အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ထံ ရခိုင့်ဦးဆောင်ပါတီက ပေးပို့ခဲ့သော သဘောထားအကြံပြုချက်အကျဉ်းချုပ်

(The Mog Nation Wiki, an archive)


အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ထံ ရခိုင့်ဦးဆောင်ပါတီက ပေးပို့ခဲ့သော သဘောထားအကြံပြုချက်အကျဉ်းချုပ်

ရခိုင့်ဦးဆောင်ပါတီ ရဲ့ သဘောထားကို ဒေါက်တာအေးမောင်က နှုတ်နဲ့ တင်ပြခဲ့တဲ့အပြင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ရေးသားထားတဲ့ ရခိုင့်ဦးဆောင်ပါတီရဲ့ ပေးစာတစ်စောင်ကိုလည်း အထူးကိုယ်စားလှယ် မစ္စတာပရက်ခ်ဆိုခွန်း ထံမှာ လူကိုယ်တိုင် လက်ရောက်ပေးခဲ့ပါတယ်။

တင်ပြအကြံပြုချက် ငါးချက် ရဲ့ အနှစ်ချုပ်မနီးယိုးစွဲကို အရပ်သား စကားနဲ့ အလွယ်ပြောရရင် ဒီလိုပြောရပါလိမ့်မယ်။

၁။ တိုင်းပြည်ကိုပြန်တည်ဖို့ရာ ဖွဲ့စည်းပုံပြင်ရုံနဲ့မရ၊ ဖွဲ့စည်းပုံအသစ်ဆွဲမှ ဖြစ်မယ်။ ဖွဲ့စည်းပုံဆွဲနေတုန်း ကြားကာလထိန်းဖို့ ကြားဖြတ်အစိုးရလိုတယ်။ ဖွဲ့စည်းပုံ အသစ်ဆိုင်ရာ ညှိနှိုင်းရေးဆွဲမှုတွေလုပ်ဖို့ legitimacy အထိုက်အလျောက်ရှိတဲ့ (ကြားကာလ) နိုင်ငံရေးကိုယ်စားပြုသူတွေလိုတယ်။ ဒီလိုအပ်ချက်အတွက် ရွေးကောက်ပွဲတစ်ခု လုပ်ဖို့လိုတယ်။

၂။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးစေချင်တယ်။ သူ့အနေနဲ့ တိုင်းပြည်အပူကို လျော့ပါးစေတဲ့ စကားတချို့ပြောနိုင်စွမ်းရှိတဲ့ moral leadership အခန်းကဏ္ဍမှာ ရှိနေဆဲ ဖြစ်တယ်။

၃။ အနောက်အုပ်စုက ဒီမြန်မာအရေးမှာ လက်ရှိ နစက ကို ရန်စွယ်တငေါငေါနဲ့ ဆက်ဆံနေမှုဟာ ပြဿနာကို ပြေလည်လျော့ပါးသွားစေမှာမဟုတ်ဘူး။ လတ်တလောမှာ မြန်မာ စစ်တပ် နဲ့ နစက ဟာ အုံဖွမန်းရုံနဲ့ မီးလောင်ရာဆီလောင်းပေးရုံနဲ့ မျက်စိရှေ့က ပျောက်သွားမှာ မဟုတ်တဲ့ လက်တွေ့ ထိတွေ့ရမယ့် လောက်လောက်လားလား အင်အားစု တစ်ခုအနေနဲ့ ရှိနေသေးတယ်။

၄။ NCA အလုပ်မဖြစ်ဘူး။ အားလုံးပါဝင်နိုင်ရေးမူ ဖြစ်မလာတာဟာလည်းပဲ အလုပ်မဖြစ်ရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်တယ်။

၅။ ရခိုင်မှာ တင်းမာမှု လျော့ပါးပြီး AA နဲ့ နစက တို့ စားပွဲဝိုင်းမှာ ထိုင်စကားပြောနိုင်တဲ့ အနေအထား ရောက်လာအောင် ကြိုးပမ်းကြဖို့ဟာ တိုက်စည်တိုက်မောင်းသံတွေ ဘယ်လိုပဲကြားနေရသည်ဖြစ်စေ လိုအပ်ချက်တစ်ခု ဖြစ်တယ်။

ဦးကျော်ဇောဦး

ဇူလိုင်လ (၂) ရက်၊ ၂၀၂၂-ခုနှစ်



The Mog Nation Wiki

Leave a comment