နိုင်ငံရေးသိပ္ပံ စာပေများကို စနစ်တကျ အလျင်အမြန် လေ့လာရန် နည်းလမ်း တစ်ခု

(The Mog Nation Wiki, an archive)


** နိုင်ငံရေးသိပ္ပံ စာပေများကို အချိန်တို အတွင်း Shortcuts များဖြင့် စနစ်တကျ အလျင်အမြန် လေ့လာရန် နည်းလမ်း တစ်ခု **

Ye Kyaw Zwa

  • နိုင်ငံရေး စာအုပ်တွေကို အရင်ဆုံး တိုက်ရိုက် စတင် မဖတ်ပါနဲ့ * အကြံပြုချင်တာက နိုင်ငံရေး စာအုပ်တွေကို တိုက်ရိုက် အရင် စတင် မဖတ်ပါနဲ့ !

၁ ။ ကမ္ဘာ့သမိုင်း စာအုပ်တွေ ၊ မြန်မာ့ သမိုင်း စာအုပ်တွေ ၊

  • သဘာဝသမိုင်း ၊ လူမှုသမိုင်း ၊ စစ်သမိုင်း ၊ တီထွင်မှုများ နဲ့ နည်းပညာ သမိုင်း ၊ ရှာဖွေတွေ့ရှိမှုများ နဲ့ သဘာဝသိပ္ပံများ သမိုင်း ၊ ၂၀ ရာစု ခေတ်သစ် ကမ္ဘာ့သမိုင်း ၊ ၂၁ ရာစု ခေတ်ပြိုင် ကမ္ဘာ့သမိုင်း အစရှိတာတွေ –

၂ ။ မနုဿဗေဒ စာအုပ်တွေ ၊

  • လူမှု မနုဿဗေဒ ၊ သဘာဝ မနုဿဗေဒ ၊ နိုင်ငံရေး မနုဿဗေဒ ၊ စီးပွားရေး မနုဿဗေဒ ၊ ပညာရေး မနုဿဗေဒ အစရှိတာတွေ –

၃ ။ မက်ခရိုဘောဂဗေဒ (Macro Economics) စာအုပ်တွေ

  • ဈေးကွက်ဘောဂဗေဒ ၊
    စီမံကိန်း ဘောဂဗေဒ ၊
    ဆိုရှယ်လစ် ဘောဂဗေဒ ၊
    နိုင်ငံရေး ဘောဂဗေဒ (Political Economy),
    လူမှုရေး ဘောဂဗေဒ (Social Economy),
    ဓလေ့ယဉ်ကျေးမှု ဘောဂဗေဒ (Cultural Economy),
    စိမ်းလန်းရေး ဘောဂဗေဒ (Green Economy),
    ရေရှည် ထိန်းသိမ်း ဘောဂဗေဒ (Sustainable Economy) အစရှိတာတွေ –

၃ ။ ဒဿနဗေဒ စာအုပ်တွေ

  • သရုပ်ခွဲ ဒဿနဗေဒ (Analytical Philosophy)
    အနောက်တိုင်း ဒဿနဗေဒ (Western Philosophy),
    အရှေ့တိုင်း ဒဿနဗေဒ (Eastern Philosophy),
    History of Philosophy ( ဒဿနဗေဒ သမိုင်း ) ၊
    Philosophy of History ( သမိုင်းရေးရာ ဒဿနဗေဒ ) ၊
    သဘာဝတရား ဆိုင်ရာ ဒဿနဗေဒ (Philosophy of Nature),
    သိပ္ပံပညာ ဆိုင်ရာ ဒဿနဗေဒ (Philosophy of Science),
    ကိုးကွယ်ယုံကြည်မှုများ ဆိုင်ရာ ဒဿနဗေဒ (Philosophy of Religions),
    လူ့အဖွဲ့အစည်း ဆိုင်ရာ ဒဿနဗေဒ (Philosophy of Society),
    ကျင့်ဝတ်ဗေဒ (Ethics), and,
    အသုံးချ ဒဿနဗေဒ (Apply Philosophy) အစရှိတာတွေ –

၄ ။ ဖွံ့ဖြိုးရေးသိပ္ပံ စာအုပ်တွေ

  • Science of Human Resources Development,
    Science of Education,
    Science of Urban Community Development,
    Science of Rural Community Development,
    Science of Sustainable Development,
    Science of Behavioural Development,
    Developmental Apply Psychology, and,
    Developmental Apply Sociology
    – အစရှိတာတွေကို အခြေခံ အုတ်မြစ် အဆင့် (Foundation Level) သို့မဟုတ် မိတ်ဆက် အဆင့် (Introduction Level) တစ်မျိုးမျိုးဆီကို အရင် ဖတ်ပြီးမှ –

နိုင်ငံရေး စာပေကို ဆက် လေ့လာ
မယ် ဆိုရင် နိုင်ငံရေး စာအုပ်တွေကို ဖတ်ရတာ အရမ်း လွယ်သွား ပါလိမ့်မယ် ။

အဲဒိ ဖတ်နည်းက အချိန်တိုတို နဲ့ ဖတ်ရတာ မြန်ဆန် သွားမှာ ဖြစ်ပြီးတော့ ဖတ်ထားတဲ့ ဘာသာရပ်တွေက လည်း အပို ‌ဗဟုသုတ သက်သက် မဟုတ်တော့ပဲ ၊ လက်တွေ့ လုပ်ငန်းခွင် နဲ့ စီးပွားရေးလုပ်ငန်း နယ်ပယ် အားလုံးမှာ လက်တွေ့ ပြန် အသုံးချဖို့ လွယ်ကူ သွားပါလိမ့်မယ် ။

  • နိုင်ငံရေး သိပ္ပံရဲ့ အခြေခံ ဘာသာရပ်ခွဲများ *

နိုင်ငံရေး သိပ္ပံရဲ့ ဘာသာ‌ရပ်ခွဲတွေကို Google ကနေ Download ရှာဖတ်ချင်ရင်တော့ –

Foundation of Political Science,
Political History,
Political Geography,
Political Laws (International Political Laws)
International Constitutions
Political Economy,
Political Sociology,
Political Psychology,
Political Anthropology,
Science of Public Administration,
Science of Public Management,
Political Leadership,
International Relations,
World Politics,
Global Politics,
Political Ideologies, and,
Political Philosophy
ဆိုပြီး ဆက်လက် ရှာဖွေ ဖတ်ရှုနိုင်ပါတယ် ။

Google ထက် အခြေခံ အကျဉ်းချုပ် စတင် ဖတ်ချင်ရင် Wikipedia English မှာ အထက်ပါ စကားလုံးတွေ ရိုက်ထည့်ပြီး ဖတ်လို့ ရပါတယ် ။ Wikipedia Myanmar ကိုတော့ လုံးဝ သွား အားမပြုလိုက် ၊ မဖတ် လိုက်ပါနဲ့ ။ ဝါဒဖြန့်ချီရေး ရည်ရွယ်ချက်တွေ ၊ Psy War ရည်ရွယ်ချက်တွေ နဲ့ တမင် မပြည့်မစုံ လျှောက်ရေးထားတဲ့ Users တွေရဲ့ လက်ရာတွေကို သွားဖတ်မိ နေပါလိမ့်မယ် ။

  • မြန်မာဘာသာဖြင့် လေ့လာချင်သူများ အတွက် * မြန်မာ ဘာသာနဲ့ပဲ ဖတ်ချင်သူတွေ အတွက် ပုံနှိပ်စာအုပ်တွေနဲ့ ပုံနှိပ်စာအုပ်တွေကို Soft Copies ပြန်ပြောင်း ထားတာတွေနဲ့ စတင် ဖတ်လို့ ရပါတယ် ။ မြန်မာဘာသာနဲ့ပဲ ဖတ်မယ် ဆိုရင် သတိ ထားရမယ့် အချက်က မြန်မာ ဘာသာနဲ့ ထွက်ရှိပြီးသား ပုံနှိပ်စာအုပ်တွေနဲ့ Soft Copies စာအုပ်တွေက စောစောက ပြောထားတဲ့ -

၁ ။ နိုင်ငံရေးသိပ္ပံကို တိုက်ရိုက် မဖတ်ခင် အရင် ကြိုဖတ်ထားရသင့်တဲ့ လူမှုသိပ္ပံပညာများရဲ့ အခြေခံအုတ်မြစ် အဆင့် (Foundation Level) သို့မဟုတ် မိတ်ဆက် အဆင့် (Introduction Level) အတွက် ဘာသာရပ်ခွဲတွေ အတွက် ဘာသာရပ် နယ်ပယ် သို့မဟုတ် ပညာရပ် နယ်ပယ် အစုံအလင် အတွက် မြန်မာ ဘာသာဖြင့် အပြင် စာအုပ်ဈေးကွက်မှာ အစုံအလင် မရှိသေးပါ ။ ( အဆက်အသွယ် ရှိသူများကတော့ ဌာနဆိုင်ရာ အဆက်အသွယ် ၊ အဖွဲ့အစည်း အဆက်အသွယ်များနဲ့ တချို့ ဘာသာရပ်ခွဲတွေ အတွက် မြန်မာ ဘာသာနဲ့ ထပ်ရှာလို့ ရပါသေးတယ် ။ )

၂ ။ မြန်မာ ဘာသာနဲ့ ဝါဒများ ၊ တွေးခေါ်သဘောတရားများ (Ideologies) နဲ့ ဒဿနဝါဒများ (Philosophies) မစုံလင်ပါ ။

ဥပမာ အားဖြင့် –
နိုင်ငံရေး တွေးခေါ် သဘောတရားပညာ (Political Ideology) နဲ့ နိုင်ငံရေး ဒဿနဗေဒ (Political Philosophy) ပညာရပ် နယ်ပယ် နှစ်ခု အတွက် လက်ရှိ နိုင်ငံတကာ ပင်မရေစီး ဝါဒများ ဖြစ်နေကြတဲ့ –
( လက်ဝဲ မှ လကျာ် )
ကွန်မြူနစ်ဝါဒ (Communism)
လက်ဝဲသစ် (New Left)
ဆိုရှယ်လစ်ဝါဒ (Socialism)
ဆိုရှယ် ဒီမိုကရက်တစ် ဝါဒ (Social-Democratism)
ပြည်ချစ်ဝါဒ (Patriotism)
အမျိုးသားရေးဝါဒ (Nationalism)
အလယ်အလတ်ဝါဒ (Moderatism)
စိမ်းလန်းရေးဝါဒ (Ecoism)
အစိုးရမဲ့ဝါဒ (Anarchism)
လစ်ဘရယ်ဝါဒ (Liberalism)
ခေတ်သစ် / နီယို လစ်ဘရယ် ဝါဒ (Neo-Liberalism)
ကွန်ဆားဗေးတစ်ဝါဒ (Conservatism)
ခေတ်သစ် / နီယို ကွန်ဆားဗေးတစ် ဝါဒ (Neo-Conservatism)
လူမျိုးရေး ဝါဒ (Racism)
အစွန်းရောက် လူမျိုးရေး ဝါဒ (Ultra Racism)
လူမျိုးရေး ကြီးစိုးမှုဝါဒ (Racial Supremacism)
( ဥပမာ – လူဖြူ ကြီးစိုးရေးဝါဒ (White Supremacism) , အာရီယန် ကြီးစိုးရေးဝါဒ (Aryan Supremacism), အာရပ် ကြီးစိုးရေးဝါဒ (Arabic Supremacism) အစရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ စိုးမိုးရေး ဝါဒများ (Global Supremacisms) အပါအဝင် )

ဘာသာရေး အခြေခံဝါဒ (Religious Fundamentalism)
ဖက်ဆစ်ဝါဒ (Fascism) နဲ့
ခေတ်သစ် / နီယို ဖက်ဆစ်ဝါဒ (Neo-Fascism)

  • အစရှိတဲ့ ခေတ်ပြိုင် နိုင်ငံတကာ ပင်မရေစီး နိုင်ငံရေးဝါဒ အမျိုးအစားများ ရဲ့ အခြေခံ အဆင့် သို့မဟုတ် မိတ်ဆက် အဆင့် မှာတင် မြန်မာ ဘာသာနဲ့ ပုဂ္ဂလိက ပုံနှိပ်စာအုပ် ဈေးကွက်ထဲမှာ အစုံအလင် မရှိသေးပါ ။ Google မှာလည်း မြန်မာ ဘာသာနဲ့ ဖိုင်တွေ ဝါဒ အစုံအလင် မရှိသေးပါ ။
  • ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း NGOs, CSOs, CBOs များက ပြည်ပ အထောက်အပံ့များ နဲ့ နိုင်ငံရေး သိပ္ပံ အခြေခံ စာအုပ် အချို့ ၊ နိုင်ငံရေး ဝါဒများ စာအုပ် အချို့ ပုံနှိပ်ထုတ်ဝေပြီး ဈေးချိုချိုနဲ့ ရောင်းချ သို့မဟုတ် အခမဲ့ ဖြန့်ဖြူးတာတွေ လုပ်ခဲ့ပေမယ့်လို့ ၊ မူရင်း အလှူရှင် ဒိုနာတွေက သတ်မှတ်ပေးထားတဲ့ စာအုပ်စာရင်းထဲကပဲ ဘာသာပြန်ရတာတွေ ဖြစ်တဲ့ အတွက် အခြား ဝါဒများ အားလုံးကို လစ်ဘရယ်ဝါဒ တစ်ခုတည်းရဲ့ ရှုဒေါင့် ကနေ သုံးသပ် ရေးသား ဖေါ်ပြထားပြီးတော့ ၊ ဝါဒ အမျိုးအစားများလည်း မစုံလင် သလို ၊ အသုံးပြုထားကြတဲ့ ကမ္ဘာ့သမိုင်း အချက်အလက်များကလည်း မမှန်ကန်ပါဘူး ။
  • အဲဒိ ဝါဒဖြန့်ချီရေး စာအုပ်တွေမှာ လစ်ဘရယ်ဝါဒ ဟာ အကောင်းဆုံး ဖြစ်ကြောင်း နဲ့ နိဂုံးချုပ် ထားလေ့ ရှိပြီး ၊ စာအုပ်များရဲ့ ရည်ရွယ်ချက်ကတော့ လစ်ဘရယ် မဟုတ်သော အခြား ဝါဒများ အားလုံးကို သိမ်းကျုံး သရုပ်ဖျက် ရေးသား ထားတာတွေက အဓိက ဖြစ်နေတယ် ။ တကယ့် ပညာရပ် ပီသတဲ့ စာအုပ်များ မဟုတ်ပါ ။
  • ၁၉၈၈ မတိုင်ခင်က မြန်မာဘာသာနဲ့ ထွက်ခဲ့တဲ့ စာအုပ်တွေမှာတော့ လက်ဝဲ အတိုက်အခံတွေက ရေးသားတဲ့ စာအုပ်တွေမှာ ကွန်မြူနစ်ဝါဒ တစ်ခုတည်းရဲ့ ရှုဒေါင့်ကနေ အခြား ဝါဒများ အားလုံးကို သုံးသပ် ရေးသားလေ့ ရှိခဲ့ကြပြီး ၊ မဆလ အစိုးရ ကို လိုလားသူများက ရေးတဲ့ စာအုပ်တွေမှာတော့ ဆိုရှယ်လစ်ဝါဒ ရှုဒေါင့် တစ်ခုတည်းကနေ အခြား ဝါဒများ အားလုံးကို သုံးသပ် ရေးသားလေ့ ရှိခဲ့ကြပါတယ် ။ ဒါပေမယ့် အဲဒိ ဘက် နှစ်ဘက်ရဲ့ စာအုပ် နှစ်မျိုးလုံးက နိုင်ငံတကာ နိုင်ငံရေးဝါဒ အမျိုးအစားများ အစုံအလင် မရှိခဲ့ပါဘူး ။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာတော့ ဝါဒပေါင်းစုံ မိတ်ဆက် စာအုပ်တွေကို လက်ဝဲ ၊ လက်ျာ ဘက်အသီးသီးက ထုတ်ဝေ ပုံနှိပ်ထားတာ အမျိုးအစား ပိုစုံပါတယ် ။ အိမ်နီးချင်း တရုတ်နိုင်ငံမှာလည်း လက်ဝဲ ၊ လက်ျာ နိုင်ငံရေး ဘောဂဗေဒ (Political Economy) ပိုင်း ဝါဒ အသီးသီးကို တရုတ် ဘာသာပြန် ထုတ်ဝေထားတာတွေက အမျိုးအစား အတော် စုံလင် ပါတယ် ။ မြန်မာနိုင်ငံမှာတော့ စာအုပ်တိုက်တွေက ဘာသာပြန် စာရေးဆရာတွေကို ပေးတဲ့ အခကြေးငွေက နည်းပါး လွန်းတဲ့ အတွက် ဘာသာပြန်တွေ ရေးပေးဖို့ အရည်အချင်း ရှိသူများဟာ INGOs နိုင်ငံတကာ အဖွဲ့အစည်းများ ၊ UN Agencies များ ထံကိုပဲ အလုပ် ဝင်သွားလေ့ ရှိခဲ့ကြပြီးတော့ ၊ အရည်အသွေး မြင့်မားတဲ့ ဝါဒပေါင်းစုံ မိတ်ဆက် စာအုပ်တွေ မြန်မာပြည်ရဲ့ ပုဂ္ဂလိက ပုံနှိပ်စာအုပ် ဈေးကွက် အတွက် ထွက်ပေါ်လာဖို့ အခု လောလောဆယ် မလွယ်ကူသေးပါဘူး ။
  • Google ရဲ့ ထူးခြားချက် * Google ကိုယ်တိုင်က နိုင်ငံရေး စာပေဖိုင်တွေ ရှာဖွေရင် ဒေသ အလိုက် ဦးစားပေး ချပေးတဲ့ ဝါဒများက ဒေသအလိုက် မူဝါဒ မတူပါဘူး ။

၁ ။ ဥရောပသမဂ္ဂ နိုင်ငံများ အတွင်း Google က မတူညီတဲ့ ဝါဒ မျိုးစုံ ကို အစုံအလင် ချပေးတဲ့ အလေ့အထ ၂၀၂၀ ပြည့်နှစ် အထိ ရှိခဲ့ပါတယ် ။

၂ ။ အရှေ့အလယ်ပိုင်းဒေသ နဲ့ မွတ်ဆလင် လူများစု နိုင်ငံတွေမှာ ဆိုရင် Google က ကွန်မြူနစ် ဆန့်ကျင်ရေး ၊ ရုရှား ဆန့်ကျင်ရေး ၊ တရုတ် ဆန့်ကျင်ရေး ၊ ဟိန္ဒူအမျိုးသားရေးဝါဒ ဆန့်ကျင်ရေး ၊ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ ဆန့်ကျင်ရေး နဲ့ ကွန်ဖြူးရှပ် အမျိုးသားရေးဝါဒ ဆန့်ကျင်ရေး အထူးပြု နိုင်ငံရေးဝါဒ စာပေ ဖိုင်တွေကို ဦးစားပေး ချပေး ပါတယ် ။

၃ ။ လက်တင် အမေရိကဒေသများ ( အလယ် အမေရိက နဲ့ တောင် အမေရိက ) မှာ Google က လက်ျာ ရှေးရိုးစွဲ ကွန်ဆားဗေးတစ်ဝါဒ ဖိုင်များ ၊ လက်ျာ အမျိုးသားရေး ဝါဒ ဖိုင် များ နဲ့ စိမ်းလန်းရေးဝါဒ ဖိုင် များ ကို ဦးစားပေး ချပေး ပါတယ် ။

၄ ။ အရှေ့တောင် အာရှ အပါအဝင် အရှေ့အာရှ ဒေသ အတွက် Google က လစ်ဘရယ်ဝါဒ နဲ့ ခေတ်သစ် နီယို လစ်ဘရယ်ဝါဒ ရှုဒေါင့်ကနေ ရေးထားတဲ့ နိုင်ငံရေးဖိုင် တွေကို ဦးစားပေး ချပေးတတ်ပါတယ် ။

အဲ‌ဒါကြောင့် Google က မျှမျှတတ နဲ့ ဝါဒ အစုံအလင် လင့် ချပေးတတ်တဲ့ အကောင်းဆုံး ဒေသကို ရွေးချင်ရင် ဥရောပ အလယ်ပိုင်း ဩစတြီးယား နိုင်ငံ (Austria) ရဲ့ ‌ဗီယင်နာ မြို့တော်က ပြည်သူပိုင် ၊ နိုင်ငံပိုင်နဲ့ ဘုရားကျောင်း အသင်းတော်ပိုင် တက္ကသိုလ် ၊ ကောလိပ်များ ရဲ့ ကျောင်းပရဝု‌‌ဏ် အတွင်းက အင်တာနက် ဝိုင်ဖိုင် များကို အသုံးပြုပြီး ဒေတာ ရှာရင်တော့ နိုင်ငံရေးဝါဒမျိုးစုံ ရဲ့ အခြေခံ အဆင့် နဲ့ မိတ်ဆက် အဆင့် စာအုပ်များ နဲ့ ဖိုင် များကို အစုံလင်ဆုံး နဲ့ အကောင်းဆုံး ရလေ့ ရှိပါတယ် ။

  • မြန်မာဘာသာဖြင့် စာအုပ်များ * မြန်မာဘာသာနဲ့ ဖတ်သင့်တဲ့ စာရေးသူများကတော့ -
  • သမိုင်း *
    ဒေါက်တာ သန်းထွန်း
    ဗန်းမော်တင်အောင်
    နတ်မောက် ဘုန်းကျော်
    တက္ကသိုလ်များ ရန်ကုန် ကမ္ဘာ့သမိုင်း နှင့် အရှေ့တိုင်း ပညာ စာအုပ်များ မြန်မာဘာသာဖြင့်
  • လက်ဝဲ *
    မြသန်းတင့် ( မာ့က္ခ်စ်ဝါဒ သုံးအုပ်တွဲ )
    သခင်မြသန်း
    မော်ရစ် ကွန်းဖို့ မြန်မာပြန်များ
    ( ၁၉၈၈ မတိုင်ခင်က ) ပုဂံ စာအုပ်တိုက် ထုတ် ကွန်မြူနစ် ဝါဒ စာအုပ်များ
    ( ၁၉၈၈ မတိုင်ခင်က ) ဝင်းမော်ဦး စာအုပ်တိုက် ထုတ် မော်စီတုန်း အတွေးအခေါ် နှင့် အခြား ကွန်မြူနစ်ဝါဒ စာအုပ်များ
    ( လက်ရှိ ကာလ ) ယဉ်မျိုး စာအုပ်တိုက် ထုတ် ကွန်မြူနစ်ဝါဒ စာအုပ်များ
  • ဗုဒ္ဓဘာသာ + ဆိုရှယ်လစ် ဝါဒ ပေါင်းစပ်စာအုပ်များ *
    ဆရာ ပါရဂူ
    ဂျာနယ်ကျော် ဦးချစ်မောင်
    အညမည ဦးချစ်လှိုင်
  • လက်ျာ လစ်ဘရယ် နှင့် လက်ျာ နီယို လစ်ဘရယ် *
    ၂၀၁၂ – ၂၀၂၀ ပြုပြင်ပြောင်းလဲရေး ကာလ အတွင်း ရန်ကုန်မြို့ အခြေစိုက် NGOs & CSOs များက ပြည်ပ ဒိုနာ အထောက်အပံ့များ ဖြင့် ပုံနှိပ် ထုတ်ဝေခဲ့သော နိုင်ငံရေးသိပ္ပံ စာအုပ်များ ( ဝယ်စရာ မလိုအပ် ၊ အခမဲ့ ဖြန့်ဖြူးသည် )
    ပုဂ္ဂလိက စာအုပ်တိုက်ထုတ် စာအုပ်များ ( ဝယ်ရသည် ၊ အခမဲ့ မရ )
    မောင်ကြည်သစ်
    ဆရာ ကျော်ဝင်း
    ဆရာ မောင်စူးစမ်း
    ဖူကူးယာမ မြန်မာ ဘာသာပြန်များ
  • နာဇီဝါဒ မိတ်ဆက် စာအုပ်များ *
    ဆရာ လင်းယုန် မောင်မောင် ( သူကိုယ်တိုင်က ကွန်မြူနစ်ပါ ၊ ကမ္ဘာ့သမိုင်းကို နားလည်စေရန် နာဇီဝါဒ ကို မိတ်ဆက် ပေးခဲ့တာပါ )
  • ဝါဟာဘီ ဆွန်နီ အစ္စလာမ် နှင့် ပင်မရေစီး ဆွန်နီ အစ္စလာမ်မစ် ရှုဒေါင့်မှ သမိုင်း နှင့် ဘာသာရေး စာအုပ်များ *
    ယဉ်မျိုး စာအုပ်တိုက် ထုတ် စာအုပ်များ
  • ဖက်ဒရယ်ရေးရာ စာအုပ်များ *
    နယ်စပ်ဒေသ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ (EAOs) များက ပုံနှိပ်ကာ အခမဲ့ ဖြန့်ဖြူးခဲ့သော စာအုပ်များ
    ( မှတ်ချက် ။ EAOs အများစုက ဆွစ်ဇာလန်နိုင်ငံ၏ တရားဝင် ရုံးသုံး အမည်ကို ” ဆွစ် ကွန်ဖက်ဒရေးရှင်း (Confederation of Swiss) ” မှန်း ၂၀၁၅ ခုနှစ် အထိ မသိခဲ့ကြပါ ။ ဆွစ်ဇာလန်က ” ကွန်ဖက်ဒရေးရှင်း စနစ် (Confederation System) ” ကို ကျင့်သုံးနေမှန်း မသိခဲ့ကြပဲ ၊ ” ဖက်ဒရယ် စနစ် (Federal System) ” ကို ကျင့်သုံးသည် ဟု ယင်းစာအုပ်များတွင် မှားယွင်း ရေးသားလေ့ ရှိသည် ။ ခေတ်ဟောင်း ပထမအင်းဝ ၊ ဒုတိယအင်းဝ နှင့် ကုန်းဘောင်ခေတ် မြန်မာ့သမိုင်းများကိုလည်း အချက်အလက်များ မှားယွင်းရေးသားမှုများ ပါဝင်လေ့ ရှိသည် ။ )
  • လွတ်လပ်သော တွေးခေါ်သူများ (Free Thinkers) *
    အိုရှိုး စာအုပ်များ ( ယဉ်မျိုး စာအုပ်တိုက် )
    ဆမ်မြူရယ် ဟန်တင်တန် မြန်မာဘာသာပြန်များ
    တော့ဖ်လာ မြန်မာ ဘာသာပြန်များ
  • နိုင်ငံရေးသိပ္ပံ မိတ်ဆက် *
    ထင်အောင်အောင် ( ကောင်းဆုစံ စာပေ / ဆောင်းစုရတီ စာပေ ၊ မဟာအောင်မြေမြို့နယ် ၊ မန္တလေး )
    ဦးသန်းမောင် ( ဗန်းမောက် ) လင်းယုန်စာပေ ၊ ကသာမြို့
  • လတ်တလော စာအုပ်ဈေးကွက် အလားအလာ * နိုင်ငံတကာ နိုင်ငံရေးဝါဒ အမျိုးအစားများ အားလုံးကို သမာသမတ်ကျစွာ ၊ ပညာရှင် ပီသစွာ နှင့် အစုံအလင် ရေးသား တင်ပြထားသော မြန်မာဘာသာဖြင့် ပုံနှိပ်စာအုပ်များ ကို မြန်မာပြည်တွင်း ၊ နယ်စပ် နှင့် ပြည်ပ စာအုပ်တိုက်များ မှ ထုတ်ဝေသော - ၁ ။ မိတ်ဆက် အဆင့် (Introduction Level)
    ၂ ။ အခြေခံအုတ်မြစ် အဆင့် (Foundation Level)
    ၃ ။ အလယ်အလတ် အဆင့် (Intermediate Level)
    ၄ ။ အဆင့်မြင့် အဆင့် (Advanced Level)
    ၅ ။ ကျွမ်းကျင်သူ အဆင့် (Professional Level)
    ၆ ။ ပညာရှင် အဆင့် (Academic Level)
    နိုင်ငံရေးသိပ္ပံ စာအုပ်များ အနေဖြင့် မြန်မာ ပုဂ္ဂလိက စာအုပ်ဈေးကွက် အတွင်း လယ်ဗယ် အဆင့် အစုံအလင် နှင့် အထူးပြု ဘာသာရပ်ခွဲများ အစုံအလင် ဖြင့် ပေါ်ထွက်လာရန် လတ်တလော ကာလ နှင့် နှစ်တို ကာလ အတွင်း ဘယ်လိုမှ မလွယ်ကူသေးပါ ။ နိုင်ငံရေးသိပ္ပံကို နိုင်ငံတကာ ပညာရှင် အဆင့် အထိ ဆက်လက် လေ့လာ လိုက်စားရန် ရည်ရွယ်ချက် ရှိသူများ အနေဖြင့် - ၁ ။ ခေတ်ပြိုင် British English နှင့်
    ၂ ။ ခေတ်ပြိုင် Austrian German
    ဘာသာစကားများကို ဆက်လက် လေ့လာ လိုက်စားရန် အကြံပြုလိုပါတယ် ။

လေးစားစွာဖြင့် –

ရဲကျော်စွာ
Ye Kyaw Zwa
25th November 2021

( မူရင်း အမည် Credit ဖေါ်ပြပြီး လွတ်လပ်စွာ ကော်ပီ ကူးယူ နိုင်ပါတယ် )



The Mog Nation Wiki

Leave a comment