ရခိုင်ကမ်းရိုးတန်းကိုလေ့လာခြင်း Study of Arakan Coast | အပိုင်း (၁၀)

(The Mog Nation Wiki, an archive)


Read the author’s original post

ရခိုင်ကမ်းရိုးတမ်းကိုလေ့လာခြင်း
အပိုင်း (၁၀)

ပင်လယ်ကမ်းခြေ နှင့် ရခိုင်ကမ်းခြေ မြင့်တက်ခြင်း
(Sea Coast and Emerging Rakhine coast)

ဒေါက်တာမျိုးမြင့်

နိဒါန်း

သဘာဝသိပ္ပံကိုလေ့လာမှုပြုကြရာတွင်၊ ပစ္စုပ္ပန်သည်အတိတ်ကာလနှင့်လိုက်လျောညီ ထွေဖြစ် အောင်ဖန်တီးထားသည်ဟုဆိုကြသည် (Present is a Key to the past)။ ပစ္စုပ္ပန်ကိုလေ့လာခြင်းဖြင့်၊ အတိတ်၏ဖြစ်စဉ်များကိုပြန်လည်ဖေါ်ထုတ်နိုင်မည်ဖြစ်သည်။ လူမှုသိပ္ပံဘဝတွင်၊ အတိတ်မှဖြစ်ပျက်ခဲ့ သည်များကိုလေ့လာသုံးသတ်ပြီး၊ ပစ္စုပ္ပန်၏ကာလဒေသနှင့်အညီ ပြန်လယ်ပြုပြင်တည်ဆောက်ပြီး၊ ဖြစ် ပေါ်လာမည့်ပစ္စုပ္ပန်နှင့် အနာဂတ်အတွက်ကောင်းမွန်သောလူ့ပတ်ဝန်းကျင်များတည်ဆောက်ကြရ မည် ဖြစ်သည်။
သို့သော်၊ အရာရာတိုင်းသည်တည်မြဲခြင်းမရှိ၊ ပျက်စီးကြကုန်သည်ဖြစ်၏ ဟု ဗုဒ္ဓဘုရားရှင်က ဟောကြားတော်မူခဲ့သည် (Nothing is permanently existence)။ ဖြစ်ခြင်းသဘောရှိသမျှအရာအား လုံးသည် ခြုပ်ငြိမ်းခြင်းသဘောကိုဆိုလို၏ (အာမာနံ အာဒီန၀ ကထာ)။ ကမ္ဘာကြီးတွင်လည်းဖြစ်ခြင်း ကြောင့်၊ ပျက်စီးခြင်းဆိုသည့် သံသယာကိုတွေ့နေရသည်။ နှစ်သန်း ၁၀၀ မှ ၆၀ ခန့်အတွင်းအသက် ရှင် နေထိုင်ခဲ့သော ဒိုင်နိုဆော့သတ္တဝါများသည်ပင်ပျောက်ဆုံးသွားခဲ့သည့် သာဓကတစ်ခုအဖြစ်တွေ့နေရ သည်။
ကမ္ဘာကြီးတွင်လည်း သံသယာလည်ပတ်ခြင်းတစ်ခုဖြစ်သော တိုက်စားခြင်း၊ သယ်ယူခြင်း နှင့် ပို့ချခြင်း တို့ကိုလည်းတွေ့နေရသည်။ ကုန်းမြေနိမ့်ဆင်းသွားခြင်း နှင့် မြင့်တက်ရခြင်း ဖြစ်စဉ်များကို လည်းတွေ့နေရသည်။ ကမ်းရိုးတမ်းဒေသတလျောက်တွင်လည်းထင်ရှားစွာတွေ့နေရသည်။
ရခိုင်ကမ်းရိုးတမ်းကိုမြောက်ပိုင်းတွင် ကစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသ (Gysapnadi delta) နှင့် ပင်လယ်ပြင်ကိုမျက်နှာပြုနေသောပင်လယ်ကမ်းရိုးတမ်း (shelf/shore) ဖြင့်၎င်း၊ တောင်ပိုင်းဒေသ (တောင်ကုတ်၏တောင်ဖက် (ခရိုင်ကျွန်း) မှမော်တင်စွန်းထိ) သည် ပင်လယ်ပြင်ကိုမျက်နှာပြုနေသော ပင်လယ်ကမ်းရိုးတမ်း (open shelf/shore/beach) ဖြင့်တည်ရှိဖြစ်ပေါ်နေကြသည် (မြစ်ဝကျွန်းပေါ်ဒေ သမရှိတော့ပါ)။
ရခိုင်ကမ်းရိုးတမ်းမြင့်တက်ခြင်းများကို ပင်လယ်ပြင်ကိုမျက်နှာပြုနေသောပင်လယ်ကမ်းရိုးတမ်း (open shelf/shore/beach) ဒေသများတွင်တွေ့နေရသည်။ အထူးသဖြင့်၊ မြောက်ဖက်ပိုင်းဒေသ များ သည် တောင်ဖက်ပိုင်းဒေသများထက် ပိုမို၍တွေ့နေရသည်။ ပို၍မြင့်တက်မှုကိုပြနေသည်။ အနောက် ဖက်အစွန်ဆုံး၊ မာန်အောင်ကျွန်းတွင်ထင်းရှားစွာတွေ့နေရသည်။

ကုန်းမြေနိမ့်ဆင်းသွားခြင်း နှင့် မြင့်တက်ရခြင်း
Land/coast Subsidence and Submerging

တည်မြဲသောအရာဟူသည်မရှိဆိုသကဲ့သို့ ကမ္ဘာကုန်းမြေနိမ့်ဆင်းသွားခြင်းနှင့် မြင့်တက်ရခြင်း တို့သည်ကမ္ဘာပေါ်တွင်အမြဲဖြစ်၊ပျက်နေကြသည်ကိုဘူမိဖြစ်စဉ်တလျောက်တွေ့နေရသည်။ထိုဖြစ်စဉ်နှင့် အတူ၊လူတို့၏လူနေမှုဘဝတို့သည်လည်းရှင်သန်ခြင်းနှင့်ပျက်စီးခြင်းတို့ကိုအကျိုုးသက်ရောက်စေသည်။ ကုန်းမြေနိမ့်ဆင်းသွားခြင်းနှင့် မြင့်တက်ရခြင်းဖြစ်ပေါ်ရခြင်းအကြောင်းရင်းကိုဖေါ်ပြထားသည် (ပုံ ၁)။
မြေပြင်နိမ့်ဆင်းသွားခြင်းဆိုသည်မှာ ကမ္ဘာမြေမျက်နှာသွင်ပြင်သည် တဖြေးဖြေးနိမ်ဆင်သွား ခြင်း သို့မဟုတ် ရုတ္တရက်နိမ့် ဆင်းသွားခြင်း ကိုခေါ်ဆိုသည် (gradual settling or sudden sinking)။
ဖြစ်ပေါ်ရခြင်းမှာ မြေအောက်တွင်ရှိသောဝတ္ထုပစ္စည်းများရွေ့လျားငွားခြင်းကြောင့်ဖြစ်သည်။ ဥပမာ၊ ရေ၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ တွင်းထွက်ပစ္စည်းများ သည် စုပ်ထုတ်ခြင်း (pumping)၊ ခွဲထွက်သွားစေခြင်း (Fraking)၊ တူးဖေါ်ရေးလုပ်ငန်းများ (mining activites) နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ကြောင့်ဖြစ် ပေါ်စေသည်။
၎င်းပြင်၊ သဘာဝအဖြစ်အပျက်ဖြစ်သော မြေငလျင်လှုပ်ခတ်မှုများ၊ မြေကျစ်လစ်သွားခြင်း၊ အ ပေါ်ယံအလေးချိန်ကြောင်၎င်း၊ ရေခဲမြစ်တို့၏မျှခြေလွဲမှားမှု၊ တိုက်စားမှုများ၊ ရေတွင်းပေါက်များ၊ ရေပါ သောရွံ့ဝါများလေကြောင့်အနည်ကျခြင်းတို့ကြောင့်လည်းဖြစ်နိုင်သည်။ အလွန်သေးငယ်သောလက္မ အ ရွယ်မှနေ၍ အလွန်ကြီးမားသောဧရိယာတစ်ခုထိရှိနိုင်သည်။

ပုံ ၁။ မြေပြင်မြင့်တက်ခြင်းနှင့်နိမ့်ဆင်းခြင်းဖြစ်ပေါ်ရခြင်းအကြောင်းရင်းများ (Natural causes သဘာ၀ ဖြစ်စဉ်များအကြောင်း၎င်း၊ groundwater မြေအောက်ရေထွက်သွားခြင်း၊ sedimentation အနယ်ပို့ ချ ခြင်း၊ tectonics မြေထုချပ်များရွေ့လျားခြင်း) (ဘယ်) နှင့် ကမ်းခြေ၊ ကုန်းမြေနိမ့်ဆင်းသွားခြင်းသည်မြေ အောက်ရေ နှင့် ပင်လယ်ရေပြင်မြင့်တက်လာခြင်းကြောင့်ဖြစ်ရခြင်း (ညာ)။

ကမ်းခြေဒေသတွင်၊ ပင်လယ်ရေမြင့်တက်လာခြင်းကြောင့် ဆားငံရေဝင်ရောက်လာခြင်းဖြစ်ပေါ် လာစေပြီး၊ မြေပြင်နိမ့်ဆင်းသွားခြင်းဖြစ်ပေါ်စေသည် (ပုံ ၁)။ မြေပြင်နိမ့်ဆင်းသွားခြင်းမှပိုမိုကြီးထွားလာ ပါက ပြိုကျ၊ ပျက်စီးမှုဖြစ်ပေါ်စေသည်။

တိုင်းတာမှုများ
Measurement

Global Position System GPS အသုံးပြုပြီး၎င်း၊ Nation Ocean and Atmorspheric Administration (NOAA) ၏ အလွန်တိကျသော Continuously Operating Reference Station (CORS) ကို အသုံးပြုပြီး station များကိုတိကျစွာတိုင်းယူနိုင်သည်။ တစ်ခြားနည်းဖြစ်သော၊ ဂြိုလ်ထု (satellite) Interferometric Systematic Aperture Radar) (InSAR) မှ၎င်း၊ temporary GPS receivers မှ၎င်း၊ Repeated surveys of geodetic levelling မှ၎င်း, installation of ground and water sensors များကိုအသုံးပြီး တိုင်းတာနိုင်သည်။
ကမ်းခြေဒေသတွင်၊ ရှေးရိုးနည်းစနစ်ဖြစ်သော ပင်လယ်ရေပြင်အနိမ့်၊ အမြင့်ပေါ်မူတည်၍ကမ်း ခြေ သို့မဟုတ် ကုန်းမြေနိမ့်ဆင်းသွားခြင်း နှင့် မြင့်တက်ရခြင်းကိုတိုင်းတာနိုင်သည်။

အရှေ့တောင်အာရှ၏ကမ်းခြေနိမ့်ဆင်းနေမှုများ
Subsidence in SEA

(၁) ဘန်ကောက်၊ ယိုးဒယား
Bangkok, Thailand

ယိုးဒယား၊ ဘန်ကောက်မြီု့သည် တစ်နှစ်လျှင် တစ်စင်တီမီတာခန့် (1cm/yr) မြေပြင်နိမ့်ဆင်း နေသည်ဟုသိရသည်။ အဓိကဖြစ်ပေါ်ရ ခြင်းမှာမြေအောက်ရေအလွန်အကျွံထုတ်ယူ ခြင်း ကြောင့်ဖြစ် သည်။ ၎င်းအပြင်၊ ဆောက်လုပ်ရေးလုပ်ငန်းများအလွန်များပြားစွာပြုလုပ်ခြင်း၊ မြို့ပြတည်ဆောက်ထိမ်း သိမ်းမှုစနစ်အားနည်းခြင်းတို့ကြောင်ဖြစ်ပေါ်ရသည်။မြေပြင်နိမ့်ဆင်းနေရသည့်အကျိုးဆက်ကြောင့်ရေ လွမ်းမိုးမှု (flood) များနှစ်စဉ်ဖြစ်ပေါ်လျက်ရှိနေသည်။
ပြုပြင်ထိမ်းသိမ်းမှုကုန်ကျစရိပ်မှာလည်းမြင့်မားလှသည်။ အဓိကကုစားနိုင်သောနည်းလမ်းမှာ မြေအောက်ရေမျက်နှာပြင်ကိုပြန်လည်၍မြင့်တက်စေခြင်းဖြင့်၊ ကုန်ကျစရိပ်အသက်သာဆုံးနည်းလမ်း တစ် ခုဖြစ်သည်။ မြေအောက်ရေမျက်နှာပြင်ကိုပြန်လည်၍မြင့်တက်စေခြင်းနည်းလမ်းများထဲမှ၊ အ ကောင်းဆုံးနည်းဖြစ်သောရေဝေရေလဲ (watersheld) နေရာဒေသကိုကျယ်ပြန့်စွာဆောင်ရွက် ခြင်း ဖြင့်ပြုလုပ်နိုင်သည်။ ယိုးဒယား၊ ဘန်ကောက်မြီု့လယ်တစ်နေရာတွင် ပြုလုပ်ထားသည် (ပုံ ၂)။
၎င်းပြင်၊ ရေလွမ်းမိုးမှုနေရာဒေသများကို ကာကွယ်နိုင်ရန်အတွက် ရေထိမ်းနံရံ (retaining walls) များကိုတည်ဆောက်ပြီး၊ ကာကွယ်ထားရသည် (ပုံ ၂)။

ပုံ ၂။ ယိုးဒယား၊ ဘန်ကောက်မြီု့သည် ရေလွမ်းမိုး (flood) ဧရိယာ (အပြာရင့်) နှင့် ရေတားနံရံ တည် ဆောက်မှု (အနီရောင်) (ဘယ်) နှင့် ဘန်ကောက်မြီု့၏ရေဝေရေလဲ (watersheld) နေရာဒေသကို ဆောက်လုပ်ပြီးတွေ့ရပုံ (ညာ) (မြေအောက်ရေ တိုးပွါးစေရန်)။

(၂) အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့
Indonesia, Jakata

ဂျာကာတာမြို့သည်အလွန်အကျွံမြေပြင်နိမ့်ဆင်း ဖြစ်နေသည်ဟုသိရသည်။ သို့သော်၊ ထိမ်း သိမ်းနိုင်မှုမရှိနိုင်သောကြောင့် ဂျာကာတာမြို့ကိုနေရာအသစ်တစ်ခုသို့ပြောင်းရွေ့ရန်စီစဉ်ပြီးဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ၂၀၂၅ ခုနှစ်ထိ၊ ၃မီတာခန့်နိမ့်ကျနေသည်ဟုတွက်ချက်ထားသည် (ပုံ၃၊၄)။ ရေလွမ်းမိုးမှု ကြောင့်ပျက်စီးသွားသော၊ ရေမြုတ်ပြီးစွန့်ပျစ်သွားသော အဆောက်အဦးများစွာကိုလည်းတွေ့ရသည် (ပုံ ၄)။

ပုံ ၃။ ဂျာကာတာမြို့၏အလွန်အကျွံမြေပြင်နိမ့်ဆင်းကိုတွက်ချက်ထားပုံ (ဘယ်) နှင့် ဂျာကာတာမြို့၏နိမ့် ဆင်းနေမှုဒေသကိုဝေဟင်မှတွေ့ရစဉ်။

အဓိကဖြစ်ပေါ်ရခြင်းမှာမြေအောက်ရေအလွန်အကျွံထုတ်ယူခြင်းကြောင့်ဖြစ်သည်။ မြေအောက် ရေတည်ရှိနေမှုနှင့်စုပ်ထုတ်မှုတို့ပေါ်တွင်တည်နေသည် (ပုံ ၄)။

ပုံ၄။ ဂျာကာတာမြို့၏မြေအောက်ရေတည်ရှိနေမှုနှင့်စုပ်ထုတ်မှုကိုပြထားပုံ (Miocene=၂၃-၅ နှစ်သန်း၊ Pliocene=၅-၂.၅နှစ်သန်း၊ Pleistocene=၂.၅-ဝ.၀၁နှစ်သန်း၊ Holocene=လူသားနှစ်များ (၁၀၀၀၀ နှစ်) ရှိုသဲကျောက်များ (ဘယ်) နှင့် ရေလွမ်းမိုးမှုကြောင့်ထားရစ်ခဲ့သောအဆောက်အဦး (ညာ)။

(၃) ဂဂါၤမြစ်ဝကျွန်းပေါ်ဒေသ၊ ဘင်္ဂလားဒေ့ချ်၊
Gange Delta, Bangladesh

မြေပြင်နိမ့်ဆင်းမှုနှင့်ရေလွမ်းမှုကိုတိုင်းတာတွက်ချက်ဖေါ်ပြထားသည် (ပုံ ၅)။ ဂဂါၤမြစ်ဝကျွန်း ပေါ် ဒေသ၏တောင်ဖက်ပိုင်းသည် အဓိကအပိုင်းမှပါဝင်နေသည်။ ပို့ချမှုနှင့်တိုက်စားမှုတို့သည်တစ် လှည့်စီ ဖြစ်ပေါ်နေကြသည်။ မြစ်ဝကျွန်းပေါ်ဖြစ်သည့်အလျောက်ပို့ချမှုကမ်းခြေတစ်ခုဖြစ်နေသည် (ပုံ ၅)။

ပုံ ၅။ ဂဂါၤမြစ်ဝကျွန်းပေါ်ရှိနိမ့်ဆင်းမှုကိုတိုင်းတာထားသည့်အမှတ်အသားနှင့် နိမ့်ဆင်းမှုအတိုင်းအတာ နှင့် ဒေသများ (ဘယ်) နှင့် ရေလွမ်းဒေသများကိုဖေါ်ပြထားသည် (ညာ)။

မြေပြင်မြင့်တက်သွားခြင်း
Land/Coastal Submerging

ကမ်းခြေမြင့်တက်ရခြင်းသည် ကမ်းခြေဒေသတွင်အနည်များပို့ချခြင်း ကြောင့်၎င်း၊ ကမ္ဘာမြေထု ချပ်များရွေ့လျားတွန်းတင်မှုကြောင့်၊ငလျှင်လှုပ်ခတ်ခြင်းနှင့်အတူကမ်းခြေအပါအဝင်နေရာဒေသတစ်ခု လုံးမြင့်တက်သွားကြသည်။ ကမ်းခြေဒေသတွင်အနည်များပို့ချခြင်းကြောင့် သဲကျွန်းတန်းများ (bar) နှင့် spit များဖြစ်ပေါ်လာကြသည်။ သို့သော်၊ များအကြာမီ ပြန်လယ်၍တိုက်စားခြင်းခံရပျောက်ကွယ်သွား သည်။ ပင်လယ်ကမ်းခြေဒေသတွင်ရှိသော Longshoe current ကြောင့် ကမ်းခြေ (beach) နှင့်အပြိုင် အနည်ဖို့ချမှုကြောင့် ပို့ချတန်းများကိုတွေ့ရသည်။
၎င်းအနည်ဖို့ချတန်းများကို ရခိုင်းကမ်းရိုးတမ်း၏ ကုန်းမြေဒေသ၊ ယခုကမ်းခြေထက်မြင့်သော၊ ဝေးကွာသောနေရာများတွင်တွေ့နေရသည်။ ပင်လယ်ကိုမျက်နှာပြုခဲ့သော ကမ်းရိုးတမ်းများတွင် အရေ အတွက်များစွာတို့ကိုတွေနေရသည်။ ထိုဖို့ချတန်းများသည်ပင်လယ်ရေမျက်နှာပြင်နိမ့်ဆင်းသွား ခြင်း သို့မဟုတ် ကုန်းမြေမြင့်တက်သွားခြင်းတို့ကိုညွှန်ပြနေသည်။
ကမ်းခြေမြင့်တက်ရခြင်းနှင့်ကမ်းခြေနိမ့်ဆင်းသွားခြင်းကိုသိရှိနိုင်ဘို့ရာအတွက်၊ ကမ်းခြေတွင်ပြု လုပ်ဖြစ်ပျက်နေသောလုပ်ငန်းများနှင့် ၎င်းတို့၏ဖြစ်စဉ်များကိုသိရှိရန်လိုအပ်သည်။

ကမ်းခြေ၏လုပ်ငန်းများ
(Coastal Processes)

ကမ်းခြေတစ်ခု၏မြင့်တက်ခြင်း၊နိမ့်ဆင်းသွားခြင်းကိုသိရှိနိုင်ဖို့ရာကမ်းခြေ၏လုပ်ငန်းများကိုသိရှိ ရမည်ဖြစ်သည်။ ကမ်းခြေ၏လုပ်ငန်းများမှာ တိုက်စားခြင်း၊ သယ်ဆောင်ခြင်းနှင့်ဖို့ချခြင်းတို့ ဖြစ်ပေါ်နေ ကြသည်။

ကမ်းခြေ၏ တိုက်စားခြင်း၊ သယ်ဆောင်ခြင်း နှင့် ဖို့ချခြင်း
(Erosion, Transportation and Deposition of Coastal Regions)

သံသရာဘ၀ လည်ပတ်မှုသည် လူသားများမှာပင်မဟုတ်ဘဲ၊ သက်မဲ့ဖြစ်သောအရာတို့တွင် လည်း ကမ္ဘာမြေမျက်နှာပေါ်တွင်လည်းသံသရာလည်ပတ်ကြသည် (ဥပမာ၊ ကာဗွန်သံသယာလည် ပတ်ခြင်း)။ ကျောက်များ၏သံသရာလည်စေခြင်းမှာတိုက်စားခြင်း၊ သယ်ဆောင်ခြင်း နှင့် ပို့ချခြင်း တို့ကို ဖြစ်စေသည်။ ကျောက်များ၏သံသရာလည်ပတ်ခြင်းဖြစ်သည် (ပုံ ၆)။
ရေနှင့်လေတို့ကြောင့်ကမ်းခြေတွင် တိုက်စားခြင်း၊ သယ်ဆောင်ခြင်း၊ ပို့ချခြင်းဟုခေါ်သောကမ်း ခြေ၏လုပ်ငန်းများတို့ကိုဖြစ်ပေါ်စေသည်။ ၎င်းရေနှင့်လေတို့၏ အလျင်နှင့် အနည် (သဲ၊ ရွံ့) တို့၏ အရွယ် အစားတို့အပေါ်မူတည်၍မျှခြေတစ်ခုဖြစ်ပေါ်လာကာကမ်းခြေ၏လုပ်ငန်းများကိုဖြစ်ပေါ်စေသည် (ပုံ ၆)။

ပုံ ၆။ တိုက်စားခြင်း၊ သယ်ဆောင်ခြင်း နှင့် ဖို့ချခြင်းတို့သည် အလျင်နှင့် အနည်တို့၏အရွယ်တို့၏ဆက် သွယ်မှုဖြင့်မျှခြေတစ်ခုရောက်နေစဉ်။

ကမ်းခြေ၏အခြေအနေများ
Coastal Features

ကမ်းခြေဒေသတွင် ပင်လယ်ရေလှိုင်းများ၊ ရေစီးကြောင်း နှင့် ဒီရေ တို့၏ဆောင်ရွက်ချက် ဖြင့် မျှခြေတစ်ခုကိုရောက်ရှိဖြစ်ပေါ်နေကြသည်။ ဒီရေ၊ ရေစီးကြောင်း နှင့် ပင်လယ်ရေလှိုင်းများ (Wave, current and tide) သည်ကမ်းခြေ၏အခြေအနေများဖြစ်ပေါ်ပြောင်းလဲစေသောအဓိကအကြောင်း ရင်း ဖြစ်သည် (ပုံ ၇)။

ပင်လယ်ရေလှိုင်းများ
(Waves)

ပင်လယ်ရေလှိုင်းဆိုသည်မှာရေနှင့်လေတို့၏ပွတ်တိုက်မှုကြောင့်ဖြစ်ပေါ်ပြီး၊လေသည်ပင်လယ်ရေမျက်နှာပြင်ကိုကန့်လန့်ဖြတ်တိုက်ခိုက်ခြင်းကြောင့်ပွတ်တိုက်မှုဖြစ်ပေါ်လာသည်။ ပင်လယ်ရေလှိုင်း သည် ရေတိမ်ပိုင်းဆီသို့ရွေ့လျားလာသည်နှင့်အမျှ၊ကြမ်းပြင်သို့ထိခိုက်လာပြီး၊ရေထုသည်စုပုံလာတော့ သည်။ ပွတ်တိုက်မှုကြောင့်၊အပေါ်ပိုင်းသည်မြန်လာပြီါ်၊အောက်ပိုင်းတွင်နှေးလာသည် (ပုံ၇)။ ထို့ကြောင့် ရေလှီုင်းသည် ရပ်တည်၍မရတော့ဘဲ (unstable)၊ ကြိုးပြတ်သွားခြင်းကို braking waves ဟုခေါ် သည်။ ထိုဖြစ်စဉ်ကြောင့်၊ ကမ်းခြေနှင့်တွေ့ထိရပ်တန့်သွားပြီး ကြီမားသော အနည်များသယ်ဆောင်လာ သောရေလှီုင်းသည်အနည်ပို့ချကြသည်။ ၎င်းကို shorelineဟုခေါ်သည်။ ကမ်းခြေနှင့်တွေ့ထိရပ်တန့် သွားပြီးနောက်၊ ကမ်းခြေရောက်လှိုင်း ဖြစ်ပေါ်ပြီး၊ စွမ်းအင်ကုန်ဆုံးသွားပြီးနောက်၊ ရေအားလုံးပင်လယ် ထဲသို့ပြန်လယ်စီးဝင်ရောက်ရှိသွားသည် (ပုံ၈)။

ပုံ ၇။ ရေလှိုင်းနှင့်ကမ်းခြေတို့၏အလုပ်လုပ်ပုံပုံစံ (အပေါ်) နှင့် ကမ်းခြေဒေသ၏ပုံသဏ္ဍန်များ (အောက်)

ပုံ ၈၊ ပင်လယ်ကမ်းခြေတစ်ခု၏လှုပ်ရှားမှုကိုတွေ့ရစဉ်။ ကျောက်ဖြူမြို့၊ မြောက်ပိုင်းကမ်းခြေ (ဘယ်) နှင့် အလယ်သံကျော်၊ မေယူကမ်း (ညာ)။

ပင်လယ်ရေစီးကြောင်းများ (Currents)

ကမ်းပြီုင်လှိုင်း
(Longshore current)

ပင်လယ်ရေစီးကြောင်းတစ်ခုဖြစ်ပြီး၊ ကမ်းခြေနှင့်အပြိုင်ရွေ့နေသည် (ပုံ ၉)။ လှိုင်းလုံးပြေ (large swell) ကြောင့်ကမ်းခြေကိုဒေါင့်အနေအထားနှင့် ဝင်ရောက်လာပြီး (swash ကမ်းထိ (ရိုက်) လှိုင်း)၊ ပင်လယ်ရေများ ကမ်းခြေကိုဒေါင့်မတ်အနေအထားနှင့်ဆုတ်ခွါသွားခြင်း (backwash ကမ်း ပြန်လှိုင်း) တို့ကြောင့်ဖြစ်ပေါ်လာရသည် (ပုံ ၉)။

နောက်ပြန်လှိုင်း သို့မဟုတ် ရေဝဲ
(Rips Current)

ကမ်းခြေသို့ရောက်လာသော ကမ်းပြိုင်ရေလှိုင်းနှစ်ခုဆုံစီးမှူကြောင့် ရေလှိုင်းသည်ပင်လယ်ထဲ သို့ပြန်လယ်စီးဝင်ခြင်းကြောင့်ဖြစ်ပေါ်လာရသည်။ ရခိုင်ကမ်းခြေတွင်လည်းတွေ့ရသည်။ တစ်ခါတရံတွင် ကမ်းခြေနေသူများအဖို့အန္တရာယ်ပေးသည် (ပုံ၉ ။၁၀)။

ပုံ ၉။ လေလှိုင်းနှင့် ကမ်းပြိုင်လှိုင်းတို့ဒေါင့်တစ်ခုခံ၍တွေ့ရပြီး၊ ကမ်းပြိုင်လှိုင်း သည်ကမ်းခြေနှင့်ပြိုင် သည် (လယ်) နှင့် ကမ်းပြိုင်လှိုင်းနှစ်ခုဆုံစည်းခြင်းကြောင့်နောက်ပြန်လှိုင်း သို့မဟုတ် ရေဝဲဖြစ်ပေါ်လာ ပုံ(ညာ)။

ပုံ ၁၀။ ရခိုင်ကမ်းရိုးတမ်းတွင် နောက်ပြန်လှိုင်း သို့မဟုတ် ရေဝဲ (Rips Current)။ ကွင်းဗွက့်Kwinbet. နှင့် ရတိုပ (Yatopa) အကြား၊ ငြုပ်ကောင်း၊

ချောင်းရေစီးကြောင်း
Outlet Current

ကုန်းတွင်းပိုင်းရှိချောင်းမှရေစီးသည် ပင်လယ်ထဲသို့စီးဆင်းသွားကြသည်။ ချောင်းသာနှင့် ငွေ ဆောင်ကမ်းခြေတို့တွင်တွေ့ရသည် (ပုံ ၁၁)။ ချောင်းသာ ကမ်းခြေတွင်တွေ့ရသည်။ ရေကူးသူများအဖို့ အန္တရာယ်ဖြစ်စေနိုင်သည် (ပုံ ၁၂)

ရေမြောင်းစီးကြောင်း
Channel Current

ကျောက်တန်းနှင့်ဆက်သွယ်နေသောရှိသောကျွန်းသို့မဟုတ်ကျောက်ပေါ်ထွက်ပိုင်းတလျောက် တွင်ရှိနေပြီး၊ ကမ်းခြေနှင့် ကန့်လန့်ဖြတ်ဖြစ်ပေါ်သောရေစီးကြောင်းဖြစ်သည် (ပုံ ၁၁)။ ငွေဆောင်ကမ်း ခြေတွင်တွေ့ရသည်။ ရေကူးသူများအဖို့အန္တရာယ်ဖြစ်စေနိုင်သည် (ပုံ ၁၂)။

ပုံ ၁၁။ကမ်းခြေတွင်ဖြစ်ပေါ်နေသောရေစီးကြောင်းများ (ချောင်းရေစီးကြောင်း Outlet Current) (ညာ) နှင့် (ရေမြောင်းစီးကြောင်း Channel Current) (ဘယ်) တို့ကို ကမ်းခြေအနီးတွင်တွေ့ရသည်။

ပုံ ၁၂။ ရခိုင်ကမ်းခြေတွင်ဖြစ်ပေါ်နေသောရေစီးကြောင်းများ (ငွေဆောင်ကမ်းခြေရှိချောင်းရေစီးကြောင်း Channel Current) (ဘယ်) နှင့် (ချောင်းသာကမ်းခြေရေမြောင်းစီးကြောင်း Outlet Current) (ညာ) တို့ကိုဂြိုလ်ထုဓာတ်ပုံမှမြင်ရစဉ်။

ဒီရေ၊
Tide

ဒီရေတက်ခြင်းနှင့်ကျခြင်း ဖြစ်ပေါ်ရခြင်းမှာကမ္ဘာမြေဆွဲအား ကိုဖြစ်ပါ်စေသော ကမ္ဘာ၊လ နှင့် နေ တို့၏တည်ရှိနေမှုကြောင့် ဖြစ်ပေါ်သည်ဟုဆိုသည်။ ၂၈ ရက်တွင်တစ်ကြီမ်လည်ပတ်သည်။

ပုံ ၁၃။ ဒီရေဖြစ်ပေါ်မှုနှင့် ကမ္ဘာ၊ လ၊ နေ တို့၏ဆက်စပ်မှု၊ လပြည့်သစ် (new moon) ဇန္နဝါရီ ၁၃ (အပေါ် ဘယ်)၊ ပထမပတ် (first quarter) ဇန္နဝါရီ ၂၀ (အပေါ်ညာ) ၊ လပြည့် (full moon) (ဇန္နဝါရီ ၂၈) (အောက်ဘယ်)၊ နောက်ဆုံးပတ် (last quarter)၊ ဖေဖဝါရီ ၄ (အောက်ညာ)။

ပုံ ၁၄။ Datum အဖြစ်သတ်မှတ်သောပင်လယ်ရေမျက်နှာပြင် (MSL) ကိုတွက်ချက်သတ်မှတ်ထားပုံ။

MSL Mean Sea Level သည်ဒီရေအနိမ့်ဆုံးချိန်တွင်ရှိသောဖျမ်းမျှနေရာ (သို့မဟုတ်) လွင် ပြင်ကိုခေါ်ပြီး၊ MSL=0 အဖြစ်သတ်မှတ်သည်။ ၎င်းကို Datum ဟုခေါ်ဆိုပြီး၊ အမြင့်နှင့်အနက်ကို တိုင်းတာ ရန်သတ်မှတ်ထားသောအခြေခံမျက်နှာပြင်အဖြစ်အသုံးပြုသည် (ပုံ )။

ပင်လယ်ကမ်းခြေများ
Sea Coast

ယခုလက်ရှိပင်လယ်ကမ်းခြေကိုနှစ်မျိုးတွေ့ရသည်။ တိုက်စားထားသောကမ်းခြေ (Erosional coast/land-form) နှင့် ဖို့ချထားသောကမ်းခြေ (Depositional coasts/landform) ဟုနှစ်မျိုးရှိသည်။ တိုက်စား ထားသော ကမ်းခြေ (Erosional coasts) အဖြစ် ရခိုင်ကမ်းရိုးတမ်းတွင်တွေ့ရသည်။

ရခိုင်ကမ်းရိုးတမ်း၏တိုက်စားကုန်းမြေများ
Erosion Landform/coast at Arakan Coast

သီအိုရီအရ၊ ကမ်းခြေတို့တွင်ဖြစ်ပေါ်သောတိုက်စားကမ်းခြေများ၏ဖြစ်စဉ်နှင့်ပုံသဏ္ဍာန်များ ကို ဖေါ် ပြထားသည် (ပုံ ၁၅)။

ပုံ ၁၅။ ကမ်းခြေတို့တွင်ဖြစ်ပေါ်သောတိုက်စားကမ်းခြေများ၏ဖြစ်စဉ်နှင့်ပုံသဏ္ဍာန်များ၊ ယခုလက်ရှိ နှင့် မြင့်တက်ပြီးကမ်းခြေ (အပေါ်) နှင့် ယခုလက်ရှိကမ်းခြေ။

တိုက်စားလွင်ပြင် (Wave-cut platform) သည်မြေပြင်ညီနီးပါး သို့မဟုတ် အစောင်းအနည်း ငယ်ရှိသောပင်လယ်ပြင်တွင်တိုက်စားခံထားရသောလွင်ပြင်တစ်ခုဖြစ်ပြီး၊ ဒီရေအမြင့်ဆုံးအချိန်တွင် ရေ အောက်တွင်ရှိနေမည် (ပုံ ၁၆၊ ၁၇)။ ကျောက်ထရံနှင့်တွဲ၍တွေ့ရသောအခါ၊ လှိုင်းစားတန်း (Notch) များလည်းတွေ့ရသည် (ပုံ ၁၈)။

ပုံ ၁၆။တိုက်စားခြင်းကမ်းခြေ၊ တိုက်စားကမ်းခြေ (wavecut platform/wave-cut terrace) နှင့်သဲဖုံး ကမ်းခြေ (Beach sediments) တွေ့ရစဉ်။ ငှက်ကျွန်း၊ မြေပုံ။

ပုံ ၁၇။ တိုက်စားခြင်းကမ်းခြေ၊ ကမ်းခြေအနီးတွင်ရှိ ကျောက်တိုင် (old Stack) နှင့် ပင်လယ်မြင့်တက် ကမ်းခြေ Marine Terrace (old wave-cut platform) ကိုဒီရေအမြင့်ဆုံးတွင်တွေ့ရစဉ် (မျှားအဝါ)။ ပန်းနံ့သာကျွန်း၊ ပေါက်တော။

ပုံ ၁၈။ တိုက်စားခြင်းကမ်းခြေ၊ ကမ်းခြေအနီးတွင်ရှိ သဲကျောက်များ (sandstone) ကျောက်ထရံ (seacliff) နှင့် လှိုင်းစားတန်း (Notch) (အဖြူရောင်) ကိုယခုကမ်းခြေတွင်ဖြစ်ပေါ်တွေ့နေရစဉ်၊ ဂေါ်ရင်ဂျီကမ်းခြေ၊ ငြုပ်ကောင်း (ဘယ်) နှင့် ပင်လယ်မြင့်တက်ပြီးကမ်းခြေ Marine Terrace (uplifted wave-cut platform) ရှိ ကျောက်တိုင် (old Stack)၊ ကျောက်ငုတ်တို (stump) (အစိမ်းရောင်မျှား)၊ နှင့် လှိုင်းစားတန်း Notch (ခရမ်းရောင်မျှား) ကိုတွေ့ရစဉ် (ညာ)။

ပုံ ၁၉။ တိုက်စားခြင်းကမ်းခြေ၊ ကမ်းခြေအနီးတွင်ရှိ ကျောက်ပုံ သို့မဟုတ် ကျောက်တိုင် (Stack) ကို တိုက် စားလွင်ပြင် (wave-cut platform) မှမြင်ရစဉ် (ဘယ်) နှင့် ကျောက်တိုင် (Stacks) ကျောက်ထရံ (cliff) ကိုမြင်တွေ့ရစဉ် (ညာ)။ ဂေါ်ရင်ဂျီကမ်းခြေ။ ငြုပ်ကောင်း။

ပုံ ၂၀။ တိုက်စားခြင်းကမ်းခြေ၊ ကမ်းခြေအနီးတွင်ရှိ ကျောက်ငုတ်တိုများ (Stumps) များတွေ့မြင်ရစဉ်။ မာန်အောင်ကျွန်း (ဘယ်) နှင့် သဲကျောက်ပုံ (Stack) ကိုဒီရေအပြည့်တွင်တွေ့ရစဉ်၊ ကလိန်တောင်မြစ် ဝ၊ တောင်ကုတ် (ညာ)။

ပုံ ၂၁။ တိုက်စားခြင်းကမ်းခြေ၊ ကမ်းခြေအနီးတွင်ရှိ သဲကျောက်တိုင် (မှိုပွင့်ပုံ) Stack (mushroom shape) ကိုဒီရေအမြင့်ဆုံးတွင်တွေ့ရစဉ်၊ (ဘယ်) နှင့် ဒီရေအနိမ့်ဆုံးတွင်တွေ့ရစဉ် (ညာ)၊ ကလိန် တောင်မြစ်ဝ၊ တောင်ကုတ်။

ပုံ ၂၂။ တိုက်စားခြင်းကမ်းခြေ၊ ကမ်းခြေအနီးတွင်ရှိ၊ သဘာ၀၀င်မုခ်ခုံး (Natural arch)၊ ဂေါ်ရင်ဂျီကမ်း ခြေ။ ငြုပ်ကောင်း။

ပို့ချမှုဖြစ်စဉ်ကမ်းခြေ
Depositional Landforms/Coast

ကမ်းခြေများတွင်တိုက်စားမှုရှိတော့ပါ။ ပို့ချမှုကိုသာအဓိကဖြစ်ပေါ်နေသည်။ မြစ်ဝကျွန်းပေါ် ဒေသဖြစ်ပေါ်ပြီးလည်း ပို့ချကြသည်။ ပို့ချမှုဖြစ်စဉ်ကမ်းခြေကိုပုံဖေါ်ထားသည် (ပုံ ၂၃)။ ရခိုင်ကမ်းရိုး တမ်းကိုမြောက်ပိုင်းတွင်ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသ (Gysapnadi delta) နှင့် ပင်လယ်ပြင်ကို မျက် နှာပြုနေသောပင်လယ်ကမ်းရိုးတမ်း (shelf/shore) ရှိကြသည်ဖြစ်သည့်အတွက် ပို့ချမှုဖြစ် စဉ် ကမ်းခြေကိုတွေ့နေရသည်။ (ယခင်အခန်းများတွင် Gysapnadi Delta ဟုဖေါ်ပြပြီးဖြစ်သည်)။ ထူထဲ သော ရွံ့များနှင့် တချို့နေရာများတွင်သဲများကိုပို့ချကြသည်။
၎င်းပြင်၊ ပင်လယ်ပြင်ကိုမျက်နှာပြုနေသောကမ်းခြေများတွင်ဖြစ်ပေါ်သည့် အမျိုးမျိုးသောသဲခုံ (Sand bars and spits) များ ဖြစ်ပေါ်ပြီးပို့ချသည်ကိုတွေ့နေရသည် (ပုံ ၂၃)။ သီအိုရီအရ၊ ကမ်းခြေ တို့တွင်ဖြစ်ပေါ်သောပို့ချကမ်းခြေများ၏ဖြစ်စဉ်နှင့်ပုံသဏ္ဍာန်များကိုဖေါ် ပြထား သည် (ပုံ ၂၃)။

ပုံ ၂၃။ ပို့ချမှုဖြစ်စဉ်ကမ်းခြေပုံစံကိုတွေ့ရစဉ်။ သဲသောင်ယံ (Beach)၊ သဲတန်း (dune) သဲခုံ (spit and bar)။

သဲသောင်ယံ
Beach
ရေလှိုင်းသည်ကမ်းခြေအနီးသို့ရောက်လာခြင်းကြောင့် ဖြစ်သောကမ်းပြိုင်လှိုင်းကြောင့် သဲများ သည်ကမ်းခြေနှင့်အပြိုင်ပို့ချမှုဖြစ်ပေါ်သည်။ ကမ်းကိုရိုက်ခတ်သောရေလှိုင်းသည် ပင်လယ်ထဲ သို့ပြန် ဆင်းသွားသောအခါ၊ သိပ်သည်းဆ (gravity) နည်းသောပစ္စည်းများသည်အပေါ်ဆုံးတွင်တင်ကျန်နေခဲ့ သည် (ပုံ ၂၄)။ ထို့ကြောင့်၊ အမြင့်ဆုံးရေလှိုင်း၏ အနေအထားကို တင်ကျန်ခဲ့သောပစ္စည်း များ၏ တူရူ တန်းနေမှု ဖြင့်သတ်မှတ် နိုင်သည် (ပုံ ၂၄၊၂၅၊၂၆၊၂၇၊၂၈)။

လှိုင်းပုတ်ရာနေရာ
Shore zone
ရေလှိုင်းများနှင့်ရေစီးကြောင်းများကအနည်များကိုသယ်ယူရွေ့လျား၊အနည်ကျစေပြီး၊သဲသောင်ယံ (beach) တစ်ခု ဖြစ်ပေါ်စေသောနေရာဒေသခေါ်သည်။ ထိုဒေသတွင်ဖြစ်ပေါ်သောအနည်ကျဝန်း ကျင်တို့ကိုဖေါ်ပြထားသည် (ပုံ ၂၄)။

ပုံ ၂၄။ သဲသောင်ယံ (Beach or shore zone)၊ ကျောက်ဖြူကမ်းခြေ၊ ဒီရေအနိမ့်အချိန် (low tide)၊ Swash zone (beach face) ၏ ဒီရေအမြင့် high tide (၁)၊ လပြည့်ဒီရေအမှတ်ကမ်း (Spring tide berm) (၂)၊ လေပြင်းတိုက်လှိုင်းအမှတ်ကမ်း (Storm berm) (၃)၊ လှိုင်းလွတ်ကမ်း Foredune ridge or backshore (၃ မှ နောက်ဖက်ဆီသို့)။

သဲခုံများ
Beach Spit and Bar

သဲခုံများသည် ကမ်းပြိုင်လှိုင်းများကြောင့်ဖြစ်ပေါ်ရခြင်းဖြစ်သည်။ ရခိုင်ကမ်းရိုးတမ်းတွင် တွေ့ရ သည်။ ဘင်္ဂလားပင်လယ်သို့မျက်နှာမူနေသော ကမ်းခြေတလျှောက်လုံးတွင်တွေ့ရသည် (ပုံ ၂၅ နှင့် ၂၆)။ Shelf/shoreface များဖြစ်ပေါ်နေသည်။

ပုံ ၂၅။ spit (အသေးစား) ဆက်တိုက် ဖြစ်ပေါ်နေသည်ကိုတွေ့ရစဉ်၊ ရမ်းဗြဲကျွန်းအနောက်တောင်ကမ်း ခြေ (အပြာရောင်မျှား=လေတိုက်ရာလမ်းကြောင်း) နှင့် ကမ်းပြိုင်လှိုင်း (ပန်းရောင်)။

ပုံ ၂၆။ spit (အသေးစား) ဆန့်ကြင်ဘက် ဖြစ်ပေါ်နေသည်ကိုတွေ့ရစဉ်၊ ရမ်းဗြဲကျွန်းအနောက်တောင် ကမ်းခြေ (အပြာရောင်မျှား=လေတိုက်ရာလမ်းကြောင်း) နှင့် ကမ်းပြိုင်လှိုင်း (အဝါရောင်)။

ကမ်းခြေသဲရိုးတန်း
Beach Ridges

ကမ်းပြိုင်လှိုင်းသည် သယ်ဆောင်လာသောသဲတို့ကိုကမ်းသောင်းယံမှာအနည်ပို့ချကြသည်။ ကမ်းခြေနှင့်အပြိုင်၊ ကျဉ်းမြောင်းပုံရှိပြီး၊ အပေါ်ညီသောကုန်းတန်းအဖြစ်တည်ဆောက်ကြသည်။ ရခိုင် ကမ်းခြေတွင်တွေ့ရှိရသည်။ ယခုလက်ရှိအချိန်တွင်ဖြစ်နေသည်ကိုလည်းတွေ့ရသည် (ပုံ ၂၇)။ ဘူမိ သမိုင်းတ လျှောက်လုံးတွင် အနည်ပို့ချမှုကိုလည်းတွေ့နေရသည်။

ပုံ ၂၇။ ကမ်းခြေတွင်ဖြစ်ပေါ်နေသော spits အသစ်နှင့်အဟောင်းကိုတွေ့ရစဉ်။ စစ်တွေကမ်းခြေ၊ spit သည် အနောက်တောင်ဘက်သို့ရွေ့လျားသွားသည် (ဘယ်) နျင့် အညိုရောင်သည် ဒီရေအနိမ့်ဆုံးနှင့် အမြင့်ဆုံး ဒေသ (shoreface) ကိုပြသည် (ညာ)

ပုံ ၂၈။ လှပသောငပလီကမ်းခြေ၊ ဂျိတ်တောရွာ (လယ်၊ အနီရောင်မျှား))၊ မေရိုူးဘေး (ညာ)၊ အပေါ်ကျွန်း (ဘယ်၊ အပြာရောင်မျှား)၊ ကိုဝေဟင်မှတွေ့ရစဉ် (ဘယ်)၊ အပေါ်ကျွန်း၏ spit ကို ကိုဝေဟင်မှတွေ့ရစဉ် ကမ်းခြေ၏ခရီးသွားလုပ်ငန်း အတွက်အသုံးပြုစဉ်။

ပို့ချကမ်းခြေများ၏သဲများကိုကြည့်လျှင်ငပလီ (သဲဖြူ)၊ ရမ်းဗြဲကျွန်း (သဲဝါ) နှင့် စစ်တွေကမ်း (သဲညို) အဖြစ်တွေ့ရသည်။ သဲဟုဆိုရာတွင်၊ သဲသည် ၁/၁၆ မှ ၂ မီလီမီတာအရွယ်ကိုဆိုလိုသည်။ အ ရောင်အမျိုးမျိုးဖြစ်နေရခြင်းမှာဓာတုဖွဲ့စည်းကွာခြားမှုကြောင့်ဖြစ်သည်။ငပလီရှိသဲဖြူသည်သန္တာကျောက်တန်းများလာသောသဲများဖြစ်သော ကယ်လဆီယမ်ကာဗွန်နိတ်ဖြစသော်သဲဖြစ်သည်။ ရမ်းဗြဲကျွန်း ရှိသဲဝါသည် အ တွေ့ရအများဆုံးသောသဲဖြစ်ပြီး၊ ဆီလီကာကြွယ်သသော သဲဖြစ်သည်။ စစ်တွေကမ်း ရှိ သဲညိုသည် အတွေ့ရအနည်း ဆုံးသောသဲဖြစ်ပြီး၊ ရွံပါဝင်မှုများပြီး၊ လေးလံသောတွင်းထွက်များ (heavy minerals) ပါဝင်နိုင်သောကြောင့်ဖြစ်မည်။

သန္တာကျောက်တန်းများ နှင့် ခရုကပ်ပါးကောင် (ဂျင်း)
Reefs and Microatolls

သန္တာကျောက်တန်းများသည်လည်းပို့ချကမ်းခြေကိုညွှန်ပြနေသည်။ မာန်အောင်ကျွန်း။ ငပလီ နှင့် ကျိန်တလီအနီးတွင်တွေ့ရသည်။ ၎င်းတို့သည်သိသာသောအရွယ်အစားရှိခြင်းနှင့် ကမ်းခြေ အနီး တွင်ရှိနေခြင်းကြောင့် fringing reef (ကမ်းရောက်သန္တာကျောက်တန်းများ) ဟုခေါ်သည်။ ၎င်းပြင်၊ အ သေးစားသန္တာကျောက်တန်းစုများ (Patch reefs) တို့ကိုလည်းတွေ့ရမည်ဖြစ်သည်။ ခရုကပ်ပါးကောင် (ဂျင်း) (microatolls) များကိုလည်းတွေ့နေရသည်။
ကမ္ဘာပေါ် တွင်အကြီးဆုံးဖြစ်သော Great Barrier Reef သည် သြစတေလျတိုက်တွင်ရှိပြီး၊ ကမ်းရောက်သန္တာကျောက်တန်းတစ်မျိုးဖြစ်သည်။ ယူနစ်စကိုUNESCO က World Heritage Site အ ဖြစ် ၁၉၈၁ခုနှစ် ကပင်သတ်မှတ်ထားသည်။ မြန်မာနိုင်ငံတွင် ထုံးကျောက်များပေါများရာရှမ်းကုန်မြေ မြင့်တွင်ဘူမိသက်တမ်းအမျိုးမျိုးတွင်တွေ့ရှိရသည်။
ရခိုင်ကမ်းရိုးတမ်းတွင်လည်းအသေးစားသန္တာကျောက်တန်းများကို ကမ်းရိုးတမ်းထက်မြင့်သော ကုန်းမြေထဲတွင် (ကမ်းခြေမှကွာဝေးသောနေရာ) တွေ့ရှိနေရသည် (ပုံ ၃၂)။

ရခိုင်ကမ်းရိုးတမ်းမြင့်တက်ခြင်း
Arakan Coast Submerging

ကမ်းခြေများမြင့်တက်ခြင်းကို Datum ဟုခေါ်သော ဖျှမ်းမျှပင်လယ်ရေမျက်နှာပြင် MSL (Mean Sea Level) မှတိုင်းတာရသည်။ ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်း၊ နိမ့်ဆင်းခြင်း ရှိနေခြင်းသည် လည်းတိုင်းတာနိုင်ရန်အလို့ငှာ၊ မူလပထမအရေးကြီးသောအခြေခံအချက်ဖြစ်သည်။ ယခုအချိန်အ ခါ တွင်၊ ကမ္ဘာကြီးပူနွေးလာခြင်း၊ ဝင်ရိုးစွန်းအရပ်ဒေသရှိရေခဲများအရည်ပျော်လာခြင်းကြောင့်၊ ကမ္ဘာပင် လယ်ရေမျက်နှာပြင်မြင့်တက်ခြင်း ဖြစ်နေသည်ဟု ကျယ်ပြန့်စွာပြောဆိုနေကြသည်။ သစ်တောများ ပြုန်းတီးခြင်း၊ ရုပ်ကြွင်းလောင်စာများမီးလောင်စေခြင်း နှင့် ကမ္ဘာလူဦးရေတိုးပွါးလာခြင်းနှင့် စွမ်းအင်အ သုံးပြုတိုးပွါးလာခြင်း တို့ကြောင့်၊ ကမ္ဘာကြီးအပူချိန်မြင့်တက်လာခြင်းဖြစ်ပေါ်လာရသည် ဟုဆိုသည်။ ကမ္ဘာပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်းကိုဖေါ်ပြထားသည် (ပုံ ၂၉)။

ပုံ ၂၉။ကမ္ဘာပင်လယ်ရေမျက်နှာပြင်ပြောင်းလဲမှုကိုတွက်ချက်မှန်းဆထားသည်(ဘယ်)နှင့်အရှေ့တောင် အာရှဒေသရှိပင်လယ်ရေမျက်နှာပြင်တည်ရှိနေမှု (ညာ)။

အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ယိုးဒယား၊ မလေးရှား နှင့် အင်ဒိုနီးရှားနိုင်ငံများတွင်အ ခြေခံ၍ပင်လယ်ရေမျက်နှာပြင်ဖြစ်ပေါ်ပြောင်းလဲမှုကိုသုတေသနပြုလေ့လာထားသည် (Ref: Horton, et al 2005) (ပုံ ၂၉)။ လွန်ခဲ့သောနှစ် ၆၀၀၀ ခန့်မှစ၍ ပင်လယ်ရေမျက်နှာပြင်နိမ့်ဆင်းနေသည်ကိုတွက် ချက်ဖေါ်ပြထားသည် (ပုံ ၂၉)။ ရခိုင်ဒေသအတွက်ကမ်းခြေမြင့်တက်ခြင်းအတွက်သက်သေပြရန်အလို့ ငှာ၊ ပင်လယ်ရေမျက်နှာပြင်ဖြစ်ပေါ်ပြောင်းလဲမှုမရှိဟုယူထားသည်။

ရခိုင်ကမ်းခြေမြင့်တက်ခြင်းကိုယခင်လုပ်ဆောင်ချက်များ
The Previous works on Arakan coast Submerging

၁၈၄၁ခုနှစ်၊ ဗြိတိသျှလူမျိုး ရွက်လှေစီးပြီး၊ မာန်အောင်ကျွန်းကို ရောက်ရှိလာသူ Captain Halsted E.R, က ၁၇၆၂ခုနှစ် တွင်ဖြစ်ပေါ်ခဲ့သောရခိုင်ငလျင်ကြောင့် ကမ်းခြေမြင့်တက်ခြင်း ဖြစ်ပေါ်ခဲ့ သည် ဟုမှတ်တမ်းများတွင်တွေ့ရ သည်။ ထိုဒေသတွင်နေထိုင်သူရခိုင်လူမျိုးများမှ ရမ်းဗြဲကျွန်းတွင် ၄မီတာ (၁၂ ပေ)၊ မာန်အောင်ကျွန်းတွင် ၃-၇ မီတာခန့်၊ ဖေါင်းကျွန်းတွင် ၃ မီတာခန့် မြင့်တက်ခဲ့သည် ဟုသူ၏မှတ်တမ်းတွင်တွေ့ရသည် (Halsted E.R, 1843)။
(Reference: Halsted, E. P. [1843] “Report on the Island of Cheduba,” J. Asiatic Soc. Bengal 114, 349–446).
စစ်တွေမြို့အနောက်ဘက်ခရုကျွန်းတွင် ဝ.၆ မီတာ (၁.၈ ပေ) ခန့်မြင့်တက်ခဲ့သည်ဟုမှတ်တမ်း တင်ခဲ့သည် (Mallet F.R; 1878)။
(Reference: Mallet, F. R. [1878] “Mud volcanoes of Ramri and Cheduba,” Records of Geological Survey of India 11(Part 2), 188–191).
၁၇၆၂ခုနှစ် တွင်ဖြစ်ပေါ်ခဲ့သော ၇၀၀ ကီလိုမီတာ အရှည်၊ ၁၂၅ ကီလိုမီတာ အကျယ်နှင့် ၁၀ မီ တာ အံလွဲခြင်း (slip) ကိုဖြစ်ပေါ်စေသော ပြတ်ရွေ့ ကြောင့် ရခိုင်ငလျင်ပြင်းအား ၈.၈ Mw ကိုဖြစ် ပေါ် စေသည်။ ကမ်းခြေတလျောက် မြင့်တက်ခြင်းနှင့်နိမ့်ဆင်းခြင်းများဖြစ်ပေါ်ခဲ့သည် (Cummins, 2007)။
(Reference: Cummins, P. R. (2007): “The potential for giant tsunamigenic earthquakes in the northern Bay of Bengal,” Nature 449, 75–79).
ဖရုံကာကျွန်း၏မြေမျက်နှာသွင်ပြင်ကိုလေ့လာခြင်း၊နမူနာများယူဆောင်ပြီးအိုင်ဆိုတုတ်ဖြင့်စမ်း သတ်ခြင်းကိုသုတေသနဆောင်ရွက်မှုပြုလုပ်ခြင်းဖြင့် ၁-၂ မီတာ၊ ၄-၆ မီတာ၊ ၆-၁၆ မီတာ၊ ထိကမ်း ခြေမြင့်တက်ခဲ့သည်ဟုဖေါ်ပြထားသည် (Than Tint Aung (2008) (ပုံ ၃၀)။ ၎င်းပြင်၊ မာန်အောင် ကျွန်းတွင် ၄-၆ ကြိမ်ထိကမ်းရိုးတမ်းမြင့်တက်လွင်ပြင် (uplifted marine terraces) များကိုတွေ့ ရ သည်ဟုဖေါ်ပြထားသည်။
(Reference: Aung, Than Tin, Okamura, Y, Satake, K, Swe, Win, Swe, Tint Lwin, Saw, Hla, Tun, Soe Thura, 2008. Geological evidence for three great earthquakes in the past 3400 years off Myanmar. Journal of Earthquake and Tsunami 2 (4), 259265).
မာန်အောင်ကျွန်းတွင် ၃ ကြိမ်ထိ ကမ်းရိုးတမ်းမြင့်တက်လွင်ပြင် (uplifted marine terraces) များကိုတွေ့ရပြီး၊ တစ်ကြီမ်လျှင်၄မီတာခန့်ဖြင့် စုစုပေါင်း၁၃မီတာခန့်မြင့်တက်ခဲ့သည်ဟုဖေါ်ပြထားသည် (Halsted 1843)။

ပုံ ၃၀။ ဖရုံကာကျွန်း၏ကမ်းခြေမြင့်တက်ခြင်းကို ပြန်လယ်ပုံဖေါ်ထားပုံ။ အနောက်ဖက်ကမ်း မြောက်ပိုင်း (ဘယ်) နှင့် တောင်ပိုင်း (ညာ)။ (WP =နမူနာအမှတ်စဉ်)။

နှစ်သန်း ၅-၂.၆ ၏နောက်ပိုင်း (Post-Pliocene) တွင် မာန်အောင်ကျွန်း၏ အနောက်ဖက် ကမ်းခြေသည် ၄၅-၆၀ မီတာခန့်မြင့်တက်ခဲ့ပြီး၊ ရမ်းဗြဲကျွန်းအနောက်ဖက်ကမ်းခြေသည် ၃၀ မီတာ ခန့် မြင့်တက်ခဲ့သည် (Brunnschweiler; 1966)။
၂၀၀၄ခုနှစ်၊ အင်ဒိုနီးရှားစူနားမီဖြစ်ပေါ်ပြီး၊ နောက်ပိုင်ကာလတွင် ရခိုင်ကမ်းရိုးတမ်း၏မြေငလျင် လှုပ်ခတ်မှုနှင့်စူနားမီဖြစ်ပေါ်မှုဆိုင်ရာသုတေသနပြုှဆောင်ရွက်မှုများပိုမိုများပြားလာကြသည်။ Wang Yu နှင့် သုတေသနပြုအဖွဲမှ ရမ်းဗြဲကျွန်းနှင့်မာန်အောင်ကျွန်းတို့တွင်လေ့လာဆောင်ရွက်ခဲ့ပြီး၊ စာတန်း များပြုစုခဲ့ကြသည်။
Reference: Wang, Y., et al. (2013), Permanent upper plate deformation in western Myanmar during the great 1762 earthquake: Implications for neotectonic behavior of the northern Sunda megathrust, J. Geophys. Res. Solid Earth, 118, 1277–1303, doi:10.1002/jgrb.50121.
မာန်အောင်ကျွန်း၏မြောက်ဖက်ကမ်းခြေတွင်၊ရှိသောခရုရုပ်ကြွင်းနမူနာပုံစံကိုစမ်းသတ်ခဲ့သည်။ သက်တမ်းအားဖြင့်၁၅-၁၇ ရာစုနောက်ပိုင်း (၁၇၆၂) အထိရှိသည်။ ၇-၇.၅ မီတာအထိမြင့်တက်ခဲ့သည် ဟု တွက် ချက်ထားသည် (Wang, Y., et al. (2013) (ပုံ ၃၁)။ ရမ်းဗြဲကျွန်း မြောက်ဖက်ကမ်းရိုးတမ်း ရှိ microatoll ကိုတွေ့ရှိရပြီး၊ နမူနာယူစမ်းသတ်ခဲပြီး၊ ဒေသရှိမြေပြင်မြင့်တက်မှုကိုတိုင်းတာ တွက် ချက်ဖေါ်ပြထားသည် (Wang, Y., et al. (2013) (ပုံ ၃၂)။

ပုံ ၃၁။ မာန်အောင်ကျွန်းဒေသရှိမြေပြင်မြင့်တက်မှုကိုတိုင်းတာတွက်ချက်ဖေါ်ပြထားသည်။ အနောက် တောင်ဒေါင့် (ဘယ်) နှင့် မြောက် (ညာ) (Wang Yu 2013)။

ပုံ ၃၂။ ရမ်းဗြဲကျွန်းဒေသရှိမြေပြင်မြင့်တက်မှုကိုတိုင်းတာတွက်ချက်ဖေါ်ပြထားသည်။ အနောက်တောင် ကမ်းခြေ (ဘယ်) နှင့် မြောက်ဖက်ကမ်းခြေ (ညာ) (Wang Yu 2013)။

ရခိုင်ကမ်းခြေမြင့်တက်ခြင်းကိုယခုမြင်တွေ့မှုများ
The Present Finding on Arakan coast Submerging

ယခု ကမ်းခြေမြင့်တက်ခြင်းများတွေ့ရှိမှုများသည် ဂြိုလ်ထုဓာတ်ပုံမှတွေ့ရှိရသောဘူမိရုပ်သွင်ပ ညာဆိုင်ရာတွေ့ရှိမှုပေါ်တွင်အခြေခံထားသည် (ပုံ ၃၃)။ မြေပြင်ပေါ်တွင်တိုင်းတာမှုများမပါဝင်ပါ။

ပုံ ၃၃။ ရခိုင်ကမ်းခြေမြင့်တက်ခြင်းကိုမြင်တွေ့ရသောနေရာများ (မျှား)။

မြင့်တက်ပြီးကမ်းခြေများ
Uplifted Marine Terrace
ရခိုင်ကမ်းခြေတွင် မြင့်တက်နေပြီးသောနေရာများ၏ ဘူမိရုပ်သွင်အနေအထားများကို ကောင်းစွာ တွေ့မြင်ရသည်။ တချို့နေရာများတွင် လူတို့ကြောင့် ပျက်စီးနေသည်ကိုတွေ့နေရသည်။

ပုံ ၃၄။ တိုက်စားခြင်းကမ်းခြေ၊ ကမ်းခြေအနီးတွင်ရှိ uplifted marine terrace (uplifted wave-cut platform) (အနီရောင်မျှား) ကိုဆံတော်ရှင်ဘုရားပေါ်မှမြင်ရပုံ (ဘယ်)နှင့်ပင်လယ်မြင့်တက်ပြီးကမ်း ခြေကိုအနီးမှမြင်တွေ့ရစဉ် (flat top ကိုတွေ့ရစဉ်) (အဖြူရောင်=မူလကျောက်လွာ၏ တိမ်းစောင်း ညွှန်ပြလိုင်း (Strike)) ကိုဒီရေအမြင့်ဆုံးတွင်တွေ့ရစဉ်၊ (ညာ)၊ အနောက်ဖရုံကာကျွန်း ဆံတောင်ရှင် စေတီအနီး၊ ပေါက်တောမြို့။

ဆက်လက်ဖေါ်ပြပါမည်
နေုာက်အခန်းတွင် ရခိုင်ကမ်းခြေမြင့်တက်ခြင်းများ

ဤဆောင်းပါးတွင်အသုံးပြုထားသောဓာတ်ပုံများသည် Facebook page မှ ကော်ပီ ကူးယူအသုံးပြုထားခြင်းကြောင့်၊ မူလပိုင်ရှင်များကိုကျေးဇူးတင်ကြောင်းပြောကြားလိုပါသည်။

အချိန်းပေးဖတ်သည့်အတွက်
ကျေးဇူးတင်ပါသည်။

~ ဒေါက်တာမျိုးမြင့်

(2021 January 17)

Myo Myint | on Facebook



The Mog Nation Wiki

Leave a comment