(The Mog Nation Wiki, an archive)

မောင်တောတွင် ဘင်္ဂလားဒေ့ရှ်မှဝင်လာသည့် အထောက်အထားမဲ့မူဆလင် ၈ ဦး ဖမ်းဆီးခံရ
နိရဥ္စရာ၊ ဇူလိုင် ၁၆/ ၂ဝ၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှဝင်ရောက်လာသည့် အထောက်အထားမဲ့မူဆလင် ၈ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။
သူတို့ကို မောင်တောမြို့နယ် မင်္ဂလာကြီးကျေးရွာအုပ်စု၊ မိချောင်းတပ်ကျေးရွာရှိ အိမ် ၁ အိမ်မှ ယမန်နေ့ ဇူလိုင် ၁၅ ရက်နေ့ နေ့လယ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် မောင်တောမြို့နယ် ပူးပေါင်းအဖွဲ့က တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ တရားမဝင် ခိုးဝင်လာသူများ ရောက်ရှိနေကြောင်းသိရသဖြင့် ကျေးရွာတာဝန်ခံ၊ ရပ်မိ/ရပ်ဖတို့နှင့်အတူ မီနာရာ၊ (၃၆ နှစ်)၏နေအိမ်သို့ ဝင်ရောက်စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများ၏ထွက်ဆိုချက်အရ ဒုက္ခသည်စခန်း၌နေထိုင်စဉ် အစားအသောက်ဆင်းရဲမှုနှင့် နေထိုင်မှုအဆင်မပြေခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွင်း ပြန်လည်နေထိုင်နိုင်ရန်အတွက် နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ယင်းနောက် အိမ်ရှင်ဖြစ်သူ မီနာရာ၏ထွက်ဆိုချက်အရ တစ်ရွာတည်းနေ နူမာမတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရှိ ဆွေမျိုးတော်စပ်သူများ ပြန်လည်လာရောက်မည်ဖြစ်၍ မီနာရာ၏နေအိမ်တွင် တစ်ရက်ခန့်နေထိုင်လိုကြောင်း၊ ငွေ ၅ သောင်းကျပ်ပေးမည်ဟုပြောခဲ့သဖြင့် တရားမဝင် ပြန်လည်ဝင်ရောက် လာသူများအား လက်ခံထားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူ ၈ ဦးကို လက်ခံထားရှိသူ မီနာရာအား လဝကအက်ဥပဒေဖြင့် အရေးယူနိုင်ရေးအတွက် မောင်တောမြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိကာ ဆက်စပ်တရားခံဖြစ်သူ နူမာမတ်အား ဖမ်းဆီးရမိရေးအတွက် လိုက်လံရှာဖွေစုံစမ်းလျက်ရှိကြောင်း သိရသည်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း – http://www.narinjara.com
မြန်မာသတင်း – https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် – https://www.facebook.com/narinjara.info/
ရုပ်သံသတင်း – https://www.facebook.com/Narinjara-TV-News-100125495251215/
ရေဒီယိုသတင်း – https://www.facebook.com/Narinjara-Radio-107181441819656
ဓာတ်ပုံ – ရခိုင်နေ့စဥ်
End Notes and External links
- source: ” u uuu u “
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter

