ဗြိတိသျှစာကြည့်တိုက်ရှိ ရခိုင်ရာဇဝင်များနှင့် ……. (book cover)

(The Mog Nation Wiki, an archive)


ဗြိတိသျှစာကြည့်တိုက်ရှိ ရခိုင်ရာဇဝင်များနှင့် ……. စာအုပ်မှာ

ဗြိတိသျှစာကြည့်တိုက်ရှိ Sir Arthur Phayre စုဆောင်းခဲ့တဲ့ ရခိုင်သမိုင်းဆိုင်ရာ ရှေးဟောင်းစာပေတွေကို K.Z.Oung က သုတေသနပြုပြီး SUVANNABHUMI: Institute For Southeast Asian Studies Journal နဲ့ မြန်မာပြည်မှာ ထုတ်ဝေတဲ့ သုတေသနဆိုင်ရာဂျာနယ်တွေမှာ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြခံခဲ့ရတဲ့ စာတမ်း (၉) စောင်ကို မြန်မာ – အင်္ဂလိပ် နှစ်ဘာသာနဲ့ စုစည်းထားတာဖြစ်ပါတယ်။
စာတမ်းတွေကတော့

(၁) ဗြိတိသျှစာကြည့်တိုက်ရှိ ငမည်ရခိုင်ရာဇဝင်

(၂) ဗြိတိသျှစာကြည့်တိုက်ရှိ ရခိုင်ရာဇဝင်ငယ်

(၃) ဗြိတိသျှစာကြည့်တိုက်ရှိ ရခိုင်ရာဇပုံ

(၄) ဓညဝတီအရေးတော်ပုံ ပေမူများ ဆန်းစစ်လေ့လာခြင်း

(၅) စည်သူဂါမဏိသင်္ကြံ၏ ရခိုင်ရာဇဝင်

(၆) မြောက်ဦးနန်းတွင်းပညာရှိမျိုးရိုးအား လေ့လာခြင်း

(၇) မြောက်ဦးခေတ်မင်းများ မင်းနိုင်ငံတည်ဟန်

(၈) မြောက်ဦးခေတ် (၁၄၃၀ – ၁၇၈၄) အစုအမှုထမ်း အုပ်စုများ

(၉) ကိုလိုနီခေတ်အစောပိုင်း (၁၈၂၆ – ၁၈၈၅) ကာလ စစ်တွေခရိုင် လူဦးရေဆိုင်ရာ အကြောင်းအရာအား လေ့လာချက်

ဆိုတဲ့ စာတမ်း ၉စောင်ဖြစ်ပါတယ်။

written by: Ludu Book Shop လူထုစာအုပ်​ဆိုင်​



The Mog Nation Wiki

Leave a comment