တာမွေမြို့နယ်တွင် ဒလန်ဟုနာမည်ထွက်နေသူ ပစ်ခတ်ခံရ | Mizzima

(The Mog Nation Wiki, an archive)


တာမွေမြို့နယ်တွင် ဒလန်ဟုနာမည်ထွက်နေသူ ပစ်ခတ်ခံရ

ဂန္ဒမာ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဓမ္မဒါနလမ်းနှင့်ဇောတိကလမ်းထောင့်တွင် ယနေ့နံနက် ၈နာရီ ၅၅ မိနစ်ဝန်းကျင်ခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“သေနတ်သံကို အိမ်ထဲကနေအသံကြားလိုက်တာ၊ ခြောက်ချက်ကြားရတယ်၊ နောက်ပြီး ဆေးရုံကားရောက်လာတယ်။ စစ်ကောင်စီတပ်သားတွေလည်းရောက်လာတယ်” ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောသည်။

ရပ်ကွက်နေပြည်သူများ၏ပြောစကားအရ ပစ်ခတ်ခံရသူမှာ ဒလန်ဟုနာမည်ကြီးနေသူဖြစ်သော်လည်း ယခုရပ်ကွက်အတွင်းသို့ ပြောင်းရွှေ့နေထိုင်ခြင်းမှာ မကြာသေးသည့်အတွက် သိရှိသူနည်းနေခြင်းဖြစ်ကြောင်း ဆိုကြသည်။

အဆိုပါ အမျိုးသားမှာ ဝမ်းဗိုက်နှင့် ဦးခေါင်းတို့တွင် သေနတ်ဒဏ်ရာများရရှိထားပြီး သေဆုံးသွားပြီဖြစ်သော်လည်း ၎င်းကို ဆေးရုံကားဖြင့်တင်ဆောင်သွားသည်ကိုတွေ့မိကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။

တိုက်ခိုက်မှုအား မည်သည့်အဖွဲ့ကလုပ်ဆောင်ခြင်းဖြစ်ကြောင်းမသိရသော်လည်း ဒလန်နှစ်ဦ်းလာရှင်းရာတွင် တစ်ဦးကထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရကြောင်း ဒေသခံများက ဆက်ပြောသည်။

#Mizzima

#ရန်ကုန်တိုင်း

#တာမွေမြို့နယ်

#ဒလန်

#ပစ်ခတ်ခံရ





ကျောက်မြောင်း အဆက်
~~~
1-နိုင်ငံရေးနယ်ပယ် နှင့်ပတ်သက်
ဆက်နွယ်မှုမရှိ။
2-အုပ်ချုပ်ရေးနယ်ပယ်(ဆယ်အိမ်/ရာအိမ်/
လမ်းလူကြီး/ ရဝတ အဖွဲ့ဝင်) နှင့် ပတ်သ
က်ဆက်နွယ်မှု မရှိ။
3-ရွှေပန်းတိမ် လုပ်သား။ကျောက်မျက်အရော
င်းအဝယ် အနည်းအကျဉ်း လုပ်သည်။
4-လုပ်ငန်းကိစ္စနှင့် ပတ်သက်လျင်တခါတရံ
စကားကို ချဲ့ကားပြောတတ်။လတ်တလော
၌ ခိုက်ရန်ဖြစ်ပွားထားခြင်း မရှိ။
5- ဇနီးဖြစ်သူ မှာ နောက် သုံးလေးရက်အတွ
င်း နိုင်ငံခြား သို့သွားမည့်ခရီးစဉ်ရှိ။
ပစ်ခတ်ခံရချိန်
~~
1- ရှေ့ဆိုင်အနေအထားမှ ပစ်ခတ်ခြင်း ဖြစ်
သည်ဟု စုံစမ်းသိရှိရသည်။
2-လက်ဖက်ရည် ဆိုင်တွင် သုံးဦးထိုင်နေုစဉ်
တစ်ဦးတည်းကိုသာ သုံးချက် ဦးတည်ပစ်ခ
တ်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။
3-မျက်မြင်သက်သေ တစ်ချို့က ပစ်ခတ်သူ
နှင့် နောက်တစ်ဦး စက်ဘီးကိုယ်စီဖြင့် အ
နှောင့်အယှက် ကင်းစွာပြန်လည်ထွက်ခွာ
သွားကြကြောင်း ပြောသည်။
PS>>>မိမိ အနေဖြင့် pro သတင်းထောက်
တစ်ဦး မဟုတ်ကြောင်း နှင့် အထက်ပါအချက်အလက်များသည် ကွယ်လွန်သူ၏နီးစပ်ရာပတ်ဝန်းကျင် အသိုင်းအဝိုင်းကို စုံစမ်းမေးမြန်း
ထားသမျှ သာဖြစ်ပြီ မိမိအာဘော် လုံးဝ မပါရှိ
ကြောင်း အာမခံပါသည်။

Mg Kyaw Swar



The Mog Nation Wiki

Leave a comment