(The Mog Nation Wiki, an archive)
လတ်တလောရက်ပိုင်းတွင် တရုတ်-မြန်မာနိုင်ငံတကာလမ်းကြောင်းကြီး၏ အဓိကအစိတ်အပိုင်းဖြစ်သော တာလီ-ရွှေလီရထားလမ်း၏ တာလီမှပေါင်စန်းအထိ ရထားလမ်းခင်းသည့်တာဝန်ပြီးဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့် တာလီမှပေါင်စန်းအထိ လမ်းပိုင်း၏ အခြေခံအဆောက်အအုံ၊ တံတားတည်ဆောက်ရေးစီမံကိန်းများသည် ၁၀၀% ပြီးဆုံးသွားပြီဖြစ်သည်။ ဘူတာရုံအခန်းတည်ဆောက်မှုသည် အခြေခံအားဖြင့် ပြီးစီးသွားပြီဖြစ်ပြီး ယခုနှစ်အတွင်း၌ဖွင့်လှစ်လည်ပတ်နိုင်မည်ဖြစ်သည်။ တာလီ-ရွှေလီရထားလမ်း စုစုပေါင်းအရှည်သည် ၃၃၀ ကီလိုမီတာရှည်ပြီး တံတားဥမင်လိုဏ်ခေါင်းအချိုးအဆသည် ၇၆.၅% ရှိသည်။ လမ်းကြောင်းတစ်လျှောက်တွင် တာလီမှပေါင်စန်း၊ ပေါင်စန်းမှရွှေလီအထိ အပိုင်းလိုက်တည်ဆောက်သည့်ပုံစံဖြင့် ဖော်ဆောင်သည်။ ယခုအကြိမ် ရထားလမ်းခင်းမှုပြီးစီးသည့် တာလီမှပေါင်စန်းလမ်းပိုင်းသည် စုစုပေါင်းအရှည် ၁၃၃ ကီလိုမီတာရှိပြီး ဥမင်လိုဏ်ခေါင်းပေါင်း ၂၁ ခု၊ တံတား ၃၆ ခုရှိကာ တံတားဥမင်လိုဏ်ခေါင်းအချိုးအဆသည် ၈၆.၅% ရှိသည်။ မြေဆီလွှာအခြေအနေအလွန် ရှုပ်ထွေးပြောင်းလဲလွယ်ပြီး တည်ဆောက်မှုကြာချိန် ၁၄ နှစ်ကြာသည်။
~ Chinese Embassy in Myanmar
11th May 2022

End Notes and External links
- source: on Facebook | by Chinese Embassy in Myanmar
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter

