(The Mog Nation Wiki, an archive)

ရခိုင်ရာဇ၀င်လင်္ကာ
(ရမ္မာ၀တီ ဝါးကျောင်းဆရာကေတု)
(က) ရင်
၁။ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿတိ။ တိရံတိဋ္ဌတု
၂။ သဒ္ဓမ္မေ သဒ္ဓမ္မော၊ ဘုရားမုက္ခပါတ်၊ ပိဋကတ်သုံးပုံ၊ အလုံးစုံသော သူတော်ကောင်း
၃။ တရားသည် စီရံစီရကာလံ၊ မြင့်ရှည်စွာသော၊ သာသနာငါးထောင်စိအောင်ပတ်လုံး၊
၄။ တိဋ္ဌာတု၊ မယုတ်မပျက်၊ ထွန်းလျှက်ပတ်လည်၊ တည်ပါစီသတည်း။
၅။ မြတ်မင်္ဂလာ၊ မြတ်ကြောင်းရှာလျှက်၊ မြတ်စွာဘုရား၊ အပါးပါးရို့၊ တရားကိုယ်ကျင့်၊
၆။ သမ္ဘာရင့်၍၊ ဉာဏ်ပွင့်ကြရာ၊ ယူဇနာမူ၊ သင်္ချာသောင်းမြီ၊
၇။ ကျွန်းသပြီထက်၊ တောဟီ၀န်တောင်၊ ဂနိုင်ချောင်မှ၊ ရီမြောင်ဆင်းစီး၊
(ကာ) ကြော
၁။ ခရီးဝီးဆန့်၊ ရှည်အထွန့်ဖြင့်၊ လိမ်တွန့်မော်ဖြစ်၊ ပတ်ရစ်ဆက်သွယ်၊ ကျယ်ထက်ကျယ်လျှင်၊ ပင်လယ်သို့ပေါက်၊ သမုဒ်ရောက်အောင်၊ ကမ်းလျှောက်သစ်စိုင်၊
၂။ စပ်ယှဉ်ပေါင်းမြက်၊ ချောင်းတက်ကြီးငယ်၊ ကွင်းလယ်ပြင်ဝှန်း၊ ကိုင်းကျွန်းသာလှ၊ ကစ္ဆဘဟု၊ မြစ်မကမ်းလျှောက်၊ ရွှီနန်းဆောက်လျှက်၊ မင်းမြှောက်ထီးဆောင်း၊ ဘုရင်ပေါင်းရို့၊ သင့်ကြောင်းခွန်ထုပ်၊
၃။ ကောက်ခံအုပ်လျှက်၊ သိမ်းချုပ်နတ်တူ၊ စံကြမူသော်၊ ဇမ္ဗူပတ်ကုံမ်း၊ လူအားလုံမ်းလည်း၊ မှီသုံးစွဲစား၊ ဆန်စပါးကြောင့်၊ အခြားတိုင်းမှည်၊ ထိုထိုပြည်မှ၊ ရောက်သည်သင်္ဘော၊
၄။ ရီကြောထွက်၀င်၊ သယ်တင်မနိုင်၊ ပုတ်ရိုင်ကျီပြည့်၊ သွင်းထည့်ထားရာ၊ မဟာဝိဟိံက၊ နာမသတင်း၊ ကောင်းနံမ့်သင်း၍၊ ခပင်းနွယ်ရိုး၊
၅။ အမျိုးမျိုးရို့၊ မှီကိုးသီးသီး၊ ပျော်မညီးသည်၊ တိုင်းကြီးရခိုင်ပြည်လျှင်တည်း။ ။ ရခိုင်နာမည်၊ ဤရွှီပြည်၌၊ ဦးတည်မည်ဟိ၊ သမုတ္တိဟု၊ ဘုမ္မိသခင်၊
၆။ တန်ခိုးထင်သည်၊ ဗုဒ္ဓင်္ဂရ၊ လောကခေါင်ချာ၊ မဟာသမတ်၊ မင်းမြတ်ပုတ္တော၊ ဝရောစခေါ်၊ သားတော်ဆက်စိုး၊ အမျိုးစဉ်ကာ၊ ကုသာနာမ၊ ဘာရာဏရို့၊ ရာဇဂြိုဟ်မည်၊
၇။ မြို့ပြည်တည်လျှက်၊ ထိုသည်ကဖြန့်၊ နယ်ခြားကန့်၍၊ ပွားဆန့်ထီးဆောင်း၊ မင်းအပေါင်းရို့၊ ရောင်မောင်းလင်းထိန်၊ နန်းရွှီအိမ်ထက်၊ စည်းစိမ်ခံကြ၊ ခတ္တိယတွင်၊ ဧကစက္ခု၊
၈။ နာမည်ပြုလျှက်၊ ပြည်ဟုမော်ကွန်း၊ တည်ထွန်းမြောက်ပြီး၊ ထိုမင်းကြီး၏၊ သမီးတော်လှ၊ ဒေ၀ဂမ္ဘာ၊ ရတနာသည်၊ သညာမည်ဟိ၊ အသိတဉ္စန၊ နဂရကို၊ စိုးရသနင်း
(ကာ) ရင်
၁။ ထိုသည်မင်း၏၊ သားရင်းအဟုတ်၊ ဥပ္ပသာဂရ၊ မင်းပျော်လှနှင့်၊ သင့်ကြသော်အား၊ ယောက်ျားတဆယ်၊ နှောင်းငယ်သမီး၊ ဖွား၍ပြီးသော်၊ သားကြီးညီနောင်၊ လက်ရုံးထောင်လျှက်
၂။ ကြံဆောင်ပတ်ကုံမ်း၊ ဇမ္ဗူလုံမ်းကို၊ ခွန်ကျုံးရလျှင်၊ တန်းခိုးထင်သား၊ မြို့ရှင်ကျော်ညာ၊ ဒွါရာ၀တီ၊ ပြည်ပူရီဟု၊ ရံမှီလက်ပြံ၊ ဝဲပျံနီခြင်း၊ သတင်းအလျှောက်၊ ချီလာရောက်သော်၊
၃။ မြို့ပျောက်လီက၊ စုံစမ်းကြမူ၊ တောရချမ်းမြေ့၊ ရသေ့အမြွက်၊ ဆိုချက်ေ၀၀ုတ်၊ စကားငုတ်ကြောင့်၊ ကြံလုတ်မှတ်စွဲ၊ သံဖြင့်တွဲလျှက်၊ အမြဲလေးထောင့်၊
၄။ မြို့စောင့်နီကြ၊ ယက္ခလေးကောင်၊ တန်းခိုးထောင်အား၊ သန်းခေါင်ယံတွင်၊ စားဖွယ်ဆင်သော်၊ ပျော်ရွှင်အားကြိုက်၊ မွိပျော်ခိုက်ကို၊ ခရိုက်အားနှိတ်၊
၅။ သံကွင်းချိတ်က၊ မြဲကြိတ်လက္ချ၊ မြို့ကိုရ၍၊ ထိုမှစသည်၊ ကာလရှည်အောင်၊ နာမည်ဖောက်လွှဲ၊ မြို့သံတွဲဟု၊ မှတ်စွဲလုခွင်၊ ခုတိုင်တွင်သည်၊
၆။ ဘုရင်ရာဇဌာနီတည်း။ ။ ရာဇဌာနီ၊ နန်းသိင်္ဂီမှ၊ ခွန်းဆီဇမ္ဗူ၊ ကျွန်းလုံမ်းယူလျှက်၊ မင်းမူတော်ပြု၊ အောင်ဇေယုဖြင့်၊ ဝါသုဒေ၀၊ မင်းလှလက်ထက်၊ မြို့ပြည်ပျက်၍၊
၇။ ပြီးထွက်ကြသော်၊ နှမတော်ဟု၊ နတ်လျှော်ရူပ၊ အဉ္စနနှင့်၊ ဗြဟ္မသုနြ္ဒီ၊ တူညီမကွာ၊ ဆရာပါ၏။ လမ်းမှာဖီးတွိ၊ မင်းစုတိသော်၊ နောက်ရှိယှဉ်မှီး၊ မင်းသမီးကို၊
၈။ ခရီးအတူ၊ ပုဏ္ဏားယူ၍၊ လားမူနိခြား၊ ဒလက်ဖျား၌၊ တန့်နားနီသော်၊ ထိုသရော်၌၊ တိုင်းတော်ခရိုင်၊ နန်းပိုင်သာမိ၊ ဝေသာလိတွင်၊ မဟိဖောက်ပြန်၊ နတ်ရွာစံမူ၊
(ကိ) ကြော
၁။ ဆက်ခံမင်းလောင်း၊ သားကောင်းမဖြစ်၊ သမီးစစ်သာ၊ ကျိန်းရစ်သဖြင့်၊ ထီးနှင့်တန်သည်၊ မတန်သည်ကို၊ တိုင်းပြည်စက္ခု၊ မတ်တစုရို့၊ ကြည့်ရှုအတွင်း၊ သတင်းစကား၊ ကြားသိငြားသော်၊ ပင့်ခေါ်ထောက်လှန်း၊
၂။ စုံစမ်းကြရာ၊ ပညာမြော်မြင်၊ ဘုန်းကံသျှင်ဟု၊ နန်းတင်လီက၊ ဗြဟ္မဏလည်း၊ တူကွနောက်ပါ၊ နတ်ဆင်းဝါနှင့်၊ ဝေသာမြို့ကြီး၊ မင်းသမီးကို၊ ဆောင်သီးရာထား၊ မိဖုရားဟု၊
၃။ မြှောက်စားတင့်တယ်၊ ပျော်စမ္ပယ်၍၊ နန်းနွယ်ဆက်စိုး၊ ထိုမင်းမျိုးမူ၊ ထီးရိုးခံကြ၊ ကစ္ဆဘနဒီ၊ မြစ်ဆီလက်ယာ၊ မြို့ရာတည်ချဲ့၊ ဘုံနန်းဖွဲ့သား၊ ကိုးဆယ့်ကိုးမြို့၊ လက်ဝဲသို့လျှင်၊ မချို့လည်ကောင်း၊ မြို့အပေါင်း၌၊
၄။ ထီးဆောင်းကြိမ်ကြိမ်၊ အသမ္ဘိန်ဟု၊ ဇနိန္ဒရာဇ်၊ စဉ်ကာဖြစ်သည်၊ နွယ်သစ်ဆက်ကာဆက်ကာတည်း။ ။ နွယ်သစ်စဉ်လျှောက်၊ ဖြစ်မြောက်များမြောင်၊
၅။ ပြည်တည်ထောင်သော်၊ ထို့နောင်ဆက်မှီး၊ မြို့ကပ္ပီးမှ၊ အဇ္ဇုနသည်၊ တရားနှစ်သက်၊ တောသို့ထွက်၍၊ မြိုင်နက်စိမ်းစို၊ ရဂုံခိုလျှက်၊
၆။ ထိုထိုပြောင်းလွှဲ၊ မမြဲနီရာ၊ ဤမြစ်ညာသို့၊ ရောက်လာလတ်ကျင်၊ ပြိုင်ညောင်ပင်ကို၊ မှီကျင်နီထ၊ ထိုကာလ၌၊ သက်မနှင့်မူ၊ အတူနှစ်သက်၊ ရှိအဆက်က၊ မိတ်ဖက်အစစ်၊
၇။ ခင်ပွန်းဖြစ်၍၊ ကြင်ချစ်သဖြင့်၊ သင့်တင့်ခြင်းကြောင့်၊ ဆုံကြပေါင်းသော်၊ မင်းလောင်းသန္ဓေ၊ ထိုမှာတည်၏။ မိုးစွေထန်ပြင်း၊ လီခတ်ခြင်းကြောင့်၊ မြစ်ရင်းမှပြတ်၊
၈။ ပင်လုံးကျွတ်က၊ ထိုသက်မကြီး၊ တက်ကာစီးလျှက်၊ ခရီးရှည်စွာ၊ မျိုးတိုင်းပါက၊ ကိုင်းမှာငြိတင်၊ ထိုတွင်သားဖွာ၊ ဘုန်းကံအားကြောင့်၊
(ကိ) ရင်
၁။ တောလားရှာမှီး၊ သင်းကြီးအောင်လာ၊ မြိုတွိလာ၍၊ ယူကာပိုက်ထွီး၊ သားပြုမွီးက၊ လူရီးသတ္တိ၊ မြောက်သည်ဟိမူ၊ မိမိရင်တွင်း၊ သမီးရင်းနှင့်၊ ဆောက်နှင်းတုံပြု၊ မာရယုဟု၊ ၀န်းစုခစား၊ စွမ်းအားထင်ပေါ်၊
၂။ ပညာကျော်၏။ ထိုရော်အခါ၊ ပြည်မှာဖီးများ၊ ဘီလူးစား၍၊ ပျက်ပြားလီဘိ၊ မင်းမဟိကြောင့်၊ ဝေးရိစောင်မာန်၊ ဘီလူးရန်ကို၊ ပါယ်လှန်အောင်မြင်၊ ရှိဘုရင်၏၊
၃။ နန်းတွင်ရှိထ၊ သမီးလှနှင့်၊ ရာဇဘိသိက်၊ ဆတ်တံဆိပ်ဖြင့်၊ ဖြူရိပ်ဆောင်းကာ၊ သီရိမာ၏၊ မြစ်ညာဒေသ၊ မြို့ရာချလျှက်၊ ဓည၀တီ၊ အောင်ခန်းချီ၍၊ သိင်္ဂီ၀င်းတောက်၊ ရွှီနန်းဆောက်သည်၊
၄။ မင်းမြောက်အောင်စည်ရိုက်ခြိမ့်တည်း။ ။ အောင်စည်ထစ်ကြိုး၊ ဘုန်းတော်တိုးလျှက်၊ တန်ခိုးအနှံမ့်၊ ထိုထိုပြန့်၍၊ ရန်ညွန့်မပေါ်၊ ရွှီနန်းတော်ထက်၊ စံပျော်မင်းပြု၊
၅။ မာရယုသည်၊ ပြောင်းစုတိနောက်၊ သားမြီးလျှောက်လျှက်၊ ထီးအောက်စမ္ပယ်၊ ငါးဆယ်မက၊ လေးယောက်ကျမှာ၊ ကံရာဇာသည်၊ ဖြစ်လာနွယ်မြောက်၊ နှစ်ဆယ်ခြောက်တည့်။
၆။ ထို့နောက်နှံမ့်သိ၊ ဘုန်းတော်ဟိသည့်၊ သီရိရာဇာ၊ မင်းမဟာ၏၊ တောင်ညာနန်းစံ၊ ကုမ္မာရံဟု၊ နာမံဒေဝီ၊ မဟေသီ၌၊ တိထီမာသ၊ ပြာသိုလ၏၊ ပြည့်ထနိတွင်၊ နီ၀င်လုဆဲ၊
၇။ ရဲရဲရောင်ဖြာ၊ စန္ဒရာသည်၊ ပေါ်လာထွက်တုံ၊ လဘုံနီအိမ်၊ ထွန်းပချိန်ကို၊ ချမ်းငြိမ်လွယ်ကူ၊ ဖွားတော်မူ၍၊ သူရိယာစန္ဒ၊ အမည်ရလျှက်၊ တေဇဘုန်းလှိုင်၊ ဘရာထိုင်မူ၊ ဂနိုင်သာမော၊ ဟေ၀န်တောမှ၊
၈။ ကောင်းသောငွေတူ၊ ဆင်ဖြူကိုးစီး၊ သီးသီးရောက်လာ၊ မူးမတ်မှာလည်း၊ များစွာတွက်ကိန်း၊ တသိန်းမြောက်ပေ၊ ရံခြွီရွေတည့်၊ ထီးပြည်နန်းသျှင်၊ များဘုရင်ရို့၊ ခ၀င်ကျိုးနွံ၊ ကျွန်တော်ခံသား၊
(ကီ) ကြော
၁။ ဘုန်းကံကြီးခြင်း၊ ထိုသည်မင်းလျှင်၊ နန်းတွင်းစံပျော်၊ မူခါသော်၌၊ ပြိုင်ဖော်မဟိ၊ သမ္ဘောဓိလည်း၊ များဘိသင်္ဃာ၊ ထေရ်ငါးရာနှင့်၊ အာကာခရီး၊ ယာဉ်ရှင်စီးလျှက်၊ ပြည်ကြီးသမိုင်း၊ ရခိုင်တိုင်းသို့၊
၂။ ဆိုင်းဆိုင်းမတ်မတ်၊ ကြွတုံလတ်၍၊ ပညတ်သညာ၊ သေလာဂီရိ၊ မည်ဟိတောင်ညွန့်၊ ကိုယ်တော်တန့်သည်၊ ရောင်ကွန့်ခြောက်သွယ်ထိန်ညီးတည်း။ ။ ညီးညီးပြောင်ပြောင်
၃။ ခြောက်မည်ရောင်ဖြင့်၊ ထိုတောင်ထိပ်ဖျား၊ ရပ်တန့်နားလျှက်၊ ဘုရားစဉ်လာ၊ ဓမ္မတာဖြင့်၊ ဒိသာ၀န်းလှည့်၊ ရှုကြည့်လတ်လျှင်၊ ယခင်ရှိကျူး၊ ဖြစ်ဖူးဌာန၊ ဒေသမှိုင်းညို့၊ အရပ်ရို့ကို၊
၄။ သို့သို့ဆင်ခြင်၊ သိမြင်တူရူ၊ ပြုံ့တော်မူက၊ လေးဆူဒန္ဒ၊ စွယ်တော်မှသည်၊ တာလသဖွယ်၊ ထန်းလုံးနှယ်လျှင်၊ ရောင်သွယ်လက်လက်၊ ပြီးထွက်လတ်ခါ၊
၅။ အာနန္ဒာသည်၊ သိသာခြေငံ၊ လျှောက်တောင်းပန်က၊ မိန့်သံကျူးကျော်၊ ဤသို့ဖော်၏၊ ညီတော်မှတ်တည်၊ ဤတိုင်းပြည်မူ၊ ပတ်လည်ထူးဆန်း၊ ရွှီဘုံနန်းရို့၊
၆။ မြောက်ထွန်းသမိုင်း၊ ကျွန်းကိုင်းဝှန်းကျယ်၊ ကွင်းပြင်လယ်ဖြင့်၊ ဆန်းကြည်သာမော၊ စာရီပေါအံ့၊ ရောနှောမစွက်၊ ဆန်သက်သက်ရို့၊ မြိန်ယှက်သြဇာ၊ ဖြစ်ခြင်းရာကြောင့်၊
၇။ မြတ်စွာအများ၊ ရှိဘုရားရို့၊ စကားမိန့်ညွှန်း၊ ချီမွှမ်းကုမ်ကြ၊ ဓည၀တီ၊ မည်လတ်ပြီတည်း၊ ငါ့ညီထေရ်မွန်၊ သျှင်အာနန်လေ၊ ရှိလွန်သောခါ၊ ငါမြတ်စွာသည်၊ ဝေသာလိတွင်၊ ဂုဏ်တင်နှံမ့်သိ၊
၈။ ပရောဟိဟု၊ ပဏ္ဍိအင်ပြည့်၊ တပည့်ခြောက်သောင်း၊ ရွေဖော်ပေါင်းနှင့်၊ သူကောင်းတဇစ်၊ ထိုမှာဖြစ်၍၊ ပြေပြစ်ပုံစံ၊ ငါ့သဏ္ဍန်နှင့်၊ တဆံမယုတ်၊
(ကီ) ရင်
၁။ သွန်းလုပ်ပြီးခါ၊ မဟာမုနိ၊ မည်ဟိထင်ရှား၊ ငါ့ကိုယ်စားလျှင်၊ တည်ထားလတ်အံ့။ ရပ်တန့်ခါမှီ၊ အခုနီသား၊ ဖြိုးညီမောက်စွာ၊ သေလာဂီရိ၊ မြင့်ဘိညို့မှောင်၊
၂။ ဤသည်တောင်၌၊ ယခေါင်ရှိဇာတ်၊ ပန်းပွတ်သမား၊ ဖြစ်လတ်ငြား၍၊ နောက်ကားနိဗ္ဗာန်၊ ငါလွန်သောခါ၊ ငါ့ခန္ဓာမှ၊ ခြောက်ဖြာရောင်လွှတ်၊ ကျောက်ရိုးဓါတ်သည်၊ တည်လတ်ထင်ပေါ်၊
၃။ ကျောက်တော်စေတီ၊ ခေါ်ညီအနှံမ့်၊ တွင်လတ္တံ့ဟု၊ မိန့်ညွန့်ဖော်ပြ၊ ထိုမှစ၍၊ ဒေသပတ်လည်၊ ဤတိုင်းပြည်၌၊ ကျင်လည်တော်ဖူး၊ ထူးထူးအရပ်၊ ကိန်း၀ပ်အံ့သည်၊
၄။ ဓါတ်မည်မည်ကို၊ နှုတ်ခြည်စကား၊ ဗျာဒိတ်ကြားက၊ ဘုရားတန်းခိုး၊ ဘုန်းတော်တိုးလျှက်၊ ထစ်ကြိုးပဲ့တင်၊ ငလျင်သိမ့်သိမ့်၊ တော်ကြိမ့်ကြိမ့်နှင့်၊ ငြိမ့်ငြိမ့်သံခြိမ်း၊
၅။ ဒိသာဟိန်းသည်၊ ကြောက်ကြီးဘနန်းဖြစ်သတည်း။ ။ ကြောက်ဖွယ်သောတိတ်၊ ထိုနမိတ်ကြောင့်၊ လန့်ထိတ်အုံမ်းအုံမ်း၊ တရုံမ်းရုံမ်းလျှင်၊ ပြည်လုံမ်းရှိက၊
၆။ နရသခင်၊ ရွှီပြည်သျှင်လည်း၊ ဗေဒင်မြင်သိ၊ ပရောဟိနှင့်၊ ပဏ္ဍိမြှောက်စား၊ မူးမတ်များကို၊ ကြောင်းလျားသိရီး၊ စီးစစ်မီးသော်၊ ကွာဝီးခရီး၊ နတ်ယာဉ်စီးလျှက်၊ ဘုန်းကြီးမုနိန်၊
၇။ မာရဇိန်သည်၊ မြဟိန်ညို့မှောင်၊ သေလာတောင်၌၊ များမြောင်သင်္ဃာ၊ ရဟန္တာနှင့်၊ ကြွလာသောတိတ်၊ နမိတ်မှန်ကြောင်း၊ လျှောက်လီလျှောင်းသော်၊ အကြောင်းစကား၊ မြတ်ဘုရားဟု၊ ကြားသော်ခန၊
၈။ ထိုမင်းလှသည်၊ ထကြွလျှင်ပင်၊ ဖူးမြင်ချင်ကြောင့်၊ ဆင်မြင်းမစီး၊ ဖြူထီးမဆောင်း၊ မူးမတ်ပေါင်းနှင့်၊ ပန်းကောင်းနံသာ၊ လက်စွဲကာဖြင့်၊ လျှင်စွာလှမ်းကြွား၊ ချီကြွလားသော်၊
(ကု) ကြော
၁။ ကိုယ်အားပင်ပန်း၊ ခန္ဓာနွမ်းက၊ စခန်းချရည်၊ ပွဲတော်တည်မူ၊ စားသည်ထမင်း၊ ရောက်ချင်ပြင်း၍၊ မဲဟင်းတစိ၊ မစားမိတည်း။ သတိဆောင်ကာ၊ လားသည်ခါတွင်၊ ဗိုလ်ပါချင်းစပ်၊ ထူထပ်ညံညံ၊
၂။ အသံမစဲ၊ သဲသဲအုမ်းအုမ်း၊ တရုမ်းရုမ်းနှင့်၊ ပြင်လုမ်းပြွန်းပြွန်း၊ ပြည့်တင်းကျန်းကြောင့်၊ မြုံလွှမ်းဖုံမ်းအုပ်၊ မြီမှုန့်ချုပ်က၊ ကဲဆုပ်မပေါက်၊ တောင်မြောက်၀န်းကျင်၊ မမြင်တုံက၊ လမ်းမရသော်၊ ဗုဒ္ဓသို့ရွယ်၊ ရှိကိုးကွယ်မူ၊
၃။ ဘုန်းကြွယ်ခေါင်ထွတ်၊ ဘုရားမြတ်သည်၊ ရောင်လွှတ်ခါတုံ၊ အကုန်လင်းဘိ၊ လမ်းစမ်းသိလျှက်၊ ရွှင်ဘိလျှင်ပြင်း၊ လားလီလျှင်းသော်၊ ခြီရင်းတော်၌၊ ဦးက္ခောင်းဆိုက်၍၊ လက်ခိုက်ရိုကျိုး၊
၄။ လွန်မြတ်နိုးလျှက်၊ ရှိခိုး၀မ်းမြောက်၊ ပန်းပေါက်ပေါက်ဖြင့်၊ ချီမြှောက်ပူဇော်၊ ပြုကြသော်လျှင်၊ မိန့်တော်မြွက်ဟ၊ တရားပြသည်၊ ဓမ္မရစီသောကြောင့်တည်း။ ။
၅။ ဓမ္မရဇေ၊ အစိန္ဒေလျှင်၊ ဟောပေမိန့်ကြား၊ ထိုတရားကို၊ ချမ်းနား၀င်ထ၊ ပီတိ၀၍၊ နရသခင်၊ ထိုပြည်သျှင်သည်၊ ဦးတင်တဖန်၊ လျှောက်တောင်းပန်၏။ အကျွန်ုပ်သည်၊
၆။ မြတ်သုံးမှည်ကို၊ ကြည်ကြည်ညိုညို၊ ဆွမ်းလှူလို၍၊ ပုဂ္ဂိုလ်ထိပ်စု၊ သပ္ပညုသည်၊ ယခုနောက်ပါ၊ ရဟန္တာနှင့်၊ မဟာဘုန်းထွန်း၊ ကျွန်ုပ်နန်းသို့၊ ကြွမြန်းတော်မူ၊ သယမ္ဘူဟု၊ ကြည်ဖြူသောစိတ်၊ ပင့်ဖိတ်တုံပြီး၊
ရ။ မင်းကြီးအလျှင်၊ မြို့တော်၀င်က၊ မြတ်သျှင်လူ့ထွတ်၊ နတ်ထက်နတ်လျှင်၊ ပြဿဒ်ယာဉ်ဆောင်၊ ညီးပြောင်ပြောင်နှင့်၊ ခြောက်ရောင်တော်လင်း၊ သုံးလူ့မင်းသည်၊ ဖြောင့်စင်းကြွယွန်း၊ လီသာနန်း၌၊
၈။ တောက်ထွန်းရောင်မြစ်၊ ရွှီစက်ဆိုက်က၊ အလိုက်သိခြင်း၊ ပြည်သျှင်မင်းလျှင်၊ မြတ်ခြင်းနီရာ၊ ဆန်းကြည်စွာကို၊ ပျင်ကာထားပြီး၊
(ကု) ရင်
၁။ မြတ်စောထီးလည်း၊ သီးသီးထေရ်ပျံ၊ အရဟံနှင့်၊ ကောင်းမွန်ဣနြေ္ဒ၊ ငြိမ်သက်တည်၏။ ရွှီပြည်သခင်၊ ထီးနန်းသျှင်လည်း၊ စီရင်ကောင်းမွန်၊ သလေးဆန်၌၊ နို့သွန်လောင်းဖြည့်၊ မထည့်ရီစက်၊ နို့သက်သက်တိ၊
၂။ လောင်းချက်ဂဏှာ၊ ထိုသြဇာနှင့်၊ ရသာထူးခြား၊ အပြားပြားကို၊ ရွှင်အားနှစ်သက်၊ မိမိလက်ဖြင့်၊ ကပ်လျှက်မြတ်လေး၊ ဆွမ်းလုပ်ကျွေး၏။ စည်းဝေးနောက်ပါ၊ အရိယာကို၊
၃။ မတ်ရာရာရို့၊ အစို့စို့မူ၊ နှစ်လို့ကြည်ဖြူ၊ လုပ်ကျွေးလှူ၏။ နတ်လူရို့ထီး၊ ဘုန်းပီးပြီးသော်၊ မင်းကြီးကစ၊ ထိုမှမူးမတ်၊ ပရိဿတ်အား၊ လျှောက်ပတ်သာမော၊ တရားဟော၏။
၄။ မင်းစောမဟာ၊ ထိုရာဇာလည်း၊ သဒ္ဓါလွန်ကဲ၊ မရောင့်ရဲသည်၊ ၀မ်းထဲပီတိစိမ့်သတည်း။ ။ ၀မ်းထဲပီတိ၊ နှစ်သက်ဘိ၍၊
၅။ သူရိယစန္ဒာ၊ မင်းမဟာမူ၊ ထိပ်မှာလက်မြှောက်၊ ဤသို့လျှောက်၏၊ နှစ်ယောက်မတွင်၊ ဘုံသုံးခွင်၀ယ်၊ မမြင်ဖက်တု၊ သပ္ပညုဟု၊ ယခုကျွန်ုပ်၊ မြတ်ခေါင်ချုပ်အား၊
၆။ လက်အုပ်ဖော်ဖော်၊ ပူဇော်၀န္ဒန၊ ဖူးတွိရသည်၊ မ၀မှတ်စွဲ၊ မရောင့်ရဲ၍၊ အမ့်အဲမနိုင်၊ နိဗ္ဗာန်ပိုင်သည်၊ ခရိုင်နီငြား၊ တိုင်းတပါးသို့၊ ကြွလားပေမူ၊ သောကထူလိမ့်၊ အယူစိတ်ကြည်၊
၇။ သတိတည်အောင်၊ သုံးမည်လူ့ဖျား၊ မြတ်ဘုရားနှင့်၊ မပြားမယွင်း၊ ရုပ်တော်ဆင်းဟု၊ ခပင်းပတ်ကုံမ်း၊ လူအားလုံမ်းရို့၊ စုရုံမ်းဦးချ၊ ကိုးကွယ်ရအောင်၊ ဗုဒ္ဓထွတ်ခေါင်၊ ငါးမာရ်အောင်သည်၊
၈။ လူ့ဘောင်ကြီးမား၊ ကျွန်ုပ်အားကို၊ သနားသဖြင့်၊ ထားသင့်ပါကြောင်း၊ အခွင့်တောင်းသော်၊ ရောင်မောင်းလင်းထိန်၊ မာရဇိန်လည်း၊ ချင့်ချိန်ဉာဏ်တော်၊ ကြည့်ရှုမျော်မူ၊ နောင်သော်ရှည်ကြာ၊ သာသနာသည်၊
(ကူ) ကြော
၁။ မြင့်စွာအဓွန့်၊ တည်လတ္တံ့ကြောင်း၊ ကောင်းအံမ့်မိန့်သံ၊ ပဋိညာဉ်ဖြင့်၊ ၀န်ခံလီက၊ ရွှင်ဇောတ၍၊ နရသာမိ၊ မင်းဘုန်းဟိသည်၊ များဘိဥစ္စာ၊ ရတနာရည်၊ ကိုးကုဋေကို၊ ယူစေပြီးတုံ၊ စုပျာပုံလျှက်၊ သုံးပုံမှန်ကင်း၊
၂။ တရားမင်းအား၊ လျှောက်တင်ကြားသော်၊ ဘုရားမြတ်စွာ၊ သမ္ဗုဒ္ဓါလည်း၊ ဒေဝါမည်ခြင်း၊ သိကြားမင်းကို၊ ထံရင်းသို့ယူ၊ ခေါ်တော်မူလျှက်၊ ငါ့တူပုံပြု၊ ငါ့ရုပ်ထုလျှင်၊ ပေါင်းစုပစ္စည်း၊
၃။ ဤမှတည်းဖြင့်၊ ငါ့နည်းဖြစ်စီ၊ သွန်းလုပ်လီဟု၊ လုဆွီသျှင်ချစ်၊ ခုနှစ်လက်ခုပ်၊ ကိုင်အုပ်ကာလုံမ်း၊ ယူကျုံးပြီးသော်၊ မိုးနတ်ကျော်အား၊ အပ်တော်မူက၊ ဝါသ၀လည်း၊ ၀င်းပရောင်မောင်း၊
၄။ ရွှီပန်းတောင်းဖြင့်၊ ညွတ်ပျောင်းခံတုံ၊ ဝိသကြုံနှင့်၊ တူစုံလွယ်ကူ၊ မြတ်ဆင်ဖြူထက်၊ တင်ယူဆင့်တိုး၊ ထီးဖြူမိုးလျှက်၊ မြတ်နိုးဒေသ၊ ရှုကုမ်ကြ၍၊ ဓည၀တီ၊ မြို့ဆီမဖြောင့်၊
၅။ ရှိတောင်ထောင့်၀ယ်၊ နတ်စောင့်ဘုမ္မိ၊ သီရိဂုတ်တောင်၊ ဗွီခေါင်ထိပ်ထက်၊ တည်ရာတွက်လျှက်၊ ပြိုးပြက်ရောင်လွှတ်၊ မဏ္ဍပ်စီရင်၊
၆။ တန်းဆာဆင်သည်၊ ထွက်၀င်လူပုံနတ်ပေါင်းတည်း။ ။ လူပုံနတ်ပေါင်း၊ သောင်းသောင်းသဲသဲ၊ နတ်ပွဲပြုလုပ်၊ တီးမှုတ်ငြိမ့်ငြိမ့်၊ ပဲ့တင်ထိန့်မျှ၊ ခြိမ့်ခြိမ့်အုမ်းအုမ်း၊ တရုံမ်းရုံမ်းနှင့်၊ ခြုံမ်းခြုံမ်းသံမြည်၊ လူနတ်စည်ရို့၊ ပတ်လည်သံထွက်၊ ခုနှစ်ရက်တိုင်၊
၇။ အဆိုင်ဆိုင်လျှင်၊ မြိုင်မြိုင်ဆိုက၊ ငါး၀ပဉ္စင်၊ တီးသံလွင်ဖြင့်၊ ပျော်ရွှင်သီးသီး၊ ပွဲကြီးခင်းခင်း၊ သွန်းစဉ်တွင်း၀ယ်၊ မင်းထက်မင်းဖျား၊ မြတ်ဘုရားအား၊ လျှောက်ကြားပေလျှင်၊
၈။ သုံးလူ့သျှင်လည်း၊ ရွှီရင်တော်ငွေ့၊ ယူပွေ့လက်ခုပ်၊ ထိုမှာအုပ်လျှက်၊ ငါ့ရုပ်တော်ကြီး၊ အပြီးငါ့နှယ်၊ တင့်တယ်ပြေပြစ်၊ ယခုဖြစ်၍၊ အနှစ်မြင့်ရှည်၊ တည်ရစ်ပေဟု၊ မိန့်ပေလတ်မူ၊
(ကူ) ရင်
၁။ သယမ္ဘူနှင့်၊ ပုံတူသဏ္ဍန်၊ တဆံမယိမ်း၊ မတိမ်းညီညာ၊ စုံအင်္ဂါဖြင့်၊ ကောဇာရောက်ထ၊ တရာ့လေးဆယ်၊ စွန်း၀ယ်ခုနှစ်၊ ကြိုးထစ်သံပြု၊ မိုးဥတုသည်၊ ကုန်လုခါနီး၊ ထွန်းညီးရောင်လွှတ်၊
၂။ နက္ခတ်လျှံန်ပြာ၊ ကြတ္တိကာသည်၊ ရောင်ဝါတောက်ပ၊ တန်းဆောင်လ၏၊ ဆန်းစတက်သစ်၊ ခုနှစ်ရက်မှာ၊ နိဇီဝါတွင်၊ မြတ်စွာဘုရား၊ ကိုယ်စားရုပ်ကြီး၊ သွန်းလုပ်ပြီးမူ၊ ညီးညီးပြောင်ပြောင်၊ အရောင်လှပ်လှပ်၊ တန်းခိုးလွှတ်သော်၊
၃။ များနတ်ဗြဟ္မာ၊ စုရုံမ်းလာ၍၊ မြတ်စွာထွတ်တင်၊ ဗောဓိပင်၌၊ ဉာဏ်မြင်ခါသို့၊ နတ်လူရို့မူ၊ နှစ်လို့ဖူးမျှော်၊ ပူဇော်သောင်းသဲ၊ ဖြန့်ကြဲဖြောက်ဖြောက်၊ ပေါက်ပေါက်ပြည့်လျှန်း၊ နတ်ပန်းဖြိုးဖြိုး၊ ရွာသည့်မိုးသို့၊
၄။ မှုတ်ကြိုးသံညောင်း၊ နတ်စည်စောင်းနှင့်၊ လူပေါင်းအားကြီး၊ သီးသီးထိုက်ထိုက်၊ ကျွီးကြော်ခိုက်ကို၊ သောင်းထိုက်ဖြုတ်ဖြုတ်၊ ငယင်လှုပ်သည်၊ အုပ်အုပ်ပဲ့တင်နမိတ်တည်း။ ။
၅။ နမိတ်ဦးဦး၊ ထူးထူးပြလာ၊ ဗျာဒိဟာရို့၊ ရာဇဘုရင်၊ တက်တက်မြင်က၊ မြတ်သျှင်မကိုဋ်၊ ခြီတော်၌ပင်၊ ဦးခိုက်၀ပ်စင်း၊ သဒ္ဓါပြင်း၍၊ ဖြစ်ခြင်းပီတိ၊
၆။ ဂွမ်းဆီထိသို့၊ ပျောင်းအိဖိန့်ဖိန့်၊ ကိုယ်လုံးစိမ့်လျှက်၊ ငြိမ့်ကာမိန့်မော၊ ဘ၀င်ဇောဖြင့်၊ ဟိသောခါသည်၊ သတိတည်၍၊ စိတ်ကြည်လတ်သော်၊ ရုပ်ထုတော်ကို၊ ပူဇော်နှစ်သက်၊ ပလ္လင်ထက်သို့၊
၇။ တင်လျှက်ထားကာ၊ ရတနာရောင်၊ လင်းပြောင်ညီးညီး၊ သိမ်တော်ကြီးဟု၊ လုပ်ပြီးပြေပြစ်၊ စုလစ်မွန်းချွန်၊ စီမွန်လုံမ်းခြုံ၊ တန်းဆာစုံလျှက်၊ ဘုံအဆင့်ဆင့်၊ လှတင့်ထူးမြတ်၊ ကျောင်းပြဿဒ်နှင့်၊
၈။ လျှောက်ပတ်စီသား၊ လှူတည်ထား၍၊ ဘုရားမြတ်သျှင်၊ ကြွစီချင်ဟု၊ လျှောက်တင်ပြန်သော်၊ မြတ်ဇိနော်သည်၊ ကြွတော်မူခါ၊ မင်းရာဇာလည်း၊ တန်းဆာဆင်ပြီး၊ လမ်းခရီးဖြင့်၊ ထွန်းညီးရောင်ရွှန်း၊
(ကေ) ကြော
၁။ ခြီတော်လှမ်းလျှက်၊ ဆန့်တန်းရှုမျော်၊ ကြည့်လတ်သော်လျှင်၊ ရုပ်တော်မုနိ၊ သက်ဟိသဖွယ်၊ ဝိညာဉ်တွယ်သို့၊ ဘုန်းကြွယ်ထွတ်ထား၊ နောင်ဘုရားကို၊ လား၍ရှိဆီး၊ ခရီးဦးကြို၊ ဆိုလိုသောယောင်၊
၂။ မြတ်ဘုန်းခေါင်၏၊ ဂုဏ်ဆောင်တေဇော်၊ တန်းခိုးတော်ကြောင့်၊ ရှုမျှော်ခုခု၊ ထလုထချင်၊ ထိုအသွင်ကို၊ မြင်လတ်တုံသော်၊ စိန္တေယော်သည်၊ ခြီတော်ရပ်တန့်၊ လက်တော်ဆန့်လျှက်၊ တားဟန့်မြစ်တော်မူလတ်တည်း။ ။
၃။ တားဟန့်မြစ်တော်၊ မူလတ်သောခါ၊ ရတနာကောင်း၊ များစွာပေါင်းလျှက်၊ သွန်းလောင်းပုံစံ၊ သိကြားဖန်၍၊ ငါ့ဟန်ရုပ်တော်၊ လွန်သင့်လျှော်သည်၊ ညီတော်ရောင်ညီး၊ မြတ်မုနိဟု၊ ဂုဏ်ဟိနှံမ့်ကြား၊ ငါဘုရားသည်၊
၄။ သက်အားသျှစ်ဆယ်၊ အရွယ်ရောက်လာ၊ များမကြာလျှင်၊ နိဗ္ဗာန်၀င်လိမ့်၊ ငါ့သွင်ပုံထား၊ ငါ့ကိုယ်စားသည်၊ ထင်ရှားရောင်လွှတ်၊ လူနတ်ဆုရွယ်၊ အကိုးကွယ်ကို၊ ငါ့နှယ်ခံကာ၊
၅။ သာသနာသည်၊ မြင့်ကြာများမြောင်၊ နှစ်ငါးထောင်သည်၊ ရှည်အောင်တည်ရစ်၊ ငါ့ညီစစ်ဟု၊ ဖွင့်လှစ်သံတော်၊ ဗျာဒိတ်ဖော်၍၊ ထိုရော်အခါ၊ သူရိယစန္ဒ၊ ၀မ်းမြောက်လှ၍၊
၆။ နရသခင်၊ ဇောရွှင်ကြည်ဖြူ၊ ဆွမ်းကပ်လှူသော်၊ နတ်လူရို့ထီး၊ ဘုန်းပီးပြီးခါ၊ မိစ္ဆိမာ၀ယ်၊ သာ၀တ္ထိပြည်၊ စိုးသည်ရာဇ၊ ကောသလသည်၊ ဗုဒ္ဓကိုယ်စား၊ တည်ထားသင့်ကြောင်း၊
၇။ လျှောက်တောင်းပန်မူ၊ စန္ဒကူဟု၊ မွှီးကြူနံ့ထွက်၊ သရက္ခံသစ်၊ အနှစ်ဖြင့်ထူး၊ ရုပ်ဆင်းထုကို၊ ပြုပြီးသောခါ၊ ဒေသနာနှင့်၊ ခြင်းရာမပြား၊ ထူးမခြားပင်၊ ဘုရားသျှင်စော၊ တရားဟောက၊ နာသောလူနတ်၊ ပရိဿတ်ရို့၊
၈။ အကျွတ်ဓမ္မ၊ ရကုန်ကြ၏။ များထနတ်လူ၊ တိုင်းပြည်သူလည်း၊ နှစ်ဆူဘုရား၊ ဖြစ်သည်ကားတည်း၊ ကိုယ်စားအားလျှင်၊ ဤပင်သတ္တု၊ သပ္ပညုဟု၊ ကြည့်ရှုနှိုင်းရှိ၊ မှန်းမသိအောင်၊ ညီးပြောင်ပြောင်တည့်။
(ကေ) ရင်
၁။ လူ့ဘောင်တင့်တယ်၊ အံဖွယ်သူရဲ၊ မြတ်စွဲရတုံ၊ ပြောမကုန်ဟု၊ လူပုံနှစ်သက်၊ ရွှင်အားတက်သည်၊ ဖူးလျှက်ရှုမျော်မညီးတည်း။ ။ ရှုမျော်မညီး၊ အသီးသီးလျှင်၊ ပြည်ကြီးအတွင်း၊ လူခပင်းရို့၊
၂။ ၀ပ်စင်းဦးတင်၊ ဖူးစဉ်တွင်၀ယ်၊ များသင်္ဃာပျံ၊ အရဟံနှင့်၊ ရောင်လျှံပြိုးပြက်၊ နတ်ယာဉ်ထက်သို့၊ တက်စီးပြီးခါ၊ ဘဂဝါသည်၊ ဒွါရာ၀တီ၊ ပြည်ဆီသို့ရွယ်၊ ကြွတုံပေ၏။ ကြီးတေဇာသံ၊ ဘုန်းကံတော်လင်း၊ ဇမ္ဗူချင်းသား၊
၃။ မင်းဓိပတိ၊ သူရိယစန္ဒ၊ သာသနဒါယကာ၊ ထိုရာဇာသည်၊ မဟာမုနိ၊ ထွန်းညီးပြောင်လွှတ်၊ ဆင်းထုမြတ်ကို၊ ဖြည့်၀တ်နိညည့်၊ ဓလေ့ပြုပြု၊ ကောင်းမှုထပ်လောင်း၊ ဆုတော်တောင်းလျှက်၊
၄။ အပေါင်းပြည်သား၊ ပုညပွားအောင်၊ တရားသဖြင့်၊ သဂြိုဟ်ပင့်လျှက်၊ မင်းကျင့်မမှား၊ ပျော်စံစား၍၊ ဖြောင့်သောတသီး၊ နတ်ရွာမှီးမူ၊ သားကြီးနာမ၊ သူရိယဓိပတိ၊ အမည်ဟိလျှက်၊ ဘုမ္မိပြည်ပိုင်၊
၅။ ဘရာထိုင်၍၊ ရိပ်မြိုင်စမ္ပယ်၊ သားမြီးစွေလျှက်၊ ဆက်နွယ်စဉ်လာ၊ သူရိယကေတု၊ မင်းဟုသက္ကျ၊ ခတ္တိယရို့၊ ဓည၀တီ၊ မြို့ဌာနီ၌၊ လီလီမင်းကား၊ နှစ်ဆယ်ငါးတည်း၊
၆။ စံစားရှည်ကြာ၊ ခုနှစ်ရာဆယ်၊ ခြောက်နှစ်ကယ်၏။ နောက်၀ယ်နှံမ့်သိ၊ ဝေသာလိတွင်၊ သူရိယတဉ္စန္ဒရား၊ စသောအားဖြင့်၊ နောက်ကားပဲဖြူ၊ မင်းမူနောက်နှောင်း၊ ယိုးချောင်းနံယောင်၊
၇။ သပိတ်တောင်၌၊ တန်းဆောင်သမုဒ်၊ စန္ဒဂုတ်ဟု၊ မင်းလုပ်သည်ဖြစ်၊ တဆယ့်သျှစ်နှင့်၊ တွက်စစ်ရွီပြ၊ နန်းစံချမူ၊ လေးရာ့သုံးဆယ်၊ စွန်းသည်သုံးနှစ်၊ ပေါင်းဖြစ်မြို့သက်၊ မင်းဆယ်ဆက်ရို့၊ တက်လှစ်စံလျှက်၊
၈။ စမ္ပ၀က်၌၊ မင်းဆက်ပြလျှင်၊ ငမင်းငတုံ၊ အစရုံလျှက်၊ နောက်တုံမည်ဟိ၊ မင်းပတိရောက်၊ ထီးအောက်စံစား၊ ဆယ့်ငါးမင်းဆက်၊ မြို့သက်မှာမူ၊ စရာန၀၊ အစ်လျှင်ကျ၏။ ထိုမှနန်းအိမ်၊
(ကဲ) ကြော
၁။ ပရိန်မြို့မှာ၊ လက်ယာမင်းနန်၊ အစစံ၍၊ အနန္ဒသီရိ၊ သို့ထီးသျှစ်ယောက်၊ အသက်ထောက်က၊ တရာ့ခုနှစ်ဆယ်၊ သျှစ်နှစ်ကယ်သည်၊ နန်း၀ယ်စံကြမြို့သက်တည်း။ ။ စံကြသို့သို့၊
၂။ ဝေမို့မို့နှင့်၊ ခြိတ်မြို့ဦးဖျား၊ မင်းဘုန်းစားမှ၊ ပြန်ပွားနောက်ဆုံး၊ ငနှလုံးတိုင်၊ လက်ရုံမ်းဆိုင်လျှက်၊ စိုးပိုင်မင်းကား၊ ဆယ့်ငါးဖြစ်ပေ၊ စံသည်နောဒွါ၊ မြို့ဇီဝါတည်း။ အလောမာဖြူ၊ မင်းမူတုံလျှက်၊
၃။ မြို့လောင်းကြက်တွင်၊ နန်းဆက်နောက်စံ၊ စောမွန်သို့ရောက်၊ စဉ်လျှောက်ကာဖြစ်၊ ဆယ့်ခုနှစ်တည့်။ ရန်စစ်ထောင်လာ၊ မြမ္မာတလိုင်း၊ ပြည်တိုင်းကိုလု၊ စစ်မက်တုလျှက်၊
၄။ မင်းပြုခါဖြစ်၊ နှစ်ဆယ့်တစ်နှင့်၊ တွက်စစ်အတ်ပိည်၊ ဒွေတိည်ဤသို့၊ နှစ်ပေါင်းရို့တွင်၊ ရွှီမြို့မြောက်ဦး၊ တည်ကူးသင်္ချာ၊ ကောဇာစွဲမှတ်၊ ဒွိနောသတ်ဖြင့်၊
၅။ ပညတ်ကာပြု၊ ယခုရောက်ဖြစ်၊ သက္ကရာဇ်တိုင်၊ သျှင်ချစ်ရောင်လင်း၊ ရုပ်တော်ဆင်းကို၊ သွန်းရင်းကောဇာ၊ ထိုသင်္ချာနှင့်၊ ရွီကာချင့်ချိန်၊
၆။ မြို့ကြိမ်ကြိမ်တွင်၊ ဇနိန္ဒဆို၊ မင်းထိုထို၏၊ ထီးကိုရိပ်ဆောင်း၊ စံလီကြောင်းဖြင့်၊ ရုံးပေါင်းသောခါ၊ သာသနာနှင့်၊ ညီလာသည်ဖြစ်၊ ဤသို့စစ်လျှက်၊ သနစ်ကြည်ဖြူ၊ နောင်သျှင်လူရို့၊ အယူမပြား၊
၇။ သတိထား၍၊ မှတ်သားစိမ့်ငှာ၊ အမြွက်မှာသည်၊ လင်္ကာသံချိုနားငြိမ့်တည်း။ ။ သံချိုငြိမ့်ငြိမ့်၊ နားကိုစိမ့်အောင်၊ ကြားပိမ့်တိလင်း၊ စကားယှင်းအံ့၊ သွန်းရင်းမူလ၊ ထိုမှစ၍၊ ဓည၀တီ၊ ဝေသာလီက၊
၈။ နောက်ပြီးမြို့ကွက်၊ စမ္ပ၀က်နှင့်၊ နောက်ဆက်ဘုံအိမ်၊ ပုရိန်ခြိတ်မြို့၊ မင်းရို့ပညတ်၊ လောင်းကြက်မြောက်ဦး၊ မည်ထူးနာမ၊ ခြောက်ဌာနတွင်၊ ဇီဝြမို့သက်၊ နှစ်ကိုတွက်လျှင်၊
(ကဲ) ရင်
၁။ ရောက်ထွက်ကောဇာ၊ သင်္ချာတွက်စစ်၊ သက္ကရာဇ်တိုင်၊ စီးစစ်ဖွေရှာ၊ သာသနာနှင့်၊ နှိုင်းကာချင့်ထောက်၊ ပို၍မောက်၏၊ နောက်သို့မဆုတ်၊ မယုတ်အလျဉ်၊ မင်းစဉ်နန်းသက်၊
၂။ ဟိပါလျှက်ကို၊ ယွင်းကွက်အယူ၊ တချို့လူရို့၊ နည်းယူမတွိ၊ စုံစိကျမ်းတွင်၊ ရာဇ၀င်က၊ ယခင်ထုံးဟောင်း၊ အကြောင်းသဘော၊ နှီးနှောမဟိ၊ ပြောမိပြောရာ၊ ဝါသနာဖြင့်၊ မဟာမုနိ၊
၃။ တည်ဟိကိုယ်စား၊ ရုပ်တော်ပွားကို၊ ဘုရားနိဗ္ဗာန်၊ လွန်သည်နောက်မှ၊ သွန်းလုပ်ကြ၏၊ ဗုဒ္ဓလက်ထက်၊ သွန်းစက်မဟုတ်၊ ဧကဝုစ်ဟု၊ ဖော်ထုတ်ပြောခါ၊ မလိမ္မာရို့၊ ခြင်းရာစကား၊ ငြင်းခုံများ၍
၄။ လေးပါးပါယ်ဘုံ၊ မယုံစိတ်နေ၊ ဖြစ်တုံပေမူ၊ ဗုဒ္ဓင်္က္ခတိ၊ အစဟိသား၊ ပါဠိအလာ၊ ကျမ်းမှာစကား၊ ငြောင့်ငါးစင်းတွင်၊ တချောင်း၀င်လိမ့်၊
၅။ အထင်ယွင်းချွတ်၊ သို့မမှတ်လင့်၊ တရားချင့်လော့၊ မသင့်စကား၊ ဤသို့ကြား၍၊ ဘုရားမှုထမ်း၊ မြတ်ရာလှမ်းသား၊ မဂ်လမ်းတီထွင်၊ များသင်္ဃာထဲ၊ ကြီးကဲဖြစ်မြောက်၊ ပါမောက္ခမည်၊
၇။ တည်ကြည်သိက္ခာ၊ ဂုဏာစရိယ၊ နာမတွင်လျှောင်း၊ သံချောင်းဟုကျော်၊ ဆရာတော်လျှင်၊ နှိုးဆော်ညှိနှိုင်း၊ အလုပ်ခိုင်း၍၊ ဆန်းဂိုဏ်းဆင်ခြင်၊ ရာဇ၀င်ဖြင့်၊ နည်း၀င်ရုံးစု၊ စီကုံးပြုသည်၊ ဝေဠုဝိဟာ၊
၈။ ကျော်ဇောစွာသား၊ ဆရာလူထွက်၊ လင်္ကာဆက်သည်၊ ဝိတက်ငြိမ်းစီသောကြောင့်တည်း။ ။ မှတ်သားလူသျှင်၊ ရွှီနားတင်လော့၊ သုံးခွင်ထိပ်စု၊ သပ္ပညု၏၊ ရုပ်ထုတော်ဖြစ်၊
(ကော) ကြော
၁။ သွန်းသည့်နှစ်နှင့်၊ တွက်စစ်ကြည့်ရာ၊ သာသနာနှင့်၊ များစွာမြို့သက်၊ ညီပေလျှက်တည်း၊ မင်းဆက်ရို့တွင်၊ သို့ဆင်ခြင်လော့၊ အကြင်မင်းတုံ၊ ခန္ဓာကုန်အောင်၊ လုံမ်းစုံနှစ်လျှောက်၊
၂။ နန်းစံမြောက်၏။ တယောက်မင်းပြု၊ ထိုခုသက္ကရာဇ်၊ အစဖြစ်ဟု၊ တွက်စစ်စုရုံမ်း၊ သီဆုံးနှစ်ပင်၊ နန်းနီ၀င်၏။ သီရှင်နှစ်ရပ်၊ ခုချင်းထပ်၏။ မှတ်အပ်သတိ၊ ဤသို့ဟိလော့၊ သူရိယစန္ဒ၊ မင်းဖြစ်စက၊ ဗုဒ္ဓမရောက်၊
၃။ မည်မျှလောက်မှ၊ ကြွမြောက်လာသည်၊ ရုပ်ပွားတည်ဟု၊ အရှည်အတို၊ နှစ်ကိုချင့်ရှု၊ မင်းအာယု၌၊ စိငုသင့်ရာ၊ တိုင်းပြည်မှာလည်း၊ ရာဇာမင်းမြတ်၊ နှစ်လတ်ဟိသင့်၊ မဟိသင့်ဟု၊ ထောက်ချင့်စုံစမ်း၊
၄။ ဤသို့မှန်းလော့၊ ဂဏန်းပေါက်လှဲ၊ နန်းသက်ထဲတွင်၊ ကွဲလွဲသတတ်၊ အရေးချွတ်လို့၊ အမှတ်ရချင်၊ ရာဇ၀င်ကို၊ သိမြင်လွယ်အောင်၊ အစောင်စောင်နှင့်၊ ဖက်မျှောင်တိုက်ဆိုင်၊
၅။ စာချင်းပြိုင်လျှက်၊ မဏ္ဍိုင်အတူ၊ များရာယူလော့၊ စိတ်ခြူသောခါ၊ နည်းနာနှင့်ယှင်း၊ ပညာလင်းအံ့၊ ကံငြင်းသည်ဟိတ်၊ နှလုံးပိတ်လျှက်၊ ကြည်စိတ်ဖြစ်မှ၊ ကုသိုလ်ရသည်၊
၆။ သုခရလွယ်မဂ်ဖိုလ်တည်း။ ။ မဂ်ဖိုလ်ရွယ်ရူ၊ အိုပြည်သူရို့၊ အယူသတိ၊ ဤသို့ဟိလော့၊ များဘိလူ့စည်၊ ငါရို့ပြည်၌၊ ဓွန့်ရှည်မြင့်ကြာ၊ သာသနာနှင့်၊ မြတ်စွာကိုယ်စား၊ ရုပ်တော်ပွားကို၊
၇။ တည်ထားခယ့်ခြင်း၊ တရားမင်းကား၊ ခပင်းသျှင်လူ၊ ခပ်သိမ်းသူကို၊ သားတူပမာ၊ ရာဟုလာသို့၊ မေတ္တာတော်ပွား၊ လွန်သနားလျှက်၊ နောင်ကားချမ်းငြိမ်၊ လူ့စည်းစိမ်နှင့်၊ နတ်အိမ်ဗိမှာန်၊
၈။ နိဗ္ဗာန်မဂ်ဖိုလ်၊ ရစီလို၏။ ကုသိုလ်ဖြစ်မှု၊ ဤသို့ရှုလော့၊ ဆင်းထုရောင်ဖြာ၊ မဟာမုနိ၊ မည်ဟိထင်ရှား၊ ကိုယ်တော်စားကို၊ ကိုယ်ကားကြုံကြိုက်၊ ဖူးတွိထိုက်၍၊ ဦးတိုက်ရသည်၊
(ကော) ရင်
၁။ တိုင်းပြည်အထဲ၊ အယူလွဲနှင့်၊ စိတ်စွဲမဟိ၊ သတိညံန့်ပျော့၊ ပေါ့လျော့သောသူ၊ ထိုသူအားလုံမ်း၊ ဘ၀ယှုံးသည်၊ ကျွန်းဆုံးမြီခြား၊ ဝီးရပ်သားလည်း၊ အင်အားမခိုင်၊
၂။ မရောက်နိုင်တည်း။ ကံဆိုင်၍တုံ၊ ငါရို့ကြုံဟု၊ ကြည်ယုံဇောနူး၊ ဘုရားထူးကို၊ စိတ်ကူးဖြောင့်ဖြောင့်၊ သတိစောင့်လော့။ ကြုံခေါင့်ကြုံခဲ၊ လူ့ဘုံပွဲ၀ယ်၊ အမ့်အဲမနိုင်၊ နှိုင်းပြိုင်မဟိ၊ မြတ်မုနိကို၊
၃။ မျက်စိထင်ထင်၊ ဖူးမြင်ရှုမျော်၊ ပူဇော်ရှုလီ၊ မသီခင်၌၊ ဦးတိုက်ရကြောင်း၊ လွန်ကံကောင်းဟု၊ ဆုတောင်းဆုယူ၊ ပြုသောသူကား၊ ဤလူ့ဘ၀၊ စုတိခသော်၊ လေး၀အပါယ်၊
၄။ မတွယ်တဆစ်၊ အရပ်ပြစ်သို့၊ မဖြစ်တုံခြင်း၊ ဖီးရန်ကင်း၍၊ သန့်ယှင်းမြတ်ရာ၊ နတ်ရွာလူ့ပြည်၊ ကျင်လည်ခေါက်ခေါက်၊ ရောင်တောက်ညီးညီး၊ ဗိမှာန်ကြီး၌၊ မှုတ်တီးသောင်းသဲ၊
၅။ အောင်ပွဲခံခံ၊ မနောစံလျှက်၊ ဖန်ဖန်လီလီ၊ လောကီအာရုံ၊ ကာမဂုဏ်ကို၊ ရိပ်မြုံပြည့်ဖြိုး၊ ဆင့်ဆင့်တိုး၍၊ ကောင်းကျိုးကြီးစွာ၊ ရပြီးခါမှ၊
၆။ နောင်လာသျှင်ပင်၊ ထံတော်တွင်၌၊ ဦးတင်ဓမ္မ၊ ကြားနာရလျှင်၊ သုခခေါင်အုပ်၊ မဂ်ဖိုလ်ချုပ်သား၊ လောကုတ္တရာ၊ ခေမာနိဗ္ဗာန်၊ ရွှီပြည်မွန်သို့၊ ဧကန်ရလွယ်၊ အဓိပ္ပါယ်သည်
၇။ ကျမ်း၀ယ်ထင်ရှားဟိ၏တည်း။ ။ ဇာတိဉာဏ်ရောင်၊ ထိန်လင်းပြောင်သား၊ အခေါင်မြတ်မုနိန်၊ မာရဇိန်လည်း၊ အစိန္တေယ၊ တုမရသည်၊ လောကထွတ်ထား၊ မြတ်ဘုရား၏၊ ကိုယ်စားမှန်ဘိ၊
၈။ ခြောက်ရောင်ဟိသား၊ မုနိမဟာ၊ ဗျာဒိဟာနှင့်၊ ကျိမ်းလာဂူလှိုင်း၊ ရက္ခတိုင်းဟု၊ သမိုင်းနာမည်၊ ဓညပြည်တွင်၊ ရီကြည်မြမြ၊ ချမ်းအီးလှသား၊ ကစ္ဆပနဒီ၊ မှိုင်းရီရီလျှင်၊
(ကော်) ကြော
၁။ မြစ်ဆီလက်ယာ၊ ရှိမျက်နှာ၀ယ်၊ ပြည်သာမဏ္ဍိုင်၊ ချက်ခရိုင်ဟု၊ ရခိုင်ညွန့်ဖူး၊ မြို့မြောက်ဦးတွင်၊ မည်ထူးသမုတ်၊ တီထွင်ခုတ်လျှက်၊ တည်လုပ်သည့်နှစ်၊ သက္ကရာဇ်မူ၊ ရာခုနှစ်ခု၊
၂။ ကိုးဆယ်ပြုသား၊ နှစ်ခုထင်စွန်း၊ ထီးနန်းအစ၊ ကြငှန်းချလျှက်၊ မင်းလှစောမွန်၊ သုံးနှစ်စံ၍၊ လွန်သည်နောက်တွင်၊ အလီခင်ဟု၊ ညီလျှင်ဖြစ်ထား၊ တဆယ့်ငါးတည်း၊ ကုလမသျှာ၊ ဘအရာကို၊ ပိုင်ကာတွက်ကျုံး၊ နှစ်ဆယ့်သုံးတည်း၊
၃။ သိမ်းရုံမ်းမားမား၊ သားဒေါလျားမူ၊ စံစားနန်းတွင်၊ ဆယ်နှစ်ပင်တည်း၊ အလီခင်သား၊ (—ဆို)၊ ဘစောညိုသည်၊ နန်းရိုးစဉ်ကာ၊ နှစ်နှစ်ကြာက၊ ဒေါလျာသားမောင်၊ ရွှီနန်းဆောင်မှာ၊
၄။ ရန်အောင်ခုနှစ်၊ နီထွက်သစ်သို့၊ ဖြစ်ပေတုံပြီး၊ လူ့ပြည်ညီးမှ၊ ၀ရီးစလင်းသူ၊ ခုနှစ်ဟူလျှက်၊ မင်းမူလွန်ခါ၊ ဘပမာသို့၊ ရာဇာပတိ၊ ဆယ့်ငါးစိသား၊ ဖြစ်ဘိတုံပြီး၊ နန်းစဉ်မှီးလျှက်၊
၅။ စိုးကြီးသိမ်းချုပ်၊ နှစ်နှစ်အုပ်က၊ တသုတ်သည့်ပြင်၊ ခြောက်လလျှင်တည်း၊ စလင်းညီဖြူ၊ မင်းခေါင်ဟူသား၊ သီရိသုမည်၊ ထို့နောက်သည်တုံ၊ တလေဒေါလျာ၊
၆။ သားပုတ္တာဟု၊ သုဇတာမင်း၊ ခြောက်နှစ်လျှင်းတည်း။ စံခြင်းရိပ်ငြိမ်၊ နန်းရွှီအိမ်၌၊ မွေ့သိမ်စံပျော်၊ များရံဘော်နှင့်၊ သားတော်မြီးဆက်၊ ဆယ့်တဆက်သည်၊
၇။ နွယ်လျှက်ဖြစ်ကြကုန်ဘိတည်း။ ။ နွယ်လျှက်ဖြစ်မြောက်၊ ဆယ့်တယောက်၀ယ်၊ နောက်မှတခါ၊ ဖြစ်တုံလာသည်၊ ရာဇာပတိ၊ ကျော်ကတ္တိနှယ်၊ မည်ဟိတွင်ခြင်း၊ ထိုသည်မင်း၏၊
၈။ သားရင်းမင်းပါ၊ နန်းဘုံသာ၀ယ်၊ တြိယာန၀၊ အဋ္ဌတွက်စစ်၊ သက္ကရာဇ်တွင်၊ တက်သစ်နီဟန်၊ ဘိသိက်ခံ၍၊ ရန်လုံပိတ်ဆို့၊ အင်မချို့အောင်၊ မြို့ကရိယာ၊ ကျောက်တိသာလျှင်၊
(ကော်) ရင်
၁။ ပတ်ကာဝိုက်ဆိုင်း၊ ညှိသမှိုင်း၍၊ တံတိုင်းကျုံးမြောင်း၊ ဂူတန်းဆောင်းနှင့်၊ သျှစ်သောင်းဘုရား၊ ကန်တွင်းများဖြင့်၊ တည်ထားယတ္တရာ၊ ထိုထိုမှာ၌၊ သင့်ရာပြုပျင်၊
၂။ ထိုဘုရင်သည်၊ စံကျင်တွက်ကျုံး၊ နှစ်ဆယ့်သုံးမှ၊ ရွှီဘုန်းတောက်ပ၊ သားတိက္ခလည်း၊ နန်းရမင်းဖြစ်၊ နှစ်ဆယ့်နှစ်တည်း။ သားချစ်ပုတ္တော၊ စွယ်ခေါခေါနှင်၊ မင်းစောနန်းထိုင်၊ သျှစ်နှစ်တိုင်လျှင်၊
၃။ စိုးပိုင်နောက်ယူ၊ စက်ရာဟူသား၊ ညီဖြူဖြစ်လာ၊ နှစ်သတ္တာတွင်၊ မင်းဘာသားနှောင်း၊ မင်းဖလောင်းဟု၊ ထီးဆောင်းနှစ်ဆယ်၊ နှစ်နှစ်၀ယ်တည်း၊ လွှဲသည်တခါ၊ သားပုတ္တာဟု၊ မင်းရာဇာကြီး၊
၄။ နန်းစဉ်မှီးလျှက်၊ ဆောင်းထီးပျော်မွိ၊ ဆယ့်ကိုးစိတွင်၊ ရွှိလီတုံလျှောင်း၊ ဘရာလောင်းလျှက်၊ ခမောင်းရွှီနန်း၊
၅။ ဆယ်နှစ်မြန်း၍၊ လွန်တော်မူပြု၊ သားမျက်ရှုဟု၊ သီရိသုဓမ္မာ၊ သောဠဿာတွင်၊ နတ်ရွာပျော်လည်၊ သားသက်ဝေသည်၊ စံသည်နန်းသက်၊ ဒွေးအဋ္ဌ်ရက်တည်း။
၆။ မင်းဆက်စဉ်လျှောက်၊ ဆယ့်ကိုးယောက်ပင်၊ မြောက်ထရွှီအိမ်၊ နန်းစည်းစိမ်ကို၊ ရိပ်ငြိမ်စံကြကုန်ပြီတည်း။ စံကြလေလေ၊ မင်းရို့နွယ်ကို၊ ဖြစ်ပေတုံက၊ ဉာဏ်စွမ်းပြလျှက်၊
၇။ နရပတိ၊ မည်တွင်ဘိလျှက်၊ နန်းဟိသက်စစ်၊ ခုနှစ်နှစ်လျှင်၊ ဖြစ်ခတလီ၊ နန်းရိုးမှီအောင်၊ ညီညာအုပ်စိုး၊ ထီးဖြူမိုးလျှက်၊ သတိုးဓမ္မရာဇာ၊ နှစ်သတ္တာတွင်၊ ခန္ဓာကွဲပြား၊ ဘရာငြား၍၊
၈။ စန္ဒာသုတွင်၊ ထိုဘုရင်လျှင်၊ ပလ္လင်ဆန်းကြယ်၊ ဆောင်ကုန်လေ၍၊ သုံးဆယ်စိလာ၊ သားပုတ္တာသည်၊ ဥဂါဗလ၊ လေးနှစ်မျှတည်း၊ ၀ရဓမ္မမည်ခေါ်၊ နှစ်နှစ်ပေါ်၍၊ လွန်သော်နောက်ဟု၊
(ကံ) ကြော
၁။ သားဆက်ပြုသည်၊ မဏိသုမင်း၊ နှစ်နှစ်တင်းတွင်၊ လွန်လျှင်သားမောင်၊ သတိုးအောင်မူ၊ ရွှီဆောင်နန်းထံ၊ နှစ်နှစ်စံမှ၊ လွန်လီသီဆုံး၊ သားငတုံးဟု၊ သူ့ဘုန်းကံမြဲ၊ ထီးဖြူဖွေးနှင့်၊ ဆယ့်လေးစံတုံ၊ ဘရာလှုံလျှက်၊
၂။ မရွံဝိယ၊ ခြောက်နှစ်မှလျှင်၊ ကာလမန္ဓာတ်၊ မျိုးကိုဖြတ်၍၊ အလွတ်တိုင်လာ၊ သားပုတ္တာလည်း၊ နရာဒိပ္ပ၊ နှစ်ဆက်ကျတွင်၊ အဘခြောက်နှစ်၊ သားနှစ်နှစ်တည်း၊ ဖြစ်လှည့်ထိုရော်၊ ဗိမှာန်ပေါ်၀ယ်၊
၃။ မင်းကျော်သိင်္ဂီဏိ၊ ခြောက်နှစ်ဟိက၊ စိုးဘိနောက်သည်၊ သတိုးမည်သား၊ မရှည်နန်းသက်၊ နှစ်နှစ်ထက်တွင်၊ လွန်တုံလျှင်းသော်၊ မြို့တွင်းနန်းသုဉ်း၊ ကြာမြင်မြုံးမှ၊ လက်ရုံမ်းထောင်ပြ၊ ဝိဇယဟု၊
၄။ ဖြစ်ထဖြိုးမောက်၊ ရွှီနန်းဆောက်လျှက်၊ ထီးအောက်ဆန်းကြယ်၊ ပလ္လင်လယ်မှာ၊ နှစ်ဆယ်မက၊ ခါလည်ရမူ၊ သူရိယာသမက်၊ သုံးနှစ်ဆက်၍၊ သမက်ဖြစ်လာ၊ သားဟုသာလျှင်၊
၅။ နရာဓိပတိ၊ ခါလည်ဟိသော်၊ ညာတိခြားက၊ ပ၀ရသည်၊ လွန်၍ကြွမူ၊ ဧက၀သံ၊ နောက်ထလွန်တုံ၊ သားမွန်ဝိဇလာ၊ နှစ်ခွဲကြာသည်၊ ဆက်ကာညီချစ်၊ ဓမ္မရာဇ်လည်း၊ ဖြစ်လတ်သရော်၊
၆။ ဦးရီးတော်ဟု၊ နန်းပေါ်ရိပ်မိုး၊ တဆယ့်ကိုးတည်း။ သတိုးအဘယ၊ လွန်၍ကြွမူ၊ ပုတ္တရင်နု၊ သီရိသုလျှင်၊ ပြုတုံနန်းထဲ၊ ဒွေးလခွဲ၌၊ လွှဲကာညီလှ၊ ပရမသည်၊ ဖြစ်ထပျော်မွိ၊ သုံးနှစ်စိသော်၊ နန်း၏မဟာ၊
၇။ ရာဇာဟူသား၊ ခါတပါး၌၊ စစ်မက်တိုက်၍၊ ထိခိုက်စွင့်စွင့်၊ (ကိုးနှစ်နှင့်ပင်၊ —ခွင့်ရဟု)၊ တဖန်လု၍၊ မင်းသုမန၊ သုံးနှစ်မျှပင်၊ ဝိမလဆက်၊ ရွှီနန်းတက်၍၊ ရက်လေးဆယ်ဖြစ်၊ တရံနှစ်ဟု၊ ဓမ္မရာဇ်ဟိန်း၊
(ကံ) ရင်
၁။ သူ့ခေတ်ကျိန်းကြောင့်၊ ပိုင်သိမ်းဆုံဟိတ်၊ အောင်နမိတ်ဖြင့်၊ ဘိသိက်စံနန်း၊ ခြောက်နှစ်မြန်း၍၊ နတ်လမ်းကြွက၊ သမတဟု၊ ဖြစ်ထစိုးပိုင်၊ သုံးနှစ်ထိုင်လျှင်၊ မဏ္ဍိုင်မို့မို့၊ မြောက်ဦးမြို့့၊ မင်းရို့ကိုပေါင်း၊
၂။ ရွီတုံလျှောင်းသော်၊ ထီးဆောင်းအစစ်၊ လေးဆယ့်သျှစ်သည်၊ ဖြစ်ပြီးဧကံမလွဲတည်း။ ။ အဋ္ဌစတု၊ မင်းပေါင်းစုတွင်၊ နောက်ဆုံးအစ၊ သမတဟု၊ ရာဇဘုရင်၊ လက်ထက်တွင်၌၊ တိုင်းခွင်သျှင်လူ၊ မီးသို့ပူ၍၊ ပြည်သူမူးမတ်၊ အကျင့်ချွတ်၍၊
၃။ သတ်ဖြတ်ရန်စစ်၊ လီလီဖြစ်၏၊ သက္ကရာဇ်ကောဇာ၊ ဆစရာနှင့်၊ ဧကာဧက၊ ထိုကာလ၀ယ်၊ ညံန့်ထကိန်းခန်း၊ သိုက်နိဒါန်းကြောင့်၊ ထီးနန်းညှိုးခိုက်၊ ထိုခါကြိုက်၍၊ ရှိ၌တရိုး၊ အာဏာမိုးသည်၊
၄။ အမျိုးမြမ္မာ၊ များဗိုလ်ပါနှင့်၊ ရက္ခာပတ်ကုမ်း၊ နိုင်ငံလုမ်းကို၊ သိမ်းရုံမ်းဖျက်ဆီး၊ ဘုရာကြီးကို၊ ပင့်ပြီးတုံငြား၊ ၀န်ခံထားသည်၊ ရှိဖျားအစ၊ မည်နာမကား၊ နန္ဒပကျန်၊ နောက်တိုက်၀န်လျှင်၊
၅။ လာပြန်ရိပ်ငြိမ်၊ ခေါက်တကြိမ်တည်း။ ပုသိမ်ရောက်ထ၊ မောင်ကျော်လှဟု၊ နောက်မှတိုင်းဒါး၊ ဆင့်ဆင့်ပွား၍၊ ဖွားဖွားမြစ်ယှက်၊ ညောင်လျှင်ကြက်သို့၊ ငါးဆက်ကကျူး၊ ၀န်ရာထူးနှင့်၊
၆။ စိန်ပူးလက်ထက်၊ နှစ်ကိုတွက်သော်၊ တထောင်ပေါ်၍၊ ကျော်သည်တရာ၊ ခြောက်ဆယ်မှာပင်၊ ညီညာဖြဖြ၊ ချင်းပြန်ထ၍၊ မရနိုင်ဘိ၊ သူ့ခေတ်ဟိ၍၊ တရိသတ္တ၊ ဧကဧကစ်၊ သက္ကရာဇ်တွင်၊ ချစ်အောင်စင်ဖြူ၊ ချင်းပြန်လူလည်း၊
၇။ ထူ၍မနိုင်၊ သံကျောက်တိုင်သို့၊ ခိုင်သည်ထိုရော်၊ တရံသော်တုံ၊ အနော်ရထာ၊ ဘွဲ့သညာနှင့်၊ မောင်ကြာရိုးဆုပ်၊ တဖန်အုပ်၍၊ တရုတ်၀န်ရောက်၊ စိကိုးယောက်တွင်၊ အနောက်ခြားဟူ၊ သျှင်မဖြူကြောင့်၊
(ကား) ရင်
၁။ ရန်မူကြတုံ၊ ကျိန်းခိုက်ကြုံ၍၊ နောက်ဟုန်တလွှား၊ ရခိုင်များနှင့်၊ ညွှန်လားခရီး၊ ကြံစည်ပီး၍၊ တိုက်ပြီးတွန်းလှန်၊ ဆော်ရမ်းပြန်က၊ ယမ်းပုံမီးလျှို့၊ ပမာသို့လျှင်၊ ပိတ်ဆို့မမြဲ၊ ဗုံးနှင့်ကြဲသော်၊ ညောင်လဲသို့ထုံး၊ မြမ္မာယှုံမ်း၏။ သိမ်းရုံမ်းမြို့တွင်း၊
၂၊ ကုလားမင်းလည်း၊ ခင်းသည်ကောဇာ၊ ဆအဋ္ဌာနှင့်၊ ဧကာဧက၊ တန်းခူးလတွင်၊ မိဿရာသီ၊ မကုန်မှီတည့်၊ တိုင်းဆီခရိုင်၊ ခုထက်တိုင်လျှင်၊
၃။ ပိုင်ပိုင်ကားကား၊ လေးမြို့စားဟု၊ ကုလားပညတ်၊ ပတ်တင်သတ်ကို၊ ခန့်အပ်ဟိသည်၊ ထိုရွှီပြည်မြို့၊ မျိုးမည်ကွဲလျှောင်း၊
၄။ အကြောင်းကြောင်းဖြင့်၊ ဖလောင်းမြမ္မာ၊ စီရင်ရာကို၊ ခံကာနီရ၊ ရှည်မြင့်စွတည်း။ နောက်မှမဏ္ဍိုင်၊ အုပ်စိုးပိုင်၍၊ ရခိုင်မင်းလောင်း၊
၅။ ထီးဖြူဆောင်းလျှက်၊ မင်းပေါင်းဦးနှိမ်၊ အကြိမ်ကြိမ်လျှင်၊ လှံရိန္ဒမာ၊ နတ်စကြ္ကာနှင့်၊ ရာဇမင်းဖျား၊ မင်းဘုရားဟု၊ ကားကားလှံရောင်၊
၆။ မှန်ကင်းထောင်သို့၊ ကြံဆောင်ယူကျုံမ်း၊ ဇမ္ဗူလုံမ်းကို၊ ရွှီဘုန်းပဒေ၊ မိုးကြီးစွေသို့၊ နီနှယ်ပွင့်တူ၊ ဖြစ်လိမ့်ဟူသည်၊
၇။ သူဇာသိကြားသဖွယ်တည်း။ သက္ကရာဇ် ၁၂၄၃ – ခု၊ တန်းခူးလ္ဆန်း (၁၀)ရက်၊
နောက် (ပီခံ) အဖုံးတရွက်တွင်
၁၂၄၃ တပေါင်းလဆန်း ၂ ရက် စနီနိ
နီထွက်တပို အချိန်လောက်တွင် ပြီးပြည့်စုံပါသည်။
မောင်သာစိန် လက်ရွီးဖြစ်ပါသည်ဘုရား – ဟုပါသည်။
ဤပီစောင်သည် ရမ်းဗြဲမြို့ သရက်ချောင်းတွင်ဟိသည်။
၁၃၄၈ – ခု၊ နံယုံလပြည့်ကျော် (၁၀) ရက်၊ (2/7/86) နိ ညဇာ (၄) ချက်တီးကျော်မှာ ကူးယူခသည်။
အသျှင်ပညာစာရ (ရခိုင်ပြည်)
စာစီစာရိုက် ဖော်ထုတ်ပြုစုသူ (ရခိုင်ပေါင်းကူး သာလှဦး) ဖြစ်ပါသည် ဘုရား။
End Notes and External links
- source: ” ရခိုင်ရာဇ၀င်လင်္ကာ (ရမ္မာ၀တီ ဝါးကျောင်းဆရာကေတု) ” | ရွာတော် မင်းရပ် – The Village of Mong Rup
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter

