ချစ်​​သော ဒါလီယာ

“ချစ်​​သော ဒါလီယာ” / “Daliya”, Stories by Rabindranath Tagore – Tani Basu (2015)

(သမိုင်း​နောက်​ခံ) – ကမ္ဘာ​ကျော်​ တာ့ဂျ်​မဟား ကို​ဆောက်​လုပ်​​စေသူ မဂိုဘုရင်​၏ သား​တော်​ သျှာသျူဂျာ သည်​ နန်း​​မွေဆက်​ခံ​ရေးအားပြိုင်​မှုတွင်​ ရှုံးနိမ့်သဖြင့် တိမ်း​ရှောင်​လာကာ ရခိုင်​ပြည်​တွင်​ ခိုလှုံရသည်​။ ရခိုင်​နန်းတွင်းတွင်​ သျှာသျူဂျာကို ​ထောက်​ခံသူအုပ်​စုက ပုန်​ကန်​မှုဖြစ်​ပွားရာတွင်​ ပုန်​ကန်​မှုမှာ ​ချေမှုန်းခံရသည်​သာမက သျှာသျူဂျာ၏ မိသားစုပါ သုတ်​သင်​ခြင်းခံရသည်​။

(ရာဘင်​ဒရာနတ်​တဂိုး ​ရေးသည့် ဇာတ်​လမ်းအရ -) သျှာသျူဂျာ၏ သမီးသုံး​ယောက်​အနက်​ အကြီးနှစ်​​ယောက်​မှာ အသတ်​မခံရဘဲ လွတ်​​မြောက်​သွားပြီး အငယ်​ဆုံးသမီး အမီနာမှာ ​ရေထဲ​မျောပါသွားရာမှ တံငါသည်​ တစ်​ဦးက ဆယ်​ယူ ​မွေးစားထား​လေ၏။

အမီနာ အပျို​ပေါက်​အရွယ်​ ဖြစ်​လာချိန်​တွင်​ အစ်​မ ဖြစ်​သူက လိုက်​ရှာရာ​ ​တွေ့သဖြင့် ပြန်​လည်​ဆုံစည်းကြရ​လေသည်​။ သုဓမ္မရာဇာ အား ဆက်​ခံသူ ၎င်း၏သား​တော်​သည်​ ​သွားရင်းလာရင်း အမီနာကို လှမ်းမြင်​မိရာမှ နှစ်​သက်​သဖြင့် ​တော်​​ကောက်​ရန်​ ဆင့်ဆိုလိုက်​​လေသည်​။

မိဘများအသတ်​ခံခဲ့ရသည့်ရန်​​ကြွေးကို ဆပ်​ရန်​အတွက်​ အစ်​မဖြစ်​သူက အမီနာကိုတိုက်​တွန်းသည်​။

အမီနာနှင့် ခင်​မင်​ကြသူ တံငါသည်​က​လေး ဒါလီယာ ကလည်း အိမ်​​ထောင်​​ရေးကို စိတ်​မဝင်​စား​သေး ဟု သူ့ကို​ပြော​လေသည်​။

Daliya (movie)

Leave a comment