သိပိုင်ခွင့်ရှိတယ် ယူဆလို့

(The Mog Nation Wiki, an archive)


သိပိုင်ခွင့်ရှိတယ် ယူဆလို့

***********************

တလောက ပွဲဆူခဲ့တဲ့ကိစ္စတခုကို ခုချိန်ထိ မက်ဆင်ဂျာမှာ လာမေးကြတယ်။ ဖုန်းဆက်ပြီးတော့လည်း မေးကြတယ်။ NUCC ကနေ NLD ထွက်သွားပြီဆိုတာ ဟုတ်သလား… တဲ့။

ကျမ ယူဆတာကတော့ ပြည်သူလူထုအနေနဲ့ သတင်းအမှန်ကို သိခွင့်ရှိတယ်။ သိဖို့လိုတယ်။ ရှင်းလင်းတဲ့ သတင်းစကားမရှိဘဲ သို့လော သို့လော မဖြစ်စေချင်တဲ့အတွက် ရှင်းပြရခြင်း ဖြစ်ပါတယ်။

NLD က NUCC ပြည်သူ့ညီလာခံ ပြီးကတည်းက ဆက် မပါဝင်တော့တာပါ။ ဆက်မပါဝင် ဖြစ်တော့တဲ့ အကြောင်းရင်းတွေကို NUCC နဲ့ NLD တွေ့ဆုံဆွေးနွေးစဥ်မှာ NLD ခေါင်းဆောင်တွေက ဒီလို ရှင်းပြခဲ့ကြပါတယ်။

၁။ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင် အများစု အဖမ်းခံထားရပြီး ကျန်တဲ့သူတွေထဲမှာလည်း အနည်းငယ်ပဲ အဆက်အသွယ်ရတယ်။ လက်ရှိမှာ ပါတီတခုလုံးကို ကိုယ်စားပြုပြီး ဆုံးဖြတ်ချက်တွေပေးဖို့ အခက်အခဲရှိတဲ့အတွက် ဆက်ပြီး မပါဝင်တော့တာ ဖြစ်တယ်။

၂။ NUCC နဲ့ မဟာမိတ် မိတ်ဖက်အဖြစ် ဆက်ရှိနေမယ်။ ဆွေးနွေးတိုင်ပင်တာတွေ လုပ်ဖို့ သဘောထားရှိတယ်။

၃။ NLD ပါတီရဲ့ မူဝါဒတွေက အရင်အတိုင်းပဲဖြစ်တယ်။

လက်ရှိမှာ စု – ရွေး – လွှတ် မူကို စွဲကိုင်ထားတယ်။

၄။ CRPH က လွှတ်တော်ကိုယ်စားပြုကော်မတီဖြစ်တဲ့အတွက် NLD နဲ့ တထပ်တည်းလို့ မမှတ်ယူစေချင်ဘူး။

အဓိကကျတဲ့ အချက်တွေက ဒီလောက်ပါပဲ။

edit – ကျမက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)ကို ကိုယ်စားပြုပြီး NUCC ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့မှာ အဖွဲ့ဝင်တယောက်အဖြစ် ပါဝင်လျက်ရှိပါတယ်။



The Mog Nation Wiki

Leave a comment