ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီထုတ်ပြန်ကြေညာချက် (၃/၂၀၂၂)၂၀၂၂ ခုနှစ် ဧပြီလ (၁) ရက်

(The Mog Nation Wiki, an archive)


Interim Khumi Affairs Coordination Council (IKACC)
ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ
ထုတ်ပြန်ကြေညာချက် (၃/၂၀၂၂)
၂၀၂၂ ခုနှစ် ဧပြီလ (၁) ရက်

၁။ ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ဗြိတိသျှပါလီမန်မှဖွဲ့စည်းပေးခဲ့သော နယ်ခြားဒေသစုံစမ်းရေးကော်မတီ (Frontier Areas Enquiry Committee) နှင့်တွေ့ဆုံစဥ် ခူမီးချင်းမျိုးနွယ်စု ကိုယ်စားလှယ်အဖွဲ့အပါအဝင် ထိုစဥ်က ရခိုင်မြောက်ပိုင်းတောင်တန်းခရိုင် (Northern Arakan Hill District) မှကိုယ်စားလှယ်အဖွဲ့များသည် လွတ်လပ်ရေးရရှိပါက ချင်းတောင်တန်းဒေသနှင့်အတူ ပြည်ထောင်စုမြန်မာ နိုင်ငံအတွင်း ဖက်ဒရယ်စနစ်ဖြင့် ပါဝင်မည်ဟုသဘောထားပေးခဲ့သည့်အတိုင်း၊ လွတ်လပ်ရေးရရှိပြီးနောက် ထိုစဥ်က ရခိုင်မြောက်ပိုင်းတောင်တန်းခရိုင်သည် ပလက်ဝမြို့နယ်ဟူ၍ ချင်းဝိသေသတိုင်း (နောင် ချင်းပြည် နယ်) ၏အစိတ်အပိုင်းအဖြစ် ရပ်တည်လာခဲ့သည်မှာ ယနေ့ထက်ထိတိုင်ဖြစ်သည်။

၂။ ဗြိတိသျှအစိုးရသည် ပလက်ဝမြို့နယ်အား သိမ်းပိုက်အုပ်ချုပ်နိုင်ရန် ၁၈၂၄ ခုနှစ်တွင် ကုလားတန်မြစ် ကြောင်းအတိုင်း စစ်အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်လာသည်ကို တောင်မင်းဆပန်၊ တောင်မင်းဆိန်ဒါ၊ တောင်မင်းဆိုက်ရုပ်၊ တောင်မင်းလဟောက်၊ တောင်မင်းဘောင်ဝိုက် စသည့်ခူမီးချင်းမျိုးနွယ်စုအကြီးအကဲ တောင်မင်းများ၏ဦးဆောင်မှုဖြင့် ခူမီးချင်းပြည်သူများက အပြင်းအထန် ခုခံတွန်းလှန်ခဲ့ကြသော်လည်း လက်နက်အင်အားချင်း မမျှသဖြင့် ၁၈၂၆ ခုနှစ်ဝန်းကျင်တွင် ဗြိတိသျှလက်အောက်သို့ ကျရောက်ခဲ့ရသည်။ ဗြိတိသျှလက်အောက်သို့ ရောက်ရှိပြီး လွတ်လပ်ရေးရရှိချိန်အထိ ပလက်ဝဒေသရှိလူဦးရေ၏ ၉၀% ကျော်သည် ချင်းလူမျိုးများဖြစ်ကြသည်။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ပလက်ဝမြို့နယ်ရှိလူဦးရေမှာ ၉၇,၀၅၃ ဦး ဖြစ်ပြီး၊ ယင်းတို့အနက် ၈၀% ကျော်သည် ချင်းလူမျိုးများ ဖြစ်ကြသည်။

၃။ ခူမီးချင်းဘာသာစကားပြောဆိုသူများအား လွတ်လပ်ရေးရရှိပြီးနောက်အစဥ်အဆက်တွင် ချင်း၊ ခူမီး (ချင်း)၊ ချင်း (ခူမီး) စသည့်လူမျိုးအမည်များဖြင့် အမျိုးသားမှတ်ပုံတင်ကဒ်ပြားထုတ်ပေးခဲ့သော်လည်း၊ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ချင်း၊ ခူမီး (ချင်း)၊ ချင်း (ခူမီး) ဟူ၍ရေးသားခွင့် မရရှိတော့ဘဲ၊ ခမီး/ ခမီ စသည့်အမည်များကို လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ထုတ်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် အတင်း အကြပ်ရေးစေခြင်း၊ ချင်း ဟူ၍ဖြစ်စေ၊ ခူမီး (ချင်း) သို့မဟုတ် ချင်း (ခူမီး) ဟူ၍ဖြစ်စေ ရေးသားခွင့်တား မြစ်ခြင်းများပေါ်ပေါက်ခဲ့သည်။ ၂၀၁၅ မှ ၂၀၂၀ ပြည့်နှစ်ကာလအတွင်း ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံအကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ပေ။ ထို့ပြင် ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် ခူမီးမျိုးနွယ်စုဝင်များသည် ချင်းလူမျိုးမဟုတ်ကြောင်း ဖိအားပေးသည့်ကြိုးပမ်းမှု များပင် ပေါ်ပေါက်ခဲ့သည်။

၄။ သို့ဖြစ်၍ မိမိတို့ကောင်စီသည် အောက်ပါအတိုင်းထုတ်ပြန်ကြေညာအပ်ပါသည် –

(က) ပလက်ဝမြို့နယ်သည် ချင်းပြည်နယ် ၏အစိတ်အပိုင်းအဖြစ် လွတ်လပ်ရေးရရှိသည့်နေ့ကတည်းကပင် တစ်ဆက်တစပ်တည်းပူးပေါင်းပါဝင်ခဲ့သည့်အတိုင်း နောင်တွင်လည်း ချင်းပြည်နယ်အတွင်းတစ်ဆက် တစပ်တည်းရှိသောအစိတ်အပိုင်းအဖြစ် ဆက်လက်ရပ်တည်သွားမည်။ ပလက်ဝမြို့နယ်အား ချင်းပြည် နယ်အတွင်း တစ်ဆက်တစပ်တည်းတည်ရှိနေမှုကိုထိခိုက်စေနိုင်သည့် မည်သည့်ကြိုးပမ်းဆောင်ရွက်မှု မျိုးကိုမဆို ပြတ်ပြတ်သားသား ဆန့်ကျင်သည်။

(ခ) ခူမီးချင်းမျိုးနွယ်စုဝင်များအား ချင်းလူမျိုးမဟုတ်ကြောင်း ရေးသားပြောဆိုခြင်း၊ ချင်းလူမျိုးစာရင်းမှ ဖယ် ရှားရန် စည်းရုံးကြိုးပမ်းခြင်းများကို အမျိုးသားရန်သူအဖြစ်သတ်မှတ်ပြီး ပြတ်သားစွာအရေးယူဆောင် ရွက်သွားမည်။ နိုင်ငံသားစိစစ်ရေးကဒ်ပြားတွင် မိမိတို့ကိုယ်ကိုမိမိတို့ ချင်း၊ ချင်း (ခူမီး)၊ ခူမီးချင်း စသည်ဖြင့် လွတ်လပ်စွာပြန်လည်ရေးသားဖော်ပြနိုင်ခွင့်ရရှိရေး ဆောင်ရွက်သွားမည်။

(ဂ) ပလက်ဝမြို့နယ်ရှိလူဦးရေ၏ ၈၀% သည် ချင်းလူမျိုးများဖြစ်သဖြင့် ပလက်ဝမြို့နယ်၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးစနစ်များသည် ချင်းဓလေ့ထုံးတမ်းများအပေါ်အခြေခံ၍ ဒီမိုကရေစီပြည်သူ့အုပ်ချုပ်ရေး ယန္တရားများဖြင့်တည်ဆောက်သွားမည်။

(ဃ) ပလက်ဝမြို့နယ်အတွင်း လွတ်လပ်ရေး မရခင်ကတည်းကပင် အစဥ်အဆက်နေထိုင်လာခဲ့သည့် ဒေသခံ များအားလည်း အတူနေမိသားစုဝင်များအဖြစ်သတ်မှတ်၍ ၎င်းတို့၏ရပိုင်ခွင့်နှင့်လုံခြုံမှုများကိုကာကွယ် စောင့်ရှောက်သွားမည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ


Interim Khumi Affairs Coordination Council (IKACC)
ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ထုတ်ပြန်ကြေညာချက် (၃/၂၀၂၂) ၂၊၀၂၂ ခုနှစ် ဧပြီလ (၁) ရက်
” | Khumi Media Group


The Mog Nation Wiki

Leave a comment