(The Mog Nation Wiki, an archive)

(This news piece is a copied one.)
၂၀၂၁ မတ်လ (၂၃)
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ဆူပူအကြမ်းဖက်သူများကညအချိန်သံပုံးမတီးသည့်အမျိုးသမီးကိုသူလျို၊ဒလံ၊သတင်းပေးဟုစွပ်စွဲပြီးအကြမ်းဖက်ဖမ်းဆီးခဲ့ရာမှရက်စက်စွာသတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်းနှင့်တရားခံများအားဖော်ထုတ်ဖမ်းဆီးရမိကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ၁၅ .၃.၂၀၂၁ရက် နံနက် ၁၁နာရီခွဲခန့်တွင်တွံတေးမြို့နယ်၊ဗျောက်ရိုးကျေးရွာအုပ်စု၊ဗျောက်ရိုးရွာအဝင်လမ်းမပေါ်တွင်အမျိုးသမီးတစ်ဦးလဲကျသေဆုံးနေကြောင်းခလောက်ချိုင့်နယ်မြေရဲစခန်းသို့ဖုန်းဖြင့်အကြောင်းကြားမှုအရရဲတပ်ဖွဲ့ဝင်များ၊အုပ်ချုပ်ရေးအဖွဲ့နှင့်သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ရာအသက်(၃၀)ခန့် အမျိုးသမီးတစ်ဦးမှာ ဝဲ/ယာ နိုအုံကြားတွင် ထိုးသွင်းဒဏ်ရာ၄ချက်၊ယာဘက်ရင်အုံထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဝဲဘက်ဆီးစပ် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ စုစုပေါင်း ထိုးသွင်းဒဏ်ရာ ၇ ချက်ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်း။ထိုသို့တွေ့ရှိရသည့်အမျိုးသမီးအလောင်း၏ဓါတ်ပုံ၊အထောက်အထားများနှင့်လှိုင်သာယာမှပျောက်ဆုံးခဲ့သည့် အမျိုးသမီး၏ ဓါတ်ပုံအထောက်အထားများကို ၎င်းပျောက်ဆုံးနေသူအမျိုးသမီး၏ဆွေမျိုးများထံ အတည်ပြုချက်အရ သေဆုံးသူအမျိုးသမီးမှာ ပျောက်ဆုံးခဲ့သည့် အမျိုးသမီးဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးမုှခင်းအကူဌာနမှရဲအုပ်ရာဇာမြညိမ်းနှင့်အဖွဲ့၊မြောက်ပိုင်းခရိုင်မုှခင်းနှိမ်နှင်းရေးမှရဲအုပ်ဗိုလ်ဌေးပါတပ်ဖွဲ့ဝင်တို့ကစုံစမ်းဖော်ထုတ်ချက်များအရသံပုံးမတီးသည့်အကြောင်းအရာပေါ်အခြေတည်၍လူသားမဆန်၊ယုတ်မာစွာဖြင့်အကြမ်းဖက်၍ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သူများနှင့်ပူးပေါင်းပါဝင်၍အားပေးကူညီသူများကိုစုံစမ်းဖမ်းဆီးခဲ့ရာမှ၂၂.၃.၂၀၂၁ရက်ညနေ၄နာရီ၄၀မိနစ်အချိန်ပြစ်မုှကျူးလွန်သူကိုမျိုး(ခ)ဝက်ကြီးကိုဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိသူလှမျိုးအောင်(ခ)ကိုမျိုး(ခ)
ဝက်ကြီး(၄၄)နှစ်၊ထမင်းရောင်း၊မ၅၁၆(က)ဆောင်၊အောင်တံခွန်လမ်း(၇)ရပ်ကွက်၊လိုှင်သာယာမြို့နေသူကိုအမုှနှင့်စစ်မေးခဲ့ရာကိုမျိုး(ခ)ဝက်ကြီးက၎င်းသည်၁၄.၃.၂၀၂၁ရက်နေ့နေ့လည်(၁၂)နာရီအချိန်ခန့်တွင်သေဆုံးသူ မဝင်းသန္တာဆွေအား ၎င်း၏နေအိမ် အောင်မေတ္တာလမ်းမှ မင်းမင်း(ခ) အောင်မင်းဦး၊(၇)ရပ်ကွက်၊တိုးချဲ့နေမီးခွက်ဈေးတွင်ပုဇွန်ရောင်းသောလင်မယားတင်တင်အေးနှင့်၎င်း၏ယောက်ျားအောင်ကိုနိုင်အောင်မေတ္တာလမ်း၊သေဆုံးသူနေအိမ်ရှေ့မှနေထိုင်သူ မြင့်မြင့်အေး၊ မြင့်မြင့်အေး၏ခင်ပွန်းတင်ထွန်းအောင်းမိုးလျှံ(သံပန်းတံခါးလုပ်ကိုင်)၊မသူဇာ၊အောင်မေတ္တာလမ်းနေစိုးတာ(ခ)စိုးသူတို့၏အမေအမည်မသိအောင်မေတ္တာလမ်းထူးမိတ္တုကျောကပ်နေအိမ်သန့်ဇော်ဦး(အောင်တံခွန်လမ်းတွင်သုံးဘီးမောင်း)(လျှပ်စစ်ပစ္စည်းပြင်၊သန့်ဇင်တေးဥယျာဉ်(၇)လမ်း၊ဆယ်အိမ်မှူးကိုဝင်းနိုင်၊ဇနီးဖြစ်သူမကြူကြူသင်း၊လှမျိုးအောင်၏ဇနီးရွှေကောင်းကြွယ်လက်ဖက်ရည်ဆိုင်ပိုင်ရှင်လင်မယား(၂)ဦး၊လှမျိုးပါပေါင်း(၁၆)ဦးခန့်သည်တေးဥယျာဉ်လမ်းမှတဆင့်(၇)ရပ်ကွက်၊တိုးချဲ့ရှိဘုန်းကြီးကျောင်းသို့သေဆုံးသူမဝင်းသန္တဆွေအားခေါ်ဆောင်သွားခဲ့ပါသည်။
သုံးဘီးဆိုင်ကယ်အားသန့်ဇော်ဦးမှမောင်းနှင်ပြီးသုံးဘီးဆိုင်ကယ်ပေါ်တွင်မင်းမင်း(ခ)အောင်မင်းဦး၊သေဆုံးသူမဝင်းသန္တာဆွေ၊၎င်း၏အိမ်ဖော်အမျိုးသမီး(အမည်မသိ)၊ဝက်ကြီး၊ပုဇွန်သည်ယောက်ျားတို့ဖြစ်ကာကျန်ရှိသူများမှာ၎င်းတို့၏အစဉ်အစီဖြင့် လိုက်လာခဲ့ကြပြီး (၁၀ )မိနစ်ခန့်မောင်းနှင်ခဲ့ပြီးဘုန်းကြီးကျောင်းတွင် ဦးဇင်းငပိဖြင့်တွေ့မေးမည်ဆိုကာဆွမ်းစားဆောင်တွင်မေးမြန်းရန်ကိုလှမျိုးနှင့်သန့်ဇင်တို့မှလျှောက်ထားခဲ့ပါသည်။မင်းခန့်နှင့်၎င်း၏တပည့်ကျန်သူများရောက်ရှိလာကာမင်းမင်းမင်းခန့်နှင့်တပည့်တို့မှဒလံဟုတ်မဟုတ်မေးခြင်းဖြင့်(၁)နာရီကျော်ခန့်မေးမြန်းခဲ့ပါသည်။
မေးမြန်းရာတွင်သေဆုံးသူမဝင်းသန္တာဆွေ၏ဖုန်းအတွင်းမှအချက်အလက်တို့အားရှာဖွေရန်သေဆုံးသူမှလော့အားမဖြေပေးခဲ့သဖြင့်သန့်ဇင်နှင့်ကိုဝင်းနိုင်တို့မှစက်ဘီးကျွတ်စအနက်ရောင်အားယူဆောင်လာခဲ့ပြီးကြိုးတုတ်ခိုင်းသဖြင့်ဝက်ကြီး(ခ)ကိုမျိုးမှလက်ပြန်ကြိုးခဲ့ပြီး၊သုံးဘီးဆိုင်ကယ်အားသန့်ဇော်ဦးမောင်းနှင်၍သုံးဘီးဆိုင်ကယ်ပေါ်တွင်သေဆုံးသူဟုတ်မဝင်းသန္တာဆွေနှင့်အိမ်ဖော်အမျိုးသမီး(အမည်မသိ)၊မင်းမင်း၊ဇနီးဖြစ်သူကြူကြူသင်းတို့လိုက်ပါလျက်အောင်မေတ္တာလမ်းနှင့်အောင်တံခွန်လမ်းကြားရှိတနင်္ဂနွေဆွမ်းပတ်ဓမ္မာရုံသို့သွားရောက်ပြီးသန့်ဇင်မှသေဆုံးသူမဝင်းသန္တာဆွေ၏ဖုန်းလော့အားဖွင့်ပေးရန်ပြောဆိုရာ(၂)နာရီခန့်ကြာမြင့်ခဲ့ပါသည်။လာရောက်စစ်မေးသူမှာမင်းမင်းနှင့်အပေါင်းအပါများမှခိုင်းစေသဖြင့်အောင်မေတ္တာလမ်း၊ ရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင် မျက်စောင်းထိုးရှိထူးမိတ္တူဆိုင်မှမပြည့်ပြည့်ဖြစ်ပါသည် ။ထိုအချိန်တွင်တနင်္ဂနွေဆွမ်းပတ်ဓမ္မာရုံတွင် လူအများအုံလာစဉ်ယာဉ်ထွေးမှဖုန်းဆက်ခေါ်သဖြင့် ညနေ (၄)နာရီအချိန်ခန့်တွင်ဥက္ကဋ္ဌဖိုးကျော်(ခ) ကျော်ကျော်လတ်ပါ(၁၅)ဦးခန့်ထပ်မံရောက်ရှိလာပြီးဥက္ကဌဖိုးကျော်(ခ)ကျော်ကျော်လတ်၏နေအိမ်သို့ ခေါ်ဆောင်သွားခဲ့ပါသည်။ဝက်ကြီး(ခ)ကိုမျိုးမှ ဇနီးဖြစ်သူ မကြူကြူသင်းနှင့်အတူ ထမင်းဆိုင်သို့ ပြန်လာကြောင်း၊ယဉ်ထွေးမှ မဝင်းသန္တာဆွေအား ၎င်းနေအိမ်သို့ပြန်ပို့သွားကြောင်း၎င်းနှင့်ယဉ်ထွေးတို့ည(၈)နာရီအချိန်ခန့်တွင်အောင်တံခွန်လမ်းထိပ်တွင် တွေ့ဆုံစဉ် ယဉ်ထွေးမှပြောကြားခဲ့ပြီးည(၈ )နာရီခွဲအချိန်ခန့်တွင်ဝက်ကြီးနှင့်ဇနီးဖြစ်သူမကြူကြူသင်း၊မင်းခန့်၏တပည့်(၅)ဦးနှင့်တိုးချဲ့(၁၃)လမ်းတွင်နေထိုင်သူအမည်မသိအမျိုးသားတစ်ဦးတို့မှာ နေအိမ်သို့ပြန်လာ ခဲ့ကြပါသည် ။
ည(၉)နာရီ အချိန်ခန့်တွင် မင်းခန့်မှ ဖုန်းဆက်၍ဝက်ကြီးအား “ဘယ်လိုလုပ်ကျမလဲငါစီအစဉ်ပြီးသွားပြီ”မဝင်းသန္တာဆွေအားသတ်လိုက်တော့ဟုပြော၍ဝက်ကြီးကမလုပ်ရဲကြောင်း၊ကူညီပေးဆိုပါကကားမောင်းပေးမည်ဖြစ်ကြောင်းပြန်ပြောပြီးည၁၀နာရီအိပ်ရာဝင်ခဲ့သည်ဟုဆို၏။
၁၅.၃.၂၀၂၁ ရက်နေ့ နံနက် (၆)နာရီအချိန်
ခန့်တွင်ရွှေကောင်းကြွယ်လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဝင်းသူစိုးမှ၎င်းထံ ဖုန်းဆက်၍မဝင်းသန္တာဆွေအား သတ်လိုက်တော့ပြောရာ၎င်းမှဘယ်ကိုရှင်းရမှာလဲဟုပြန်ပြောခဲပြီးနံနက်(၇)နာရီအချိန်အောင်မေတ္တာလမ်းနှင့်အောင်တံခွန်လမ်းကြားရှိတော်ဝင်စားသောက်ဆိုင်ရှေ့တွင်ဝက်ကြီးနှင့်ဖိုးသဲနှင့်တွေ့ဆုံခဲ့ရာဝက်ကြီးမှဖိုးသဲအားဝင်းသူစိုးမှမဝင်းသန္တာဆွေအားသတ်လိုက်တော့ရှင်းလိုက်တော့ဟုပြောသည့်ကိစ္စအားပြန်လည်ပြောပြခဲ့ရာဖိုးသဲမှလည်းလုပ်လိုက်ဟုပြော၍ဖိုးသဲမောင်းနှင်လာသောနံပါတ်မမှတ်မိခွေးဘီလူးအဖြူရောင်ယာဉ်အားဝက်ကြီးမှရယူခဲ့ကြောင်း။ဖိုးသဲမတွေ့မှီမင်းခန့်မှဖုန်းဆက်၍ရှင်းရန်အကြောင်းပြောစဉ်ရှင်းရန်ပြောရာ မင်းခန့်မှ ရှင်းလိုက်တော့ဟုပြောခဲ့သည်။ဝက်ကြီး(ခ)ကိုမျိုးမှ ကတုံး(ခ)သူရကိုဖုန်းဆက်ပြီး ရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဝင်းသူစိုးခိုင်းသည့်ကိစ္စအားလုပ်ရန် လုပ်ရဲလားဟုမေးရာ ကတုံး(ခ) သူရ မှလုပ်ရဲကြောင်းပြောပြီးကတုံး(ခ)သူရနှင့်လူချင်းတွေ့ဆုံသောအခါကတုံးမှလုပ်ရဲသည်ဟုထပ်ပြောပြီးကတုံး(ခ)သူရနှင့်အတူအညာသား(ရပ်ကွက်အတွင်းနောက်မှပြောင်းလာသူ) ပါရှိလာပြီး နံနက်(၈ )နာရီအချိန်တွင်သေဆုံးသူ၏နေအိမ်သို့ရောက်သောအခါနေအိမ်တံခါးမှာသော့ခတ်ထားသဖြင့်နေအိမ်တံခါးသော့အားအောင်မေတ္တာလမ်းနေတင်ထွန်းအောင်တို့လင်မယားထံတွင်သော့အားသွားရောက်တောင်းယူခဲ့ရာ သော့ရရှိခဲ့သဖြင့် အညာသားမှ အခန်းတံခါးအားဖွင့်ရာ(သောအရောင်မှာငွေမှင်ရောင်ဖြစ်ပြီးသံကြိုးဖြင့်တွဲခတ်ထား)အိမ်ပေါက်တံခါးဝတွင်မဝင်းသန္တာဆွေအားမတ်တပ်ရပ်နေသည်ကိုတွေ့ရှိရပြီးမင်းခန့်ဆိုသူမှပြောစရာရှိ၍ခေါ်တာဟုပြော၍မင်းခန့်သင်ကြားထားသည့်အတိုင်းပြောခဲ့ကာ ။ ထိုအချိန်တွင် မဝင်းသန္တာဆွေ ဝတ်ဆင် ထားသောအပေါ်အင်္ကျီလက်ရှည် အနက်ရောင်၊ အောက်ခံအကျီအရောင်မမှတ်မိ၊ဘောင်းဘီအရှည်အပျော့သားကိုဝတ်ဆင်ထားသည်ကိုတွေ့ရှိရပါသည်။ဝက်ကြီးမှမဝင်းသန္တာဆွေအား“ကိုမင်းခန့် ပြောတာကိုနားထောင်ပြီးလျှင်နင်သွားလို့ရသည်”ဟုပြောရာမဝင်းသန္တာဆွေမှဝက်ကြီးအားဝိုင်းပြောပေးပါ၊ကျွန်မကျေးဇူးဆပ်ပါမည်ဟုပြောရာဝက်ကြီးက ခွေးဘီလူး အဖြူရောင်ယာဉ်၏ခေါင်းခန်း ယာဘက်မှမောင်းနှင်ပြီးမဝင်းသန္တာဆွေမှယာဉ်၏ခေါင်းခန်းဝဲဘက်တွင်ထိုင်လျက်လိုက်ပါလာခဲ့ပါသည်။
ယာဉ်၏နောက်ခန်းတွင်ကတုံး(ခ)သူရနှင့်((အမည်မသိ)အညာသားတို့ လိုက်ပါလာခဲ့ပါသည်။ နံနက်(၈)နာရီခွဲအချိန်ခန့်တွင်ယာဉ်ဖြင့်ထွက်လာကြောင်းမင်းခန့်အားဖုန်းဆက်ပြောရာမင်းခန့်မှဆိုင်ကယ်(၂)စီးလူ(၄)ဦးနှင့်လိုက်လာမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါသည် ( ၂ )စီးဖြင့် လူ(၄ )ဦး လိုက်လာ ။မောင်းနှင်သည့် ယာဉ်လမ်းကြောင်းမှ ဗိုလ်အောင်ကျော်လမ်းမှရန်ကုန်ညောင်တုန်းလမ်း၊ ဘီအိုစီမီးပွိုင့်အရောက်တွင်မင်းခန့်တို့မှဆိုင်ကယ်(၂)စီး၊လူ(၄)ဦးဖြင့်ယာဉ်၏နောက်မှကပ်လိုက်လာခဲ့ပါသည်။ထိုမှတဆင့်လှိုင်သာယာတွံတေးလမ်းအတိုင်းမောင်းနှင်နေစဉ်တိုးဂိတ်အဟောင်းအရောက်၌မင်းခန့်မှကျွန်တော်အားဖုန်း(၁)ကြိမ်ထပ်မံဆက်ပါသည်။တမံကြီးထိပ်အရောက်၌(၄)ကြိမ်၊၎င်းနောက်လှိုင်သာယာ.တွံ့တေးလမ်းနှင့်ဆိပ်ကြီးခနောင်တို လမ်းထိပ်အရောက်တွင်ဖုန်း(၁)ကြိမ်ဆက်ရာ ၎င်းမှဆိပ်ကြီးခနောင်တိုလမ်းအတိုင်းဝင်လာသည်ဟုပြောပြီးနာရီဝက်ခန့်မောင်းနှင်ခဲ့ရာဆိပ်ကြီးခနောင်တိုမြို့အနီး မြေနီလမ်းသွယ်တစ်ခု အရောက်၌ ၎င်းလမ်းထဲသို့(၁၀)မိနစ်ခန့်မောင်းနှင်သွားစဉ်အခင်းဖြစ်နေရာအရောက်၌မင်းခန့်မှဖုန်းထပ်မံဆက်ပြီးမဝင်းသန္တာဆွေအားမရှင်းရသေးဘူးလား၊မြန်မြန် လုပ်ရန် ထပ်မံဖုန်းဆက်ပြောခဲ့ပါသည် ။
နံနက်(၁၀)နာရီအခင်းဖြစ် နေရာအရောက်၌ ကားရပ်စဉ်ကတုံး(ခ)သူရက၎င်းအား“ဓါးပါလား”ဟုမေးရာ၎င်းမှပါလာကြောင်းပြောစဉ်၎င်းမှကျွန်တော်ခါးပတ်အိတ်အတွင်းထည့်ထားသည့်အရိုးအသွား၉လက်မခန့်ရှိနှစ်ဖက်သွားဓါးဦးချွန်ချော့ချောင်းပါအရိုးအားတိပ်ပတ်ပြီးနိုင်လွန်ဖြင့်ချည်ထားသောဓါးအားထုတ်ပေးခဲ့ရာကတုံး(ခ)သူရမှမဝင်းသန္တာဆွေထိုင်နေသောဘက်မှကားတံခါးအားဆွဲဖွင့်ပြီး ဓါးဖြင့် ထိုးမည်ပြုစဉ် မဝင်းသန္တာဆွေမှသမီး ဘာမှမလုပ်ပါနဲ့ဟုတောင်းပန်ပြီးပါလာသောရွှေဆွဲကြိုးနှင့်ရွှေထည်ပစ္စည်းများအားယူ၍အသက်အားချမ်းသာပေးရန် တောင်းပန်နေစဉ်ကတုံး(ခ) သူရမှမဝင်းသန္တာဆွေ၏လက်နှစ်ဖက်အားဝဲဘက်လက်ဖြင့်ချုပ်ကာဓါးကိုင်ထားသောယာလက်အား လက်ပြန်ကိုင်၍ မဝင်းသန္တာဆွေ၏ ရင်ဘက်အား ဓါးဖြင့်(၆)ချက်ခန့်ခေါင်းခန်းအတွင်း၌ပင်ထိုးနေစဉ်၎င်းလည်းယာဉ်၏ခေါင်းခန်းရှိ ကားယာဉ်မောင်းနေရာတွင် ထိုင်လျက် ရှိနေခဲ့ပါသည်။ သေဆုံးသူမှ ဒဏ်ရာများဖြင့်ရုန်းကန်နေစဉ်ကတုံး(ခ)သူရမှဝတ်ဆင်ထားသော လော့ကတ်သီးပါ ရွှေဆွဲကြိုး( ၁)ကုံး၊ ရွှေလက်စွပ်(၁)ကွင်းတို့အားဆွဲဖြုတ်ယူပြီး သူရမှမဝင်းသန္တာဆွေအားကားအောက်သို့ဆွဲချကာ ကားဘေး၌ပင်ဓါးဖြင့်(၂)ချက်ခန့်ထိုးနေသည်ကို မြင်တွေ့ရပါသည်။
ခဏအကြာမဝင်းသန္တာဆွေ၏ အလောင်းအားကားရပ်ထားသည့်နေရာအနီးရှိချုံပုတ်အတွင်းပစ်ထားပြီးကားရှိရာသို့ပြန်လာစဉ်၎င်းမှသေဆုံးသူထံမှချွတ်ယူထားသောရွှေထည်များအား ကတုံး(ခ) သူရထံမှ တောင်းယူသိမ်းဆည်း ထားခဲ့ပါသည် ။ ဓါး၌ပေနေသောသွေးများအား မဝင်းသန္တာဆွေ၌ဝတ်ဆင်ထားသောအင်္ကျီ၊ဘောင်းဘီတို့ဖြင့်သုတ်ပြီးဓါးအားဓါးအိမ်အတွင်းသို့ထည့်ပြီးနောက်ယာဉ်အားပြန်လှည့်ပြီးမောင်းနှင်လာခဲ့ရာ ဆိပ်ကြီးခနောင်တိုလမ်းအဝင်တွင် မင်းခန့်ပါ(၄ )ဦးနှင့်တွေ့ဆုံပြီး တမံကြီးအရောက်တွင်မင်းခန့်မှ ၎င်းအား “မင်းတို့ရှင်းပြီးသွားပြီလား” ဟုမေးရာ ၎င်းမှ“မရှင်းရဲကြောင်း၊ကတုံး(ခ)သူရမှရှင်းလိုက်ကြောင်း” ပြန်ပြော ခဲ့ပါသည်။ ရန်ကုန်-တွံတေး လမ်းမဘေး တမံကြီးရွာထိပ်ရှိ စားသောက်ဆိုင်၌ မင်းခန့်နှင့်တွေ့ဆုံစဉ်မင်းခန့်နှင့်ကျွန်တော်တို့ဘီယာ(၁)ဗူးစီသောက်ကာမင်းခန့်မှညရောက်မှဖုန်းထပ်ဆက်မည်ဟုပြောကာလမ်းခွဲခဲ့ပြီးအောင်တံခွန်လမ်းရှိကျွန်တော်၏နေအိမ်သို့ပြန်လာခဲ့သည်ဟုသိရသည် ။
နံနက် (၁၁)နာရီအချိန်ခန့်တွင် ကတုံး(ခ)သူရမှ သွေးပေနေသောဓါးအား၎င်း၏နေအိမ်ရှေ့ရှိရေကန်၌ရေးဆေးခဲ့ပြီးဓါးအား၎င်းထံပြန်ပေးခဲ့ပြီးကတုံး(ခ)သူရနှင့်အညာသားတို့သည်နောက်(၅)မိနစ်ခန့်အကြာတွင်လမ်းလျှောက်၍၎င်းတို့၏နေအိမ်သို့ပြန်သွားပြီး၎င်းမှည(၁၁)နာရီအချိန်ခန့်တွင်မဝင်းသန္တာဆွေအား ကတုံး(ခ) သူရမှ သတ်ခဲ့ကြောင်း ဇနီး ဖြစ်သူမကြူကြူသင်းအားပြန်လည်ပြောပြခဲ့ပါသည် ။
၁၆.၃.၂၀၂၁ရက်နေ့နံနက်(၉)နာရီအချိန်
ခန့်တွင်၎င်းသည်အင်းစိန်မြို့နယ်၊မြို့သစ်(က.ခ)ရပ်ကွက်၊ ငစိန်လမ်းနေ အစ်ကိုဝမ်းကွဲတော်စပ်သူ အကြီးကောင်ထံရောက်ရှိခဲ့ပြီးလူသတ်မှုကျူးလွန်ရာတွင်အသုံးပြုသောဓါးအားပေးခဲ့ပြီးနောက်ဇနီးဖြစ်သူမကြူကြူသင်းမှအဆိုပါနေအိမ်သို့လိုက်လာကာအကြီးကောင်ဆိုင်ကယ်ဖြင့်၎င်းနှင့်ဇနီးဖြစ်သူတို့မှာတပ်ထိပ်မှတ်တိုင်သို့လာခဲ့ပြီးနောက်တပ်ထိပ်မှတဆင့်ဆိုင်ကယ်ကယ်ရီကို၁၅၀၀၀ကျပ်ဖြင့်ငှားကာ ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့နယ်သို့ ရောက်ပြီးနောက် မလတ်တိုကားဂိတ်မှ တက္ကစီ( ၁)စီးအား ငွေ(၆၀၀၀၀)ကျပ်ဖြင့်၍ ကျောင်းကုန်း မြို့ရှိယောက်ဖဖြစ်သူစိုးကြီး(ခ)စိုးဦးနေအိမ်သို့လာခဲ့ရာည(၇)နာရီခွဲအချိန်ခန့်တွင်ကျောင်းကုန်းမြို့ရှိ ယောက်ဖဖြစ်သူနေအိမ်သို့ ရောက်ရှိခဲ့ပါသည် ။ ယောက်ဖဖြစ်သူ၏နေအိမ်သို့ ရောက်ရှိစဉ် ၎င်းမှ ဆန္ဒပြရာတွင် ခေါင်းဆောင်နေရာ၌ပါဝင်သဖြင့် ရဲနှင့်တပ်မတော်သားများမှလိုက်လံဖမ်းဆီးသဖြင့် ထွက်ပြေးနေရသောကြောင့် ကျောင်းကုန်းမြို့သို့ ခေတ္တလာရောက်တိမ်းရှောင်နေခြင်းဖြစ်ကြောင်းပြောပြီးည(၉ )နာရီအချိန်ခန့် အိပ်ရာဝင်ခဲ့ပါသည်။ ယောက်ဖဖြစ်သူ စိုးကြီး(ခ) စိုးဦးအား သေဆုံးသူ မဝင်းသန္တာဆွေကိုင်တွယ်အသုံးပြုသည့်Miအမျိုးအစား အပြာရောင်လက်ကိုင်ဖုန်း(၁)လုံးနှင့်Oppo အမျိုးအစားအနီရောင်လက်ကိုင်ဖုန်း(၁)လုံးပေါင်း(၂)လုံးကိုခေတ္တသိမ်းဆည်းထားရန်ပေးအပ်ထားခဲ့ပါသည်။အဆိုပါနေအိမ်၌(၂)ရက်ခန့်နေထိုင်ခဲ့ပြီး၁၉.၃.၂၀၂၁ရက်နံနက်(၄)နာရီအချိန်ခန့်တွင်ယောက်ဖဖြစ်သူစိုးဦး(ခ)စိုးကြီးအကူအညီဖြင့်ဝေယံနှင့်ရဲနောင်တို့၏ဆိုင်ကယ်ကယ်ရီ(၂)စီးအားတစ်စီးလျှင်(၄၀၀၀၀)ကျပ်ဖြင့်ငှားရမ်းကာပုသိမ်လမ်းမှတဆင့်ထန်းတပင်မြို့နယ်သီတာအေးတာဆုံမှကုက္ကိုလ်ဝတံတားကိုဖြတ်ပြီးမှော်ဘီမြို့နယ်မြို့ချောင်းလမ်းဆုံသို့နံနက်(၈)နာရီကျော်ခန့်တွင်ရောက်ရှိခဲ့ပါသည်။(၅)မိနစ်ခန့်နားပြီးနောက်လမ်းဆုံရှိဆိုင်ကယ်ကယ်ရီဆွဲသူ စောပလုဆဲ(ခ) ကရင်လေး နှင့် စောစော (ခ) ကရင်းကြီး တို့၏ ဆိုင်ကယ်ကယ်ရီ( ၂)စီးအားတစ်စီးလျှင်(၅၀၀၀)ကျပ်ဖြင့်(၂)စီးငှားကာလှည်းကူးမြို့နယ်၊ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်အနီးရှိဘုရားသုံးဆူကျူးကျော်နေသူငယ်ချင်းဖြစ်သူမျိုးဇော်ဦး(၄၂)နှစ်၊ယာဉ်မောင်း၊ငြိမ်းချမ်းသာယာကွက်သစ်ဘီလမ်း၊ဘုရားသုံးဆူစခန်းကြီးအုပ်စု၊လှည်းကူးမြို့နယ်နှင့်၎င်း၏ဇနီးမပိုင်ရတနာစိုး(ခ)ပိုင်ပိုင်တို့၏နေအိမ်သို့ရောက်ရှိနေထိုင်ခဲ့ကြောင်းသိရသည်။
မျိုးဇော်ဦးနှင့် မပိုင်ရတနာစိုး(ခ)ပိုင်ပိုင် တို့ေ
နအိမ်၌နေထိုင်စဉ်သေဆုံးသူထံမှယူဆောင်လာသောလော့ကတ်သီးပါရွှေဆွဲကြိုး(၁)ကုံးနှင့်လက်စွပ် (၁)ကွင်းတို့အား ဇနီးဖြစ်သူကိုင်သည့် မိန်းမကိုင် ပိုက်ဆံအိတ်အတွင်းထည့်ကာနေအိမ်ရှေ့ခန်းတီဗွီစင်ရှိစက္ကူဗူးအတွင်း၌ထည့်၍သိမ်းဆည်းခဲ့ပါသည်။၂၂-၃-၂၀၂၁ရက်ညနေ၄နာရီ၄၀အချိန်ခန့်တွင် ကျွန်တော်ခေတ္တတည်းခိုနေထိုင်သည့် မျိုးဇော်ဦး နေအိမ်သို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မုှခင်းအကူဌာနမှရဲအုပ်ရာဇာမြငြိမ်းနှင့်မြောက်ပိုင်းခရိုင်မုှခင်းနှိမ်နှင်းရေးမှရဲအုပ်ဗိုလ်ဌေးတို့အဖွဲ့ကးရောက်ရှိလာပြီးဖမ်းဆီးခြင်းခံရကြောင်းနှင့်ပြစ်မုှကျူးလွန်ရာတွင်ပါဝင်သူတို့ကိုဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
အောင်ကျော်ဦး(ပြည်မျက်လုံး)S.H
ရှုထောင့် မှုခင်းနှင့်သတင်း ဂျာနယ်

End Notes and External links
- source: “ဒလံ ဟုစွပ်ဆွဲပြီးသတ်ခိုင်းသူလ္ဘက်ရည်ဆိုင်ပိုင်ရှင်နှင့်အပေါင်းအပါတို့ကိုဖမ်းဆီးရမိ” | အမှန်တရားသတင်းဂျာနယ် on Facebook
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter

