟုတ်ပေ။ (ယာယီ ခေတ်ရေစီး နှင့် ဆန့်ကျင်ဘက်ပင် ဖြစ်နေစေကာမူ) ပြောသင့်ပြောထိုက်သည်ကို ပြောမှဖြစ်မည် ဟု ယူဆသော နိုင်ငံရေးသမားများကလည်း မပြောဘဲ နေလိမ့်မည် မဟုတ်ပေ။

ကျော်ဇောဦး

၂၀၂၂ ဇူလိုင်လ (၂၀) ရက်



The Mog Nation Wiki

Leave a comment