(The Mog Nation Wiki, an archive)
(a Facebook post written by ရဲထိုက်ထွန်း | March 10th, 2022)
ဘဂ်လားရှေ့ဒ်နိုင်ငံက မြန်မာ့နှင့်ကပ်ရပ် Coxs bazar(ခရိုင်ဖြစ်မယ်ထင်တယ်)(မြေပုံမှာကြည့်တာ မြန််မာနဲ့ကပ်ရပ်)နေရာမှာ
လေတပ် နှင့်ရေငုပ်သဘော်ရပ်နားရာ ဆိပ်ကမ်း ကမ္ဘာ့အဆင့်အမြှင့်ဆုံး ပင်လယ်ကမ်းခြေ ဇိမ်ခံ5starဟော်တယ်များ မြေအောက် စားသောက်ဆိုင်များ ကျန်းမာရေးအတွက် အပန်းဖြေနေရာများ အားလုံးကို့ တခမ်းတနားဆောက်နေတာ ၁နှစ်တောင်ရှိနေပါပြီ
ထူးခြားတာက လက်ရှိCoxs bazarလေဆိပ်ကို့ အသစ်ပြန်ဆောက်နေပြီး လေယာဥ်ပြေးလမ်းကို့ ရေထဲ့မှာလူလုပ်ကျွန်းလုပ်ထားတာရယ် အဲ့လေဆိပ်အောက်ထဲ့မှာ လေတပ်အတွက် တိုက်လေယာဥ်တွေ တင့်ကားတွေ ရေငုတ်သဘော်ထွက်ပေါက်တွေကို့ ဖန်တီးဒီဇိုင်းဆွဲဆောက်နေတာသိရပါတယ် ဒီဇိုင်းတွေကတော့ လန်ပျံနေတာပဲဗျာ
အဲ့ဒီကမ္ဘာ့ကျော်အပန်းဖြေ ပင်လယ်ကမ်းခြေကြီးကို့ အဆင့်မြှင့်MRTရထားဖြင့် လာလည်လို့ရအောင် ဖန်တီးထားပါတယ် ကားပါကင်နေရာတွေကလည်း ရေတံခွန်အတုတွေ စက်ဘီးစီးလေ့ကျင့်လမ်းတွေ စကိတ်စီးတဲ့နေရာတွေကလည်း ကမ္ဘာ့အဆင့်မှီတွေပါ
လက်ရှိဘဂ်လားရှေ့ဒ်နိုင်ငံမှာ ကားဖြတ်မောင်းတဲ့ရေအောက်လမ်းတွေ မြေအောက်လမ်းတွေနှင့် လျှပ်စစ်အဆင့်မြှင့်MRT ၆လိုင်း ပြီးစီးဖို့ နီးနီးဖြစ်နေပါပြီ
လျပ်စစ်အတွက် ရုရှားညူးကလီးယားဓာတ်အားပေးစက်ရုံကလည်းပြီးတော့မှာဆိုတော့ တောင်ကိုရီးယားနဲ့ ညူးကလီးယားဓာတ်အားပေးစက်ရုံးထက်ဆောက်ဖို့ စကားပြောနေတာရယ် တောင်ကိုရီယားနိုင်ငံနဲ့ မြေအောက်ရထားMRTကို့ ဆောက်ဖို့ သေခြာသွားပါပြီ ဘာကြောင့်ဆိုတော့ တောင်ကိုရီးယားက မြေအောက်ရထားတွေကို့ဘယ်လို့ထိန်းချုပ်ရလည်းဆိုတဲ့ပညာကို့ဘဂ်လားက အင်ဂျင်နီယာသင်တန်းသားတွေစေလွှတ်လိုက်တဲ့သတင်းတွေ့မိလိုက်လို့ပါ (ဆောက်လုပ်ရေးတော့မစသေးပါ)
ဘဂ်လားရှေ့ဒ်နိုင်ငံမှာ တနိုင်ငံလုံးဘာတွေဆောက်နေကြသလည်းဆိုတော့ ဆေးရုံအသစ် အဆင့်မြှင့်အထပ်မြင့်ကွန်ဒိုတွေ ရှိပြီးသားလမ်းတွေကို့ချဲပြီး အဆင့်မြှင့်နေပြီး မလွတ်ကင်းတဲ့ Hotel အိမ်ယာ ဘာညာအကုန်လုံးကို့ လျော်ကြေးပေးပြီး အကုန်ဖြိုချနေပါတော့တယ်
ထူးခြားမူတစ်ခုပြောရမယ်ဆိုရင် ဘဂ်လားရှေဒ့်မှာ အစိုးရက မလွတ်တဲ့အိမ်ကို့ ဖြိုတော့မယ်ဆိုရင် ပေါက်စျေးထက် ၂ဆရတတ်လို့ အိမ်ဖြိုခံရတဲ့ အိမ်ရှင်က ပျော်လွန်းလို့ ထတောင်ကကြတယ်ဆိုပဲဗျ အံ့သြစရာဗျာ
မြို့တော်အပူခံသက်သာအောင် မြို့တွင်းထဲ့အထိ တူးမြောင်းလှလှလေးတွေ လေညှင်းခံလို့ရအောင် ပြေးလမ်းလေးတွေ နိုင်ငံအနှံပြုလုပ်နေပါတယ်
စက်မူစီးပွားရေးကို့ အခြေခံနေတဲ့အနေနဲ့ စက်မူုဇုံ မြောက်များစွာဖန်တီးတည့်ဆောက်နေပြီး ကိုးရီးယားစက်မူဇုံ ဂျပန်စက်မူဇုံ တရုတ်စက်မူဇုံ ဥရောပစက်မူဇုံဆိုပြီး သီးသန့်တွေလည်း ထက်လုပ်နေပါတယ် သဘောက ဂျပန်တွေက ဒီစက်မူဇုံထဲ့မှာ ဂျပန်ပြည်မှာနေသလို့နေကြ ဆိုပြီး နိုင်ငံခြားသားပျော်အောင်ဖန်တီးပေးလိုက်တာ ကိုယ့်တွေတောင်အံ့သြ သွားရပါတယ်ငွေရှာတတ်လိုက်တာဆိုပြီး
မြို့တော်ဒါကာက လေဆိပ်ကို့ တိုးချဲပြီး ဂျပန်ပညာရှင်တွေနဲ့ တည့်ဆောက်နေတဲ့ ဒီဇိုင်းကလည်း လန်ပျံနေပါတော့တယ် လေဆိပ်ထဲ့ကို့ လျပ်စစ်MRTရထားဝင်ဖို့ အမြန်လုပ်နေကြပါတယ် ကားပါကင်က လေဆိပ်အောက်ထဲ့မှာပါ အဲ့လေဆိပ်ကြီးကို့ 2023အမှီအမြန်ဖွင့်ဖို့ နေ့/ညတည့်ဆောက်နေကြပါတယ်
ဘဂ်လားရှေ့ဒ်နိုင်ငံ ယခင်က မုန်းတိုင်း ဒဏ်အရမ်းခံစားရတော့ ပျက်စီးတာတွေ ပြန်ပြင်လိုက် မုန်းတိုင်းပြန်လာလိုက်အဲ့လိုတွေဖြစ်ပြီးငွေကုန်ကြေးကျများနေတာပါ အဲ့လို့မဖြစ်ရအောင် ဆည်တစ်ခုကို့သူတို့ဆောက်လိုက်ပြီးတဲ့နောက်မှာ မုန်းတိုင်းလမ်းကြောင်းပါ ပြောင်းလည်းသွားခဲ့ပါတယ် ယခုလည်းနောက်ဆည်တစ်ခုထပ်ဆောက်နေပါတယ်
နှစ်တိုင်းရေကြီးလို့ မြေပြိုကျပြီ မြေနေရာဆုံးရူံးလို့ ဆိုပြီး မြစ်ကမ်းနံရံတွေ ရေနုတ်မြောင်းတွေ ပင်လယ်ကမ်းပတ်လည်ကို့ ရေတိုက်စားမူခံနိုင်အောင် ကွန်ကရစ်နံရံတွေနဲ့အလှဆင်နေပါပြီး
ပင်လယ်ထဲ့မှာ လူလုပ်ကျွန်းလုပ်ပြီး ဆိပ်ကမ်းတွေ ကုန်တင်သဘော်ရပ်နားရာနေရာတွေတည်ဆောက်နေပါတယ်
Padmaမြစ်ကို့ ဖြတ်ပြီးတည်ဆောက်တဲ့ နှစ်ထပ်တံတားကတော့ ကီလိုမီတာအရမ်းများပြီးအရမ်းလှပနေပါတော့တယ် အောက်မှာMRTရထားပြေးပြီးအပေါ်မှာကားတွေသွားကြမှာပါ အဲ့တံတားကမကြာမီဖွင့်ဖို့မီးတွေဆင်နေကြပါပြီ
အားကစားရုံတွေ ဆေးရုံတွေ တက္ကသိုလ်အသစ်တွေ လမ်းတံတားတွေ နိုင်ငံအနှံဆောက်နေလို့ ဘယ့်ကပိုက်ဆံရသလည်းလေ့လာမိတာ
ကမ္ဘာ့ဘဏ်ကနှစ်ရှည်ချေးငွေ ဆော်ဒီနိုင်ငံကရထားစနစ်အတွက်ချေးငွေ ဂျပန်နိုင်ငံက နှစ်ရှည်ချေးငွေ တရုတ်ဘဏ်ကနှစ်ရှည်ချေးငွေ အဲ့ဒါတွေကို့ အသုံးချပြီး ယန္တရားအားလုံးကို့ တည့်ဆောက်နေတာဗျ ဘဂ်လားရှေဒ့်ရဲ့အရံငွေကြေးကလည်း အတော်များတယ်ဗျ အဲ့ဒီငွေကို့အထိမခံပဲ
ငွေချေးထားတဲ့နိုင်ငံတွေကို့ ငါဆီမှာရင်းနှီးမြှပ်နှံကြ ဆိုပြီးငါးကြင်းဆီနဲ့ ငါးကြင်းကို့ပြန်ကြော်တဲ့အကွက်ဗျ
စတေးတပ်စ်အရမ်းရှည်နေလို့ လိုရင်းထက်ပြောရရင်
ဘဂ်လားနိုင်ငံသားတစ်ဦးချင်းဝင်ငွေက အန္ဒိယနိုင်ငံသားတစ်ဦးချင်းဝင်ငွေထက်နှစ်ဆရှိတယ်ဗျ
ယခင်ကလို့ ရထားကို့ပန်းခပ်ကြီးလိုတိုးကြိတ်စီးနေတဲ့မြင်ကွင်းရယ် သဘော်ပေါ်မှာလူပြည့်နေတဲ့ပုံရိပ်တွေမရှိတော့ဘူးဗျ
စစ်တပ်အတွက်လည်း ခေတ်မီလက်နက်တွေ အမြန်တပ်ဆင်နေပြီး ရေငုတ်သဘော်တွေ တိုက်လေယာဥ်အုပ်စုတွေထပ်ပြီးဝယ်ဖို့ ပြင်သစ် ရာဖေးကုပ္ပဏီရယ် အခြားကုပ္ပဏီတွေကို့လေ့လာစကားပြောနေပြီဗျ ယနေ့ စစ်တကောင်းဆိပ်ကမ်း ဒါကာဆိပ်ကမ်းတွေက ကမ္ဘာ့ကျော်ဆိပ်ကမ်းတွေဖြစ်နေပြီး ကမ္ဘာ့သဘော်တည့်ဆောက်မူလုပ်ငန်း သဘော်ဖျက်သိမ်းရေးလုပ်ငန်းကလည်း ငွေတွေတောက်လျောက်ဝင်နေပြီး
ကံအရမ်းကောင်းလာတယ်ပဲပြောရမလား သဘာဝဓာတ်ငွေ LNDကလည်း ပင်လယ်ထဲ့မှာသွားတွေ့လို့ ထုတ်ယူနေပါပြီ
သူတို့ရဲ့ လက်ရှိဆောက်လုပ်နေတဲ့စီးမံကိန်းတွေကို့ 2025အပြီးတည့်ဆောက်နေကြတာပါ အဲ့နှစ်ကို့ ခရီးသွားနှစ်အဖြစ်သပ်မှတ်ထားဟန်တူပါတယ် မြန်မာ့ဘက်နယ်စပ်စီမံကိန်းကတော့ အရမ်းကြီးကျယ်ခန်းနားနေတော့ ပြီးဆုံးဖို့ကြာအုံးမှာပါ
အဲ့လို့ သူများနိုင်ငံတွေ ပြောင်းလည်းတိုးတက်နေလို့ ကျတော်တို့ အမိမြေကို့လည်း တိုးတတ်ပြောင်းလည်း လာတာ မြင်ချင်မိပါတယ်
ရဲထိုက်ထွန်း
source: on Facebook







The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter
