(The Mog Nation Wiki, an archive)

ရခိုင်ပြည်က အဖြေမထွက်နိုင်သေးတဲ့ ပဟေဠိပုစ္ဆာများ
BNA(Analysis)
စစ်တွေ၊ မတ် ၃၀။
ပြီးခဲ့တဲ့နှစ်နှစ်လောက်ကစပြီး ရခိုင်ပြည်က မြို့နယ်တချို့မှာ ပြည်သူတွေအပေါ် မင်းမဲ့စရိုက်ဆန်ဆန်အုပ်စုဖွဲ့ ရန်ပြုတာ၊ရိုက်ပုတ်တာ၊ခြိမ်းခြောက်တာတွေ မကြာခဏဆိုသလိုဖြစ်ပေါ်ခဲ့ပေမယ့်လက်သ ည်ဟာဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ခုချိန်ထိပဟေဠိဆန်ဆန်ဖြစ်နေဆဲဖြစ်ပါတယ်။
ရခိုင်ပြည်မှာ ခုလိုအုပ်စုဖွဲ့ရမ်းကားတာ၊သေနတ်ကိုင်ထားတဲ့သူတချို့က မကျေနပ်တဲ့သူတွေကို လာရော က်ဖမ်းဆီးသွားတာ၊ရိုက်ပုတ်နေတာတွေဟာ ရက္ခိုင့်တပ်တော်(ULA/AA)က ပြည်သူတွေအပေါ် ဩဇာလွမ်းမိုးမှုကောင်းလာချိန်မှာ ပိုမိုဖြစ်ပွားလာတာဖြစ်ပြီးတော့ ပဟေဠိရဲ့ အဖြေကိုရှာဖို့ ပိုမိုခက်ခဲလာပါတယ်။
ရခိုင်ပြည်နဲ့ပတ်သက်တဲ့ သတင်းတွေထဲမှာ ခေတ်စားလာတဲ့ လက်နက်ကိုင်တစ်ဖွဲ့လည်း ရှိနေပါတယ်။အဲဒီလက်နက်ကိုင်အဖွဲ့ကတော့ အမည်မသိလက်န က်ကိုင်ဖြစ်ပြီးတော့ အဲဒီအဖွဲ့နဲ့ ပတ်သ က်လို့ ရခိုင်ပြည်မှာ ခုချိန်ထိအဖြေရှာလို့မရသေးဘူးဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှစ်၊မေလ ၅ ရက်နေ့က တောင်ကုတ်မြို့နယ်၊ဘူးရွှေမော်ကျေးရွာက အသက် ၅၂ နှစ်အရွယ်၊အမျိုးသားတစ်ဦးဟာ နေအိမ်မှာမိသားစုနဲ့အတူအိပ်နေတဲ့အချိန် ဓားတွေကိုင်ဆောင်ထားတဲ့ လူတချို့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်ချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဖမ်းဆီးခံခဲ့ရသူဟာ စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ တောင်သူတစ်ဦးဖြစ်ပြီးတော့ ခန္ဓာကိုယ်ပိန်ပိန်ပါးပါးနဲ့ ရန်လိုတဲ့အပြုအမူမရှိတဲ့သူဖြစ်တယ်လို့ ဖမ်း ဆီးခံခဲ့ရသူနဲ့ တွေ့ဆုံဖူးသူတွေက ပြောပါတယ်။
အဲဒီအမျိုးသားကို ဓားတွေကိုင်ဆောင်ထားတဲ့လူတချို့ဖမ်းဆီးခေါ်ဆောင်သွားတာဟာ ခု ၂၀၂၂ ခုနှစ် မေလ ၅ ရက်ဆိုရင် နှစ်နှစ်ပြည့်တော့မှာဖြစ်သ လို မိသားစုတွေကတော့ သူနဲ့ပတ်သက်လို့ သတင်းအစအနတစ်ခုမှမရသေးသလို လက်သည်မပေါ်တဲ့ အဲဒီဖြစ်စဉ်က ခုချိန်ထိပဟေဠိဖြစ်နေတုန်းပါပဲ။
၂၀၂၁ ခုနှစ်၊အောက်တိုဘာလ ၁၄ ရက်နေ့က စစ်တွေဟိုတယ်အနီးရှိ ကွန်ကရစ်တံတားငယ်အနီးမှာ အသက် ၄၀ ခန့်ရှိမယ့် အမျိုးသားတစ်ဦးကို ခန္ဒာကိုယ်မှာ ဒဏ်ရာဒဏ်ချက်နဲ့ နှာခေါင်းက သွေးထွက်သေဆုံးနေတဲ့ အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ပါတယ်။
တဆက်တည်းမှာပဲ ၂၀၂၁ ခုနှစ်၊ဒီဇင် ဘာလ ၂၂ ရက်က စစ်တွေမြို့ ပွိုင့်ကမ်းခြေမှာ မျက်လုံးတစ် ဖက်မပါ၊ခန္ဒကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးနေတဲ့ အသက် ၅၀ ခန့်ရှိမယ့် အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ပါတယ်။
၂၀၂၂ ခု၊နှစ်ဆန်းပိုင်းဖြစ်တဲ့ ဇန်နဝါရီ လ ၄ ရက်နေ့ကလည်း စစ်တွေမြို့နယ်၊ငတောက်တက်ကျေးရွာက အသက် ၅၀ ခန့်ရှိမယ့် အမျိုးသမီးတစ်ဦးဟာ ဟင်းသီးဟင်းရွက်တွေ ရောင်းဖို့သွားတဲ့အချိန်မှာ သူမဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေကို ဓားပြတိုက်ခံခဲ့ရပါတယ်။
အဲဒီလိုဖြစ်စဥ်တွေဟာ ရခိုင်ပြည်အနှံ့မှာ ဖြစ်ပွားနေတာဖြစ်ပြီး ရခိုင်တိုက်ပွဲကာလအတွင်းမှာ ကျောက် တော်တင်းမရွာသားတွေ ပျောက်ဆုံးနေတာက တော့ အကြီးမားဆုံးသာဓကတစ်ခုလို့ ပြောရမှာဖြစ်ပါတယ်။
ဒီလို ဖမ်းဆီးခံရမှုတွေ၊သေဆုံး၊အသတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ဖြစ်စဥ်အများစုမှာ လက်သည်တရား ခံတွေကတော့ ခုချိန်ထိမပေါ်သေးပါဘူး။
လတ်တလောလူပြောများနေတဲ့ မတ် လ ၂၅ ရက်နေ့ည စစ်တွေမြို့၊ဓညဝတီရပ်ကွက်က နေအိမ်တစ်လုံးကို ဒုတ်၊ ဓား၊သေနတ်တွေကိုင်ဆောင်ထားတဲ့ လူသုံးဆယ်ခန့်က နေအိမ်တံခါးကို ချိုးဖျက်ဝင်ရောက်ပြီးတော့ အမျိုးသမီးတစ်ဦးနဲ့သူ့မရဲ့သားဖြစ်သူ အ မျိုးသားတစ်ဦးကို ရိုက်နှက်တာတွေ ပြုလုပ်ခဲ့ကြ တယ်လို့ ကာယကံရှင်တွေက ဆိုပါတယ်။
အဲဒီလို့ ခင်ပွန်းမရှိတဲ့အမျိုးသမီးတစ်ဦးရဲ့နေအိမ်တံခါးကို ချိုးဖျက်ဝင်ရောက်ရိုက်နှက်တဲ့ဖြစ်စဉ်ဟာ လူတကာအံ့ ဩရလောက်တဲ့ ကျူးလွန်မှုတစ်ခုဖြစ် ပြီးတော့ ရခိုင်ပြည်အတွင်းမှာရှိတဲ့ဒေသခံပြည်သူတွေရဲ့အသက်အိုးအိမ်စ ည်းစိမ်ဥစ္စာလုံခြုံမှုအတွက် စိုးရိမ်ထိတ်လန့်မှုတွေကို မြှင့်တက်စေခဲ့တယ်လို့ ရခိုင်ပြည်သူတွေက ဆိုပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)ရဲ့ အင်အားကောင်းလွှမ်းမိုးလာမှုကို ပြည်သူအားလုံးနီးပါးက ကြိုဆိုကြပေမယ့် တချို့သူတွေရဲ့အပြုအမှုတွေက အဲဒီကြို ဆိုမှုနဲ့အတူ နောက်ကွယ်မှာ အကြောက်တရားတွေကိုလည်း တပါတည်းဖြစ်လာခဲ့စေတယ်လို့ ပြည်သူတချို့က ဆိုပါတယ်။
စစ်တွေမြို့ပေါ်က ဖြစ်စဥ်မှာလည်းခံရသူမိသားစုဝင်တွေဟာ သူတို့ခံရတဲ့အနေအထားကို ဘယ်သူ့ကိုမှ မတိုင်းတန်းရဲသလို နောက်ထပ်ရန်ပြုခံရမှာကိုလ ည်း ထိတ်လန့်စိုးရိမ်နေကြရတဲ့အတွက် ဘေးလွတ်ရာမှာ ရှောင်တိမ်းနေကြရတဲ့ အခြေအနေဖြစ်နေပါတယ်။
အဲဒီဖြစ်စဉ်မှာလည်း ပြစ်မှုကျူးလွန်သူတွေဟာ ဘယ်အဖွဲ့အစည်းက ဘယ်သူဘယ်ဝါမှန်းမသိဘဲ ပဟေဠိဖြစ်နေပါတယ်။
ရခိုင်မှာ ပဋိပက္ခတွေအများကြီးဖြစ်ခဲ့တာမို့ သတ် မှတ်ယူနီဖောင်းမဝတ်ဘဲ အရပ်ဝတ်တွေနဲ့ သေနတ်တွေကိုင်ထားတဲ့သူတွေကို ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို မခန့်မှန်းနိုင်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
လွန်ခဲ့တဲ့ စစ်အစိုးရလက်ထက်နဲ့စစ်ထောက်လှမ်း ရေးခေတ်ကို ဖြတ်သန်းခဲ့တဲ့သူတွေကတော့ ယူနီ ဖောင်းဝတ်ပြီး သေနတ်ကိုင်ထားရင် စစ်သား၊ရဲသား၊အကျဉ်းထောင်ဝန်ထမ်းဆိုပြီး ခွဲခြားနိုင်ပြီးတော့ ယူနီဖောင်းမဝတ်ဘဲ သေနတ်ကိုင်ထားရင်တော့ စစ်ထောက်လှမ်းရေးဖြစ်နိုင်တယ်လို့ ရှင်းပြကြပါတယ်။
အဲဒီစစ်ထောက်လှမ်းရေးတွေဟာ တစ်မြို့မှာ ဆယ်ဦးကျော်လောက်သာရှိတဲ့အတွက် မျက်နှာမြင်တာနဲ့တန်းပြီး မှ တ်မိကြပါတယ်လို့ ဆိုကြပါတယ်။
အဲဒီတုန်းက အပြောအဆိုတွေ ဆင်ခြင်နိုင်ဖို့ အဲလိုခန့်မှန်းနေထိုင်ခဲ့ကြပေမယ့် လက်ရှိရခိုင်ပြည်ထဲမှာတော့ လက်နက်ကိုင်တဲ့ စစ်သား၊ရဲသား၊စစ်ကောင်စီ
ဝန်ထမ်းတွေအပြင် ရက္ခိုင့်တပ်တော် (AA)နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါ တီ(ALP/ALA)က တပ်ဖွဲ့ဝင်တွေလည်းရှိနေပါတယ်လို့ ပြည်သူတွေက ဆိုပါတယ်။
အဲဒီအပြင် မူးယစ်ရာဇာတွေနဲ့ မှောင်ခိုသမားကြီးတွေရဲ့ လက်ထဲမှာလည်း လက်နက်တွေဆောင်ထားတာ တွေ့လာရတယ်လို့ မျက်မြင်ကိုယ်တွေ့ တွေ့ဖူးသူ တချို့က ပြောပါတယ်။
ခုလိုလက်နက်ကိုင်ဆောင်ထားသူတွေပေါများလာ နေတဲ့ခေတ်မှာ ရခိုင်ပြည်သူတွေဟာ ဘယ်သူ့ကို ကြောက်လို့ကြောက်ရမှန်းမသိတဲ့ အနေအထားကို ရောက်နေသလို စစ်ထောက်လှမ်းရေးခေတ်ထက်ပိုဆိုးလာတဲ့ အခြေအနေတစ်ခုကို ကြုံတွေ့လာနေရပြီလို့လည်းရခိုင်ပြည်သူတွေက ဆိုပါတယ်။
အဲဒီလိုပြစ်မှုတစ်ခုဖြစ်တိုင်း ဘယ်အဖွဲ့အစည်းကဘယ်သူတွေ ကျူးလွန်လို့ ကျူးလွန်မှန်းမသိတဲ့ ပဟေဠိတွေလည်း ပိုမိုများပြားလာနေတယ်လို့ ပြောကြပါတယ်။
ဒီရက်ပိုင်း စစ်တွေမှာဖြစ်ခဲ့တဲ့ ပဟေဠိအတွက် ဖြေ ရှင်းချက်တစ်စောင်ကိုတော့ ရက္ခိုင့်တပ်တော်(ULA/AA)က မတ်လ ၂၉ ရက်မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
အဲဒီစာမှာတော့ စစ်တွေမြို့၊ဓညဝတီရပ်ကွက်မှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(ULA/AA)နှင့် တစုံတရာပါဝင်ပတ်သက်မှုမရှိဘူးလို့ဆိုထားပါတယ်။
ဒါပေမယ့် အဲဒီဖြေရှင်းချက်မှာ ရခိုင်ပြည်သူတွေ မျှော်လင့်ထားတဲ့ အဖြေပါမလာဘူးလို့ ရခိုင်ပြည်သူတွေက ဖြေရှင်းချက်စာရဲ့ ကွန်မန့်တွေမှာ သုံးသပ်ချက်တွေ ရေးသားခဲ့ကြပါတယ်။
ရက္ခိုင့်တပ်တော်(ULA/AA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ မတ်လ ၂၆ ရက်နေ့ညအချိန်က စစ်တွေမှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ULA/AA နှင့် လုံးဝ(လုံးဝ) ပတ်သက်မှုမရှိကြောင်း ပို့စ်တစ်ခုကို သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မတ်လ ၂၇ ရက်က ရေးသားခဲ့ပါတယ်။
အဲဒီမှာ ”ဘာမှမဆိုင်တဲ့ အကြောင်းအရာတွေနှင့်ရောသမွှေဆက်စပ်ပြီးတော့ တော်လှန် ရေးပျက်စီးရာပျက်စီးကြောင်း ရည်ရွယ်ချက်ရှိရှိ ပြောဆိုရေးသား တိုက်ခိုက်နေကြောင်း၊ရန်သူအလိုကျလှုံ့ဆော်နေတဲ့ အတွင်းရန်သူအဖျက်သမားတွေကို မယုံကြည်ဖို့နှင့် သစ္စာဖော က်တွေကို ဝိုင်းဝန်းဖော်ထုတ်ဆုံးမဖို့” လည်း တိုက်တွန်းထားပါတယ်။
ပြည်ထောင်စုထဲမှာ အဖက်ဖက်က နိမ့်ကျနေတဲ့ ရခိုင်ပြည်သူတွေဟာ ရေမြုပ်သားတွေလို တွေ့ရာအကိုင်းအခက်ကို ဆွဲငင်နေရတဲ့အချိန်မှာ သူတို့ဘဝအတွက် အာမခံချက်ပေးနိုင်မယ်လို့ ယုံ ကြည်ထားကြတဲ့ ကောက်ရိုးတစ်မျှင်ကို ဖမ်းဆုပ်မိခဲ့ပေမယ့် သန်မာအား ကောင်းတဲ့ကောင်ရိုးမျှင်ကြောင့် အသ က်ဆက်ရှင်မလား အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်နေတဲ့ ကောက်ရိုးမျှင်ကြောင့် ရေနစ်မလားဆိုတာကိုတော့ မသိသေးတဲ့အနေအထားလို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။
ဒါပေမယ့် ရခိုင်ပြည်သူတွေဟာ အဲဒီကောက်ရိုးမျှင်ကိုတော့ ဖမ်းဆုပ်ထားကြဆဲဖြစ်တယ်လို့ ဆိုကြပါတယ်။
ရက္ခိုင့်တပ်တော်(ULA/AA)ရဲ့ ဖြေရှင်းချက်နဲ့ပတ် သက်ပြီး ဖြစ်စဉ်မှာပါဝင်ပတ်သက်မှုမရှိရင် ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်ပေးဖို့ တောင်းဆိုတာတွေလည်းရှိနေပါတယ်။
ဒီလိုတောင်းဆိုချက်ဟာလည်း ရခိုင်ပြည်ကို ၆၀ ရာခိုင်နှုန်းထိ ထိန်းချုပ်ထားနိုင်တဲ့ အဖွဲ့အစည်းတစ်ခုကို ပြည်သူတွေ တောင်းဆိုသင့်တဲ့ အနေအထားတစ်ခုလို့ မှတ်ချက်ပေးကြပါတယ်။
ဒါဟာ ရခိုင်ပြည်သူတွေက ရက္ခိုင့်တပ်တော်(ULA/AA)ကို ယုံကြည်အားကိုးလို့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မောင်တောပဋိပက္ခဖြစ်စဉ်တွေမှာ မြန်မာစစ်တပ်က ဝင်ရောက်ရှင်းလင်းတဲ့အတွက် လူဦးရေအနည်းငယ်မျှသာရှိခဲ့တဲ့ မောင်တောနှင့်ဘူးသီးတောင်မြို့က ပြည်သူတွေဟာ မြန်မာစစ်တပ်ကို ယုံကြည်အားကိုးခဲ့တဲ့ သာဓကရှိခဲ့ပါတယ်။
ခုချိန်ထိလည်း မောင်တောဖြစ်စဉ်နှင့် ပတ်သက်ရင် မြန်မာစစ်တပ်ကို ကျေးဇူးတင်နေသူတချို့ရှိနေပါသေးတယ်။
ဒီသာဓကကတော့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုရှိလာအောင် ဆောင် ရွက်ပြတဲ့ ဥပမာတစ်ခုလို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
လက်ရှိ ပြည်သူတွေအတွက် တရားဥပဒေစိုးမိုးမှုမရှိတဲ့ ခေတ်ပျက်ကြီးတစ်ခုလိုဖြစ်နေပြီးတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေဟာလည်း လုံ ခြုံမှုအာမခံချက်မရှိတဲ့ အနေအထားမှာရှိနေတယ်လို့ လေ့လာအကဲခတ်သူတွေက သုံးသပ်ကြပါတယ်။
အဲလိုအနေအထားမှာ ပြည်သူတွေအတွက် အာမခံချက်ပေးနိုင်မယ့် အဖွဲ့အစည်းတစ်ခုကို ရခိုင်ပြည်သူတွေ လိုလားတောင်းတနေကြပါတယ်။
ရခိုင်ပြည်သူတွေရဲ့ လိုလားတောင်းတမှုကို ဖြည့် ဆည်းပေးဖို့အတွက် ပြည်သူတွေရင်ဆိုင်နေရတဲ့ အသေးအဖွဲ့ကိစ္စမှ ကြီးမားတဲ့ကိစ္စတွေအထိ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုပါတယ်။
အဲလိုမဟုတ်ဘဲ ပဟေဠိဖြစ်နေတဲ့ပုစ္ဆာတွေကို မဖြေရှင်းဘဲဒီအတိုင်းသာ ဆက်ထားမယ်ဆိုရင်တော့ ရခိုင်ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှု လျော့ကျ လာမှာဖြစ်ပါတယ်။
ပြည်သူလူထုတစ်ရပ်လုံး ထောက်ခံယုံကြည်မှုမရှိ ရင်တော့ ဘယ်အဖွဲ့အစည်းမဆို ရေရှည်ရပ်တည်နိုင်ရေးမှာ အခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။
ပြည်သူလူထုတစ်ရပ်လုံးဆိုတဲ့နေရာမှာ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းကိုမဆို ထောက်ခံသည်ဖြစ်စေ၊မထောက်ခံသည်ဖြစ်စေ ဥပဒေနဲ့အညီနေထိုင်သူတိုင်းကိုလုံခြုံငြိမ်ချမ်းရေးနဲ့တရားမျှတရေးကိုတန်းတူညီ မျှဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။
ပြည်သူတွေဖက်ကလည်း ဘယ်သူ၊ဘယ်အဖွဲ့အစ ည်းကိုမဆို အရာအားလုံးကိုမျက်လုံးပိတ် ထောက်ခံနေကြခြင်းမျိုးမဟုတ်ဘဲ တရားမျှတမှုနဲ့လုံခြုံငြိမ်း ချမ်းရေးကိုသာ အလေးထားရပ်တည်ပေးကြရမှာဖြစ်ပါတယ်။
မြန်မာပြည်စစ်အာဏာသိမ်းမှုနဲ့ပဋိပက္ခပေါင်းစုံ ကြားမှာ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာအကြောက်တရားတွေနဲ့ရှင်သန်နေကြရတဲ့ ရခိုင်ပြည်သူတရပ်လုံးအတွက် ပြည်သူတွေဘက်က မားမားမတ်မတ်ရပ်တည်ကြဖို့ လိုအပ်နေပါတယ်။
ရခိုင်ပြည်အတွင်း နေ့စဥ်ဖြစ်ပျက်နေတဲ့ အဖြစ်အ ပျက်တွေ၊ပြည်သူလူထုရဲ့မလုံခြုံမှုတွေ ပဟေဋ္ဌိဆန်တဲ့ဖြစ်စဥ်တွေအတွက် တရားမျှတမှုငြိမ်းချမ်းမှုတွေ ၊လုံခြုံစိတ်ချရမှုတွေအပါအဝင် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊တာဝန်ခံမှုရှိတဲ့ အားကိုးရာတစ်ခုကို လိုလားစောင့်စားနေကြတယ်ဆိုတာတော့ ရခိုင်ပြည်သူတရပ်လုံးရဲ့ ရင်ထဲမှာ ကိန်းအောင်းနေပါတယ်။
BNA#ရခိုင်#တရားဥပဒေ#လုံခြုံငြိမ်းချမ်းရေး
ပြည်သူလူထု#စစ်ကောင်စီ#AA#ALP#လက်နက်#
ဓာတ်ပုံ- မတ်လ ၂၆ ရက်က စစ်တွေမြို့ ဓညဝတီရပ်ကွက်တွင် ဖြစ်ဖျက်ခဲ့သည့်နေအိမ်ခြံတံခါး။
End Notes and External links
- ရခိုင်ပြည်က အဖြေမထွက်နိုင်သေးတဲ့ ပဟေဠိပုစ္ဆာများ | Border News Agency | on Facebook
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter

