(The Mog Nation Wiki, an archive)

ကျွန်တော် ကျင့်သုံးဖြစ်တေ ရခိုင်စာလုံးပေါင်းသတ်ပုံစည်းကမ်းတိ
သံညင်း-သံပြင်း ကွဲပြားကေ
သံညင်းကိုရာ ရွီးကတ်မေ။
နှာသံဆိုကေ သတိထား
နားလည်လွယ်စွာ ယူရွီးသား။
နှာသံပါ-မပါ ကွဲနီလာ
မပါစွာကို ရွီးလိုက်ပါ။
မွီးစပ်ယူလာ စာလုံးတိ
မူရင်း + ပြောသံ ညှိယူဖိ။
သံပြင်းတိရာ ပြောကတ်လာ
သံညင်းရွီးဖို့ မသင့်ပါ။
သံညင်းဂျည်းရာ ပြောကေလေ့
သံပြင်းမရွီးကတ်ပါကေ့။
သံပြည့်၊ သံငုပ် နှစ်မျိုးမှာ
သံပြည့်ကိုရာ ယူရွီးပါ။
သံငုပ်နန့်ရာ ပြောကေကား
ပေါင်းစပ်ဓိပ္ပာယ် ဆက်စပ်လား။
အသတ်ကွဲပြား အသံတူ
အဓိပ္ပာယ်နန့် ချိန်ဆယူ။
မူရင်းသံလား သံပြောင်းလား
သေချာခွဲခြား သတိထား။
အများသုံးလေ့ လိုက်နာပါ
ပညာရပ်နန့် မနှိုင်းသာ။
ခြွင်းချက်ကိုပါ မှတ်ထားကတ်
နီရာတိုင်းမှာ ဟိရေမှတ်။
=====
ယှင်းလင်းချက်
၁။ သံညင်း-သံပြင်း ကွဲပြားကေ
သံညင်းကိုရာ ရွီးကတ်မေ။
အဓိပ္ပာယ်တူ စကားလုံးတလုံးတည်းကို သံညင်းပါ၊ သံပြင်းပါ နှစ်မျိုးကွဲပြားလို့ ပြောကေ သံညင်းကိုရာ အတည်ယူလို့ရွီးပါရေ။
ဥပမာ –
သောက်ကတ်/သောက်ကတ်/ နန့် စားကတ်/စားဂတ်/
နတ်စင်/နတ်စင်/ နန့် နာရီစင်/နာရီဇင်/
သစ်တုံး/သစ်တုန်း/ နန့် ထင်းတုံး/ထင်းဒုန်း/
လုပ်ပြီးယာ/လုတ်ပြီးယာ/ နန့် တွိပြီးယာ/တွိဗြီးယာ/
စကားပြောရေခါ ကတ်-ဂတ်၊ စင်-ဇင်၊ တုန်း-ဒုန်း၊ ပြီး-ဗြီး ဆိုပြီးကေ သံညင်းနန့် သံပြင်းနှစ်မျိုးကွဲပြားကေလေ့ စာရွီးရေခါ သံညင်းသံကိုရာ အတည်ယူလို့ ကတ်၊ စင်၊ တုံး၊ ပြီး ဆိုပြီးကေ ရွီးပါရေ။ ( / / မျဉ်းစောင်းနှစ်ခုကြားမှာပြထားစွာရေ အသံထွက်သင်္ကေတရာဖြစ်ပါရေ။ သတ်ပုံမဟုတ်ပါ။)
၂။ နှာသံဆိုကေ သတိထား
နားလည်လွယ်စွာ ယူရွီးသား။
ရခိုင်ဗျဉ်းသံတိထဲက နှာသံဗျဉ်းလို့ခေါ်ရေ င၊ ည၊ န၊ မ ကို အိ၊ အီ၊ အီး၊ အု၊ အူ၊ အူး သရတိနန့်တွဲကေ သူ့အလိုလို နှာသံထွက်လားပါရေ။
ဥပမာ –
ငုပန်း ကို /ငုန့်ပန်း၊ ငုန်းပန်း/
အငူ ကို /အငုန်/
ညီ ကို /ညိန်/
အနီ ကို /အနိန်/
နီထိုင် ကို /နိန်ထိုင်/
မီး ကို /မိန်း/
အမိ ကို /အမိန့်/
ယင်းအပြင် တချို့ဗျဉ်းသံတိကိုလေ့ နှာသံပြောင်းပနာ ပြောစွာတိဟိပါရေ။ သရကတော့ စောစောကပြောခရေ သရ အိ၊ အီ၊ အီး၊ အု၊ အူ၊ အူး နန့် တွဲခါ ပြောကတ်စွာပါ။
ဥပမာ –
ငပိ ကို /ငပိ/လို့ သူ့အသံအတိုင်းထွက်ကေလေ့ မှင်းကျိုးသီးအပိ ကိုကျခါ /အပိန့်/လို့ ထွက်စွာမျိုး
အတု ကို /အတု/လို့ သူ့အသံအတိုင်းပြောရေလူတိဟိရေပိုင် /အတုန့်/ဆိုပြီးကေ နှာသံနန့် ပြောကတ်စွာမျိုး
ရီကူးဖို့တတ်လား လို့ မီးရေခါ /ကူး/လို့ သူ့အသံအတိုင်းပြောကေလေ့ ရီကူးတတ်လား လို့ မီးခါကျကေ /ရဂုန်းတတ်လား/ဆိုပြီးကေ ပြောင်းလားစွာမျိုးပါ။ ရီ အသံ တိုပနာ မတြာ၀က်သရသံဖြစ်လားပြီးကေ ကူး လေ့ သံညင်းက သံပြင်းကိုပြောင်းရေအပြင် အူး သရက အုန်းသရ နှာသံကိုပါ ပြောင်းလားပါရေ။
ဆီးထား ကို /ဆိန်းထား/ (တားရေဆီးရေသဘောပါ)
ကာဆီးကာဆီး ကို /ကာဆိန်းကာဆိန်း/
ဒေပိုင်နှာသံတိကိုကျခါ သတိထားပနာ အများနားလည်လွယ်ဖို့၊ မျက်စိနန့်ရင်းနှီးနီကျသတ်ပုံတိကို ရွီးပါရေ။
၃။ နှာသံပါ-မပါ ကွဲနီလာ
မပါစွာကို ရွီးလိုက်ပါ။
စောစောကပြောခရေ /ငပိ/နန့် /အပိန့်/၊ /အတု/နန့် /အတုန့်/၊ /ရီကူး/နန့် /ရဂုန်း/၊ /ကာဆီး/နန့် /ကာဆိန်း/ နှာသံမပါစွာပါ၊ ပါစွာပါ နှစ်မျိုးကွဲလို့ ပြောကတ်တေခါ နှာသံမပါစွာကို အတည်ယူလို့ရွီးပါရေ။
၄။ မွီးစပ်ယူလာ စာလုံးတိ
မူရင်း + ပြောသံ ညှိယူဖိ။
ဘာသာစကားတိုင်းမှာ ကိုယ်ရို့မှာ နဂိုဟိပြီးသားစကားတိအပြင် ခေတ်ကာလအလျောက် တခြားလူမျိုးတိနန့် ဆက်ဆံမှုများကေ များသလောက် လူမျိုးခြားစကားလုံးတိ ၀င်လာတတ်ပါရေ။ ကိုယ့်ဘားကမထွက်တေ အသုံးအဆောင်တိကို သူရို့ပီးထားရေနာမည်အတိုင်း ကိုယ်ရို့အာနန့်လျှာနန့် ညှိယူပနာ ပြောဆိုရွီးသားကတ်ရပါရေ။ ယင်းပိုင်ရွီးသားကတ်တေခါ မူရင်းနန့်လေ့ အများကြီးမကွဲအောင် ကိုယ်ရို့အာတိလျှာတိနန့်လေ့ကိုက်အောင် ပြုပျင်လို့ ပြောကတ်၊ ရွီးကတ်ရပါရေ။
ဥပမာ –
ဥပေါသထ ကို ဥပုသ် /အုဘုတ်/
Vinyl ကို ဗီနိုင်း၊ ဗနိုင်း /ဗနိုင်း/
Sick line ကို သိတ်လိုင် (ဆီးရုံကို အယင်ကအခေါ်)
Police ကို ပုလိပ် /ပလိတ်/
၅။ သံပြင်းတိရာ ပြောကတ်လာ
သံညင်းရွီးဖို့ မသင့်ပါ။
သံပြင်းသံနန့်ဂျည်း ပြောရေ စကားသံတိ အများကြီးပါ။
ဥပမာ –
ဂယိုင်သီး၊ သဇင်ပန်း၊ ဒါဒါ၊ ဗရီ၊ သံဃံ၊ စျီး၊ ဓား၊ ဓည၀တီ၊ ဘောက်သာ၊ … ဒေပိုင်စကားလုံးတိမှာပါရေ ဂ၊ ဇ၊ ဒ၊ ဗ၊ ဃ၊ စျ၊ ဓ၊ ဘ အသံတိရေ သူ့အသံမူရင်း သံပြင်းအတိုင်းရာပြောကတ်စွာဖြစ်လို့ ကယိုင်သီး၊ သစင်ပန်း၊ တာတာ၊ ပရီ၊ သံကံ၊ စီး၊ တား၊ တည၀တီ၊ ပေါက်သာ ဆိုပြီးကေ သံညင်းနန့် ပြောင်းရွီးဖို့မလိုပါ။
က၊ စ၊ တ၊ ပ သံညင်းကို ဟ သံနန့် ပေါင်းပစ်ကေ ခ၊ ဆ၊ ထ၊ ဖ ဆိုပြီးကေ သံတင်းဖြစ်လားပါရေ။ က၊ စ၊ တ၊ ပ ကိုပင် အသံပြင်းပြင်းနန့်ပြောကေ ဂ၊ ဇ၊ ဒ၊ ဗ ဆိုပြီးကေ ပြောင်းလားပါရေ။ သံပြင်း ဂ၊ ဇ၊ ဒ၊ ဗ ကို ဟ သံနန့်ပေါင်းပစ်ကေ ဃ၊ စျ၊ ဓ၊ ဘ ဆိုပြီးကေ ပြောင်းလားပါရေ။ ယေကေလေ့ ရခိုင်တိရေ ဃ၊ စျ၊ ဓ၊ ဘ ကို သူ့မူရင်းသံအတိုင်း ထွက်ပနာ ပြောလေ့မဟိဘဲ ဂ၊ ဇ၊ ဒ၊ ဗ နန့် လှယ်လို့ပြောခါပြော၊ ခ၊ ဆ၊ ထ၊ ဖ နန့် လှယ်လို့ပြောခါပြောပါရေ။ အယင်ခါတော့ သူ့အသံအတိုင်း ပီပီသသ ပြောချင်လေ့ ပြောခလီပါဖို့။ ရခိုင်အက္ခရာနည်မည်တိကို ခေါ်ရေခါ ဂငယ်ပြီးကေ လာရေစာလုံး (ဃ)ကို /ဂဟာ့ဂြီး/လို့ ဂုထိ ခေါ်တုန်းပါသိ။ ဂ သံကို ဟ နန့် ပေါင်းပနာ ထွက်စွာပါ။ (တနည်းပြောဖို့ဆိုကေ ကှ = ခ၊ ဂှ = ဃ၊ စှ = ဆ၊ ဇှ = စျ၊ တှ = ထ၊ ဒှ = ဓ၊ ပှ = ဖ၊ ဗှ = ဘ ပါ။)
ဥပမာ –
သံဃံ ကို /သန်ဂန်/၊ သင်္ဃာကို /သင်ခါ/
စျီး ကို /ဇီး/၊ (နီ၀င်ဆိုင်းဆာ ဆိုစွာရေ ဆည်းစျာ က လာစွာပါလတ်။ အဂုတော့ ဆိုင်းဆာထက် ညဇာ လို့ရာ အပြောများပါရေ။)
ဓည၀တီ ကို /ဒညာ့၀တီ၊ ဒိုင်ညာ့၀တီ/၊ သာဓု ကို /သာထု/
ဘောင်ဒူ ကို /ဗောင်ဒူ/၊ သဘော ကို /သဖော/
၆။ သံညင်းဂျည်းရာ ပြောကေလေ့
သံပြင်းမရွီးကတ်ပါကေ့။
ဒေချင့်ကတော့ အထွေအထူးပြောစရာမလိုပါ။ သံညင်းနန့် ပြောကတ်စွာကို သံပြင်းနန့် ရွီးလေ့ရွီးထတော့မဟိကတ်ပါ။ ယေကေလေ့ တချို့ကတော့ကေ သံညင်းနန့်ပြောစွာကိုတောင် သံပြင်းနန့် ရွီးစွာမျိုးတွိရပါရေ။ ကကောင်းအတွိရနည်းပါရေ။ စာနန့်အထိအတွိနည်းရေလူတိထဲက တချို့လောက်ရာဟိပါဖို့။
၇။ သံပြည့်၊ သံငုပ် နှစ်မျိုးမှာ
သံပြည့်ကိုရာ ယူရွီးပါ။
သံပြည့်ဆိုစွာကတော့ကေ သရသံအပြည့်နန့် ပြောစွာပါ။
သံငုပ်ဆိုစွာ အသံငုပ်နီရေ မတြာ၀က်အသံကို ညွှန်းလိုစွာပါ။ အသံပြည့်မပြောဘဲ မတြာ၀က်အသံနန့်ရာ ပြောစွာတိ အများကြီးဟိပါရေ။
ဥပမာ –
လူဆိုး – လဆိုး
အောင်အောင်မြင်မြင် – အအောင်မမြင်
မဲမဲတူးတူး – မမဲတတူး
ရီအိုးခွက် – ရအိုးခွက်
ဒေပိုင်စကားလုံးတိရေ အသံပြည့်ပါ၊ အသံငုပ်(မတြာ၀က်အသံ)ပါ ပြောကတ်တေအတွက် အသံပြည့်ရွီးစွာက အဓိပ္ပာယ်ထွေပြားမှုမဖြစ်စီဘဲ ယှင်းလင်းစီပါရေ။
၈။ သံငုပ်နန့်ရာ ပြောကေကား
ပေါင်းစပ်ဓိပ္ပာယ် ဆက်စပ်လား။
ဥပမာ – ချဖောင်သာ၊ သခိုး ဒေပိုင်စကားလုံးတိမှာ ချီးဖောင်သာ၊ သူခိုးဆိုပြီးကေ အပြည့်ပြောလေ့ မဟိပါ။ သံငုပ်နန့်ရာ ပြောကတ်တေအတွက် ယင်းစကားလုံးနန့်ပေါင်းစပ်ထားရေ တခြားစကားလုံးတိနန့်ဆက်စပ်ပနာ မူရင်းသံအတိုင်းရာ ရွီးသင့်လား၊ ပြောင်းလားရေ သံငုပ်အတိုင်းရာ ရွီးသင့်လားဆိုစွာကို ချင့်ချိန်ပနာ ရွီးပါရေ။
၉။ အသတ်ကွဲပြား အသံတူ
အဓိပ္ပာယ်နန့် ချိန်ဆယူ။
တသတ်သံနန့် ပသတ်သံ၊ နသတ်သံနန့် မသတ်သံ၊ အေ သရသံနန့် ယသတ်၊ ညသတ်သံ၊ အိုင် သရသံနန့် ညချေသတ်သံတိရေ အသတ်မတူဘဲ အသံတူပါရေ။ ယင်းပိုင်စွာတိကိုကျခါ သဘောပေါက်လွယ်ဖို့ သတ်ပုံကိုရာ ရွီးပါရေ။
ဥပမာ –
အစွတ် နန့် အစွပ် (အစွတ်က ရီစွတ်၊ အစွပ်က တခုခုမှာ စွပ်ဖို့စွာ)
ကန်း နန့် ကမ်း (ကန်းက မျက်စိကန်းစွာမျိုး၊ ကမ်းက ကမ်းနား၊ ကမ်းပီး လို့ ပြောစွာမျိုး)
ချေ နန့် ချယ် (အချေ၊ အဘုချေ၊ ချယ်လှယ်၊ ဆီးချယ်)
ပိုင် နန့် ပဉ် (ပိုင်ဆိုင်၊ ပဉ္စမ)
ယိုင် နန့် ယဉ် (ယိုင်လဲ၊ ယဉ်ကျေး)
၁၀။ မူရင်းသံလား သံပြောင်းလား
သေချာခွဲခြား သတိထား။
အများသုံးလေ့ လိုက်နာပါ
ပညာရပ်နန့် မနှိုင်းသာ။
ခြွင်းချက်ကိုပါ မှတ်ထားကတ်
နီရာတိုင်းမှာ ဟိရေမှတ်။
မူရင်းသံလား၊ အသံပြောင်းလားစွာလားဆိုစွာကို ခွဲခြားသိဖို့အတွက် အသံပြောင်းစနစ်ကို နားလည်ဖို့လိုပါရေ။ အသံပြောင်းစနစ်ကို နားမလည်ကေ မူရင်းသံမှန်း၊ အသံပြောင်းမှန်းမသိရေအတွက် သတ်ပုံမှန်ရွီးနိုင်ဖို့မလွယ်ပါ။
တချို့အသုံးတိကျကေ အများသုံးတွင်ပြီးသား အသားကျပြီးသား စကားလုံးတိဖြစ်နီပါရေ။ ယင်းချင့်ကို အဆန်းတတ်ပနာ ရွီးဖို့စွာထက် ယင်းအတိုင်းလိုက်ရွီးစွာရေ ကိုယ်ရွီးလိုက်တေစာကို နားလည်သဘောပေါက်လွယ်စီပါရေ။ ယင်းပိုင်စွာတိကိုကျကေ ပညာရပ်ပေတံနန့်တိုင်းပစ်လို့မရပါဗျာယ်။ အများသဘောတူဆုံးဖြတ်ပစ်ကေ ယင်းချင့်စွာ အတည်ပါဗျာယ်။ ဆုံးဖြတ်ဖို့လူတိ ပညာသျှင်အဆင့်ကျွမ်းကျင်ရေလူတိဖြစ်ဖို့လိုရေအပြင် အဆိုးအကောင်းကို ချိန်ဆပနာ ကောင်းကျိုးများဖို့ဖက်ကို လိုက်နိုင်ရပါဖို့။ ဇာအရာမှာမဆို ခြွင်းချက်ဟိရေအတွက် ယင်းချင့်တိကို ခြွင်းချက်အဖြစ်သတ်မှတ်ပနာ အများက လက်ခံပီးကေ အယင်တည်ငြိမ်လားပါဖို့။
ရခိုင်ဘာသာစကားမှာ အသံထွက်စနစ်၊ စကားသံဖွဲ့ပုံစနစ်၊ စကားသံပြောင်းပုံစနစ်၊ စကားလုံးဖွဲ့ပုံစနစ်၊ စကားစုစနစ်၊ စကားပွားစနစ်ဆိုပြီးကေ စနစ်ကျရေ စံတိဟိပြီးသားပါ။ ယင်းစံတိကို သိအောင် ကြိုးစားကတ်ကေ အများသုံးဖို့ သင့်တော်ရေ ရခိုင်စာလုံးပေါင်းသတ်ပုံ စံတခု အယင်ဖြစ်လာဖို့လို့ယုံကြည်ပါရေ။
#မြတ်ဌေး(ပေါက်လေ)
End Notes and External links
- On Facebook | “ကျွန်တော် ကျင့်သုံးဖြစ်တေ ရခိုင်စာလုံးပေါင်းသတ်ပုံစည်းကမ်းတိ“
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter

