ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ တောင်ပြိုလက်ဝဲမြို့၌ ဇွန် ၁၆ ရက်နေ့ (၁၃:၁၅)အချိန်ခန့်က ကျောင်းအုပ် ဆရာကြီး တစ်ဦး နှင့် ဆရာမ တစ်ဦးပျောက်ဆုံးနေလျက်ရှိကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၆ ရက်နေ့ (၁၃:၁၅)အချိန်ခန့်က အမှတ်(၂)နယ်ခြားစောင့်ရဲကွပ်ကဲမှုအောက်ရှိ နယ်မြေ(၃) သင်္ဘောလှကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်စိန်ထွန်း ၊ကျောင်းဆရာ ကိုစောမင်းထွန်းတို့မှ ဆိုင်ကယ်(၁)စီး ၊ သင်္ဘောလှကျေးရွာနေ ကျေးရွာသား ကိုလှမောင်ထွန်း ၊ ကိုစိုးစံမောင်တို့မှ ဆိုင်ကယ်(၁)စီး ၊ သင်္ဘောလှကျေးရွာနေ အ.မ.က ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်း အသက်(၄၁)နှစ်(ဘ)ဦးမောင်ကျော်ထွန်း ပုဏ္ဏကျွန်းကျွန်း(မြို့) (အိမ်ထောင်ရှိသူ) နှင့် ကျောင်းဆရာမ ဒေါ်ဉမ္မာကျော် အသက်(၂၇)နှစ် ၊ စစ်တွေမြို့ (အိမ်ထောင်မရှိသူ)နေသူတို့ ဆိုင်ကယ်(၁)စီး တို့ဖြင့် မောင်တောမြို့သို့သွားရောက်ခဲ့ရာ (၁၄:၂၀ )အချိန်ခန့်တွင် ဦးဘိုဝင်း နှင့် ဒေါ်ဉမ္မာကျော်တို့မှာ သာယာကုန်းကျေးရွာရှိကျောင်းဆရာ ဦးကျော်ထွန်းဦး ထံသို့ ရောက်ရှိခဲ့ကြောင်း ၊ ဦးမောင်စိန်ထွန်းပါ(၄)ဦး မှာ ဆိုင်ကယ် နှစ်စီးဖြင့် ရှေ့မှ သွားနှင့်ခဲ့ကြပြီး ရန်အောင်မြင်ကျေးရွာတွင် ၎င်းတို့နှစ်ဦးအား စောင့်ဆိုင်းနေစဉ် မရောက် ရှိလာသဖြင့် ၎င်းတို့ကိုင်ဆောင်သော ဖုန်းအား အဆက်သွယ်မရရှိသဖြင့် သင်္ဘောလှကျေးရွာရှိ ၎င်းတို့နေထိုင်ရာနေအိမ်သို့သွား ရောက် ရှာဖွေသော် လည်း မတွေ့ရှိသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာ ရှေ့တန်း အမှတ်(၂)နယ်ခြားစောင့်ကွပ်ကဲမှု အောက်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက မောင်တော-တောင်ပြို ကားလမ်းတစ်လျှောက် လိုက်လံ ရှာဖွေရာ တောင်ပြို-ကြိမ်ချောင်း ကားလမ်းအနီး လမ်းဘေးချုံအတွင်း ဦးဘိုဝင်း နှင့် ဒေါ်ဉမ္မာကျော် တို့ စီးနင်းလာသော ယာဉ်အမှတ်-၄၅(ယ)၆၅၉၁၂ CZI အမျိုးအစား အနီရောင် ဆိုင်ကယ်အားသော့ပိတ်ထား လျက်တွေ့ရှိရ သဖြင့် အနီး ပတ်ဝန်း ကျင်အား လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဆက်လက် ရှာဖွေလျက်ရှိကြောင်းသိရသည်။
Crd.


