ရခိုင်အမျိုးသား​နေ့ ပြည်သူ့​ရှေ့​ဆောင်ပါတီမှ ​ပေးပို့​သော သတင်းစကား

(The Mog Nation Wiki, an archive)


ယ​နေ့သည် ရခိုင်တိုင်းရင်းသားလူမျိုးတို့၏ ထူးမြတ်လှသည့် (၉) ကြိမ်​မြောက် ရခိုင်အမျိုးသားနေ့ဖြစ်သလိုရခိုင်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုမြစ်ဖျားခံရာ အရင်းအမြစ်နေ့၊ ရခိုင်ရာဇဝင် သမိုင်းတွင် အကြီးကျယ်ဆုံး ရခိုင်ယဉ်ကျေးမှုကို ဖွံ့ဖြိုးတိုးတက်လာ​စေသည့် မဟာမြတ်မုနိဆင်းတုတော်ကို သွန်းလုပ်ပြီးစီးသည့်မင်္ဂလာရက်မြတ် အခါသမယလည်းဖြစ်ပါသည်။

ရခိုင်အမျိုးသား​နေ့တွင် ရခိုင်​သွေးချင်းများနှင့်အတူ ပြည်​ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်း​နေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကို​မောင်နှမများအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများ ပြည့်စုံလျက် ​ဘေးအန္တရာယ်အ​ပေါင်းကင်း​ဝေးကာ ချမ်းသာသုခ ပြည့်ဝကြပါ​စေ​ကြောင်း ပြည်သူ့​ရှေ့​ဆောင်ပါတီမှ ဆု​တောင်း​မေတ္တာပို့သအပ်ပါသည်။



The Mog Nation Wiki

Leave a comment