A Study of Buddhism in Arakan

A Study of Buddhism in Arakan


[written by: Ashon Nyanuttara]

( – listed as Arakan-related Doc No. – 3 – )




“ပညာရေးသည်သာ မသိမှု အဝိဇ္ဇာ အမိုက်မှောင်ကို ဖြိုခွင်းပြီး ဂုဏ်သိက္ခာသမာဓိရှိပြီး ကြီးကျယ်မြင့်မြတ်တန်ခိုးရှိသည့် တခုတည်းသော ထွက်ရပ်ပေါက်လမ်း။”

English ဘာသာဖြင့် ရေးသားထားသည့် A Study of Buddhism in Arakan (ရခိုင်ပြည်ရှိဗုဒ္ဓဘာသာကိုလေ့လာခြင်း) အမည်ရှိ စာအုပ်ကို မြန်မာပြည်တွင်း ၀ယ်ယူဖတ်ရှု့လေ့လာအကြံပြုပေးနိုင်ရန်အတွက် ရေရှည်တည်တံ့သောပညာရေးအသိဖြင့် ထုတ်ဝေဖြန့်ချီလိုက်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

စာအုပ်သည် သီရိလင်္ကာနိုင်ငံ ကေလဏိယတက္ကသိုလ်သို့ Ph.D. ပါရဂူဘွဲ့အတွက် တင်သွင်းခဲ့သော ကျမ်းစာ၏ ရလာဒ်တစ်ခုဖြစ်ပါသည်။ သုတေသနကျမ်းစာအုပ် တစ်ခုလည်းဖြစ်သည်။

အခန်းပေါင်း (၇) ခန်း၊ စာမျက်နှာပေါင်း (၄၀၀) ကျော်၊ ရခိုင်သမိုင်းမြေပုံမှတ်တမ်း (၂၀) ကျော်၊ ရခိုင်ဘုရင် နန်းစဉ်မင်းဆက် ဇယားပေါင်း (၁၀) ကျော်၊ ရှေးဟောင်း ဘုရားပုထိုးတော်များ၊ ဘုရားဆင်းတုတော်များ၊ ရခိုင်ဒင်္ဂါးများ စသည်စသည်အားဖြင့် သမိုင်းမှတ်တမ်းဓါတ်ပုံပေါင်း (၂၀၀) ကျော်ပါရှိလျက် လှပခန့်ငြား ပြည့်စုံစွာဖြင့် ရေးသားဖော်ပြထားသည့် စာအုပ်ကောင်း တစ်အုပ် ဖြစ်သည်။

ရခိုင်ဗုဒ္ဓဘာသာသမိုင်းဆိုင်ရာနှင့်ပတ်သက်၍ English ဘာသာနှင့် ထုတ်ဝေပြီးသမျှစာအုပ်များထဲတွင် အပြည့်စုံဆုံး သမိုင်းမှတ်တမ်းများကို ရှု့ဒေါင့်စုံမှ မူရင်းအတိုင်း ဖော်ဆောင်တင်ပြထားမှု အကောင်းဆုံး ကျမ်းစာအုပ် တစ်အုပ်လည်းဖြစ်သည်။

အရှေ့တောင်အာရှသမိုင်းလေ့လာသူတိုင်း၊ မြန်မာ့သမိုင်းလေ့လာသူတိုင်း၊ ရခိုင်သမိုင်း လေ့လာသူတိုင်း တို့၏စာအုပ်စင်တိုင်း၊ ရခိုင့်ဗုဒ္ဓဘာသာနောက်ခံသမိုင်းကို သေရှာစွာ လေ့လာသိထားချင်သည့် နိုင်ငံခြားသံတမန်တိုင်း၊ ရခိုင်နှင့်ဆက်စပ်သည့် မဟာဝိဇ္ဇာ၊ ပါရဂူဘွဲ့သုတေသနပြုလုပ်လိုသူတိုင်းနှင့် စာကြည့်တိုက်တိုင်းတို့တွင် မရှိမဖြစ် လှပတင့်တယ်စွာ နေရာယူထားပြီး ဖတ်ရှု့လေ့လာ မှီငြမ်း သင့်သည့်စာအုပ်ဖြစ်သည့်အပြင် ရခိုင်ဗုဒ္ဓဘာသာသမိုင်း အကြောင်း သိချင်ကြသည့် နိုင်ငံခြားသား ခရီးသွားများ၊ မိတ်ဆွေသင်္ဂဟများနှင့် လေ့လာသူများအား လက်ဆောင်ပေးရန် သင့်တင့်လျောက်ပတ်လွန်းသည့် စာအုပ်ကောင်း စာအုပ်မွန် တစ်အုပ်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Twan Twan Soe

2022 March 18


Leave a comment