(The Mog Nation Wiki, an archive)

အပိုငိး(၃)
(ခ)ထိပ်သီးဆွေးနွေးပွဲ(ဝါ)၂၀၀၈ခုနှစ်ခြေ/ဥ ကိုကျော်လွန်ရန်-ကြိုးစားချဉ်းကပ်ကြည့်ခြင်း၊
-မြန်မာနိုင်ငံ၏နိုင်ငံရေးပြဿနာ တနည်းနှစ် ၇၀ ကျော်
ကြာပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ၏ဇစ်မြစ်ပြဿနာ
တနည်း ပြဿနာ၏ပင်မအကြောင်းရင်းသည် ဖွဲ့စည်းပုံ
အခြေခံဥပဒေဆိုင်ရာ ပြဿနာသာ အမှန်ဖြစ်သည် ဟု နစက ဥက္ကဌ မှယူဆ၊ယုံကြည်သတ်မှတ်ခဲ့ပါလျှင် အဖြေ
ရလာဒ် ထွက်စေမည့် သူ၏ ပြဿနာအပေါ် ချဉ်းကပ်မှု၊
ပြဿနာ၏လားရာ လမ်းကြောင်း၊နှင့်ဖြေရှင်းနှိင်မည့်နည်းလမ်း၊ဖြေရှင်းရအလွန်ခက်ခဲသည့် နိုင်ငံရေးပဋိပက္ခ
ပုစ္ဆာအပေါ် အဖြေထွက်အောင် တွက်ယူသင့်သည့်ပုံသေ
နည်း၊ဖေါ်မျုလာ၊ရလာဒ်ထွက်အောင်တွက်ချက်နိုင်ရန်မိမိ
အားပေးထားသည့် အချိန်ကာလ သတ်မှတ်ချက်၊ တို့ကိုသေချာစီစစ်သုံးသပ်ကာချိန်ဆလျက် ထည့်သွင်းစဉ်းစား
မည်ဆိုပါလျှင် ၂၀၀၈ခုနှစ်ခြေ/ဥကိုပြင်ဆင်ရန်ကြိုးစားမှု
နည်းလမ်းအားကျော်လွန်ပြီး ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းသစ်သို့ ကြိုးစားချဉ်းကပ်ရန် လိုအပ်လာခြင်းသည် နိုင်
ငံအတွက် စဉ်းစားဆုံးဖြတ်ပေးရမည့် အမှန်တရားဖြစ်သ
ည်ဆိုသည့် အချက်ကိုခိုင်ခိုင်မာမာကျွန်ုပ်တို့လက်ခံကြရပါမည်။ဤသို့ဆုံးဖြတ်မည်ဆိုလျှင်၊ဆုံးဖြတ်သည်ဆိုလျှင် ကျွန်ုပ်တို့ကြိုဆိုလက်ခံကြရပါမည်။
-သို့ဖြစ်ပါ၍ နစကဥက္ကဌ ၏EAOs ခေါင်းဆောင်များနှင့်
တွေ့ဆုံဆွေးနွေးရန် ထိပ်သီးဆွေးနွေးပွဲဖိတ်ခေါ်မှုသည်ပြ
ဿနာဇစ်မြစ်ဖြစ်သည့် နိုင်ငံ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်
ရာကိစ္စအား ဖြေရှင်းမည့်နည်းလမ်းနှင့်ရလာဒ်ထွက်သည်
အထိအဖြေရှာရန်၊၂၀၀၈ခုနှစ်ခြေ/ဥပါပေးထားသည့်ပြင်
ဆင်ရေးနည်းလမ်း(၂)သွယ်ကို ကျော်လွန်လျက်စဉ်းစား
ခြင်း၊တနည်းအားဖြင့် လွှတ်တော် နှင့်လွှတ်တော် ပြင်ပ
NCA လမ်းကြောင်းကိုကျော်လွန်လျက်ချဉ်းကပ်ခြင်းဖြစ်
ပုံရပါသည်။တနည်းအားဖြင့်ခြေ/ဥ ၂၀၀၈ခုနှစ်သည် ယ နေ့ကာလ နိုင်ငံတော်အမှန်လိုအပ်သည့် ခြေ/ဥသစ် အတွက်နိုင်ငံတော်ကနဦးအဆင့်သွားခဲ့ရသည့် ဖွဲ့စည်းပုံဆိုင်ရာ
အခြေခံအုတ်မြစ်ဖောင်ဒေးရှင်း အဖြစ်သာ နိုင်ငံ့သမိုင်း၌
သတ်မှတ်လျက် ကျန်ရစ်ခဲ့၊ထားရစ်ခဲ့ပြီး၊နိုင်ငံအတွက်အ
ချိန်အခါ အလျှောက် သင့်လျှော်သည့် အခြေခံဥပဒေသစ်
ရေးဆွဲးရေး နည်းလမ်းရှာကြရန် လိုအပ်လာခြင်းကြောင့်
ဖြစ်သည်ဟုသာ သုံးသပ်၍ရပါသည်။
-ထို့ပြင် နစကဥက္ကဌ သည် ဇစ်မြစ်ပြဿနာအားဖြေရှင်း
ရန်၊၂၀၀၈ခုနှစ်ခြေ/ဥပါပြင်ဆင်ရန် သတ်မှတ်ချက်များကိုကျော်လွန်စဉ်းစားမှဖြစ်မည့်အောက်ပါအချက်များအ
ပေါ် အခြေပြုလျက် စဉ်းစားသုံးသပ်ခဲ့ပုံရသည်ဟုယူဆပါသည်။
(၁)ပြည်ထောင်စု၏ဇစ်မြစ်ပြဿနာသည် ခြေ/ဥ ကြောင့်
ဖြစ်၍ ပြင်ဆင်ရန် နည်းလမ်း နှစ်သွယ်ဖြင့်ကြိုးစား ရာ၌
လွှတ်တော်လမ်းကြောင်းသည်ပြဿနာဟောင်းကိုအသစ်
ပြန်ဖြစ်စေကာ၊အမြဲပွတ်တိုက်ပြီးပွဲဆူစေသဖြင့်၊စစ်ဖက်-
အရပ်ဖက် ဆက်ဆံရေးပိုပြီးယိုယွင်းလာစေသည့်အပြင်၊
ရန်ဖက်အသွင် ပိုဆံလာစေကာ အမြဲလိုအပ်သည့် မိတ်ဖက် ဆက်ဆံရေးအဆင့်(လေဗယ်)သည်ကျဆင်းကာဆက်
ဆံရေး ပျက်လုနီးနီး ဖြစ်ခဲ့ရသည့်ဖြစ်စဉ်ပိုပိုများလာခြင်း
၊အထူးသဖြင့်၂၀၁၆-၂၀၂၀ကာလခြေ/ဥပြင်ဆင်ရေးတ
လျှောက်လုံး စစ်ဖက်-အရပ်ဖက် ဆက်ဆံရေးကိုတမင်ပ်ို
ဆိုးအောင်၊ပွတ်တိုက်မှုပိုဖြစ်စေသည့်ယန္တရားတခုအဖြစ်
ခြေ/ဥပြင်ဆင်ရေးလွှတ်တော်လမ်းကြောင်းကိုစနစ်တကျ
စီစဉ်အသုံးချလာသည်ကိုတွေ့လာခဲ့ရ။
(၂)နည်းတူလွှတ်တော်တွင်း ခြေ/ဥပြင်ဆင်ရေး လမ်းကြောင်းဖြင့်အနိုင်ရ ပြည်မပါတီ(ဗမာ)ပါတီနှင့် တိုင်းရင်းသားပါတီများပြည်ထောင်စုနိင်ငံရေးပြဿနာ၏ဇစ်မြစ်
အပေါ်ဖြေရှင်းရန်ကြိုးစားရာ၌သမိုင်းနှင့်ချီနိုင်ငံရေးနာ
ကျဉ်းချက်များ၊ဝေါဟာရပွတ်တိုက်မှုများကြောင့်လူမျိူး
ရေးအမုန်းတရားပဋ်ိပက္ခသစ်ပိုမိုဖြစ်ထွန်းစေသည့်နာကျဉ်းချက်အသစ်များ၊အခွင့်အလန်းနှင့်အခွင့်အရေးအခြေပြု၊ရပိုင်ခွင့်အခြေပြု၊ဖွံ့ဖြိုးမှုအခြေပြု၊ပဋိပက္ခသစ်များ
ကြောင့်ဗမာနှင့်တိုင်းရင်းသားများအကြားလူမျိုးအခြေပြု၊စနစ်အခြေပြုသည့်အမုန်းတရားနာကျဉ်းမှုတို့သည်
နိုင်ငံရေးအခွင့်အလန်းအခြေပြုလျက်လက်တွေ့ကျင့်သုံး
နေသည့်၊ကျင့်သုံးလာသည့်စနစ်ကြောင့်၄င်း၊အုပ်ချုပ်သူ
များကြောင့်၄င်း၊မေးခွန်းပေါင်းများစွာဖြင့်ပွတ်တိုက်မှုပိုပို
များလာသည့််ခြေ/ဥပြင်ဆင်ရေးလွှတ်တော်လမ်းကြောင်း
၏ နောက်ဆက်တွဲရလာဒ်များအပေါ်သုံးသပ်ရန်ဖြစ်လာ
စေခြင်းကြောင့်၄င်း။
(၃)NCA လမ်းကြောင်းအရခြေ/ဥပြင်ဆင်ရေးနည်းလမ်း
ဖြင့်ဖြေရှင်းအဖြေရှာခြင်းသည် အချိန်ပေးရမှု၊ငွေအားလူ
အား များစွာစိုက်ထုတ်ပေးရပြီး ရလာဒ်ထွက်မှုရာနုန်းအလွန်နည်းသည့် လမ်းကြောင်းဖြစ်သည်က တကြောင်း၊ယ
ခုမိမိတို့အားပြဿနာဖြေရှင်းရန်ပေးထားသည့်အချိန်ကာ
လတို အတွက်ရလာဒ်နှင့်အဖြေထွက်ရန် ရွေးချယ်ရမည့်
နည်းလမ်း မဖြစ်နိုင်တော့သည်က တကြောင်းတို့ကြောင့်
၄င်း။
(၄)ယနေ့ကာလ၌ပြည်ထောင်စု၏ဇစ်မြစ်ပြဿနာအားဖြေရှင်းရန်လိုအပ်သလို လက်ရှိပဋိပက္ခ၏အကျိုးဆက်
ကြောင့်ဗမာပြည်မပြိုကွဲပြီးနောက်နိုင်ငံတော်၏နောက်
လာမည့်ကာလတွင်ခေါင်းဆောင်လာကြမည့်လူငယ်မျိုးဆက်များ၏ပညာရေး၊ကျန်းမာရေး၊နိုင်ငံချစ်စိတ်နှင့်ညီ
ညွတ်မှုပြိုကွဲခြင်းနှင့်နိုင်ငံ့စီးပွါးရေးတို့ကိုတပြိုင်တည်း
ပြန်လည်တည်ဆောက်ပေးရန်အချိန်ကာလတိုအတွင်းလို
အပ်မှုတို့ကြောင့်၄င်း။
(၅)၂၀၀၈ခုနှစ်ခြေ/ဥ တွင်နိုင်ငံအတွက်သင့်လျှော်မည့်ခြေ/ဥ သစ်တရပ် ကိုရေးဆွဲခြင်းအား တားမြစ်သည့်ပြဌာန်းချက် မပါဝင်သဖြင့်၊ခြေ/ဥ ကိုချိုးဖေါက်ခြင်းမမည်
နိုင်၍၄င်း၊အကယ်၍ခြေ/ဥအသစ်ရေးဆွဲနိုင်ခဲ့လျင်လည်း
၂၀၀၈ခုနှစ်ခြေ/ဥသည်သက်တမ်းကုန်၍ရပ်စဲရခြင်းသာ
ဖြစ်မည်ဖြစ်ပြီး၊ယခင်အာဏာသိမ်းကာလများကဲ့သို့အတင်းအကျပ် ဖျက်သိမ်းရခြင်းမျိုး မဟုတ်ဘဲ အခြေခံဥပ
ဒေဆိုင်ရာ ညင်သာစွာ အသွင်ကူးပြောင်းခြင်း ဖြစ်စဉ်ဟုသာ သမိုင်းတွင်ကျန်ရစ်စေခဲ့မည်ဖြစ်ပါသည်။
-နစက ဥက္ကဌ က ပြည်ထောင်စုပြဿနာ၏ ဇစ်မြစ်ကို ခုန်ပျံကျော်လွှားဖြေရှင်းနိုင်မည့် လမ်းကြောင်းနှင့်နည်း
လမ်းကောင်းကိုရွေးချယ် ရာ၌ယခု ခေါ်ယူသည့် နစက
ဥက္ကဌ နှင့် EAOs ခေါင်းဆောင်များထိပ်သီးချင်းဆွေးနွေးပွဲသည်၂၀၀၈ခုနှစ်ခြေ/ဥ ကိုကျော်လွန်ပြီးကြိုးစားချဉ်းကပ်ခြင်းနည်းလမ်းသစ်ဖြစ်သကဲ့သို့၊NCA နည်းလမ်းတ
နည်းလွှတ်တော်ပြင်ပလမ်းကြောင်းဖြင့်ခြေ/ဥပြင်ဆင်
ရေးနည်းလမ်းကိုပါကျော်လွန်လျှက်ကြိုးစားဖြေရှင်းပြီးသားဖြစ်သွားမည်ဖြစ်ရာအချိန်တိုအတွင်းရလာဒ်ထွက်
အောင်နိုင်ငံရေးဆန္ဒသာနှစ်ဖက်လုံး၌ရှိရန်လိုအပ်ပြီဖြစ်
သည်ဟုယူဆပါသည်။NCA စာချုပ်၏ပေးထားချက်များထဲကျယ်ပြန့်သည့်ရည်ရွယ်ချက်များးရှိရာနှစ်ဖက်တွေ့ဆုံ
နိုင်ပြီးပြဿနာရပ်တိုင်းကိုကျယ်ပြန့်စွာအမြင်ဖလှယ်နိုင
ခြင်းသည်ပင်လျှင်နှစ်ဖက်တပ်ပိုင်းဆိုင်ရာ၊အပစ်အခတ်
ရပ်ဆိုင်းရေး၊ရပ်စဲရေးဆိုင်ရာများကိုအမြင်ချင်း၊ရပ်တည်ချက်ချင်းဖလှယ်နိုင်ကြမည်လည်းဖြစ်ပါသည်။
(ဂ)၂၀၀၈ခုနှစ်ခြေ/ဥ အားကျော်လွန်လျက်ကြိုးစားချဉ်း
ကပ်ခြင်းအပေါ်-သုံးသပ်ကြည့်ခြင်း။
-ပြည်ထောင်စု၏ပြဿနာဇစ်မြစ်သည် ခြေ/ဥကြောင့်ဖြစ်သည်ဟုကျွန်ုပ်တို့သဘောတူကြပြီး၊လွှတ်တော်လမ်းကြောင်းနှင့်NCA လမ်းကြောင်း၊တို့ဖြင့် ၂၀၀၈ခုနှစ်ခြေ/ဥ
ကိုပြင်ဆင်ရန်နည်းလမ်းရှာဆောင်ရွက်ခဲ့ကြသော်လည်း
ထင်မှတ်ထားသလောက် ခရီးပေါက်ခဲ့ခြင်း မရှိသည့်အပြင်၊လွှတ်တော်တွင်းပြင်ဆင်မှုကြောင့် စစ်ဖက်-အရပ်ဖက်
ဆက်ဆံရေး၊ဗမာနှင့်တိုင်းရင်းသားများကြားဆက်ဆံရေး
အာဏာရပြည်မပါတီနှင့်တိုင်းရင်းသားပါတီများဆက်ဆံ
ရေးကိုပါပိုဆိုးဝါးစေပြီးဖြေရှင်းမရဘဲပြဿနာဗဟိုချက်
တွင်တဝဲလည်လည်အဖြေမထွက်ဖြစ်နေလျှင်၊အဆိုပါလမ်းကြောင်းနှစ်သွယ်ဖြင့်ခြေ/ဥပြင်ဆင်ရန်လုံလောက်သည့် အချိန်ပေးရန်လည်းမဖြစ်နိုင်တော့သည့်နိုင်ငံရေးအရ
ပေးထားချက်တရပ်၊လိုလားချက်၊လိုအပ်ချက်တစ်ရပ်က
လည်းရှိနေခဲ့ပါလျှင်၊ခြေ/ဥ ပြင်ဆင်ရေးနည်းလမ်းကိုကျော်လွန်လျက်အခြားနည်းလမ်းဖြင့်ကြိုးစားချဉ်းကပ်၊ဖြေရှင်းကြရန်နှစ်ဖက်ကြိုးစားမှဖြစ်မည်ဟုသုံးသပ်လျက်အဖြေရရှိရေးဆောင်ရွက်ခြင်းသည်မှန်ကန်ပါသည်။
-ခြေ/ဥပြင်ဆင်ရေးနည်းလမ်းတွင်ရင်ဆိုင်ခဲ့ရသည့်အသစ်အသစ်သောပြဿနာများနှင့်ကင်းရှင်းမည့်၊ကင်းရှင်းနိုင်သည့်လမ်းကြောင်းကိုရှာရမည်ဖြစ်သည်။ထိပ်သီးတွေ့
ဆုံမှုက ထိုလမ်းကြောင်းကိုနှစ်ဖက်သဘောတူရှာနိုင်သည်၊ရလာဒ်ထွက်အောင်ညှိနိုင်သည်၊နိုင်ငံရေးအရအနှစ်
သာရနှင့်ပြည့်စုံသည့်သဘောတူညီချက်ပဋိဥာန်တစ်ရပ်
လည်းခိုင်ခိုင်မာမာရနိုင်သည်၊နှစ်ဖက်သဘောတူညီကြပြီးနိုင်ငံရေးအရအနှစ်သာရပြည့်ဝသည့်ပဋိဥာန်စာချုပ်တစ်ရပ်ကိုသာခိုင်ခိုင်မာမာချုပ်ဆိုနိုင်ကြမည်ဆိုလျှင် ၊အဆိုပါစာချုပ်ပါသဘောတူညီမှုရလာဒ်သည်အသစ်ဖြစ်သောအားလုံးလက်ခံနိုင်သည့်ခြေ/ဥသစ်ရေးဆွဲကြရေးပင်ဖြစ်ပါလိမ့်မည်ဖြစ်ပါသည်။
-အဆိုပါခြေ/ဥသစ်တွင်အားလုံးလက်ခံနိုင်သည့်-အခြေခံမူဝါဒများ၊အမျိုးသားတန်းတူမှုများ၊ရပိုင်ခွင့်များ၊ခွဲဝေမှုများ၊တာဝန်များ၊ကျင့်ဝတ်များ၊စံများ၊ယုံကြည်ချက်
များ၊နှင့်အတူပြည်နယ်သစ်များ၊ပြည်နယ်များ၏ခြေ/ဥ
ရေးဆွဲပိုင်ခွင့်များ၊ကိုယ်ပိုင်အုပ်ချုပ်၊ကိုယ်ပိုင်ပြဌာန်းပိုင်
ခွင့်များသည်စံပြုအပ်သည့်ဖက်ဒရယ်နိုင်ငံတနိုင်ငံ၏
ခြေ/ဥထက်မညံ့သောပြဌာန်းချက်များဖြင့်ပြည့်စုံစွာအ
ချိန်တိုအတွင်းညှိနှိင်းရေးဆွဲအတည်ပြုကြရန်သာလိုအပ်
သည်ဟုမြင်ပါသည်။
(ဃ)ထိပ်သီးဆွေးနွေးပွဲ၏ကြိုတင်ပြင်ဆင်ထားချက် ဖြစ်နှိင်ခြေများ-
-နစက ဥက္ကဌ သည်ပြည်ထောင်စု၏ဇစ်မြစ်ပြဿနာအား
စုပေါင်းအဖြေရှာရန်နည်းလမ်းသစ်ဖြစ်သည့်-နစကဥက္ကဌနှင့် EAOs ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲကိုပြ
ဿနာ ဇစ်မြစ်ကိုစုပေါင်းအဖြေရှာသည့်၊အရှုပ်ထုတ်၏
အစကိုဆွဲနှုတ်ရာ နိုင်ငံရေးစင်မြင့်အဖြစ် သတ်မှတ်ပြင်
ဆင်ထားပုံရပါသည်။
-ပြည်ထောင်စုထာဝရငြိမ်းချမ်းရေးအတွက် ခိုင်မာသည့်
အဖြေရလိုသည့် သူ၏သံဓိဌာန် နှင့်မွန်မြတ်သောဆန္ဒ၊စေ
တနာအပြည့်ပါသည့် ရည်မျှော်ချက်များကိုလည်းတွေ့ရပါသည်။
-သို့ဖြစ်ပါ၍သူ၏ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ-ရလာဒ်နှင့်
ရည်မျှော်ချက်များတွင်အောက်ပါအချက်တွေများပါလေ
မည်လားစောကြောမိသလောက်ချရေးမိဖြစ်ပါသည်။
(၁)၂၀၀၈ခုနှစ်ခြေ/ဥ ကိုပြင်ဆင်သည့်နည်းလမ်းဖြင့်အဖြေရှာကြသည့် နည်းလမ်းဟောင်းကိုကျော်လွန်လျှက်
-တိုင်းရင်းသားအားလုံးလက်ခံနှိုင်သည့် မြန်မာနိုင်ငံ၏
သွင်ပြင်၊လူမျိုးပေါင်းစုံနေထိုင်ကြသည့်နိုင်ငံ့အခြေအနေ
ရသင့်ရထိုက်၊ပေးသင့်ပေးထိုက် သည့် ကိုယ်ပိုင်အုပ်ချုပ်
ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ပြည့်ပြည့်ဝဝရပြီး အမျိုးသားချင်းတန်းတူညီမျှစွာဖြင့်၊သင့်လျှော်သော နိုင်ငံတကာစံမှီ
ဖက်ဒရယ်ဒီမိုကရေစီစံနစ်နှင့်ကိုက်ညီသည့်ခြေ/ဥအသစ်
တခုရေးဆွဲကြရေးအထိ ဦးတည်ထားပုံရပါသည်။
(ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်သည့် အိန္ဒိယ၊နီ
ပေါ၊ဩစတြေလျ နိုင်ငံများဖွဲ့စည်းပုံခြေ/ဥ များကိုလေ့လာရန်၊တွေ့ရှိချက်တင်ပြရန်ကြိုတင်ဖွဲ့စည်းတာဝန်ပေး
ထားခဲ့ပြီးဖြစ်သည်ကိုထဲ့သွင်းစဉ်းစားရမည်ဖြစ်။)
(၂)ပြဿနာ၏ဇစ်မြစ်ဖြစ်သောခြေ/ဥကို ဖက်ဒရယ်ဒီမိုကရေစီစံနစ်နှင့်ကိုက်ညီသောခြေ/ဥသစ်တခုအဖြစ်ညှိနှိင်း၊အဖြေရှာ၊ရေးဆွဲနှိင်ရန် နိုင်ငံရေးအရသဘောတူညီချက်ပဋိဥာဏ်တရပ်ကိုတိုင်းရင်းသားလက်နက်ကိုင်တော်
လှန်ရေးအဖွဲ့ခေါင်းဆောင်များနှင့်ဆွေးနွေးပြီးညီညီညွတ်
ညွတ်အဖြေတခုခိုင်ခိုင်မာမာရရန်လိုအပ်ပုံ၊ခိုင်မာသည့်သဘောတူညီချက်ပဋိဥာဏ်ရလျှင်နှစ်ပေါင်း၇၀ကျော်
ကြာတိုင်းရင်းသားချင်းသွေးမြေကျခဲ့ရမှုသံသရာမှ ၇၅
နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အမှီပဋိပက္ခနှင့်အမုန်းတရားများကိုသင်ပုန်းချေနိုင်ကြမည်၊နိုင်ငံရေးမှတပ်မ
တော် နောက်ဆုပ်ရမည်ဖြစ်သလို၊တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းလက်နက်ဖြုတ်သိမ်းခြင်းသည်
ခြေ/ဥသစ်နှင့်အတူတပြိုင်တည်းအကောင်အထည်ဖေါ်
ကြရန် နိုင်ငံရေးအားဖြင့်နှစ်ဖက်သဘောတူညီချက်ရကြမည့်ပုံရပါသည်။နစက ဥက္ကဌဖက်မှလည်းခိုင်ခိုင်မာမာ
ယုံကြည်မျှော်လင့်ထားပုံရပါသည်။
(၃)အကယ်၍အထက်အပိုဒ်(၁)ပါအတိုင်းမြန်မာနိုင်ငံနှင့်
သင့်လျှော်သည့် ခြေ/ဥ သစ်တခုကိုရေးဆွဲကြရန်နှစ်ဖက်
သဘောတူညီကြပြီး၊ညှိနှိင်းအဖြေရကြသည်ဆိုပါလျှင်၊
၂၀၀၈ခုနှစ်ခြေ/ဥကိုမည်သည့်ကာလအထိသုံးစွဲကြမည်
ဆိုသည့်သဘောတူညီချက်တရပ်သည်လည်းရှိလာနိုင်ပါ
သည်။ဖြစ်နိုင်သည်မှာ ၂၀၀၈ခုနှစ်ခြေ/ဥ သည်လာမည့်ရွေးကောက်ပွဲကြောင့်ဖြစ်ထွန်းပေါ်ပေါက်လာမည့်အမျိုး
သားညွန့်ပေါင်းအစိုးရတရပ်၏ကာလဖြစ်သော(၂၀၂၃-
၂၀၂၈)အထိသာသုံးစွဲကြရန်သဘောတူနိုင်ကြပြီး(၂၀၂၈
-၂၀၃၃)ကာလအစိုးရအသစ်အတွက်မှုအသစ်ရေးဆွဲအတည်ပြုထားသည့် ခြေ/ဥ သစ်ဖြင့်ရှေ့ဆက်သွားကြရန်သ
ဘောတူဆုံးဖြတ်ကြမည့်ပုံရပါသည်။
(၄)တပ်ချုပ်တစ်ဦးအနေဖြင့် နစက ဥက္ကဌ သည်ကုသိုလ်
ကံကြောင့် မြန်မာနိုင်၏စိန်ရတုနေ့ထူးနေ့မြတ်(၃)ရပ်ကိုဦးဆောင်ကျင်းပခွင့်ကံတရားအကျိုးပေးကြောင့်၄င်း၊သူ
တစ်ဦးတည်းမှဆုံးဖြတ်ချက်တရပ်ရပ်ကိုပြတ်သားခိုင်မာစွာချပိုင်ခွင့်ရသည့်နိုင်ငံရေးအချိုးအကွေ့ကိုအကျိုးရှိစွာ
ဖြင့် ဆောင်ရွက်ပေးခဲ့မည်ဆိုပါလျှင်-
-လွတ်လပ်ရေးအတူရယူပြီးလွတ်လပ်ရေးအရသာကိုအ
တူခံစားနှိင်ကြရန်ရည်သံခဲ့ကြသည့်ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကြသောကွယ်လွန်သွားကြပြီးဖြစ်သည့်တိုင်းရင်းသား
ခေါင်းဆောင်များ၏မွန်မြတ်သည့်စေတနာကိုအကောင်
အထည်ဖေါ်ခွင့်ရသဖြင့်၄င်း၊
-နှစ် ၇၀ ကျော်ကြာပြည်တွင်းစစ်အတွင်းပေးဆပ်ခဲ့ရသည့်အသက်သွေးချွေး၊စည်းစိမ်ဥစ္စာ၊အိမ်ရာမျိုးစုံ၊ဒုက္ခမျိုး
စုံ၊စိတ်ဆင်းရဲခြင်းမျိုးစုံ၊လူမှုဒုက္ခမျိုးစုံ တို့ကိုခံစားခဲ့၊ခံ
စားနေရဆဲ တိုင်းရင်းသားပြည်သူများ နှစ်ပေါင်းများစွာ
တောင့်တနေခဲ့ကြသည့်ပြည်တွင်စစ်ရပ်စဲရေးဆန္ဒမွန်ကိုဖြည့်ဆီးပေးနှိုင်ခြင်းကြောင့်၄င်း၊
-တပ်မတော်ကိုမကျင်လယ်အပ်သည့်၊အောင်မြင်ခြင်း၊ကျရှုံးခြင်းမျိုးစုံ၊အမုန်းတရားမျိုးစုံ၊ချီးမွှမ်းခြင်းကဲ့ရဲ့ခြင်းမျိုးစုံ၊အလိမ်အကောက်မျိုးစုံရှိရာ နိုင်ငံရေးနွံထဲမှဆွဲ
နုတ်နှိင်ခြင်းကြောင့်တပ်မတော်သားမိသားစုများ၏ကျေး
ဇူးတင်ဝမ်းမြောက်သည့်ကြည်နူးပြုံးတို့ကို၄င်း၊
-လက်နက်ကိုင်ပဋိပက္ခမှ တပ်မတော်ကို၄င်း၊တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကို၄င်း၊
ဆွဲနုတ်နှိင်ခဲ့ပြီး နိုင်ငံရေးအရအနှစ်သာရပြည့်စုံသည့်အနာဂါတ်နိုင်ငံတော်၏ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တခုကို ညီညွတ်ခိုင်မာစွာဖြင့်ရေးဆွဲကြရန်သံဓိဌာန်ချမှတ်ကြ
သည့်သဘောတူညီချက်တခုကိုရေးဆွဲနှိုင်ခြင်းနှင့်ပဋိဥါဏ်ပြုနှိုင်ကြခြင်းဖြင့်နိုင်ငံသားအားလုံး၏ကျေးဇူးတင်
ဝမ်းမြောက်ချီးကျုးကြမှုတို့ကို၄င်း၊
နစကဥက္ကဌ နှင့်တကွသော တိုင်းရင်းသားလက်နက်ကိုင်
တော်လှန်ရေးအဖွဲ့များ၏ခေါင်းဆောင်များသည်ရရှ်ိကြ
မည်မှာမလွဲဧကံဖြစ်သည်ဟုသုံးသပ်ရရှိပါသည်။
(၅)ထိပ်သီးချင်း ပထမအကြိမ်တွေ့ဆုံမှုအရွေ့သည်၊ဒုတိ
ယအကြိမ်နှင့်၊တတိယအကြိမ်တွေ့ဆုံမှုအတွက်ခြေလှမ်း
ကောင်းဖြစ်ရန် နစက ဥက္ကဌ၏ပြည်ထောင်စုထာဝရငြိမ်း
ချမ်းရေးအတွက်ဆောင်ရွက်မည့် ရည်မျှော်ချက်ရည်မှန်း
ချက်နှင့်လုပ်ငန်းအစီအစဉ်(စ၊လယ်၊ဆုံး)အားလည်းRoad
Map ဖြင့်ချပြလာနိုင်သည်။
(င)မြန်မာနိုင်ငံတော်၏ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကိုရေးဆွဲနှိုင်ခြင်းဖြစ်စဉ်နောက်-ဖြစ်လာနှိုင်ခြေရှိသော
အကျိုးဆက်များကို ရှာဖွေကြည့်ခြင်း၊
(၁)အချိန်ကိုက်နိုင်ငံရေးအားပြိုင်မှုများ-
-NUG သည် NCGUB ထက်Media ခေတ်ကောင်းကိုအသုံးချနိုင်၊PDFs များ Chain of Command ပျောက်ပြီး
ဗိုလ်ချုပ်ကြီးရွက်ဆစ်သုံးသပ်သလိုဖြစ်လာနေ၊ထိုင်းနယ်
စပ်တလျှောက်သံတမန်ရေးလှုပ်ရှားမှုအချိန်ကိုက်အရှိန်မြှင့်လာသလို US သည်အာရှပစိဖိတ်ပေါ်လစီအတွက် နယ်ရုပ်နိုင်ငံများကို မြန်မာ့ရှေ့တန်းသို့ပို့လာ၊ASEANအ
တွင်းထိုးဖေါက်မှုအရှိန်တဆင့်မြှင့်၊အိမ်ဖြူတော်ဖိတ်ခေါ်
ငွေ၊လူ၊လက်နက်ကူခြင်းထိရောက်မှုရှိမရှိ ယခင် ဗီယက်နမ်၊အရှေ့အလယ်ပိုင်း အီရတ်၊လစ်ဗျား၊အာဖကန်နှင့်ဥရောပ သုံးသပ်ကတွေ့နှိုင်၊WW3 ဖက်တာစူနေမှုများ၊
NATO ၏ ချဲ့ထွင်မှုလောဘနှင့်EU ၏Gas လိုအပ်မှု၊Russia ၏ခံစစ်မှသည်စစ်ရေး၊နိုင်ငံရေး၊စီးပွါးရေးထိုး စစ် နှင့်Ukraine ၊ယိုင်နဲ့လာသည့်ကမ္ဘာ့စီးပွါးရေး၊ခိုင်မာ
အားကောင်းမှုအရှိန်မြင့်မြင့်လာသည့် ရူဘယ် ၊လိုငွေပိုပိုပြလာသည့်USရဲ့Budget နှင့်ကျဆင်းစပြုလာသည့်US
ဒေါ်လာတန်ဖိုး၊တလှမ်းချင်းနှင့်ကမ္ဘာ့စီးပွါးရေးထိပ်ဆုံး
ရောက်လာနေသည့်တရုတ်၊တရုတ်နှင့်မိုင်ထောင်ချီဆက်စပ်နေသည့် မတည်ငြိမ်မှုနှင့်လက်နက်ကိုင်ပဋိပက္ခ
ပြည်တွင်းစစ်အရှည်ကြာဆုံးနိုင်ငံ မြန်မာ၊အနောက်နိုင်ငံ
များပုံအောထောက်ပံ့ကျားကန်ပေးနေသည့် NUG၊US
နယ်ရုပ်ASEAN နိုင်ငံအချို့နှင့် တရုတ်သို့ ဦးတည်စေ
သည့် မြန်မာ့နိုင်ငံရေးအားမတည်ငြိမ်စေလိုမှု၊တို့သည်
အစီအစဉ်တကျလှုပ်ရှားခြင်းလား၊စိမ့်ဝင်ထိုးဖေါက်ခြင်း
လား၊ဖြိုခွဲခြင်းလား၊မြန်မာ့နိုင်ငံရေးမငြိမ်သက်စေမှုသည်
တရုတ်သို့ဦးတည်စေလို၍လား။
(၂)ခြေ/ဥ သစ်ဖြစ်စဉ်နောက်ဖြစ်လာနှိုင်သည့်အကျိုး
ဆက်များကိုရှာဖွေကြည့်ခြင်း၊
-၂၀၂၃-၂၀၂၈တွင်ရွေးကောက်ခံ အမျိုးသားညွန့်ပေါင်းအစိုးရတရပ်မြန်မာနိုင်ငံတွင်ပေါ်ထွန်လာသည်နှင့်ဦးတည်တိုက်ကွက်ကပျောက်သွားနှိင်၊
-ဒီမိုကရေစီနည်းကျရွေးကောက်ခံအရပ်သားအစိုးရတရပ်ကိုUSသည် အနောက်နိုင်ငံများသည်ASEAN သည်မည်
သို့သံတမန်ရေးဆက်ဆံကြမည်နည်း၊
-အဆိုပါကာလNUGနှင့်မြန်မာအစိုရသစ်၏မြင်ကွင်းသည် ရန်ဖက်အသွင်မှလျှော့သွားမည်လား၊လက်နက်ကိုင်
စစ်ပွဲအရှိန် ကိုNUG သည်ပိုမြှင့်စေမည်လား၊အနောက်နိုင်
ငံများ၏မူဝါဒနှင့်တိုက်ရိုက်အချိုးကျလာနိုင်ခြေရှိ၊
-နစက ၏Exit Strategy တွင်ရွေးကောက်ပွဲနှင့်အတူခြေ/ဥသစ်ရေးဆွဲခြင်းပါလာ၊ဗမာလူထုသဘောထားကြီးစွာ ဖြင်၊(၁)ယူနစ်သာရယူ၊ပြည်နယ်သစ်များဝေဆာစွာဖြင့်ညှိနှိင်းရေးဆွဲနိုင်ကြ၍ရရှိသည့် ဖက်ဒရယ်ဒီမိုကရေစီခြေ/ဥသစ်၊ရွေးကောက်ခံအမတ်များဖြင့်လာမည့်လွှတ်တော်
တွင်ထောက်ခံအတည်ပြုကြ၊ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ
ဖြင့်တဖန်နိုင်ငံအနှံ့ထောက်ခံအတည်ပြုကြ၊
-ခြေ/ဥသစ်၏အသက်ဝင်မှုကို(၂၀၂၈-၂၀၃၃)အစိုးရသက်တန်းမှစ၍ကျင့်သုံးမည်ကိုကြေငြာ၊ခြေ/ဥအသစ်ပြဌာန်းပါအတိုင်း၊ညှိနှိင်းမှုမှရသည့်ပဋိဥါဏ်ပါအတိုင်း၊မြန်
မာ့တပ်မတော်နိုင်ငံရေးမှနောက်ဆုတ်ပါကြောင်းကြေငြာ၊
-တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များညှိနှိင်းချက်များပါအတိုင်းလက်နက်စွန့်ကြ၊ပြည်ထောင်စုတပ်မတော်နှင့်ပြည်ထောင်စုလုံခြုံရေးရာတပ်ဖွံဲ့များ၊ပြည်နယ်လုံခြုံရေးရာတပ်ဖွဲ့များခြေ/ဥပါအတိုင်းဖွဲ့စည်းကြ၊ညီ
ညီညွတ်ညွတ်တည်ဆောက်ကြသည့်ခြေ/ဥသစ်ဖြင့်နိုင်ငံသစ်ပေါ်ထွန်းလာ၊
-နိုင်ငံသစ်အပေါ် US,EU,အနောက်နိုင်ငံများနှင့်ASEAN
တို့ဆန့်ကျင်ကြမည်လား၊ထောက်ခံကြမည်လား၊ပြည်တွင်းစစ်ရပ်စဲအောင်ခြေ/ဥသစ်မှဦးဆောင်ဖြေရှင်းသွားမည်
ကို၊သွားသည်ကိုဆန့်ကျင်ကြမည်လား၊လက်ခံကြမည်လား၊လက်နက်ကိုင်လမ်းစဉ်ဖြင့်ပြည်တွင်းစစ်ကိုထပ်၊မံမီးမွှေးကြဦးမည်လား၊သူတို့၏တရုတ်သို့ဦးတည်သည့်
တိုက်ခိုက်ရေးမှုဝါဒတွင်မြန်မာကိုနယ်ရုပ်အဖြစ်၊မြန်မာ့မြေကို Proxy War zone ထဲသို့တွန်းပို့ကြမည်လား၊ရှုစားကြရဦးမည်ဖြစ်။
-နိုင်ငံရေးတွင်ကျွံနေသည့်တပ်မတော်ကိုမကြိုက်၍တော်
လှန်ကြသည့် NUG;PDFs များသည်ခြေ/ဥသစ်ဖြင့်တပ်မ
တော်နိုင်ငံရေးမှနောက်ဆုတ်သည်ကို၊တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏မူလရည်ရွယ်ချက်
ဖြစ်သည့်ဖက်ဒရယ်နိုင်ငံသစ်ကိုခြေ/ဥသစ်ဖြင့်တည်
ဆောက်ကြလက်နက်စွန့်ကြသည်ကို၊EAOsများနှင့်မြန်မာ့
တပ်မတော်ခိုင်မာစွာလက်တွဲဖွဲ့စည်းတည်ထောင်ကြသည့်
ပြည်ထောင်စုတပ်မတော်အပေါ်လက်နက်စွဲကိုင်ထပ်မံတိုက်ပွဲဝင်ကြဦးမည်လား၊
-NUG;PDFsများ၏ရည်ရွယ်ချက်သည်ဘာဖြစ်သွားမည်လဲ၊တပ်မတော်နိုင်ငံရေးမှနောက်ဆုတ်ရေး၊စစ်အာဏာရှင်စနစ်ကျဆုံးရေး၊မဟုတ်တော့ပြီလားဆိုသည့်မေးခွန်းပေါင်းများစွာသည်အဆိုပါကာလတွင်ပြည်သူများကြားမှ
ထွက်ပေါ်လာမည့်မေးခွန်းများဖြစ်ရာNUG;PDFsများဖက်မှကြားလာကြရဦးမည်ဖြစ်ပါသည်။
-သို့ဖြစ်ပါ၍ဖက်ဒရယ်ဒီမိုကရေစီခြေ/ဥသစ်သည်NUG ကိုတိုက်ကွက်ဖြစ်လာနိုင်သည်၊
-ခြေ/ဥသစ်ဖြင့်တက်လာသည့်ရွေးကောက်ခံဒီမိုကရေစီအစိုးရ(၂၀၂၈-၂၀၃၃)ကိုNUG သည်ဆက်တိုက်နေဦးမည်လားဆိုသည့်မေးခွန်းနှင့်NUG၏သက်တန်းသည်မည်
သည့်ကာလအထိရှိမည်လဲဆိုသည့်မေးခွန်းသည်လူထုကြားနှင့်ကျွန်ုပ်တို့အားလုံးကြားထပ်ခါထပ်ခါမေးနေကြရဦးမည့်မေးခွန်းဖြစ်လာနိုင်ပြီးအဖြေသည်မည်သူ့လက်ထဲ
ရှိသလဲဆိုသည့်ပဟေဠိကိုအဖြေညှိကြရုံဟုသာမှတ်ချက်ပြုလိုပါသည်။
ပြီး၊
~ written by: ဒေါက်တာအေးမောင်



End Notes and External links
- source: “လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကနေ ရလဒ်ကောင်းထွက်အောင် ဘယ်လိုရွှေ့ကြမလဲ၊ အပိုင်း (၃)” | by Aye Maung | on Facebook
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter


