(The Mog Nation Wiki, an archive)

နေပြည်တော် နိုဝင်ဘာ ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အိန္ဒိယ သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာရက်(ဘ်) ကူမားနေရာတွင် မစ္စတာ ဗီနေးကူးမားအား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရက သဘော တူညီပြီးဖြစ်သည်။
မစ္စတာဗီးကူးမားကို ၁၉၆၉ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်တွင် မွေးဖွားခဲ့ပြီး၊ အိန္ဒိယ နည်းပညာ တက္ကသိုလ်မှ နည်းပညာ(ဂုဏ်ထူး) ဘွဲ့ကိုရရှိခဲ့သည်။ ၎င်းသည် ၁၉၉၂ ခုနှစ်တွင် အိန္ဒိယ ပြည်ပရေးရာ – ဝန်ကြီးဌာနသို့ စတင်ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဥဇဘတ် ကစ္စတန်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ ပိုလန်နိုင်ငံ၊ အီရန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ နီပေါနိုင်ငံနှင့် အာဖဂန် နစ္စတန်နိုင်ငံတို့ရှိ အိန္ဒိယသံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ရုံးများတွင် အသီးသီးတာဝန်ထမ်းဆောင်ခဲ့သည်။ အိန္ဒိယပြည်ပ ရေးရာဝန်ကြီးဌာနတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အရှေ့နှင့်တောင်အာရှဌာနတွင် တွဲဖက်အတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တောင်နှင့် နာလန္ဒာရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဆိုင်ရာဌာနခွဲတွင် တွဲဖက် အတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်မှ ယနေ့အထိ အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနတွင် လက်ထောက်အတွင်းဝန်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၎င်းသည် အိမ်ထောင်ရှင် တစ်ဦး ဖြစ်သည်။
သတင်းစဉ်
End Notes and External links
- source: ” ကီမိုတောင်၏ ဖိတ်ခေါ်သံ ” | Khumi Media Group
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter

