မောင်တောမြို့နယ်အတွင်းရှိ ထန်းချောင်းတံတားအား ARSA အကြမ်းဖက်သမားများမှ မိုင်းခွဲဖျက်ဆီး

(The Mog Nation Wiki, an archive)


မောင်တောမြို့နယ်အတွင်းရှိ ထန်းချောင်းတံတားအား ARSA အကြမ်းဖက်သမားများမှ မိုင်းခွဲဖျက်ဆီး

ဧပြီ ၇၊ ရခိုင်နေ့စဉ်
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်အနီး မောင်တောမြို့နယ်၊ တောင်ပြို လက်ဝဲမြို့နှင့် ကြိမ်ချောင်းကျေးရွာသွား ကားလမ်းပေါ်ရှိ ထန်းချောင်းတံတားအား ၆ – ၄ – ၂၀၂၂ ရက်နေ့ ညပိုင်း ၇ နာရီခန့်က ARSA အကြမ်းဖက်သမားများမှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရပြီး လုံခြုံရေးအဖွဲ့များမှ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတံတားမှာ အလျား ၅၀ ပေ၊ အနံ ၁၆ ပေရှိ သံကူကွန်ကရစ်တံတားဖြစ်ပြီး မိုင်းခွဲခံရမှုကြောင့် တံတားတွင် ၁ ပေပတ်လည်ခန့် ကြမ်းခင်းလမ်းပေါက်ပြဲပျက်စီးခဲ့ပြီး ဘေးပတ်လည်တွင် ပေါက်ကွဲရာမှ ကျန်ရှိနေသော သံတိုသံစများအား တွေ့ရှိခဲ့ကြောင်းနှင့် ယာဉ်များ ဖြတ်သန်းသွား၍ရသည်ဟု သိရှိရသည်။

ရခိုင်နေ့စဉ်

viber သတင်းချန်နယ်လင့်>>> https://invite.viber.com/…



The Mog Nation Wiki

Leave a comment