လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းက​နေ ရလဒ်ကောင်းထွက်အောင် ဘယ်လိုရွှေ့ကြမလဲ၊ အပိုင်း (၂)

(The Mog Nation Wiki, an archive)


အပိုင်း(၂)

လက်ရှိနိုင်ငံရေးဖြစ်စဉ်၏အရွေ့များ-

-(က)NUG;၏ အရွေ့များ-

NUCC ၏အကြံပေးချက်များ၊CRPH ကိုအခြေခံသည့်
NUG (အဝေးရောက်အစိုးရ)အဖြစ်ကြေငြာချက်မျိုးစုံ
ထုတ်ခြင်းများ၊D-Day အကြိမ်ကြိမ်ထုတ်ခြင်းများ၊Dr.ဇော်ဝေစိုး၏-
ပညာရေးကဏ္ဍ၊ကျန်းမာရေးကဏ္ဍ၊ကျောင်းသားရေးရာကဏ္ဍ၊တို့တွင်ဖြစ်လိုသည့်ဆန္ဒလွန်ကဲသောရုံးအမိန့်များ၊
တည်ဆဲဥပဒေစည်းမျဉ်းစည်းကမ်းများကျော်လွန်သည့်
အမိန့်များ၊ညွှန်ကြားချက်များ၊မူဝါဒပါဗီဒီယိုကလစ်များ။
ဦးရည်မွန်၏-လှုပ်ရှားမှုများ ၊ EAOsများထံ ချဉ်းကပ်မှုများ၊အထူးသဖြင့် EAOs များ၏နေ့ထူးများ၊အမျိုးသားနေ့များကိုသဝဏ်လွှာပါးချဉ်းကပ်သည့်နည်းလမ်း၊NLD ၏အမှားများအပေါ်ဝန်ခံသည့်နည်းလမ်း၊တိုင်းရင်းသား
များ၏တော်လှန်ရေးအပေါ်ထောက်ခံမှုနည်းလမ်း၊အသိ
အမှတ်ပြုမှုနည်းလမ်း၊ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ပိုင်ခွင့်ကို
အာမခံသည့်ချဉ်းကပ်မှုသစ်များ၊EAOs နယ်မြေအချို့၌ PDFs များလေ့ကျင့်မှု၊လက်နက်တပ်ဆင်မှု၊လှုပ်ရှားမှု၊ထိတွေ့မှု၊ဖမ်းဆီးခံရမှု၊လက်နက်မိမှု၊လူပုဂ္ဂိုလ်ဦးတည်
သည့် သတ်ဖြတ်မှုများ ၊ စသည့် နိုင်ငံရေး နှင့် စစ်ရေး လှုပ်ရှားမှုအရွေ့များ။
ဦးအောင်မျိုးမင်း၏-US,ဥရောပခရီးစဉ် လှုပ်ရှားမှု၊တွေ့ဆုံမှု၊လူ့အခွင့်အရေးအမြင်၊ချဉ်းကပ်မှုများ။
Dr.ဆလိုင်းလျန်မှုန်း၏-NUG’s Charter ၊ခုရက်ပိုင်းထုတ်
ပြန်သည့် Fedral Union ဖွဲ့စည်းမှုပုံသဏ္ဍန်စာတမ်း၊ဖက်ဒ
ရယ်ပြည်ထောင်စုဖွဲ့စည်းပုံနှင့်မိတ်ဆက်ခြင်းများ။
ဒေါ်ဇင်မာအောင်၏-လက်တွေ့ပိုဆန်လာသည့်သံခင်းတမန်ခင်းအရွေ့များ၊ကုလသမဂ္ဂ၏ထိုင်ခုံနေရာမှသည်
ASEAN အဖွဲ့ဝင်နိုင်ငံများကြားသံတမန်ရေးလှုပ်ရှားမှု၊
US-ASEAN ;
ထိပ်သီးဆွေးနွေးပွဲကိုအသုံးချပြီးသံခင်းတမန်ခင်းအရွေ့၊အရွှေ့တို့သည် နစက အုပ်ချုပ်မှု တစ်နှစ်ကျော်ကာ
လတွင်ပိုအကွက်စိပ်လာ၊နည်းတူ US,EU,နှင့်အနောက်နိုင်
ငံများသို့NCGUB ထက် Social Media ကိုအသုံးချပြီးထိုး
ဖေါက်နိုင်ခဲ့ပုံရ၊နိုင်ငံတွင်းသံတမန်အချို့အပေါ်တစုံတရာ
လွှမ်းမိုးမှုရှိနေသည်ဟုသုံးသပ်၍ရ။
NUG ၏အန္တိမရည်မှန်းချက်သည်စစ်အာဏာရှင်စံနစ်
ချုပ်ငြိမ်းရေး၊နိုင်ငံရေးမှတပ်မတော်နောက်ဆုပ်ရေး၊နှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ပေါ်ထွန်းရေးဖြစ်သည်
ဟု ဒေါ်ဇင်မာအောင် ၏ အင်တာဗျုးတွင် တွေ့ရ။
အထက်ပါအချက်အလက်အကျဉ်းသည်လက်ရှိနိုင်ငံရေး
ဖြစ်စဉ်၌ NUG ၏အရွေ့များဟုသုံးသပ်၍ရပါသည်။

-(ခ)နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အရွေ့များ-

နစက သည်လက်ရှိနိုင်ငံရေးဖြစ်စဉ်အပေါ် ရွေ့နိုင်အောင်
တစိုက်မတ်တပ်ကြိုးစားခဲ့သည်ကိုတွေ့ရ၊အပစ်အခတ်ရပ်ဆိုင်းသည့်ကာလတိုများဖြင့်ကြိုးစားခြင်း၊NSPNC နှင့် EAOs များတွေ့ဆုံခြင်း၊ညှိနှိုင်းခြင်း၊ရပ်ဆိုင်း နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ပြန်လည်စတင်နှိင်ရန်နိုင်ငံရေးပါတီများနှင့်တွေ့ဆုံခြင်း၊UPDJC နိုင်ငံရေးပါတီခြမ်းကိုဖွဲ့နိုင် ရန်အကြံပြုခြင်း၊ဖွဲ့စည်းခြင်း၊နိုင်ငံတော်ရှေ့ဆက်သွား မည့်မူဝါဒနှင့်ရှေ့လုပ်ငန်းစဉ်များပါ အဆင့်ဆင့်သော လုပ် ငန်းစဉ်များကို အကောင်အထည်ဖေါ်ခြင်း၊လွတ်လပ်ပြီး တရားမျှတသောအထွေထွေရွေးကောက်ပွဲကိုကျင်းပပေးပြီးနိုင်ငံ့အာဏာအားစနစ်တကျအပ်နှင်းနှိင် ရန်လက်ရှိရွေးကောက်ပွဲစနစ်အားအချိုးကျကိုယ်စားပြုစနစ်သို့ပြောင်းလဲပြီးအမျိုးသားညွန့်ပေါင်းအစိုးရတရပ်
ပေါ်ထွန်းနှိင်အောင်ကြိုးစားခြင်း၊NUG,PDF တို့ကိုအကြမ်းဖက် အဖွဲ့အစည်းများ အဖြစ်ကြေငြာခြင်း၊စစ်ဆင်ရေး
များဖြင့်ချေမှုန်းနိုင်အောင်ဆောင်ရွက်ခြင်း၊တရားဥပဒေစိုမိုးပြီးတည်ငြိမ်အေးချမ်းမှုရရန်ကြိုးစားခြင်း၊နိုင်ငံ့စီးပွါးရေးကိုပြန်လည်တည်ဆောက်နိုင်အောင်ကြိုးစားခြင်း၊အိမ်နီးချင်းတရုတ်နှင့်လည်းကောင်းရုရှနှင့်လည်းကောင်းမဟာဗျုဟာမြောက်မိတ်ဖက်ဖြစ်ရန်ခိုင်ခိုင်မာမာတည်
ဆောက်ခြင်း၊စသည်ဖြင့်လက်ရှိနိုင်ငံရေးဖြစ်စဉ်ကိုရွေ့ ရန်ကြိုစားရွှေ့နေသည်ကိုတွေ့ရပါသော်ငြားငြိမ်းချမ်းရေးဖြစ်စဉ်တွင်မူထင်သလောက်ခရီးပေါက်ပုံ၊စိတ်ကြေ
နပ်မှုရပုံမတွေ့ရ၊မြန်မာ့နိုင်ငံရေး၏အဓိကဖြေရှင်းရမည့်
ပြဿနာသည်လက်နက်ကိုင်ပဋိပက္ခ၊နိုင်ငံ၏ပင်မနိုင်ငံရေးပြဿနာဟု နစက ဥက္ကဌ မှ သတ်မှတ်ယုံကြည်ပုံရပါ
သည်။
သို့ဖြင့် နစက ဥက္ကဌ သည်လက်ရှိ ASEAN အဖွဲ့ကြီး၏ ဥက္ကဌဖြစ်သောကမ္ဘောဒီးယားနိင်ငံဝန်ကြီးချုပ်ခရီးစဉ်
တွင်၂၀၂၂ ခုနှစ်အား မြန်မာန်ိုင်ငံ၏ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ပါကြောင်းအသိပေးကြေငြာခြင်းဖြင့်
ထာဝရငြိမ်းချမ်းရေးအတွက်ပထမအကြိမ်စရွှေ့သည်ကိုတွေ့လာရပါသည်။
ဒုတိယအကြိမ် ရွှေ့ခြင်းကိုမူ စိန်ရတု ပြည်ထောင်စုနေ့ တွင် တွေ့ရပါသည်။ကြိုတင်စည်းကမ်းသတ်မှတ်ချက်မထားဘဲ ၊EAOs များနှင့်တွေ့ဆုံဆွေးနွေးလိုကြောင်းဖိတ်
ခေါ်ခဲ့သော်လည်းအ ဆုံးအဖြတ်ပေးနှိင်သည့် ထိပ်သီးခေါင်းဆောင်များတက်ရောက်မူမရှ်ိခဲ့၍အားခဲထားသ
လောက်ခရီးပေါက်ခဲ့ပုံမရချေ။
နစက ဥက္ကဌ သည်ဘဝတွင်ကြုံခဲသည့် မြန်မာနိုင်ငံဖြစ် တည်မှု၏အထင်ကရနေ့ထူးနေ့မြတ်(၃)ခု၏စိန်ရတုအ ခါသမယကို နိုင်ငံတော်အကြီးအကဲတဦးအနေဖြင့်၄င်း ၊တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တဦးအနေဖြင့်၄င်း၊
ကျင်းပခွင့်ရသည်ကိုဂုဏ်ယူသလိုသမိုင်းတွင်သည့်လုပ်
ငန်းကြီးတခုကို တာဝန်အရ မဖြစ်ဖြစ်အောင် တိုင်းရင်းသားလူငယ်မျိုးဆက်အားလုံးအတွက်ထာဝရငြိမ်းချမ်း
ရေးအမွေကိုပေးအပ်ရန်စိတ်ပိုင်းဖြတ်ထားပုံရပါသည်။
ဤစိတ်ကူးကို နစက ဥက္ကဌသည် စိန်ရတုတပ်မတော်နေ့
မှအခြေပြုပြီး ပြည်ထောင်စု၏ငြိမ်းချမ်းရေး၊ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံရေးအရပြေလည်မှု သဘောတူညီ
ချက်ရရှိရန်လိုအပ်မှု အရေးကြီးပုံနှင့် အချင်းချင်းသွေးမြေကျမှု အမုန်းတရားများ မျိုးဆက်များနှင့်ချီ နာကျဉ်း
ချက်များ သူ့ကာလတွင်ရပ်တန့် ပေး စေချင် ၊ပေးစေလို
သည့် သံဝေဂရ ကာချုပ်တဦး၊ငြိမ်းချမ်းရေးကိုမရ ၊ရ
အောင် ကြိုးစားတည်ဆောက်သွားသည့် ပြည်ထောင်စု
ကို ထာဝရငြိမ်းချမ်းစေခဲ့သည့် သမိုင်းဝင်ကာချုပ်တဦး
အဖြစ် သမိုင်းပေးတာဝန်ကို ဂုဏ်ယူစွာ ကျေပွန်လိုပုံရ
ပါသည်။ဤသို့သောအကြောင်းများကြောင့် နစက ဥက္ကဌ သည်၂၂-၄-၂၂နေ့တွင်ထပ်မံပြီး EAOsများမှခေါင်း
ဆောင်များနှင့်ထိပ်သီးချင်းတွေ့ဆုံပြီးလက်ရှိနိုင်ငံရေးပြဿနာများကို ဆွေးနွေးအဖြေရှာလိုကြောင်း၊တိုင်းရင်း
သားအားလုံး လွတ်လပ်ရေးအရသာကို ခံစားရကြစေလို
ကြောင်း စေတနာအပြည့်ပါသည့် ဖိတ်ခေါ်မှုပြုလျှက်
လက်ရှိနိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းကြရန်တတိ
ယ အကြိမ်အဖြစ်အရှိန်မြှင့်တောင်းဆို ခဲ့ပြန်ပါသည်။

ဆွေးနွေးပွဲ ၌ ရလာဒ်ကောင်းထွက်ရန်လိုအပ်မှု-

နစကဥက္ကဌ၏ထိပ်သီးချင်းတွေ့ဆုံဆွေးနွေးအဖြေရှာ ရန်ဖိတ်ခေါ်မှုသည် လက်ရှိနိုင်ငံရေးအကျပ်အတည်းကာ
လ၌လိုအပ်ပါသည်။ထိပ်သီးချင်းတွေ့ဆုံပြီးနိုင်ငံရေးပြ
ဿနာကိုအဖြေရှာမှရတော့မည့်အချိန်ကာလတိုသို့ရော
က်နေပြီဖြစ်၍ဟုသုံးသပ်၍ရပါသည်။
နှစ်၇၀ကျော်ကြာပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအား
၇၅နှစ်မြောက်လွတ်လပ်ရေးနေ့အထိသက်ဆိုးရှည်စေ
ခြင်းသည်ပါဝင်ပါတ်သက်သည့်အဖွဲ့အစည်းအားလုံးနှင့်
ထိုအဖွဲ့အစည်းကိုဦးဆောင်ခဲ့သည့်၊တာဝန်ယူခဲ့သည့်၊တာဝန်ယူဆဲဖြစ်သည့်ခေါင်းဆောင်အားလုံးတွင်တာဝန်ရှိ
၍ဖြစ်သည်ဟုယူဆယုံကြည်ပါလျှင်ထိပ်သီးချင်းတွေ့ဆုံ၊
ရလာဒ်ကောင်းထွက်ရန်အဖြေရှာမှုသည်နည်းလမ်းမှန်ပါ
သည်။
သို့ဖြင့်န စ က ဥက္ကဌဖက်မှ စရွှေ့သည့်ငြိမ်းချမ်းရေးဖိတ်
ခေါ်မူသည် ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ပြည်ထောင်စု အ
တွက် ကောင်းမွန်သည့် နိုင်ငံရေး ရလာဒ်ကောင်းများ
ထွက်ပေါ်စေရန် အလွန်လိုအပ်ပါသည်။
ထို့ကြောင့်ဆွေးနွေးကြမည့်နှစ်ဘက်သည် အခြေခံကျ
သည့်ပဋိပက္ခ၏ဇစ်မြစ်ပင်မပြဿနာအားခွဲခြမ်းစိတ်ဖြာ
ခြင်း၊ပြဿနာအားဖြေရှင်းရန်နည်းလမ်းရှာနှိင်ရေးအ
တွက်နှစ်ဖက်ယုံကြည်မှုတည်ဆောက်ကြခြင်း၊နှစ်ဖက်သို့
ချဉ်းကပ်နှိင်သည့်အကျိုးတော်ဆောင်များ၏ကဏ္ဍ၊တွေ့ဆုံဆွေးနွေးရန်နည်းလမ်းရှာခြင်း၊အစွမ်းကုန်နှစ်ဖက် လိုက်လျောပြီး ရလာဒ်ကောင်းရယူနှိင်သည်အထိ နိုင်ငံရေးဆန္ဒခိုင်မာရန်လိုအပ်ပါသည်။

ရလာဒ်ထွက်ရေးအတွက်ဆွေးနွေးပွဲ၏လိုအပ်ချက်များ-

(၁)ဖြေရှင်းရမည့်ပြဿနာ၏ပင်မဇစ်မြစ်ကိုနှစ်ဖက်မှအဖြေမှန်အားရှာဖွေဖေါ်ထုတ်ကြရန်လိုပါသည်။တနည်း
ပြဿနာဇစ်မြစ်ကို အမြင်တူရန်လိုပါသည်။ပြဿနာ၏ဇစ်မြစ်ကို သိမှမည်ကဲ့သို့ဖြေရှင်းသင့်ဖြေရှင်း
ရမည်ကိုနည်းလမ်းအမှန် ရှာဖွေနိုင်ကြမည်ဖြစ်သည်။
(၂)ပြဿနာဇစ်မြစ် အပေါ်နှစ်ဖက်အမြင်တူပြီးနောက်ပြ
ဿနာကို မည်ကဲ့သို့ စ ဖြေရှင်းကြမည် ပြဿနာအရှုပ်ထုတ်ထဲမှ အစတမျှင်ကို ပြိုင်တူဆွဲနှတ်နှိင်ရန် ညှိနှိင်းအဖြေ
ရှာနိုင်ကြရမည်ဖြစ်သည်။ယင်းအတွက်နှစ်ဖက်၌နိုင်ငံရေးအရဆန္ဒ ရှိရန် အလွန်လိုအပ်ပါသည်။
(၃)ပြဿနာကို ဖြေရှင်းခြင်း၊တနည်းရလာဒ်ထွက်အောင်
ညှိနှိင်းဖြေရှင်းနှိင်ခြင်းသည် နှစ်ဖက်ယုံကြည်မှု အပြန်အ
လှန်လေးစားမှု အပြန်အလှန်သဘောထားကြီးမှု အပြန်အ
လှန်အပြုသဘောဆောင်သည့်ချဉ်းကပ်မှု နှစ်ဖက်အားနားဝင်အောင်ချဉ်းကပ်ရှင်းပြနှိင်သည့်အကျိုးတော်ဆောင်များ၏အခန်းကဏ္ဍ လိုအပ်အရေးပါမှု နိုင်ငံရေးခံယူ
ချက်နှင့် ပြဿနာအား ပြေလည်စေလိုသည့် အရင်းခံ၊အရိုးခံ ဆန္ဒနှင့်ခံယူချက် တွေအပေါ်အခြေခံသည်ဟုယူ
ဆပါသည်။
အထက်ပါအတိုင်းနှစ်ဖက်ခံယူပြီး ဆွေးနွေးကြလျှင်ပြ
ဿနာ၏ပင်မဇစ်မြစ်သည် အချိန်တိုအတွင်း ရလာဒ်အ
ဖြေကောင်းကို ရရှိနှိင်သည်ဟုသုံးသပ်ရပါသည်။

ပင်မပြဿနာ(ဝါ)ဇစ်မြစ်ပြဿနာများ-

(၁)မြန်မာနိုင်ငံ၏နိုင်ငံရေးပြဿနာ(ဝါ)လက်နက်ကိုင်ပဋိပက္ခ၏ဇစ်မြစ်ပြဿနာသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်
ရာ ပြဿနာသာဖြစ်သည်ဟုသုံးသပ်၍ရပါသည်။ခြေဥ
၁၉၄၇ နှင့် ၁၉၇၄ တို့သည် မရှိတော့ပြီဖြစ်၍၂၀၀၈ခုနှစ်
ခြေဥ သည် ဤ နိုင်ငံ၏ ဖြေရှင်းအဖြေရှာကြရမည့် ဇစ်
မြစ်ပြဿနာ ဖြစ်သည်ဟုသုံးသပ်ယူဆပါသည်။
(၂)သို့ဖြင့် ၂၀၀၈ ခုနှစ် ခြေဥ ကို ဆက်ထားရန် လိုအပ် မလိုအပ် နှင့် ခြေဥသစ် လိုအပ် မလိုအပ်ပြဿနာသည်
လက်ငင်းဖြေးရှင်းကြရမည့် နိုင်ငံလုံးနှင့်ဆိုင်သည့် အ
ရေးအကြီးဆုံးနှင့် အခြေခံအကျဆုံး ဇစ်မြစ်ပြဿနာ
ဖြစ်ပါသည်။

ဇစ်မြစ်ပြဿနာအားဖြေရှင်းခြင်း-

(၁)၂၀၀၈ ခုနှစ်ခြေဥ အားပြင်ရန်ကြိုးစားမှု-

 (က)လွှတ်တော်လမ်းကြောင်းမှကြိုးစားခြင်း-

၂၀၁၁-၂၀၁၆ ပထမအကြိမ်လွှတ်တော်နှင့်၂၀၁၆-၂၀၂၀
ဒုတိယအကြိမ်လွှတ်တော် နှစ်ကြိမ်လုံး၌ ခြေဥပြင်ရန်
ကြိုးစားမှုရှိခဲ့ပါသည်။စစ်ဖက် အရပ်ဖက်ဆက်ဆံရေး
ပွတ်တိုက်မှု၊ပြည်မအနိုင်ရပါတီနှင့်တိုင်းရင်းသားပါတီများကြား ဆက်ဆံရေးယိုယွင်းလာမှုများကြောင့်၊လွှတ်
တော်ပြင်ပ လမ်းကြောင်း၏ လိုအပ်မှု၊အရေးပါမှု၊ကိုပိုသိ
လာစေပါသည်။
(ခ)NCA လမ်းကြောင်းအရကြိုးစားခြင်း-

NCA လမ်းကြောင်းသည်လွှတ်တော်ပြင်ပလမ်းကြောင်း
ဖြစ်ရာ နောက်ပိုင်းအချိန်ပေးရမှုနှင့်ရလာဒ်ထွက်မှုအပေါ်
သုံးသပ်လာကြပါသည်။ NCA စာချုပ် ချုပ်ဆိုနိုင်ရန်ပင်
(၂)နှစ်ခန့်ကြာခဲ့ရပြီး၊NCA လမ်းကြောင်းအတိုင်း- UPDJC အစည်းအဝေးခေါ်ယူ ၊ဆွေးနွေး ၊ငြိမ်းချမ်းရေးညီလာခံခေါ် ၊ခြေဥပြင်ရန်ကြိုးပမ်းမှု ညီလာခံ(၄)ကြိမ်
တွင် သဘောတူညီမှု (၅၁)ချက်သာရခဲ့ပြီး လွှတ်တော်၌ National Accord အဖြစ်မှတ်တမ်းတင်နိုင်ခဲ့သော်လည်းအချိန်(၆)နှစ်ခန့်ပေးခဲ့ရရာ၂၀၀၈ခုနှစ်ခြေဥ အားပြင်ဆင်
ရေးမှာ သက်သက်အချိန်ဖြုန်းသလို ဖြစ်နေပြန်ပါသည်။
၂၀၀၈ ခုနှစ် ခြေဥ သည် လွှတ်တော်လမ်းကြောင်းရော ၊
လွှတ်တော်ပြင်ပလမ်းကြောင်းကပါ အလွန်ပြင်ရန်ခက်ခဲသည် ကို ပြင်ဆင်ရန် ကိုယ်တိုင်ပါဝင် သူအားလုံးတညီတ
ညွတ်တည်း ဟုတ်မှန်ကြောင်း မှတ်ချက်ပြုကြမည်သာ ဖြစ်ပါသည်။

ဆက်ရေးပါဦးမည်။

~ written by: ​ဒေါက်​တာ​အေး​မောင်



The Mog Nation Wiki

Leave a comment