(The Mog Nation Wiki, an archive)
သိန်ကန် မိန်တွင် ရတု
ဝေသာလီခေတ် ခရစ်နှစ် အေဒီ ၆၃၅ ခုနှစ်နောက်ပိုင်း ၇-ရာစု အ လယ်မှာ ရခိုင်ဧကရာဇ်ဘုရင် သီရိစန္ဒြားမင်းကြီး၏ သမီးတော် သု၀ဏ္ဏဒေဝီ ခေါ် စောပြည့်ညို ရွီးခရေ သိန်ကန်မိန်တွင် ရတု ကို နှစ်ပေါင်း တစ်ထောင့်သုံးရာကျော်သက်တမ်းဟိရေ လို့ ဆိုလူက ဆိုကတ်ပါရေ။
သိန်ကန်မိန်တွင်ရတု မူရင်း…..>
အပိုဒ် (၁)
သိန်ကန်မိန်တွင်၊ ဆယ့်နှစ်ခွင်ကို၊ လွမ်းပင်စည်မြင့်၊ ကြာရှည် တာအကူး၊ တပေါင်း မင်းလွင်၊ ရွက်ကျင် တောင်လီမြူးကာ၊ ပြစ်သွယ်နူး စီးသွယ်ဖြာ၊ မတတ်သာပြီ၊ မှိုင်းလို့ရီကေ၊ ကြည့်လီသမျှသာတည်း၊
ပင်တိုင်းမှာ ညှာရွက်ကြွီ၊ လီပြင်းခတ်လိုက်၊ ပရစ်ဝီဝီနန့်၊ ငှက်ရွှီမောင်နှံစုံ၊ လိုင်ချင်းတွဲယှက်၊ ပန်းနုခက်ကို၊ ယူလျက်နှုတ်၀ယ်မုံရယ်၊ စာခွံ့တုံ ရွှင်နှစ်လို့၊ တထူးထွေလာ၊ ဘာသာလူလို၊ မ,ကို နှုတ်ဖြင့်တို့ရယ်၊ ဧးယ်သို့ ချစ်ဖွယ်ဆင်၊ ရာသီခွင် ဆယ့်နှစ်လမ်း၊ ငြမ်းနန့်အညီ၊ မိဂသီပင်၊ ရှိယ့်ကမြင်သော်၊ စက်ခွင်မှာ ယောင်ယမ်းခယ့်၊ ထောက်လှမ်းမစာနာ၊ ပညာအထု၊ မြတ်သူ့ကြည့်မှန်၊ ကြာလီဟန်မူ၊ သူရတန်ရင်သွီး၊ ဒန်ရမာဇာလီ၊ ဒူရဘီနန့်၊ ချစ်ညီတူခရီးကို၊ နောက်မီး မလျှောက်လို၊ နီလဲ့နှစ်ဆင့်၊ နှစ်ပွင့်စုံညီ၊ မဒ္ဒီရှိယ့်အဟိုရို့၊ တောင်ကျွန်းညို လောကဓါတ်၊ တိုင်းမိဇ္ဈိမာ၊ ယင်းကဖြာကေ၊ ရာဇာအမျိုးမြတ်အယ့်၊ ဆက်မပြတ်သိမ်းယူပြန်၊ သာကီအဆက်၊ နွယ်မပျက်ကေ၊ က နက်ဖြန့်ကာစံအယ့်၊ သျှစ်တန်ပလ္လင်ရိုး၊ ဖိုးကဆက်ခံ၊ ဖနန်းစံကေ၊ နန်းရံကိုယ့်အမျိုးတည်း၊ ကတိုးနံ့ဥဒဟို၊ သင်းပြန့်မွှီးကြိုင်၊ သျှစ်ရပ်လှိုင်ကေ၊ မဏ္ဍိုင်ချက်မြုပ်သိုထက်၊ ပြည်နဂိုရ်ဝေသာလီ၊ ဓညနှစ်ခန်း၊ နှစ်ပြည်လွှမ်းကေ၊ ထီးနန်း အစီရီတည်း၊ မျိုးသာကီ စိုင်မပျက်၊ နှစ်ပေါင်းရှည်ကြာ၊ မဟာနွယ်မျိုးတက်အယ့်၊ မယှက်မနှောပြီ၊ သျှစ်သောင်းအချာ၊ ဆက်ကာစိုးစံ၊ နန်းရံမယ့်ဌာနီသို့၊ ရာသီခွင် မစွန်းခင်၊ အောင်စည် ရွမ်းလို့၊ စက်ပန်း ဖြန့်စိယ်ချင်ရေ၊ နောက်ခွင် ကြာလွန်းစွတကားလည်၊
အပိုဒ် (၂)
နောက်ခွင်ကြာလွန်း၊ ရာသီစွန်းလျှင်၊ ရစ်သန်းလှည့်ခါ၊ သျှစ်ဖြာအုံးလာကြိုး၊ အာကာတိမ်းညွတ်၊ ပြိုလတ်ဘိသွင်၊ မယ်လျှင် လက်စုံမိုးရယ်၊ ကြောက်ရွံ့စိုး ညှိုးမျက်နှာ၊ လက်ရွှီဖြန့်ထား၊ သိကြားကို လျှောက်ထားပါအယ့်၊ တောင်ညာ မဟေရင်သွီး၊ နှစ်ပါးမောင်နှံစုံ၊ ဘုန်းရိပ်လှုံကေ၊ ပဒုံကြာနံ့မွှီးအယ့်၊ ချစ်ကြွီးမတင်ခင်၊ ဆယ့်သုံးနှစ်၀ယ်၊ ငယ်ရွယ်စိုင်ကပင်တည့်၊ ဖနတ်သျှင်လောင်းဖုရား၊ ခြား၀မ်းမကွာ၊ ရင်းချာမောင်မယ်နှစ်ပါးကို၊ ပီးမြားစုလျားတင်၊ လက်ထပ်ရီသွန်း၊ ဆယ့်နှစ်ခန်းမူ၊ ထူးဆန်းသဘင်ဆင်ရယ်၊ ချစ်ကြိုးမျှင်သွယ်ရစ်ပတ်၊ န၀ရတ်စီ၊ သိင်ဂီအိမ်ရှိ်နတ်နန့်၊ စိန်ခြယ်သတ်အလယ်တွင်၊ မောင်းမများမြောင်၊ တစ်ထောင်မက၊ စံကတ်တုံးကိုပင်တည့်၊
သုံးနှစ်ရာသီမှာ၊ ကုလားနီပြန်၊ သူရတန်က၊ အားအန်ပြတုံလာရယ့်၊ ခွန်ဘဏ္ဍာဆက်မသွင်း၊ ဥပရာဇ်သျှင်၊ မယ့်ထိပ်တင်ကို၊ အလျှင်ချီစိယ်လျှင်းဟု၊ သောင်းတွင်းဇမ္ဗူပိုင်၊ အာဏာမိန့်မြတ်၊ ဖခင်နတ်က၊ အမတ်တစ်ထောင်၊ မြားမြောင်လက်နက်ကိုင်နန့်၊ တောင်မဏ္ဍိုင်ပြိုမခန်း၊ ဆင်မြင်းစစ်ချီ၊ ပဲ့တင်ဝီကေ၊ ဧးယ်မြီသိမ့်သိမ့်ကျန်းမျှ၊ နန်းအိမ်ရှိသခင်၊ နံတော်ကမူ၊ စတူရပါဒ်၊ နက္ခတ်အထွန်း၊ ကျီးကန်းတာရာ၊ ဟင်္သာအထွက်၊ စစ်ချီတက်လျှင်တည့်၊ နောက်ခွင်မောက်သူဇာ၊ ခရိုင်တရွှား၊ အပိုင်စားကေ၊ စံကားသုံးကြိမ် ကြာခယ့်၊ တောင်တာကို ချင့်တွက်ပြန်၊ မယ်ရို့စံမြန်း၊ ရွှီဘုံနန်းနန့်၊ ဂဏန်းသင်္ချာ၊ ယူဇနာမူ၊ နဝါဒသမှန်အယ့်၊ အလျှင်အမြန် ပြန်စိယ်ကြောင်း၊ ဆုတောင်းဆုယူ၊ သိမ့်သိမ့်ဆူကေ၊ သျှင်လူများ အပေါင်းတည့်၊ နန်းလောင်းမယ့်သခင်၊ အောင်ပန်းစိုက်ဆောင်၊ ဘုန်းခေါင်ပြန်စိယ်ချင်ရေ၊ လျှောက်တင်ခါပန်းစွ တကားလည်း၊
အပိုဒ် (၃)
လျှောက်တင်ခါပန်း၊ ရာသီဆန်းလျှင်၊ နန်းမြင့်အောင်မြီ၊ ဆယ့်နှစ်လီရစ်သန်းမြူး၊ မောက်သူဇာကေ၊ ဒက္ကာဆိပ်ကမ်းဦးက၊ ကျေးဇူးဂုဏ်သျှစ်တန်၊ အမတ်လိမ္မာ၊ ထိုမြို့ရွာတွင်၊ အာဏာသုံးခယ့်ပြန်မှ၊ ပြောင်ဆဒ္ဒန် မာတင်ရိုး၊ ထွက်လျှင် မပြန်၊ မလှန်ရို့ မင်းမျိုးတည့်။ ဆိုးကောင်းနှစ်ပါးတွင်၊ ရိပ်ခြည်အမျှင်၊ အသျှင်သိလျှင်းပင်တည့်။ ပညာသျှင် အုပ်ထိန်းမှ၊ မြို့ပြပြည်ရွာ၊ သာယာစည်ကားလှအယ့်။ မင်းယောက်ျား ဓမ္မတာ၊ ပညာမဲ့ကွက်၊ ညာဏ်မစွက်သော်၊ ပြည်ထက် မထားရာတည့်။ ရှိယ့်ကျမ်းလာ ထုံးစာဟောင်း၊ ကျိုးကြောင်းသိပြန်၊ ဘွဲ့မွန်အမတ်ကောင်းကို၊ နောက်တကြောင်းကုလားရွာ၊ အပိုင်အပ်ပြီး၊ စစ်သူကြီးဟု၊ စောထီးထားခယ့်မှာအယ့်၊ ဖရာဇာမိန့်တော်မြတ်၊ ဦးထိပ်ရွက်ပန်၊ နန်းရံအိမ်ရှိယ့်နတ်ကို၊ ရိုညွတ်လျှောက်ထားတင်၊ ရာသီပြောင်းရယ့်၊ မိုးနှောင်းဝါလ၊ ဆောင်းစအကူးတွင်နှိုက်၊ များဖျင်စစ်ဗိုလ်ခြီ၊ ထိုမြီတစ်၀က်၊ လက်နက်ထားခယ့်စိယ်ဟု၊ မြောက်လီဖြူးလာလျှင်၊ ဖရာဇာမိန့်မြတ်ထူး၊ ဦးထိပ်ပန်ရွက်ဆင်ရယ့်၊ ရှိယ့်လာလျှင်နောက်လည်းကောင်း၊ ရုံးပေါင်းရှုမျှော်၊ ညာဏ်တော်သာအကြောင်းတည့်။ မင်းလောင်းရာဇာ၊ ကြည်းရီတင်းကျန်း၊ မြစ်လမ်းနှစ်ဖက်မှာလည်း၊ နိယ့်မကြာအထပ်ထပ်၊ ရက်စပ်စိယ်ကျွန်၊ ရောက်လတ်ပြန်သော်၊ အမှန်မယုံလတ်ခယ့်။ နောက်ရပ်ပိုင်သခင်၊ ဟေမန်အကူး၊ ရဲမှုးစစ်အောင်မြင်ရေ၊ ရောက်ထင်ကြာနန်းကတကားလည်၊
သု၀ဏ္ဏဒေဝီ ခေါ် စာဆိုသျှင် စောပြည့်ညို
ရခိုင်သားကြီးစာပီမှ ကူးယူဖော်ပြပါသည်။
မောင်သိန်းလွင်(သိမ်တောင်-အဝကျွန်း)
မဟိံသက အဖိုးသျှင်ပို့စ်မှ ကူးယူဖော်ပြသည်။

End Notes and External links
- source: “သိန်ကန် မိန်တွင် ရတု” | on Facebook
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter

