ဦးစောထွန်းဦး – ဗမာပြည်ကွန်မြူနစ်ပါတီ (ရခိုင်ပြည်နယ်) ဥက္ကဋ္ဌဟောင်း

(The Mog Nation Wiki, an archive)


ဦးစောထွန်းဦး(အသက် ၈၈နှစ်)

ဗမာပြည်ကွန်မြူနစ်ပါတီ(ရခိုင်ပြည်နယ် ဥက္ကဋ္ဌဟောင်း)
အမျိုးသားညီလာခံကိုယ်စားလှယ်သည် ၂၄-၃-၂၀၂၂ ရက်နေ့ နံနက် ၈:၁၅ နာရီတွင်ကွယ်လွန်ခဲ့သည်။
ဦးစောထွန်းဦးကို ၁၉၃၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးကျေးရွာတွင် မွေးဖွားခဲ့သည်။ အလယ်တန်းကျောင်းသား အရွယ်ကပင် ဖခင် ဗကပ တိုင်းဗဟိုကော်မတီဝင် ဗိုလ်သန်းမြင့်နှင့်အတူ လိုက်ပါ နေထိုင်ပြီး တိုင်းဗဟိုရုံးတွင် စာရေးအဖြစ် အလုပ်လုပ်သည်။ အသက်နှစ်ဆယ်ကျော်အရွယ်တွင် ၎င်းတိုင်းရုံးမှာပင် ရုံးအုပ်အဖြစ်တာဝန်ယူသည်။ အသက် လေးဆယ်ခန့်တွင် တိုင်းဗဟိုကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၇၇-၇၈ ခန့်တွင် တိုင်းဗဟိုကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူသည်။ ၁၉၈၃ ခုနှစ်ခန့်တွင် ပြည်တွင်းတွင် အခြေကျမနေထိုင်နိုင်၍ တစ်ဖက်နိုင်ငံန်ာစပ်သို့ မိသားစုနှင့်အတူ ဆုတ်ခွာသွားကြသည်။ နယ်စပ်မှာပင် ဖခင်ဖြစ်သူ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ၁၉၉၅ ခုနှစ်ခန့်တွင် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကြောင့် နောက်လိုက် ၂၀၀ ကျော်အပါအဝင် မိသားစုနှင့်အတူ လက်နက်နှင့်ငြိမ်းချမ်းရေး လှဲလှယ်ခဲ့သည်။ ယင်းအချိန်မှစ၍ ဗမာပြည်ကွန်မြူနစ်ပါတီ (ရခိုင်ပြည်)သည် လည်း နိဂုံးချုပ်သွားခဲ့သည်။
နိုင်ငံတော်အစိုးရက ပြုလုပ်သော အမျိုးသားညီလာခံသို့ ၂၀၀၄ ခုနှစ်မှ ညီလာခံပြီးဆုံးအောင်ထိ တက်ရောက်ခဲ့သည်။
၂၄-၄-၂၀၂၂ ရက်နေ့တွင် နှလုံးရောဂါဖြင့် မင်းဂံ ရပ်ကွက် အမှုထမ်း အကွက် မိမိနေအိမ်တွင် ကွယ်လွန်ပါသည်။

~ U Shwe Thein

၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၄) ရက်



The Mog Nation Wiki

Leave a comment