(The Mog Nation Wiki, an archive)
31.5.2022
တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ (ရခိုင်)မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ထုတ်ဝေသောစာအုပ် စာမျက်နှာ ၃၁-၃၂ မှာ မှားယွင်းရောထွေးမှုပြဿနာကိုရှင်းတမ်းထုတ်ထားခြင်း
မြိုလူမျိုးတို့သည် မိမိကိုယ်ကိုယ် “မြူ”ဟုခေါ်ကြောင်း ရှေ့တွင် အကျယ်တဝင့် ပညာရှင်တို့ရေးသားဖော်ပြချက်များ နှင့် ယနေ့တိုင် မိမိတို့ “မြူ”ဟုခေါ်ဆို ကြောင်းကို တင်ပြခဲ့ပြီးဖြစ်သည် ။ သို့သော် ယနေ့တွင် မြိုလူမျိုးတို့သည် မိမိကိုယ်ကိုယ် “ခမီ”ဟုခေါ်သည် ဟူသော အကြောင်းတရားကိုတင်ပြသွားပါမည်။
(က)။ ၁-၁၁-၁၉၇၀-ခုနှစ် ကထုတ်ဝေသော ရှုဒေါင့်ဂျာနယ် စာမျက်နှာ-၃၅၊ တွင်ဖော်ပြချက်မှာ-“ မြိုလူမျိုးမှာ မြိုအမျိုးကွဲ ပေါင်း (၁၀၀)ကျော်ခန့်ရှိသည်ဟူ၍အဆိုရှိကြပါသည်။ သို့သော် ယခုအခါ မြိုအမျိုးကွဲပေါင်း(၇၅) မျိုးခန့်သာ ရှာဖွေတွေ့ရှိ ရကြောင့်၊ ယင်းအထဲတွင်လည်း အမှန်တကယ်အားဖြင့်ရှိသော မြိုအမျိုးကွဲမှာ(၃၀) ခန့်သာဖြစ်ကြောင်း အဆိုရှိကြပါသည်” ဟုရေးသားဖော်ပြထားပါသည်။
ရှင်းလင်းချက်။ ။ဤ ရှုဒေါင့်ဂျာနယ်(၁၉၇၀-ခုနှစ်) မှ ထုတ်ဝေသော မြိုလူမျိုးအကြောင်းသည် မူလအခြေအနေနှင့် တစ်ထပ် တည်းရှိသည်ကိုတွေ့ရသည်။ ပထဝီအနေအထားအရလည်း စစ်တကောင်းတောင်တန်း နှင့် ရခိုင်ပြည်နယ် အနှံ့အပြား တွင်နေ ထိုင်ကြောင်းဖော်ထားလေသည် ယနေ့တိုင်လည်း မြိုလူမျိုးတို့သည် စစ်တကောင်းတောင်တန်း နှင့် ရခိုင်ပြည်နယ်တို့ တွင်နေ ထိုင်ကြသည်။ ထို့ပြင် မြိုအမျိုးသား နှင့်အမျိုးသမီးတို့၏ မူလစရိုက်လက္ခဏာ နှင့်ဝတ်စားဆင်ယင်ထုံးဖွဲ့ပုံ လက္ခဏာ ၊ အက နှင့်တေးဂီတကို အလွန်ခုံမင်နှစ်သက်ကြောင်း တေးဂီတမှာ ပုလွေဟုသုံးနှုန်းထားပြီး အငယ်(၆) လက်မ မှ (၁၈)ပေခန့် အထိ ရှည်သည်ဟုဆိုထားသည် ဆိုထားသည်အတိုင်း ယနေ့တိုင်အောင် ထိန်းသိမ်းထားလျှက်ရှိပါသည်။ ကောင်းကင်ဘုံ၌ရှိ သော ဘုရားသခင်ကို မြိုဘာသာဖြင့် “ထိုရိုင်း”ဟု ခေါ်ဆိုခြင်းသည် မိမိကိုယ်ကိုယ် “မြူ” ခေါ် မြိုလူမျိုးဖြစ်ကြောင်းထင်ရှားပါ သည်။
(ခ)။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၊ဇွန်နဝါရီလ၊ ၁၉၇၆-ခုနှစ်က ထုတ်ဝေသေ ၊တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံ များ (ရခိုင်) ၊ စာမျက်နှာ-၃၁-၃၂ )စာအုပ် တွင်မူ “မြိုလူမျိုးမှာ မျိုးနွယ်ကွဲများပြားသော လူမျိုးဖြစ်သည်။ မြိုရှေးလူကြီးများက မြိုအမျိုးကွဲပေါင်း(၁၀၀) ခန့်ရှိသည်ဟုဆိုသည်။ သို့ရာတွင် ၅၇ မျိုး၏ အမည်များကိုသာလေ့လာတွေ့ရှိရသည် ။ ယခုအခါမျိုး နွယ်ကွဲပေါင်း ၃၀ ခန့်သာရှိပေသည်။ မြိုဟူသော အမည်မှာရခိုင်တို့က ပေးသော အမည်ဖြစ်ပြီး မြိုတို့က သူတို့ကို သူတို့ ခမီ ဟု ခေါ်ကြသည်ဟု ရေးသားဖော်ပြထားပါသည်။ တဖန်၊ တိုင်းရင်းသားယဉ်ကျေးမှုရိုးရာ ဓလေ့ထုံးစံများ (ချင်း)၊ စာမျက်နှာ-၆၅ ၊ တွင်လည်း ခမီ ကို မြိုလူမျိုးဟု ရေးသားထားသည်ကိုတွေ့ရသည်။
ရှင်းလင်းချက်။ ။ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ မှ တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ (ရခိုင်) နှင့် (ချင်း) စာ အုပ်သည် ၁၉၇၆-ခုနှစ်က ထုတ်ဝေထားခြင်းဖြစ်ပါသည်။ ဤစာအုပ်တွင်ဖော်ပြသော မြိုလူမျိုးအကြောင်း နှင့် ဤစာအုပ် ထက်စောသော (၁၉၇၀-ခုနှစ်) မှ ထုတ်ဝေထားသော ရှုဒေါင့်ဂျာနယ်ကိုကိုးကားယူခြင်းဟုယူဆရသည်။ ရှုဒေါင့်ဂျာနယ်တွင် ဖော်ပြချက်မှာမူ (မြိုဟူသောအမည်မှာ ရခိုင်တို့က ပေးထားသော အမည်ဖြစ်ပြီး မြိုတို့က သူတို့ကို သူတို့ ခမီ ဟု ခေါ်ကြသ ည်) ဟူသော စာကြောင်းရေမတွေ့ရှိပေ။ မြိုတို့က သူတို့ကို သူတို့ ခမီဟု ခေါ်ကြသည်ဟူသောစကားရပ်သည် ၁၉၅၉-၆၀-ခုနှစ်မှ စတင်ပြီး ကျောက်တော်မြို့နယ်မှ ခမီလူမျိုးမှ မြိုလူမျိုးပြောင်းလဲ ခံယူသည့် အုပ်စု ခေါင်းဆောင်တို့၏ နိုင်ငံရေးပါတီ တည်ထောင်ပြီး မြိုလူမျိုးအမည်နာမဖြင့် ရွေ့ကောက်ပွဲပြိုင်၍ အနိုင်ရရှိပြီး ကတည်းက ဖြစ်ပေါ်လာသည်ဟု ဆိုရပေမည်။ ယခုတိုင်အောင် ကျောက်တော်နယ်က ခမီဘာသာစကားပြောဆိုသူများသည် မြိုလူမျိုးအမည်ကိုခံထားသော်လည်း သူတို့ကို သူတို့ “ခမီ” ဟုပင်ခေါ်ဆိုနေဆဲဖြစ်ပါသည်။
(ဂ)ရခိုင်သမိုင်းအလင်းပြကျမ်း ၊၂၀၁၁-အေဒီ ၊ပြုစုသူ (ဦးရွှေစံ)၊ စာမျက်နှာ- ၁၃၄ ၊ တွင်လည်း “မြိုလူမျိုးမှာ မျိုးနွယ်ကွဲများ ပြားသော လူမျိုးဖြစ်သည် ။မြိုရှေးလူကြီးများက မြိုအမျိုးကွဲပေါင်း(၁၀၀) ခန့်ရှိသည်ဟု ဆိုထားသည်။ သို့ရာတွင် ၅၇ မျိုးတို့ ၏အမည်များကိုသာ လေ့လာတွေ့ရှိရသည်။ ယခုအခါ မျိုးနွယ်ကွဲပေါင်း(၃၀) ခန့်သာရှိပေသည်။ မြိုဟူသော အမည်မှာ ရခိုင် တို့ကပေးထားသောအမည်ဖြစ်ပြီး မြိုတို့က သူတို့ကို သူတို့ “ခမီ” ဟုခေါ်သည်”ဟု ဖော်ပြထားသည်။
ရှင်းလင်းချက်။ ။ ဤရခိုင်သမိုင်းအလင်းပြကျမ်း ၊၂၀၁၁-အေဒီ ၊က ပြုစုသော စာအုပ်တွင် ဦးရွှေစံ သည် ၁၉၇၆-ခုနှစ်က ထုတ်ဝေသော မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ၊တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ (ရခိုင်) စာအုပ်မှကိုးကားထား သည်ကိုတွေ့ရပေမည်။ ယင်းသို့ အမှားများကို ကိုးကားသူများသည် ယနေ့တွင်အတော်ကိုများပြားလာသည်ကိုတွေ့ရသည် ။မြို ဟူသောအမည်သည် ရခိုင်တို့ကပေးထားသော အမည်ဖြစ်ပြီး မြိုတို့က သူတို့ကိုယ် သူတို့ “ခမီ”ဟုခေါ်ဆိုခြင်းသည် အမှားသာဖြစ်ကြောင်း၊ မြိုတို့သည် သူတို့ကိုယ်သူတို့ “မြူ”/မရူ”ဟုသာခေါ်ဆိုကြောင်းကို ရခိုင့်ရာဇဝင်တွင်သာမဟုတ်ဘဲ အင်မတန်မှ မှတ်တမ်း ရေးရာတွင်လည်းကောင်း၊ သုတေသနပြုရာတွင် လည်းကောင်း နည်းစနစ်ကျ စည်းကမ်းကြီးသော အဂ်လိပ်လူဖြူတို့ ရေးသော စာအုပ်များတွင် ရေးသားဖော်ပြခြင်းမှာ ဖရင့်စစ်ဘူချနန် ၁၇၉၈-ခုနှစ်က သူ၏ ခရီးသွားမှတ် တမ်းစာအုပ်တွင်-Whose name “မြို”is pronounced Mroo by the Rakain, and Myoo by the Burmas . They call themselves Mo-roo-sa” (Francis Buchanan,1798,PP,63)” “မြို” နာမည်ကိုရခိုင်တို့အသံထွ က်ဖြင့် ဖေါ်သောအမည်ဖြစ် ပြီး ဗမာ တို့ “မျို” ဟုအသံထွက်သည်။ သူတို့ကိုယ် သူတို့က “ မြိုစာ”ဟုခေါ်သည်” ဟူ၍ ဖော်ပြ ထားလေသည်။ တဖန် Linguistic Survey of India .Vol,III , Part,III အမည်ရှိ စာအုပ်တွင် “မြူ” တို့သည် ရခိုင်တောင်တန်းဒေသ နှင့် စစ်တကောင်း တောင်တန်းဒေတွင်နေထိုင်ကြသည်။ ၎င်း “မြူ” တို့ကို Sir W. Hunter က “မြို” ဟုအမည်ပေး ခေါ်ဆိုထားသည် ။ သို့သော် Captain. Lewin “မြူ”ဟု စာလုံးပေါင်းသည် ယင်းအကြောင်းကို ဆာ အာသာဖေယာက -Sir Arthur Phayre ၏ဖော်ပြချက် ကို ရေးသားရာတွင် ဆာအာသာဖေယာက “They call themselves “Mru”( G.A. Grierson,1904,PP,385) ,ဟု ရေး ထား ကြောင်းတွေ့ရသည်။ တဖန် ပင်မာလာ ဂတ်မင်-Pamela Gutman ကသူ၏ “Ancient of Arakan”အမည်ရှိ စာအုပ်ကို ရခိုင် ပြည်၏ ၅ ရာစု မှ ၁၁ ရာစု အကြား ရှေးဟောင်းအကြောင်း ကို ရေးသားထားပါသည်။ ၎င်းစာအုပ်တွင် သမိုင်းပါမောက္ခ ဒေါက်တာလုစ်က မြို အကြောင်းရေးသားချက်ကိုထည့်သွင်းဖော်ပြထားသည်မှာလည်း Professor Luces unpublished vocabularies of the Mro[Mru-tssa] (Pamela Gutman, 1976,PP,IV)ဟူ၍ ဖော်ပြထားပါသည်။ တဖန် Brauns & Loffler တို့ကလည်း The name Mru spelled and pronounced differently by different group, for instance Murong or Murung as it is called by Bangali, Mro by the Marma and Mru by themselves (Brauns & Loffler ,1990,PP,34) မြူ ဟူသောနာမည်ကို အခြားသောလူမျိုးများက အမျိုးမျိုး စာလုံးပေါင်းအသံထွက်ဖြင့် ခေါ်ဆိုနေ ကြသည်။ ဘဂ်လီတို့က မြုံ/မြုန်ဟူ၍လည်းကောင်း ၊ မာမာ/ရခိုင် တို့ မြိုဟူ၍လည်းကောင်း ခေါ်ဆိုကြပြီး သူတို့ကိုယ် သူတို့က မြူဟုခေါ်ဆိုသည်ဟူ၍ ဖော်ပြထားလေသည်။ တဖန် Md.Mostafa. Rashel က The Dhaka University Journal of Linguistics Vol. 2, No.3 တွင် Mros introduce themselves as Mro-cha(Md.Mostafa . Rashel ,2009, PP,160) မြိုတို့သည် သူတို့ကို သူတို့ မြိုစာဟု စတင်ခေါ်ဆိုသည်ဟူ၍ ဖော်ပြထားပါသည်။
သို့ဖြစ်၍ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မှ တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ (ရခိုင်) နှင့် (ချင်း) တို့ တွင် မြိုဟူသောအမည်သည် ရခိုင်တို့ကပေးသောမည်ဖြစ်ပြီး သူတို့ကို သူတို့ ခမီဟု ခေါ်ဆိုခြင်း၊ မြိုခမီဟုခေါ်ဆိုခြင်းသည် မှားယွင်းမှု ၊ သို့မဟုတ် နိုင်ငံရေးအရ ခမီလူမျိုးမှ မြိုလူမျိုးသို့ ပြောင်းလဲခံယူသူများသာဖြစ်ကြောင်း ၊ မူလ ရခိုင်ရာဇဝင်လာ မြိုလူမျိုးအစစ်အမှန် မဟုတ်ကြောင်း ရှင်းလင်းအပ်ပါသည်။ ယခုအခါမှာ လည်း ”ဝံလက်ဖောင်ဒေရှင်း(ရခိုင်ပြည်) ငြိမ်းချမ်းခြင်းအနုပညာနှင့် လူမှုပေါင်းစည်းညီညွတ်ရေးစီမံကိန်း ”ရခိုင်ပြည်တည်ငြိမ်အေးချမ်းဖွံဖြိုးတိုးတက်ဖို့ ရခိုင်ပြည်ဖွား လူမျိုးစုများပေါင်းစည်းညီညွတ်ကြပါစို့”စာအုပ် စာမျက်နှာ ၁၅ မှ မြိုလူမျိုးရေးရာတွင် ခမီလူမျိုးရိုးရာပုံပါ စာအုပ်(၁၅၀)ဖြန့်ဝေမှုအပေါ် သမိုင်းဆရာ ၊စာရေးဆရာများအကိုးကားယူမည်ဆိုတာ က သေချာတာထက် ပိုလွန်မည်ကိုတော့ ကြိုသိထားရပါသည်။စိတ်မကောင်းမိတာအမှန်ပင်။ သာဓကအဖြစ် တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ (ရခိုင်) နှင့် (ချင်း)စာအုပ်ကို အကိုးအကားအဖြစ်ယူနေကြသည်ကို အသိပင်ဖြစ်သဖြင့် စိတ်မကောင်းမိတာအမှန်ပါ။
Elishamro_သာလှမြို(စိုင်းဒင်)


End Notes and External links
- source: on Facebook | by Elisha Mro
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter

