BNA(Breaking News)
မောင်တော၊ ဇွန် ၁၆။
မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့ သင်္ဘောလှမူလွန်ကျောင်းက ကျောင်းအုပ်ဆရာကြီးတစ်ဦးနှင့် ဆရာမတစ်ဦးဟာ ဒီကနေ့ ဇွန်လ ၁၆ ရက် နေ့လယ် ၁ နာရီခန့် မောင်တောမြို့ကို ဆိုင်ကယ်နဲ့ လာရောက်စဉ် ဇီးပင်ချောင်းကျေးရွာအနီးမှာ ပျောက်ဆုံးနေတယ်လို့ သတင်းရရှိပါတယ်။
ပျောက်ဆုံးနေတဲ့ ကျောင်းအုပ်ဆရာကြီးမှာ ဦးဘိုဝင်းဖြစ်ပြီး ဆရာမမှာ ဒေါ်ဥမ္မာကျော်ဖြစ်ကာ သူတို့စီးနင်သွားတဲ့ ဆိုင်ကယ်ကို ဇီးပင်ချောင်းကျေးရွာအနီးမှာ တွေ့ရပေမယ့် ဆရာကြီးနှင့် ဆရာမကို မတွေ့ရဘူးလို့ သင်္ဘောလှကျေးရွာအနီး နံသာတောင်ကျေးရွာပရဟိတကျောင်း ဆရာတော်က မိန့်သည်။
“ရွာသားတွေ ဝိုင်းဝန်းရှာဖွေနေဆဲပါ။ ဆိုင်ကယ်ကိုလည်းဖျက်ဆီးခဲ့တယ်”ဟု ဆရာတော်က ဆိုသည်။

