Letter to His Excellency PRAK Sokhonn, the Special Envoy (SE) of the ASEAN Chair on Myanmar, from the Arakan Front Party (the AFP)

(The Mog Nation Wiki, an archive)


အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာပရက်ခ်ဆိုခွန်း သို့ ရခိုင့်ဦးဆောင်ပါတီက အကြံပြုတင်ပြခြင်း

(မြန်မာဘာသာဖြင့် အောက်တွင် ဖတ်ရန်)

Letter to His Excellency PRAK Sokhonn, the Special Envoy (SE) of the ASEAN Chair on Myanmar, from the Arakan Front Party (the AFP)

Letter No: 5/RaOoPa(Admin) 2 (273)

Date: July 2, 2022

His Excellency Mr. PRAK Sokhonn,

The Special Envoy of the ASEAN Chair to Myanmar

Subject: The Arakan Front Party’s deliberation on the current crisis in Myanmar

Dear H.E. Prak Sokhonn, 

We, the Arakan Front Party (the AFP), acknowledge Your Execellency’s ongoing contribution into bringing about peace and stability of Myanmar. As an ethnic political force which is actively participating in not only Rakhine state politics but at national level as well, we are earnestly trying to find some viable solutions to Myanmar’s chronic problems. And the following are some suggestions we can make from our perspective:

1. (a) In spite of offering a quasi-democratic system, 2008 constitution is the main root cause of inequalities among ethnic groups and a blockage in the transition into a genuine democracy. Current crisis in Myanmar stems from it and, the new peaceful and prosperous federal democratic Myanmar must be built on a new constitution. Therefore, every step in solving the crisis of Myanmar must be heading towards abolishing the 2008 constitution and drawing up and establishing a new one.

(b) In order to run the country during the process of writing a new constitution, there is a need for an interim government with certain legitimacy and enough control over the country. 1. (c) An election (obviously of coming 2023) can bring about such an interim government with some legitimacy and a corps of political representatives (MPs) who can make deals with EAOs in writing up a new constitution.

2. (a) Daw Aung San Su Kyi could be a meaningful part of this transitional process if she agrees upon this approach.  Some pacifying words of a “free” Daw Aung San Su Kyi can lead the country to more stability, if she chooses to speak as such. But the words of an “incarcerated” Daw Aung San Su Kyi would sound less credible, though not futile.

(b) Daw Aung San Su Kyi could be advised by the Special Envoy of the ASEAN Chair to voice against  the bloodshed caused by fighting between pro-NUG militias and the government’s security forces. On the other hand, it clearly is a part of the Special Envoy’s work to urge SAC for her release.

3. The West’s current approach to Myanmar crisis and their open animosity towards SAC cannot contribute anything in solving the problem. SAC remains a major stakeholder in the political landscape, and any meaningful military victory against the Myanmar military (and SAC) may not be happening in the near future.

4. (a) Though not completely nonfunctional, the current NCA process has turned out to be slow and ineffective, not producing any concrete results.

(b) Most major EAOs fighting against the government are still out of this peace-building mechanism. So are the NUG militias. All-inclusiveness is a key factor in bringing peace to the nation.                                                            

5. (a) Showing restraints by state and non-state armed forces in Rakhine state (Arakan) is advisable, because it would be beneficial for the people of Arakan and for the stability of Myanmar as a whole as well.

(b) Big changes in Rakhine state politics often make impacts on Myanmar national politics. In your capacity as the Special Envoy, we hope your Excellency will succeed in bringing the Arakan Army and Myanmar government to a negotiation table, as this will help stabilize Myanmar. In order to work towards this goal, both parties will have to put an end to arresting (or abducting) the members of rival forces by each other, and facilitators should set up more communication channels between the two sides.

In conclusion, a new Myanmar must be built on the foundation of a new constitution of genuine federal democratic principles. After successfully struggling out of tumultuous times such as the Cambodian Civil War and the Cambodian Genocide, we hope Cambodia will be able to share us some valuable lessons from their experience.

Sincerely,

The Central Executive Committee           

The Arakan Front Party – – – – –

– – – – – – – – – – – – –

အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာပရက်ခ်ဆိုခွန်း သို့ ရခိုင့်ဦးဆောင်ပါတီက အကြံပြုတင်ပြခြင်း

စာအမှတ်။ ။ ၅/ရဥပ(စီမံ) ၂/(၂၇၃)
ရက်စွဲ။ ။ ၂၀၂၂-ခုနှစ် ဇူလိုင်လ (၂) ရက်

မစ္စတာပရက်ခ်ဆိုခွန်း
အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်

အကြောင်းအရာ။ ။ မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းအပေါ် ရခိုင့်ဦးဆောင်ပါတီ၏ သုံးသပ်မှုများ အားတင်ပြခြင်း

သို့
မစ္စတာပရက်ခ်ဆိုခွန်း ခင်ဗျား

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး တို့တွင် လူကြီးမင်း၏ ပါဝင်ကြိုးပမ်း အားထုတ်မှုများအတွက် ကျွန်ုပ်ဆို့ ရခိုင်ဦးဆောင်ပါတီ (AFP) အနေဖြင့် အသိအမှတ်ပြု တန်ဖိုးထားကြောင်း ဖော်ပြလိုပါသည်။

ရခိုင်ပြည်နယ်တွင်းနိုင်ငံရေးတွင်သာမက တစ်နိုင်ငံလုံးအဆင့်နိုင်ငံရေးတွင်ပါ တက်ကြွစွာပါဝင်နေသော တိုင်းရင်းသားနိုင်ငံရေးအင်အးစု တစ်ရပ်အနေဖြင့် ကျွန်ုပ်တို့ ရခိုင့်ဦးဆောင်ပါတီ သည် မြန်မာနိုင်ငံ၏ နာတာရှည် ပြဿနာများအား လက်တွေ့ပြေလည်စေနိုင်မည့် အဖြေများအား ကြိုးစားရှာဖွေလျက်ရှိပေသည်။ အောက်ပါအချက်တို့မှာ မြန်မာ့အကျပ်အတည်းနှင့်ပတ်သက်လျက် ကျွန်ုပ်တို့၏ အမြင်များ အကြံပြုချက်များထဲမှ အချို့ ဖြစ်ပေသည်။

၁။ (က) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီယောင်ယောင်စနစ်တစ်ရပ်ကို ဖန်တီးပေးသည်မှာ မှန်သော်လည်း၊ ယင်းသည်ပင်လျှင် လူမျိုးအသိုက်အဝန်းများအကြား မညီမျှမှုများ နှင့် စစ်မှန်သော ဒီမိုကရေစီစနစ် တစ်ရပ်ဆီသို့သွားရာလမ်းတွင် အတားအဆီးအနှောင့်အယှက်ဖြစ်စေမှု၏ အဓိကရင်းမြစ်အကြောင်းအရင်းပင် ဖြစ်နေလေသည်။ မြန်မာနိုင်ငံ လက်ရှိကြုံနေရသော အကျပ်အတည်းသည် ယင်းဖွဲ့စည်းပုံမှ အခြေခံပေါ်ပေါက်လာခြင်း ဖြစ်ပြီး၊ ငြိမ်းချမ်းသော သာယာဝပြောသော ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံသစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တစ်ရပ်အား အခြေပြုလျက် တည်ဆောက်ကြရမည် ဖြစ်လေသည်။

(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်အား ရေးဆွဲနေသည့် ဖြစ်စဉ်အတွင်း နိုင်ငံကိုအုပ်ချုပ်လည်ပတ်ရန် အလို့ငှာ ကြားဖြတ်အစိုးရတစ်ရပ် လိုအပ်မည် ဖြစ်ပြီး ထိုကြားဖြတ်အစိုးရမှာ တရားဝင်မှုပုံစံတစ်ခုခု နှင့်တကွ နိုင်ငံကို လုံလောက်သော အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်နိုင်မှု ရှိရန်လိုအပ်ပါသည်။

(ဂ) ရွေးကောက်ပွဲတစ်ရပ် (လာမည့် ၂၀၂၃ ရွေးကောက်ပွဲ ဟု ဆိုနိုင်) သည် ထိုကဲ့သို့သော တရားဝင်မှုအတိုင်းအတာ တခုခု ရှိသည့် ကြားဖြတ်အစိုးရတစ်ရပ်နှင့်တကွ နိုင်ငံရေးကိုယ်စားပြုသူများအစုအဝေး (ဆိုလိုသည်မှာ ကိုယ်စားပြု အမတ်များ)ကို ပေါ်ပေါက်စေမည် ဖြစ်ပြီး ၎င်းတို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆုံးဖြတ်မှုများပြုလုပ်လျက် ဖွဲ့စည်းပုံအသစ်တစ်ရပ်ကို ရေးဆွဲနိုင်မည် ဖြစ်လေသည်။

၂။ (က) ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အဆိုပါအပြောင်းအလဲဖြစ်စဉ်အား သဘောတူညီမှုရှိလျှင် ယင်းဖြစ်စဉ်၏ အဓိပ္ပါယ်ရှိသော အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်နိုင်ခြေလည်း ရှိပေမည်။ ‌ငြိမ်းချမ်းတည်ငြိမ်မှုကို ဦးတည်သော စကားအချို့အား “လွတ်လပ်နေသူ” ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြောကြားရန် ရွေးချယ်ဆုံးဖြတ်သည် ဆိုပါက တိုင်းပြည်အား ပိုမိုတည်ငြိမ်သော အနေအထားတစ်ရပ်ဆီသို့ ပို့ဆောင်ပေးနိုင်သည်။ သို့ရာတွင် “အကျဉ်းစံနေရသူ” ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်းဖြစ်သည်ဆိုပါက သူ၏ စကားများမှာ အချီးနှီးဖြစ်ချင်မှ ဖြစ်မည် ဆိုသော်ငြားလည်း လေးနက်အားရှိမှု အားနည်းပေလိမ့်မည်။

(ခ) NUG လိုလားသူ လက်နက်ကိုင်အစုအဖွဲ့များနှင့် အစိုးရလုံခြုံရေးတပ်ဖွဲ့များအကြား တိုက်ခိုက်မှုများကြောင့် သွေးမြေကျရမှုများကို မလိုလားကြောင်း သဘောထားပြုထုတ်ဖော်ပေးရန် အလို့ငှာ ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံအထူးကိုယ်စားလှယ်က အကြုံပြုကောင်းပြုနိုင်ပေသည်။ အခြားတစ်ဘက်တွင်ကား ဒေါ်အောင်ဆန်းစုကြည်လွှတ်မြောက်ရေးအတွက် နစကအားတိုက်တွန်းရန်က အထူးကိုယ်စားလှယ်၏ လုပ်ငန်းတာဝန် တစိတ်တပိုင်းဖြစ်နေသည်မှာ ရှင်းလင်းလှပေသည်။

၃။ လက်ရှိ မြန်မာ့အကျပ်အတည်းအပေါ် အနောက်အုပ်စု၏ ချဉ်းကပ်ပုံချဉ်းကပ်နည်း နှင့် နစကအစိုးရ အပေါ် ၎င်းတို့၏ ပေါ်ပေါ်ထင်ထင် ရန်ငြိုးသိုမှုတို့မှာ ပြဿနာကို ဖြေရှင်းနိုင်ရေးတွင် မည်သည့် အကျိုးကျေးဇူးမှ ရှိစေလိမ့်မည် မဟုတ်ပေ။ လက်ရှိနိုင်ငံရေးအခင်းအကျင်းတွင် နစကမှာ အဓိက ပါဝင်တည်ရှိဆောင်ရွက်နေသူ (stakeholder) တစ်ရပ် ဖြစ်နေဆဲ ဖြစ်နေမြဲ ဖြစ်ပြီး၊ မြန်မာစစ်တပ် (နှင့် နစက) အပေါ် အဓိပ္ပါယ်ရှိသည့် စစ်ရေးအနိုင်ရမှု တစ်ရပ်ရပ်မှာ လာမည့် အနီးကပ် အနာဂတ်တွင် ဖြစ်လာနိုင်ခြေ မရှိနိုင်သေးပေ။

၄။ (က) လုပ်ဆောင်မှုရပ်စဲသွာခြင်း မရှိသော်လည်း လက်ရှိလုပ်ဆောင်နေကြဆဲ ဖြစ်သော NCA ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ နှေးကွေးလှပြီး ထိရောက်မှု မရှိသလောက်ဖြစ်ကာ ခိုင်ခိုင်မာမာ ရလဒ်များ ထွက်ရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

(ခ) အစိုးရအား ဆန့်ကျင်တိုက်ခိုက်နေကြသော အဓိက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ အများစုမှာ ဤငြိမ်းချမ်းရေးတည်ဆောက်မှု ယန္တရား၏ အပြင်ဘက်တွင် ရှိနေကြသေးသည်။ NUG လက်အောက်ခံ လက်နက်ကိုင်အစုအဖွဲ့များလည်း အလားတူပင်ဖြစ်သည်။ တိုင်းပြည်သို့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်ရေးတွင် အားလုံးပါဝင်နိုင်ရေးမူမှာ အခရာကျသော အချက်တစ်ချက် ဖြစ်ပေသည်။

၇။ (က) ရခိုင်ပြည်နယ်အတွင်းရှိ အစိုးရလက်နက်ကိုင်များ နှင့် နိုင်ငံအစိုးရ မဟုတ်သော လက်နက်ကိုင် အင်အားစုများ အနေဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်မှုများပြသကြခြင်းသည် ထောက်ခံအကြံပြုအပ်သော အရာဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ယင်းသို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်မှုများအားဖြင့် ရခိုင်ပြည်သူလူထုများအတွက်သော်လည်းကောင်း မြန်မာတစ်နိုင်ငံလုံး၏ တည်ငြိမ်မှုအတွက် သော်လည်းကောင်း အကျိုးကျေးဇူး ရှိလိမ့်မည် ဖြစ်သောကြောင့် ဖြစ်ပေသည်။

(ခ) ရခိုင်ပြည်နယ်တွင်းနိုင်ငံရေး၏ ကြီးကြီးမားမား အပြောင်းအလဲတို့သည် မြန်မာတစ်နိုင်ငံလုံး နိုင်ငံရေးကို ရံဖန်ရံခါ ဆိုသလို ရိုက်ခတ်မှု ဖြစ်စေတတ်သည်။ အာဆီယံအထူးကိုယ်စားလှယ်တည်းဟူသော တာဝန်ယူခွင့်အားဖြင့် လူကြီးမင်းသည် ရက္ခိုင့်တပ်တော် နှင့် မြန်မာအစိုးရ တို့အား ညှိနှိုင်းဆွေးနွေးပွဲ စားပွဲဝိုင်းသို့ အရောက်ခေါ်လာနိုင် မည်ကို ကျွန်ုပ်တို့ မျှော်လင့်ထားပါသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်က မြန်မာနိုင်ငံ၏ တည်ငြိမ်မှု ရရှိရေး တွင် အထောက်အကူ ပြုလိမ့်မည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ထိုရည်မှန်းချက်သို့ ရောက်ရှိနိုင်ရန်အတွက်ပင်လျှင် ထိုဘက်နှစ်ဘက်တို့သည် မိမိတို့ပြိုင်ဘက် အဖွဲ့အစည်းဝင်များအား အပြန်အလှန် ဖမ်းဆီးခေါ်ဆောင်မှုတို့အား ရပ်စဲကြခြင်း၊ ကူညီဆောင်ရွက်ပေးသူများအားဖြင့် နှစ်ဘက်ဆက်သွယ်ရေးလမ်းကြောင်းများ ဖွင့်လှစ်ဆောင်ရွက် ကြခြင်း တို့ကို လုပ်ဆောင်ကြရပေဦးမည် ဖြစ်သည်။

ဤတင်ပြချက်၏ အဓိကအချုပ်မှာ – စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုမူများဖြင့် ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တစ်ရပ်တည်းဟူသော အခြေခံအုတ်မြစ်အပေါ်မှာသာလျှင် နိုင်ငံသစ်ကို တည်ဆောက်ကြရမည် ဟု ဆိုရင်းဖြစ်ပါသည်။ ကမ္ဘောဒီးယားပြည်တွင်းစစ် နှင့် ကမ္ဘောဒီးယား လူမျိုးတုံးသတ်ဖြတ်မှုများကဲ့သို့ လှိုင်းလေထန်သော ကာလများအား ရုန်းကန်ကျော်ဖြတ်ပြီးဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၏ အတွေ့အကြုံများထဲမှ တန်ဖိုးရှိသော သင်ခန်းစာ များအား ကျွန်ုပ်တို့အား မျှဝေပေးမည်ကို မျှော်လင့်ထားကြပါသည်။

တည်ကြည်စွာဖြင့် –

ဗဟိုအလုပ်အမှုဆောင်ကောင်မတီ
ရခိုင့်ဦးဆောင်ပါတီ




The Mog Nation Wiki
Kyaw Zaw Oo

Leave a comment