(The Mog Nation Wiki, an archive)

စုံစမ်းရေးကော်မရှင်နှင့်ရင်ဆိုင်ခြင်း (အပိုင်း – ၆ / နိဂုံးပိုင်း)
အပိုင်း(5)တွင်ဒေသတစ်ခု၏ဖွံဖြိုးတိုးတက်
မှုအထူးကြီးမားစွာလိုအပ်ကြောင်းကိုမိမိနှင့်တွေ့
ဆုံကြသည့်ကော်မရှင်ပါပုဂ္ဂိုလ်များသို့ပြောခဲ့သည်။
အဓိကဦးဆောင်မေးမြန်းသူက သမတ၏အကြံ
ပေးအဖွဲ့ဝင်ဖြစ်၍သမတသို့တင်ပြပေးနိုင်သည်။၎င်း၏မေးခွန်းများကိုဖြေပေးနိုင်မလားဟုမေးရာ
မိမိကလက်ခံသဖြင့်ဖုန်းဖြင့်အသံဖမ်းကြ၏။
(ပြောစဉ်ကအတိုင်းစကားလုံးထပ်တူမကျနိုင်)
Dr.ဆလိုင်း=ခင်ဗျားတို့မြို့နယ်တွင်းကအစိုး
ရဌာနတွေထဲမှာစိတ်တိုင်းကျအဆင်ပြေဆုံးတစ်ခု
ပြောပေးပါ။
မိမိ=တစ်ခုမျှမရှိ။(သူကဥပမာတစ်ခုပြောပါ
ဟုဆိုချိန်တွင်ပြင်ဖက်၌မိုးအနည်းငယ်ရွာနေ၏)
မိမိ=ယ္ခုပြင်မှာမိုးအနည်းငယ်ရွာနေတယ်။
ဒိထက်မိုးပိုရွာတာနဲ့ရပ်ကွက်တွေရေမြုတ်တယ်။
ကျနော်တို့အငယ်တုန်းက အင်္ဂလိပ်စတည်ဆောံ
ခဲ့တဲ့လူတစ်ရပ်လောက်နက်တဲ့ရေနုတ်မြောင်းကြီး
တွေချောင်းထဲဖေါက်ချထားတာမီလိုက်တယ်။မြို့
ပေါ်ရေမတင်ဘူး။လမ်းနဲ့ရေမြောင်းစနစ်ကျ။
Dr.ဆလိုင်း=လမ်းပန်းဆက်သွယ်ရေး။
မိမိ=ခင်ဗျားတို့အခု ရဟတ်ယာဉ်နဲ့အပေါ်
စီးကကြည့်ပြီး ရခိုင်ပြည်နယ်အနှံ့လာခဲ့ကြတော့
ဒီဒေသတစ်ခုလုံးရဲ့လမ်းပန်းဆက်သွယ်ရေးကို
မြင်မှာပေါ့။အဓိကကားလမ်းအခြေအနေကျောက်
ကြမ်းလမ်းအဆင့်ဘဲ။ဥပမာတစ်ခု မြို့မြောက်
ဖက်မီးချောင်းထိုးရွာကို 3မိုင်လောက်ဝေးတယ်။
ကုန်ခဲ့တဲ့10 နှစ်လောက်ကကတ္တရာစခင်းတယ်။
(2013 ခုနှစ်မတိုင်မီ10 နှစ်ခန့်ကိုဆိုလို)
တစ်နှစ်ကို 3 မိုင်စီတိုးခင်းသွားမယ်လို့ကြားလို့
ဝမ်းသာနေ။အခုဆယ်နှစ်သာကြာသွားတယ်
ခင်းပြီးသားလမ်းကိုဖါယင်းထေးယင်းနဲ့ဖါလမ်း
အဆင့်ဘဲရှိတုန်း။ရိုးမကိုကျော်တဲ့ရိုးမတောင်ကြား
ကားလမ်းလဲမြင်တဲ့အတိုင်းဘဲ။တစ်ခါမှပီပီပြင်
ကောင်းမလာဘူး။
Dr.ဆလိုင်း=လျှပ်စစ်မီးကော။
မိမိ=စပါးခွံလောင်စာသုံးဖွဲမီးစက်က24နာရီ
ရပါတယ်။ဒါပေမဲ့ရိုးတောင်တစ်ဖက်ကမြို့တွေမှာ
တစ်ယူနစ်35ကျပ်နှုန်းနဲ့သုံးနေတာကြာပြီ ဒီမှာ
450နှုန်း။မီတာစောင့်ထိန်းခ1000ကျပ်။မြင်
တဲ့အတိုင်းမြို့တွင်းကပ်တည်ထားတော့အနီးဝန်း
ကျင်ကအိမ်တွေ ဖြတ်သွားဖြတ်လာတွေအားလုံး
ရောဂါရမဲ့ဓါတ်ငွေ့တွေကိုနေတိုင်းရှုရှိုက်နေရ။
စက်ရုံကထွက်တဲ့အဆီတွေကမိုးရေနဲ့စီးမြောလို့
ရေတွင်းတွေထဲရောက်။လူတွေရဲ့ညီးညူသံနေ့
တိုင်းကြားနေရ။
Dr.ဆလိုင်း=ပညာရေးကော။
မိမိ=မြို့ပေါ်ကျောင်းတွေက ဆရာ ကျောင်း
သား စာသင်ခန်း အချိုးကျရှိမနေ။နယ်ကျောင်း
သားတွေက ဆင်းရဲတဲ့အစရှိအကြောင်းအမျိုး
မျိုးကြောင့်မူလတန်း အလယ်တန်းလောက်နဲ့အ
တန်းဆုံးပြီးစာသင်ရပ်သွားကြ။
Dr.ဆလိုင်း=သစ်တောကော။
မိမိ=သစ်တောပြုန်းတီးမှုကအဆမတန်ကြီး။
အရင်ကမြို့ပြင်ထွက်လိုက်တာနဲ့သစ်တော ဝါး
တောကြီးတွေနေရာတိုင်းမှာ။သစ်စက်တွေမှာပျဉ်း
ကတိုးသစ်ချည်းစက်ထိုးကြ။သစ်ဖြူသားကိုထင်း
တောင်မဆိုက်ကြဘူး1970 ပြည့်လွန်နှစ်များ
လောက်က ပျဉ်းခွဲသားတစ်တန်ကို650 ကျပ်
လောက်နဲ့ပေါပေါများများရနိုင်ခဲ့။အဂု6-သိန်းခွဲ
နဲ့ရှားရှားပါးပါး။ဒါတောင်သစ်ကောင်းမရ။
(2013-ခုနှစ်ကော်မရှင်နှင့်တွေဆုံစဉ်က။)
Dr.ဆလိုင်း=စက်မှုလုပ်ငန်းကော။
မိမိ=လူအများစု အလုပ်အကိုင်အခွင့်လမ်း
ရနိုင်တဲ့စက်ရုံမျိုးတွေမရှိ။ရိုးတောင်ကိုကျော်တာ
နဲ့ ကပစ ကစလ အစရှိတဲ့စက်မှုလုပ်ငန်းတွေ။
ဒါနဲ့ဆက်စပ်လို့ လျှပ်စစ်မီး လမ်းပန်းဆက်သွယ်
ရေးစတါတွေ တရိပ်ရိပ်တိုးတက်နေ။ဧရာဝတီ
မြစ်အနောက်ကမ်း လမ်းတစ်လမ်းလို လို့ဆိုတာ
နဲ့ပုသိမ်မုံရွာလမ်းမကြီးဘွားကနဲပေါ်လာခဲ့။
ရခိုင်ဒေသကအလုပ်လက်မဲ့တွေပညာတတ်ရော
မတတ်ရောအဲဒီဖက်ရရာအလုပ်လုပ်ဖို့သွားရ။
နေပူတောင်မာဘဲလ်ကျောက်တောင်ကြီးတစ်
တောင်ရှိတာလဲကုန်းကြမ်းရောင်းစားဖို့ပြင်လို့
ကြားရ။(ကျန်ပြောစကားအားလုံးမမှတ်မိတော့။)
~ တွေ့ဆုံပြောဆိုမှုကရသည့်အကျိုးရလာဒ်များ ~
(က)2012-ခုကတောင်ကုတ် သံတွဲလမ်းဆုံ၌
ဖြစ်ပွားခဲ့သည့် ပြဿနာဇစ်မြစ် “မီး”ကိုမည်သူ
တွေစရှို့၍ဖြစ်ပွားကြောင်းသိစေခြင်း။
(ခ)ကုန်လွန်ခဲ့သောနှစ်များကမွတ်စလင်ကုလား
များကိုတောင်ကုတ်ဒေသခံများကဆန့်ကျင်သည့်
့ဖြစ်ရပ် ဇစ်မြစ်နှစ်(2)ခုကိုသိရှိစေခြင်း။
(ဂ)ရခိုင်ဒေသတစ်ခုလုံးအပါဝင်တောင်ကုတ်မြို့
နယ်၏ဖွံဖြိုးတိုးတက်မှု အလွန်အမင်းအားနည်းမှု
ကိုသိစေခြင်း။
~ သမတအကြံပေးမှတစ်ဆင့်တင်ပြခြင်းအကျိုး ~
(က)နောက်နှစ်များမကြာမီအတွင်းရခိုင်တောင်
မြောက်ဆက်သွယ်ရေးကားလမ်းတိုးတက်လာ
သကဲ့သို့မိမိတို့မြို့နယ်ဝန်းကျင်ရှိကားလမ်းများ
(တောင်ကုတ်ရိုးမလမ်းမှအပ)ပိုမိုကောင်းမွန်
လာသည်။စံချိန်မမီ၍နှစ်စဉ်ပြုပြင်ရမှုရှိဆဲ။
(ခ)စာသင်ကျောင်းအဆောက်အဦးတိုးများလာ
သကဲ့သို့ဆရာများလည်းပိုမိုများလာ။
(ဂ)မြို့ပေါ်ရှိစပါးခွံလောင်စာသုံးဖွဲမီးစက်ကြီး
အစားဒီဇယ်ဆီလောင်စာသုံးမီးစက်ကြီးအစား
ထိုးကာ မီတာခနှုန်းထားများကိုလည်းညှိယူခဲ့။
(ဃ)စည်ပင်ရုံးအနီးရှိ ဦးဥတ္တမလမ်းမကြီးနှင့်
အမ်းလမ်းဆုံအရှေ့ဖက်ခြမ်းမှဥက္ကာလမ်းထိ
အကျယ်နှစ်တောင့်ထွာ အနက်သုံးတောင့်တစ်
ထွာခန့် ကွန်ကရစ်ရေမြောင်းကြီးတစ်မြောင်း
တည်ဆောက်ခဲ့သည်။သို့သော်ချောင်းမကြီးသို့
တိုက်ရိုက်တည့်တည့်မဆင်းဘဲတစ်ဆစ်ချိုး
ခံနေခြင်းကလိုအပ်ချက်ဖြစ်သည်။(ယ္ခုထိုရေ
မြောင်းကြီး ချောင်းရေတက်စဉ်ကနုန်းဖို့ထား
သဖြင့်တိမ်ကောကာမတူးဖေါ်ဘဲလေးနှစ်ခန့်
ရှိပြီ။မိုးရေလည်းမဆင်းတော့။အလဟဿဖြစ်
နေရသည်မှာအထူးစိတ်မသက်သာဖွယ်ပင်။။)

ကြရာ တောင်ကုတ်မြို့နယ်ခမ်းမ အဆောက်အဦ
End Notes and External links
- source: “စုံစမ်းရေးကော်မရှင်နှင့်ရင်ဆိုင်ခြင်း (အပိုင်း – ၆ / နိဂုံးပိုင်း)” | ဈာန်ခိုင် တောင်ကုတ်
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter



