အိမ်​ဝီး သဇင်​

(The Mog Nation Wiki, an archive)


ရေကြည်ရာ မြက်နုရာရှာရင်း
မြက်နုရာ ရေကြည်ရာရှာရင်း
အာရက္ခတိက အမ်းလွင်ပြင်ကြီးတစ်ဖက်ခြမ်းကို
လက်ပြထွက်ခွာလားကတ်တေအခါ
ရိုးတောင်သည် ဝမ်းနည်းပက်လက် ။

ရေကြည်ရာမှာ သဇင်ချေရို့
မြက်နုရာမှာ အားကောင်းမောင်းသန်ရို့
တိမ်စိုင်ချေထက်တိမှာ ဒန်းခို လွှဲစီးရင်း
ပျိုပျိုမြစ်မြစ် အတုံးအရုံး….
တန်း..စီ..ရှင်..သန်လို့
ကျင်..လည်..ကျက်..စားလို့ ။

ရွာမှာ တက်လမ်းမရှိ
ရွာမှာ ဝင်ငွေမရှိ
ရွာမှာ ဖုန်းဘေလ်ဖောဖောသီသီမရှိ
ရွာမှာ ဘဝအာမခံချက်မရှိ
လူတိ ကျပ်ပါလတ်တေ
ရေနံဆီစျီးတိ ခက်ပါလတ်တေ
ဖေသာတိ ရှားပါလတ်တေ

စပါးတိ မှည့်လှရင့်ဖို့
မြေဆီတစ်အိပ်ကို သိန်းဂဏန်းရင်းလို့
ချွေးပြိုက်ပြိုက်ကျပနာ
အခုဆိုကေ လူကိုမပြောကေ့
နွားချေတိတောင် ကြုံလို့လှီလို့ ။

လီတစ်ချက် ရှုသွင်းလိုက်တိုင်း
သရက်ရွက် အခြောက်တိနဲ့အတူ
ဖုန်တိ အဆုပ်ဆုပ်ဝင်ရေ
ရွာအဝင်လမ်း…
ရှောင်ကွင်းလို့ လားလီခဗျာလ်
ရေကြည်ရာ မြက်နုရာသို့ ။

အင်း…. အမှန်ဆို
မြေကို ချစ်တေ ရက္ခမြေမှ
တီကောင်ချေတိ ဖြစ်ချင်ခကေလေ့
ဘဝက ဝမ်းတစ်ထွာအတွက်
အားဖြည့်ရဖို့ဆိုသိမ့်ရေအခါ…. ။

ခရီးဆောင်အိတ်ချေတိကို
သူ ငါ လွယ်ပိုး
တစ်ရက်ထက် တစ်ရက်
တစ်စပြီး တစ်စ
ဒေသစွန့်ခွာမှု့ မြင့်မားသောနှန်းနဲ့
အလျှိုလျှို ထွက်ခွာလားကတ်တေအခါ
လခြမ်းမြီသည် တိတ်ဆိတ်လို့
ရိုးတောင်သည် ရှိုက်ကြီးတငင် ငိုလို့…. ။

အိမ်စည်
၈- ၅- ၂၀၂၂



The Mog Nation Wiki

Leave a comment