ရခိုင်ပြည်နယ်တွင် အကိုက်ခံရမှု အများဆုံးထဲမှ တစ်ခုဖြစ်သော မြွေညံ့ ခေါ် Greater Black Krait (Bungarus niger) ရဲ့ အဆိပ်အကြောင်း

(The Mog Nation Wiki, an archive)


ရခိုင်ပြည်နယ်တွင် အကိုက်ခံရမှု အများဆုံးထဲမှ တစ်ခုဖြစ်သော မြွေညံ့ ခေါ်Greater Black Krait (Bungarus niger) ရဲ့ အဆိပ်အကြောင်း
📌📌

Greater Black Krait
(Bungarus niger မျိုးစိတ်) လို့ခေါ်တဲ့ အဆိပ်ပြင်းတဲ့ မြွေညံ့ တွေရဲ့ အဆိပ်က
Neurotoxin နဲ့ Myotoxin အဓိကပါဝင်ပါတယ်။ Neurotoxin က အာရုံကြောငယ်တစ်ခုမှ တစ်ခုသို့ ဆက်သွယ်မှုကို ပိတ်ဆို့စေပြီး ကြွက်သားတွေကို တုံ့ဆိုင်းစေတဲ့အတွက် paralysisလို့ခေါ်တဲ့ တုံ့ဆိုင်းချိနဲ့ပြီး မလှုပ်ရှားနိုင်ဖြစ်က ပျော့ခွေကျတတ်သောရောဂါကိုအဓိကဖြစ်စေပါတယ်။ Myotoxin ကတော့ Amino acid ဒြပ်ပေါင်း တစ်မျိုးဖြစ်ပြီး muscle (ကြွက်သား) များကို အဓိကတိုက်ခိုက်သောအဆိပ်ဖြစ်တဲ့အတွက် myotoxinကြောင့်ကြွက်သားများထိခိုက်၍ ယောင်ခြင်း၊ အားနည်းခြင်း၊ နာခြင်းများခံစားရပြီး Rhabdomyolysis ဟုခေါ်သော ကြွက်သားများထိခိုက်ခြင်း ပုပ်ခြင်းများဖြစ်ပေါ်ကာ အစိတ်အပိုင်းများသွေးထဲပါသွား၍ ကျောက်ကပ်အလုပ်မလုပ်နိုင်ခြင်းများဖြစ်ပြီး အညစ်အကြေးမစွန့်နိုင်တဲ့အတွက် ဆီးနည်းခြင်းဆီးမသွားခြင်းဖြစ်ပြီး ကျောက်ကပ်ပျက်စီး၍ သေစေနိုင်ပါသည်။

မြွေညံ့ကိုက်ခံရရင်-

အများစုက ဝမ်းဗိုက်ကြွက်သားများ မခံမရပ်နိုင်အောင်နာတတ်ပါတယ်

ကြွက်သားများတုံဆိုင်းမှူတွေဖြစ်လာပါတယ်

မျက်ခွံလေးလာပြီး ပုံရိပ်တွေနှစ်ထပ်ဖြစ်ပြီးဝေဝါးလာပါမယ်

တံတွေးနဲ့ အစာမျိုချရတာခက်ခဲလာပါမယ်

လုပ်ဆောင်ရန်- မြွေညံ့ကိုက်ခံရရင် ရှေးဦးသူနာပြုနည်းအတိုင်း လုပ်ပြီး Ventilator အသက်ရှုစက်ရှိတဲ့ဆေးရုံကို အမြန်ဆုံးရောက်ဖို့လိုအပ်ပါတယ်။

ဆိုးကျိုး- ဆေးရုံကိုရောက်ဖို့လမ်းခရီးမှာကြံ့ကြာသွားရင် သွေးအတွင်းအောက်ဆီဂျင်ကျပြီး Coma နဲ့ brain death ရနိုင်ပါတယ်။

❌ မြွေညံ့ကိုက်ခံရပြီး လုံးဝကုသမှုမရှိပါက ၆နာရီမှ ၁၂နာရီအတွင်း အသက်သေဆုံးနိုင်ပါတယ် ❌

တိုက်နယ်ဆေးရုံတွေမှာ Bungarus sp ကိုက်ခံရတဲ့ လူနာတွေအတွက် အဓိကအခက်အခဲတွေက အသက်ရှူပိုက်ထည့်ဖို့ အထောက်အကူပစ္စည်း (Intubation supplies) နဲ့အသက်ရှူစက် ventilator မရှိတာတွေပဲဖြစ်ပါတယ်။

Photos – Pu Kyaw (Snakes of Myanmar)
Location- မာန်အောင် , ရခိုင်ပြည်နယ်

SOM doctor team 🐍

မြွေတွေအကြောင်းအကျယ်တပြန့်သိချင်ရင်အောက်ကlinkမှာဝင်ရောက်လေ့လာပါ။

SOM- https://www.facebook.com/groups/1305497066495597/?ref=share

SOR- https://www.facebook.com/groups/1078016439644698/?ref=share



The Mog Nation Wiki
Kyaw Zaw Oo

Leave a comment