(The Mog Nation Wiki, an archive)
Read the author’s original post
ရခိုင်ကမ်းရိုးတမ်းကိုလေ့လာခြင်း
အပိုင်း (၉)
ရခိုင်ကမ်းခြေ ၏ မြေငလျင်လှုပ်ရှားမှု နှင့် စူနားမီ ဖြစ်ပေါ်ခြင်း
(Earthquakes and Tsunami of Rakhine coast)
ဒေါက်တာမျိုးမြင့်
နိဒါန်း
ဘင်္ဂလားပင်လယ်အော်သည်အိန္ဒိယသမုဒ္ဒရာ၏အရှေ့မြောက်ဘက်အပိုင်းတွင်ရှိပြီး၊ ဧရိယာအား ဖြင့် ၂,၆၀၀,၀၀၀ km2 (၁,၀၀၀,၀၀၀ mi2) ခန့်ရှိသည်။ နှစ်သန်း၆၀ (60 million years) မှ ယခုအချိန်ထိ၊ ရေနက်အောက်ယပ်တောင်ပုံ မြစ်ဝကျွန်းပေါ်အနည်ကျချိုင့်ဝှမ်း Submarine Fan (Abyssal Fan) or Bengal fan (Ganges fan) ဖြစ်တည်နေပြီး၊ ၃၀၀၀ ကီလိုမီတာ (၁၉၀၀ မိုင်) ရှည်ပြီး၊ ၁၄၃၀ ကီလိုမီတာ (၈၉၀ မိုင်) ကျယ်ပြီး၊ ၁၆.၅ ကီလိုမီတာ (၁၀.၃ မိုင်) အထူခန့်အနည်ကျနေခဲ့သည်။ ကြီးမားသော ရေနံ နှင့်သဘာဝဓာတ်ငွေ့သိုက်များရှိနေခြင်း၊ ကမ်းရိုးတမ်းဓာတ်ငွေ့ခဲသိုက် (Gas Hydrate) များရှိနေနိုင်ခြင်း ကြောင့်၊ နိုင်ငံသုံးခုပိုင်ဖြစ်သော ဘင်္ဂလားဒေ့ချ် နှင့် အိန္ဒိယ၊ မြန်မာတို့အကြားတွင် ရေပိုင်နက်ဆိုင်ရာပြ သနာများသည်လည်းရှိနေသည်။ ၎င်းပြင်၊ ရှာဖွေရေးဆိုင်ရာစိန်ခေါ်မှုများရှိနေဦးမည်ဖြစ်သည်။
၎င်းပြင်၊ လက်ရှိဖြစ်ပေါ်နေသောမြေထုချပ်ဆိုင်ရာလှုပ်လျားမှု၊ ရွေ့လျားမျုများ နှင့်ဆက်နွယ် နေသောမြေငလျင်ဆိုင်ရာလှုပ်လျားမှုများ၊ စူနားမိဖြစ်စဉ်များ၊ မိုးဥတုဆိုင်ရာဖြစ်ပေါ်မှုများ နှင့်မုန်တိုင်း ဆိုင်ရာအချက်အလက်များ၊ သဘာဝသယံဇာတ နှင့် ဘူမိဗေဒဆိုင်ရာအချက်အလက်များရှိနေမှု ကြောင့်၊ ဘင်္ဂလားပင်လယ်အော်ကိုပိုမို၍အသေးစိတ်နားလည်နိုင်ဖို့ရာအတွက်၊ ကမ္ဘာနိုင်ငံများမှသိပ္ပံပ ညာရှင်များပူးပေါင်းပါဝင်သော အပြည်ပြည်ဆိုင်ရာသမုဒ္ဒရာစူးစမ်းရှာဖွေရေးအစီအစဉ် (International Ocean Discovery Program IODP) များပြုလုပ်၍ သုတေသနလုပ်ငန်းများကျယ်ပြန့်စွာ ပြုလုပ်လေ့ လာလျှက်ရှိနေကြသည်။
သုတေသနလေ့လာတွက်ချက်မှုများအရ၊ အိန္ဒိယသမုဒ္ဒရာမြေထုချပ် (indian oceanic plate) သည် ယူရေးရှားကုန်းတွင်းမြေထုချပ် (Eurasia continental plate) အောက်သို့တိုးဝင်နေခြင်းကြောင့် ဆွန်ဒ (ဂျာဗား) နိမ့်ဆင်းဂျောက် (Sunda or Java Trench or Sunda megathrust/ subduction zone) ထိတွေ့တိုးဝင်ပြတ်ရွေ့ကြောင်းဖြစ်ပေါ်လာရသည်။ ထိတွေ့တိုးဝင်ပြတ်ရွေ့ကြောင်း၏ရွေ့လျားမှု လားရာသည် အရှေ့မြောက်မြောက်ယွန်းယွန်း (NNE) သို့ ဦးတည်ပြီးတစ်နှစ်လျှင် ၅ စင်တီမီတာခန့် (၂လက္မ) ထိုးဝင်ရွေ့လျားနေသည်ကိုတွေ့ရှိထားသည်။ ကမ္ဘာ့မြေမျက်နှာပြင်၏ရခိုင်ကမ်းရိုးတမ်းဒေသ တွင်ဖြစ်ပေါ်မှုအားလုံး (သဘာဝဘေးအန္တရာယ်ဆိုင်ရာ) သည် ဆွန်ဒ (ဂျာဗား) နိမ့်ဆင်းဂျောက် (သို့မ ဟုတ်) ထိတွေ့တိုးဝင်ပြတ်ရွေ့ကြောင်းလှုပ်လျားမှု ဖြင့် လုံးလုံးပတ်သက်နေသည်ပင်ဖြစ်သည်။
မြေငလျင်နှင့်စူနားမီများရှိနေခြင်းကြောင့်အရေးပေါ်အခြေအနေနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစနစ်များ (Emergencies and Disaster Management Systemး EDMS) များကိုအချိုး ညီစွာနှင့်အပေါ်အောက်ဆက်စပ်ထိရောက်မှုရှိစွာဖြင့်လုပ်ဆောင်နိုင်ရန်ဆောင်ရွက်သင့်သည်။
(၁) ဘင်္ဂလားပင်လယ်အော် နှင့် ရခိုင်ကမ်းရိုးတမ်း
Bay of Bengal and Rakhine Coast
ဘင်္ဂလားပင်လယ်အော်သည်အိန္ဒိယသမုဒ္ဒရာ၏အရှေ့မြောက်ဘက်အပိုင်းတွင်တည်ရှိသည် (ပုံ ၁)။ အနောက်၊ အနောက်မြောက်ဘက်တွင်အိန္ဒိယရှိပြီး၊ မြောက်ဘက်တွင်ဘင်္ဂလားဒေ့ချ်၊ အရှေ့ ဘက်တွင် ရခိုင်ကမ်းရိုးတမ်း၊ မြန်မာ၊ ကပ္ပလီကျွန်များ၊ နီကိုဘာကျွန်း၊ နှင့် တောင်ဘက်တွင်သီ ဟို ကျွန်းနှင့် အင်ဒို နီးရှား၊ စုမာတြားကျွန်း၏ အနောက်မြောက်ထိပ်ထိဆွဲမျဉ်းအကြားတွင်ရှိသည် (ပုံ ၁)။
ဧရိယာအားဖြင့် ၂,၆၀၀,၀၀၀ km2 (၁,၀၀၀,၀၀၀ mi2) ခန့်ရှိသည်။ Bay of bengal Initative for Multi-Sectoral Technical and Economic Cooperation (BIMSTEC) မှဦးစီးပြီး၊ အပြည်ပြည် ဆိုင်ရာအခွန်မဲ့ကူးသန်းရောင်းဝယ်ရေး (free trade) ကို ဘင်္ဂလားဒေ့ချ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နိပေါ၊ သိရီလကာၤ နှင့် ယိုးဒယား တို့ဖြစ်သည်။ ငါးလုပ်ငန်းတွင် တစ်နှစ်လျှင် ၂၆ မှ ၄၄ မျီုးစိတ်ရှိသောငါးများ ကိုနှစ်စဉ်ဖမ်းဆီးသည်ဟုလည်းသီရသည်။ တစ်နှစ်လျှင်၊ ငါး ၂မီလီယမ်တန်ကိုဖမ်းဆီးရမိသည်ဟု သိ ရသည်။

ပုံ ၁။အာရှတိုက်၏မြေမျက်နှာသွင်ပြင် နှင့် သမုဒ္ဒရာအောက်ကြမ်းခင်း၊ (ဘင်္ဂလားပင်လယ်အော်၊ အာ ရပ်ပင်လယ်ပြင် နှင့် အိန္ဒိယသမုဒ္ဒရာ) ၏ရေအောက်ကြမ်းပြင်ကိုတွေ့ရစဉ်။

ပုံ ၂။ ဘင်္ဂလားပင်လယ်အော် နှင့် အိန္ဒိယသမုဒ္ဒရာ တို့၏နယ်ခြားစီးမျဉ်း (အပြာရောင်လိုင်း)၊ ဆွန်ဒ ထိ တွေ့တိုးဝင်ပြတ်ရွေ့ကြောင်း Sunda megathrust (ခရမ်းရောင်) နှင့် ရွေ့လျားမှုလားရာ (မျှား) (၁)ခရစ် ချနားမြစ်။ (၂)ဂိုဒါဘာရီမြစ်၊ (၃)ဂဂါၤမြစ်။ (၄)ကုလားတန်မြစ်။ (၅)ဧရာဝတီမြစ်။ (ဘယ်) နှင့် ဘင်္ဂလား ပင်လယ်အော်နှင့်ရေအောက်ယပ်တောင်ပုံမြစ်ဝကျွန်းပေါ်အနည်ကျချိုင့်ဝှမ်း Submarine Fan (Abyssal Fan) or Bengal fan (Ganges fan) ဖြစ်တည်နေပုံ (ညာ)။
ကြီးမားသောရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်များရှိနေခြင်း၊ ကမ်းရိုးတမ်းဓာတ်ငွေ့ခဲသိုက် (Gas Hydrate) များရှိနေနိုင်ခြင်းကြောင့်နိုင်ငံသုံးခုဖြစ်သောဘင်္ဂလားဒေ့ချ်နှင့်အိန္ဒိယ၊ မြန်မာတို့အကြားတွင် ရေပိုင်နက်ဆိုင်ရာပြသနာများသည်လည်းရှိနေသည် (ပုံ ၂)။
အိန္ဒိယသမုဒ္ဒရာမြေထုချပ် (indian oceanic plate) သည် ယူရေးရှားကုန်းတွင်းမြေထုချပ် (Eurasia continental plate) အောက်သို့တိုးဝင်နေသည်၊ ထိုးဝင်ထိစပ်ကြောင်းကို ဆွန်ဒ (ဂျာဗား) နိမ့်ဆင်းဂျောက် (Sunda or Java Trench) ဟုခေါ်သည် (ပုံ ၂)။ မြေထုချပ်နှစ်ခု၏တွန်းတိုက်မှုကြောင့် အပူချိန် နှင့် ဖိအားများပိုမိုရရှိလာကာ မီးတောင်များကိုဖြစ်ပေါ်စေသည်။ ထိတွေ့တိုးဝင်ပြတ်ရွေ့ကြောင်း ၏ ရွေ့လျားမှုလားရာသည် အရှေ့မြောက်မြောက်ယွန်းယွန်း (NNE) သို့ ဦးတည်ပြီးတစ်နှစ်လျှင် ၅ စင် တီမီတာခန့် (၂လက္မ) ထိုးဝင်ရွေ့လျားနေသည်ကိုတွေ့ရှိထားသည်။
နှစ်သန်း၆၀ (60 million years) မှ ယခုအချိန်ထိ၊ ရေနက်အောက် ယပ်တောင်ပုံ မြစ်၀ ကျွန်းပေါ်အနည်ကျချိုင့်ဝှမ်း Submarine Fan (Abyssal Fan) or Bengal fan (Ganges fan) ဖြစ် တည်နေပြီး၊ ၃၀၀၀ ကီလိုမီတာ (၁၉၀၀ မိုင်) ရှည်ပြီး၊ ၁၄၃၀ ကီလိုမီတာ (၈၉၀ မိုင်) ကျယ်ပြီး၊ ၁၆.၅ ကီလိုမီတာ (၁၀.၃ မိုင်) အထူခန့်အနည်ကျခဲ့သည် (ပုံ ၂)။ ၎င်းသည် အိန္ဒိယ သမုဒ္ဒရာမြေထုချပ် နှင့် ယူရေးရှားကုန်းတွင်းမြေထုချပ်တို့စိုက်ဝင်မှုကြောင့်ဖြစ်ပေါ်လာသော၊ ဟိမဝန္တာတောင်တန်းနှင့်တိဘက် ကုန်းမြေမြင့်တက်မှုနှင့်တိုက်စားမှုတို့ကြောင့် ဖြစ်ပေါ်လာရသည်ဟုဆိုသည် (ပုံ ၂)။
ဘင်္ဂလားပင်လယ်အော် ကိုပိုမို၍အသေးစိတ်နားလည်နိုင်ဖို့ရာအတွက်၊ ကမ္ဘာနိုင်ငံများမှသိပ္ပံပ ညာရှင်များပူးပေါင်းပါဝင်သော၊ အပြည်ပြည်ဆိုင်ရာသမုဒ္ဒရာစူးစမ်းရှာဖွေရေး အစီအစဉ်များပြုလုပ်၍ လေ့လာလျှက်ရှိနေကြသည်။ ကမ္ဘာ့သမုဒ္ဒယာအသီးသီးတွင်ပြုလုပ်ပြီးစီမံကိန်းများကိုလည်းတွေ့ရသည် (ပုံ ၅)။
(၂) အပြည်ပြည်ဆိုင်ရာသမုဒ္ဒရာစူးစမ်းရှာဖွေရေးအစီအစဉ်
The International Ocean Discovery Program (IODP)
အပြည်ပြည်ဆိုင်ရာသမုဒ္ဒရာစူးစမ်းရှာဖွေရေးအစီအစဉ်ဆိုသည်မှာအပြည်ပြည်ဆိုင်ရာပင်လယ်ပြင် သုတေသနပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး၊ ကမ္ဘာကြီး၏အဆင့်မြင့်သိပ္ပံဆိုင်ရာ အချက်အလက် များကိုသိရှိနားလည်စေရန်အလို့ငှာ၊ ပင်လယ်ကြမ်းပြင်အောက်သို့တွင်းတူးခြင်း (drilling)၊ တွင်းတူး ကျောက်သားယူခြင်း (coring) နှင့် တိုင်းတာစောင့်ကြည့်မှုများပြုလုပ်ခြင်း (monitoring) တို့ကိုပြုလုပ် ဆောင်ရွက်လျှက်ရှိသည်။ ၎င်းကို ၂၀၁၃ခုနှစ်တွင်စတင်ဖွဲ့စည်းအမည်ပေးပြီး၊ ယခင်ကရှိပြီးအဖွဲ့လေးဖွဲ့ (Project Mohole, Deep Sea Drilling Project, Ocean Drilling Program and Integrated Ocean Drilling Program) ဖြင့်ပေါင်းစီးဖွဲစည်းခဲ့သည်။ ယခုအခါတွင်အောင်မြင်မှုရရှိနေသောအပြည်ပြည် ဆိုင်ရာကမ္ဘာ့သိပ္ပံပညာရပ်ပူးပေါင်းဆောင်ရွက်မှုကြီးတစ်ခုဖြစ်နေသည်။
၎င်းအစီအစဉ်တွင်ပါဝင်ထမ်းဆောင်သောသဘောၤများမှာ JOIDES Resolution, Chikyu and mission-specific platform (အထူးသတ်မှတ်သင်္ဘော) များဖြင့်ပါဝင်ဆောင်ရွက်ကြသည် (ပုံ ၃)။

ပုံ ၃။ ဂျပန်နိုင်ငံပိုင်ရေအောက်ကြမ်းပြင်တွင်းတူးသဘောၤ ချိကျူး Chikyu (ဘယ်) နှင့် အမေရိကန်နိုင်ငံ ပိုင် JOIDES Resolution အမည်ရှိ ရေအောက်ကြမ်းပြင်တွင်းတူးသုတေသနပြုလုပ်သဘောၤ (ညာ)။
ပါဝင်ထမ်းဆောင်ရမည့်သဘောၤကိုပင်လယ်ကြမ်းပြင်၏အခြေအနေနှင့်တွင်းတူးအတိမ် အနက် ပေါ်မူတည်သတ်မှတ်ကြသည် (ပုံ ၃၊ ၄)။ သဘောၤကို သုံးမျိူးခွဲခြားထားသည်။ JOIDES Resolution သဘောၤ, Chikyu သဘောၤ နှင့် mission-specific platform (အထူးသတ်မှတ်သင်္ဘော သို့မဟုတ် ရေနံ တွင်းတူးသဘောၤ) တို့ဖြစ်သည် (ပုံ ၄)။

ပုံ ၄။ JOIDES Resolution သဘောၤ (ဘယ်), Chikyu သဘောၤ (လယ်), နှင့် mission-specific platform (အထူးသတ်မှတ်သင်္ဘော သို့မဟုတ် ရေနံတွင်းတူးသဘောၤ) (ဘယ်) နှင့် ဘင်္ဂလားပင်လယ်၊ အရှေ့ဖက်အိန္ဒိကမျးခြေ၊ရှိ Expedition ၃၅၃ project စီမံကိန်း ၏ တွင်းတူးရန်တည်ရှိနေရာ (အနီ ရောင်) (ညာ) ။
ကမ္ဘာသမုဒ္ဒရာကြမ်းပြင်ကိုလေ့လာ၊ သုတေသနပြုဆောင်းရွက်ပြီးစီးသည့်စီမံကိန်များ နှင့် ကုန် ကျစရိပ်များ၊ သုတေသနလုပ်ငန်းများကိုအောက်ပါအစိုးရအဖွဲအစည်းမှထောက်ပံ့ပါဝင်ဆောင်ရွက်ကြ သည် (ပုံ ၅)။ ကုန်ကျစရိပ်များကို အောက်ပါအဖွဲ့ ရှစ်ဖွဲ့မှပူးပေါင်းပါဝင်သည်။
၁။the United State National Science Foundation (NSF),
၂။Japan’s Ministry of Education, Culture, Sports, Science and Technology (MEXT), and
၃။the European Consortium for Ocean Research Drilling (ECORD), alongside
၄။the Ministry of Science and Technology of the People’s Republic of China (MOST),
၅။Korea Institute of Geoscience and Mineral Resources (KIGAM),
၆။Australian-New Zealand IODP Consortium (ANZIC),
၇။India Ministry of Earth Science (MoES), and
၈။Brazil’s Coordination for Improvement of Higher Education Personnel (CAPES). T

(ပုံ ၅)။ ကမ္ဘာသမုဒ္ဒရာကြမ်းပြင်ကိုလေ့လာ၊သုတေသနပြုဆောင်းရွက်ပြီးစီးသည့်စီမံကိန်များ။
Expedition 362 project သည် ၂၀၀၄ခုနှစ် အိန္ဒိယသမုဒ္ဒရာမြေငလျင်နှင့် စူနားမီကိုလေ့လာ သောစီမံကိန်းဖြစ်သည်။ ၎င်းပြင် Expedition 353, 354 355 projects များသည် အာရှ မိုးဥတု (မွန် ဆွန်း) စနစ် (Asean monsoon system) ကိုလေ့လာနိုင်ရန် အတွက် ဘင်္ဂလားပင်လယ်အော် (Bay of Bengal)၊ ကပ္ပလီပင်လယ်ပြင် (Adaman sea) and အာရပ်ပင်လယ်ပြင် (Arabic sea) တို့တွင် သုတေသန ပြု လုပ်ရန်ဖြစ်သည်။ Expedition 353 တွင် Gas Hydrate ရှာဖွေရေးသည်လည်း အဓိ ကလုပ်ငန်းတစ်ခုအဖြစ်ပါဝင်သည် (ပုံ ၄၊ ၅)။ ဓာတ်ငွေ့ခဲ ဆိုသည်မှာသဘာဝအလျောက်တွေ့ရသော၊ ရေခဲ နှင့်တူသောသဘာဝဓာတ်ငွေ့နှင့်ရေတို့ရောနှောနေကြပြီး၊သမုဒ္ဒရာအောက်ကြမ်းပြင်တွင် ရွံ့များ နှင့် ရော၍တွေ့ရသည်။ အထူးသဖြင့်၊ အအေးပိုင်းဒေသ Polar region တို့တွင်တွေ့ရသည်။ ၎င်းပြင်၊ ကမ်းရိုးတန်းဒေသများ continental margins တို့တွင်လည်းတွေ့ရသည် (ပုံ ၆)။
ကမ်းရိုးတမ်းနှင့်ဆက်စပ်လျှက်ရှိသော တိုင်းပြည်များသည်လည်း၊ ဓာတ်ငွေ့ခဲ (Gas Hydrate) ရှာဖွေရေးလုပ်ငန်းများကိုကျယ်ပြန့်စွာလုပ်ကိုင်ဆောင်ရွက်နေကြပြီး၊ သဘာဝသယံဇာတမှသည် ထုတ် လုပ်ရောင်းချနိုင်သောသဘာဝအရင်းအမြစ်အဖြစ်ပြောင်းလည်းနိုင်ရန်နည်းပညာများရှာဖွေနေကြဆဲဖြစ်သည်။ သို့ပါ၍။ ရခိုင်ကမ်းရိုးတမ်း၏ ဓာတ်ငွေ့ခဲ (Gas Hydrate) ရှာဖွေရေးလုပ်ငန်းသည်လည်း၊ အ နာဂတ်စိန်ခေါ်မှုတရပ်ဖြစ်နေဦးမည်ဖြစ်သည် (ပုံ ၆)။

ပုံ ၆။ အိန္ဒိယနိုင်ငံ၊ အရှေ့ဖက်ကမ်းရိုးတမ်းတွင် NGHP 1 (အနီရောင်) and NGHP 2 (အဝါရောင်) projects (Natural Gas Hydrate Project) မှ ဓာတ်ငွေ့ခဲ Hydrate Gas ရှာဖွေရေးလုပ်ငန်းတစ်ခု (၂၁၀၄ခုနှစ်) (ဘယ်) နှင့် စီမံကိန်မှရရှိသောတွင်းတူးကျောက်သား (ဓာတ်ငွေ့ခဲ=အဖြူရောင် နှင့် အ နက်ရောင်=ရွံ့များ) (ညာ)။
ကျမ်းကိုး
http://www.iodp.orgး http://www.joidesresolution.org
http://www.deepseadrilling.org
http://www.jamstec.go.jp
(၃) ရခိုင်ကမ်းရိုးတမ်းနှင့် မြေငလျင်လှုပ်ခတ်ခြင်း
(Rakhine coast and Earthquakes)
မြေငလျင်ဆိုသည်မှာ
(Earthquakes)
မြေငလျင်လှုပ်ခြင်းသည် ကမ္ဘာပေါ်ယံလွာ (earth crust) မှရုတ္တရက်ထုတ်လွတ်သောအင်နာဂျီ (စွမ်းအင်) ကြောင့် ဖြစ်ပေါ်လာသောတုန်ခါမှုလှိုင်း (seismic waves) ၏ အကျိုးသက်ရောက်မှုဖြစ် သည်။ ထိုအကျိုးသက်ရောက်မှုကြောင့် ကမ္ဘာမြေမျက်နှာပေါ်တွင်တုန်ခါစေခြင်း (vibration) တုန်လှုပ် စေခြင်း (shaking) နှင့် မြေမျက်နှာသွင်ပြင်ရွေ့လျားသွားခြင်း (displacement of ground) (ဥပမာ။ မြင့်တက်ခြင်း၊ နိမ့်ဆင်းခြင်း နှင် အလျားလိုက်ရွေ့လျားသွားခြင်း တို့ဖြစ်ပေါ်စေသည်)။
မြေငလျင်လှုပ်ခြင်းသည် လျောထွက်သွားစေသောဘူမိဗေဒဆိုင်ရာပြတ်ရွေ့များ (geological faults) များကြောင့်လည်းဖြစ်ပေါ်စေသည်။ မြေအောက်ရှိမြေငလျင်လှုပ်ခြင်းစတင်ဖြစ်ပေါ်သည့်နေရာ ကို focus (မြေအောက်ငလျင်ဗဟိုချက် (သို့) ဗဟိုပြုနေရာ) ဟုခေါ်သည်။ ဗဟိုပြုနေရာမှအပေါ်သို့ တည့်တည့်ရှိမြေပြင်ပေါ်ရှိနေရာကို မြေပြင်ငလျင်ဗဟိုချက် (သို့) ဗဟိုပြုနေရာ) Epicenter ဟုခေါ်သည် (ပုံ ၇)။
တုန်ခါမှုလှိုင်း (seismic waves) တွင်နှစ်မျိုးရှိသည်၊ ၁။ body waves သည်ကမ္ဘာကြီး၏ အ တွင်းပိုင်းသို့ဖြတ်သွားသည်။ ၂။ Surface waves သည်ကမ္ဘာကြီး၏အပေါ်ယံလွာသို့ဖြတ်သွားသည်။
Body waves တွင် P, Primary or compressional waves နှင့် S, Secondary of Shear waves နှစ်မျိုးရှိသည်။ P, Primary or compressional waves သည် တစ်စက္ကန့်လျှင် ၆ ကီလိုမီတာ ခန့်အလျှင်ရှိပြီး၊ တွန်းခြင်း (push) နှင့် ဆွဲခြင်း (pull) ကိုဖြစ်ပေါ်စေသည်။ S, Secondary of Shear waves တစ်စက္ကန့်လျှင် ၃.၅ ကီလိုမီတာခန့်အလျှင်ရှိပြီး၊ ဘေးတိုက်နှင့်အပေါ်အောက်ရွေ့လျားတုန်လှုပ် စေသည်။
Surface waves တွင် Love waves နှင့် Rayleigh waves နှစ်မျိုးရှိသည်။ Love waves သည် S waves နှင့်တူသည်။ Rayleigh waves သည် လိမ့်သွားပြီး၊ ရေလှိုင်းနှင့်တူသည်။ P waves နှင့်တူ သည်။ အပေါ်၊ အောက်ပို၍တုန်ခါစေသည်။ S waves သည် P waves ထက်နှေးသောကြောင့် P waves သည် အစောတလျင်ရောက်ရှိပြီး၊ S waves သည် နောက်ကျမှရောက်ရှိသည်။ တိုင်းတာမှုစခန်းများမှ P waves နှင့် S waves အချိန်ကွာခြားစွာဖြင့်ရောက်ရှိမှုုကို (P-S interval) သိသာစွာဖြင့်တိုင်းတာ နိုင်သည် (ပုံ ၇)။

ပုံ ၇။ မြေငလျင်၏လှုပ်ခတ်တုန်ခါမှုကို တုန်ခါနှုန်းတိုင်းစက် (Seismometer) ဖြင့်တိုင်းတာထားသည် ကိုတွေ့ရသည်၊ P waves and S waves ကို ခွဲခြားစွာတွေ့ရသည် (ဘယ်)။ ငလျင်ပြင်းအား (ရစ်ချ်တာ စကေး) နှင့် သက်ရောက်မှုရှိနိုင်ခြေကိုယဉ်တွဲဖေါ်ပြထားသည် (ညာ)။
မြေငလျင်၏ပြင်းအားကိုတိုင်းတာခြင်း
မြေငလျင်၏ပြင်းအားကိုနည်းသုံးခုဖြင့်တိုင်းတာသည်။ (၁)ရစ်ချ်တာစကေး (Richter scale 1 to 10) သည်ငလျင်၏ပြင်းအားပမာဏကိုကိန်းဂဏန်းတစ်ခု ဖြင့်သတ်မှတ်ဖေါ်ပြသည်။ ၎င်းကို၊ တုန်ခါ နှုန်း တိုင်းစက် (Seismometer) ဖြင့်တိုင်းတာသည် (ပုံ ၇)။ ရစ်တာစကေးနှင့်သက်ရောက်မှုရှိ နိုင် ခြေကိုတွက်ဆဖေါ်ပြထားသည် (ပုံ ၇)။ ငလျင်၏ပြင်းအားပမာဏသည်ငလျင်ခံရသည့်ဒေသအလိုက် ကွာဟမှုရှိနည်ဖြစ်ပြီး၊ ငလျင်၏ဗဟိုချက် (ငလျင်စတင်လှုပ်သည့်နေရာ) နှင့်နီးပါကပြင်း အားများ မည် ဖြစ်ပြီး၊ ဝေးပါကပြင်းအားနည်းမည်ဖြစ်သည်။ (၂) ပြင်းအား ၁၀ ထက်ကျော်လာလျှင် Moment Magnitude Scale (Mw) ဖြင့်တိုင်းတာသည်။ (၃) မြေငလျင်ကြောင့် ပျက်စီးထိခိုက်မှုအဆင့်ပေါ်အ ခြေခံ၍ ငလျင်၏ပြင်းထန်အားကို မာကယ်လီစကေားအသစ် (modified Mercalli Intensity) ဖြင့် ဖေါ်ပြသည်။ မာကယ်လီစကေးအသစ်နှင့်ငလျင်လှုပ်ခြင်းကြောင့်ဖြစ်ပေါ်နိုင်သောထိခိုက်ပျက်စီးမှုတို့ ကို နှိုင်းယဉ်ဖေါ်ပြထားသည် (ပုံ ၈)။

ပုံ ၈။ မြေငလျင်ကြောင့်ပျက်စီးထိခိုက်မှုအဆင့်ပေါ်အခြေခံ၍ မြေငလျင်၏ပြင်းထန်အားကိုမာကယ်လီစ ကေးအသစ် (modified Mercalli Intensity) ဖြင့်ဖေါ်ပြထားပုံ။
(၄) ပစ္စုပ္ပန်နှင့်အတိတ်မြေငလျင်လှုပ်ခတ်မှု နှင့် ရခိုင်ကမ်းရိုးတမ်း
Presnet and Past Earthquakes and Rakhine coast
တစ်နှစ်လျှင်၊ကမ္ဘာတစ်ခုလုံးသိသာသောမြေငလျင်လှုပ်ခတ်မှုအရေတွက်သည်တစ်သန်းကျော် ရှိသည်ဟုဆိုသည် (USGS)။ ၂၀၂၀ခုနှစ်၊ ရခိုင်ကမ်းရိုးတမ်းနှင့် ဆက်စပ်နေသောဒေသ၏မြေငလျင် လှုပ်ခတ်မှု ကိုတိုင်းတာရေးစခန်းသုံးခုမှရရှိဖေါ်ပြထားသည် (ပုံ ၉၊ ၁၀)။
ကျမ်းကိုး။
USGS: United State Geological Survey (www.usgs.gov.org.)
http://www.valcanodiscovery.com
Department of Meteorology and Hydrology (မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန)။

ပုံ ၉။ ၂၀၂၀ခုနှစ်အတွင်းမြန်မာနိုင်ငံအတွင်း၊ ဖြစ်ပေါ်သော မြေပြင်ငလျင်ဗဟိုနေရာများ နှင့် ပြင်းအား၊ လှုတ်ခတ်သည့်နေ့များ (www.valcanodiscovery.com) မှကူးယူဖေါ်ပြသည်။ (ဘယ်)၊ မြန်မာနိုင်ငံ၊ မိုးလေဝသနှင့်ဇလဗေဒဦး စီးဌာန၊ နေပြည်တော်တိုင်းတာရေးစခန်းမှတိုင်းတာရရှိမှုရရှိစဉ် (ညာ)။

ပုံ ၁၀။ ၂၀၂၀ခုနှစ်အတွင်ဖြစ်ပေါ်သောမြေပြင်ငလျင်ဗဟိုနေရာများ၊ မြန်မာနိုင်ငံနှင့်ဆက်စပ်ဒေသများ၊ (USGS မှကူးယူဖေါ်ပြသည်)။ ဘေးတိုက်ရွေ့လျားခြင်း (transform)၊ ကွဲထွက်သွားခြင်း (Divergent) နှင့် စုဆုံသွားခြင်း (Convergent) ထိတွေ့ကြောင်းများ။
ရခိုင်ကမ်းရိုးတမ်း၊စစ်တွေ၏အနောက်တောင်ဖက်၊ဖရုံကာကျွန်း၊ကျောက်ဖြူ၏အနောက်မြောက်ဖက်နှင့် သံတွဲ၊ငပလီဒေသ ရှိမြင့်တက်ကမ်းခြေ (marine terrace) များရှိကျောက်နှင့်ရွံ့နမူနာ များ ကိုယူ၍ရေဒီယိုကာဗွန်နည်းပညာနှင့်စမ်းသတ်ခြင်း (Radiocarbon dating) ဖြင့်သက်တမ်းကိုရရှိ နိုင်သည် (Than Tint Aung et al. 2008)။ ၎င်းတို့၏တွေ့ရှိချက်များအရကြီးမားသောငလျင်ရပ်ဝန်း ကို သက်တမ်းအားဖြင့်သုံးစုခွဲနိုင်ခဲ့သည် (၁) အေဒီ ၁၅၈၅-၁၈၁၀ (AD 1585-1810 (1762)) (၂) အေဒီ ၈၀၅-၁၂၂၀ (AD 805-1220) နှင့် (၃) ဘီစီ ၁၃၉၅-၇၄၀ (BC 1395-740) တို့ဖြစ်ကြသည် (ပုံ ၁၁)။

ပုံ ၁၁။ အေဒီ ၁၇၀၀-၂၀၀၇ခုနှစ်ထိ ရခိုင်ကမ်းခြေနှင့်ဆက်စပ်နေသောမြေငလျင်လှုပ်ခတ်မှုများ (၇ Mw နှင့်အထက်) (Than Tint Aung et al, 2008. မှကူးယူသည်) (Mw=Moment Magnitude scale) (Than Tint Aung et al. 2008)
၁၇၆၂ခုနှစ်ရခိုင်မြေငလျင်လှုပ်ခတ်မှုသည် သိသာမြင်သာသောလှုတ်ခတ်မှုတစ်ခုဖြစ်သည်။ ၂ဧပြီလ၊ ၁၇.၀၀နာရီတွင်လှုတ်ခတ်သည်။ မြေပေါ်ဗဟိုချက် (epicenter) သည် စစ်တကောင်းကမ်းခြေ အနီးပတ်ဝန်းကျင်တွင်ရှိသည်ဟုတွက်ဆသည်။ လှုပ်ခတ်ချိန် လေးမိနစ်ခန့်ကြာခဲ့သည်။ ငလျင်ပြင်း အားသည် ၈.၈ (8.8Mw Moment Magnitude scale) နှင့် မာကာလီ၏ပျက်စီးမှုပြင်းအားအဆင့် XI အကြီးအကျယ်ပျက်စီး (XI (extreme) Mercalli intensity scale) အထိရှိခဲ့သည် (ပုံ ၈)။ လူဦးရေ ၂၀၀ ခန့် သေဆုံးဟုသိရှိရသည်။ မြေငလျင်လှုပ်ခတ်မှုကြောင့်ကုန်းမြေများမြင့်တက်ခြင်း နှင့်နိမ်းဆင်း ခြင်းများ ဖြစ်ပေါ်စေသည်ဟုသိရသည်။
လှုပ်ခတ်မှုအကွာအဝေးသည် မြေထုချပ်ထိတွေမှု (sunda megathrust zone (ပုံ ၁၂)) မှ ၇၀၀ ကီလိုမီတာ ဝန်းကျင်အထိရှိနေသည်ဟုဆိုသည်။ လှုပ်ခတ်မှုကြောင့် ဖူးကျွန်း (Foul Island) မှ ရမ်းဗြဲ ကျွန်းအထိ ကုန်းမြေမြင့်တက်မှုကိုတွေ့ရပြီး၊ စစ်တကောင်းဒေသ၏ မြောက်ဖက်ပိုင်းတွင် ကုန်းမြေနိမ့် ဆင်းမှုကိုတွေ့ရသည်။ ၁၀ မီတာခန့်အလျှားလိုက်ရွေလျားမှုရှိခဲ့သည် (Wikipidia)။
ရခိုင်ကမ်းရိုးတမ်းနှင့် ဆက်စပ်နေသောကပ္ပလီပင်လယ်ပြင်၊ အိန္ဒိယ နှင့် ဘဂ်လားဒေ့ချ် တို့တွင် လည်း မြေငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်မှုကိုမှတ်တမ်းအရတွေ့ရသည် (ပုံ )။ ၈၁၀ဘီစီမှ အေဒီ၂၀၁၂ ခု နှစ်ထိ၊ ဘဂ်လားဒေ့ချ် နှင့် ကပ္ပလီ (အင်ဒမင်) ပင်လယ် တို့တွင်ဖြစ်ပေါ်သောမြေငလျင်လှုပ်ခတ်မှုမှာ ၅၆၂ ကြိမ်ဖြစ်ပေါ်ခဲ့သည်ဟုဆိုသည် (Edris Alam and Dale Dominey-Howes 2014)။

ပုံ ၁၂။ ၈၁၀ဘီစီမှ အေဒီ၂၀၁၂ ထိ အိန္ဒိယ၊ ဘဂ်လားဒေ့ချ် နှင့် ကပ္ပလီ (အင်ဒမင်) ပင်လယ် တို့တွင်ဖြစ် ပေါ် သောမြေငလျင်လှုပ်ခတ်မှုကိုဖေါ်ပြထားသည်။ အနီရောင်လိုင်းသည်အီန္ဒိယမြေထုချပ် (ဘယ်) နှင့် ယူရေးရှားမြေထုချပ် (ညာ) ထိတွေ့ကြောင်း (Andaman Trench and Sunda Subduction Zone) ဖြစ်သည်။ (Edris Alam and Dale Dominey-Howes (2014)

ပုံ ၁၃။ မြေငလျင်ဖြစ်ပေါ်ခဲ့သောနှစ်၊ မြေငလျင်ပြင်းအား နှင့်မြေအောက်ဗဟိုပြုအနက်ပေ၊ အများဆုံး သော ဖြစ်ပေါ်သောကပ္ပလီပင်လယ်ပြင် (National Geographic, 2020 မှကူးယူဖေါ်ပြသည်)။
ရခိုင်ကမ်းရိုးတမ်းနှင့် ဆက်စပ်နေသောကပ္ပလီပင်လယ်ပြင်တွင်လည်း မြေငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်မှုကိုမှတ်တမ်းအရတွေ့ရသည် (ပုံ ၁၃)။ ၂၀၀၄ခုနှစ်၊ ဒီဇင်ဘာ၂၆ရက်နေ့တွင် ကြီးမားသောင လျင် လှုပ်ခတ်မှုဖြစ်ခဲ့သည်။ (လွန်ခဲ့သော ၁၅နှစ်၊ ပြင်းအား ၇.၂ရှိပြီး၊ မြေအောက်ဗဟိုနေရာ ၃၉ ကီလို မီတာ အနက်တွင်ရှိပြီး၊ မြေပြင်ဗဟိုနေရာ ဆဘန်း၊ အာချေး၊ အငိဒိုနီးရှား ဖြစ်သည် (ပုံ ၁၃)၊ မြေငလျင် နှင့်အတူ ကြီးမားသော စူနားမီဖြစ်ပေါ်ခဲ့သည်။
(၅) မြေငလျင်ဖြစ်ပေါ်ရသည့် အကြောင်းရင်း
(Causes of Earthquakes)
မြေငလျင်ဖြစ်ပေါ်ရသည့်အကြောင်းရင်းသည် မြေထုချပ်များထိတွေ့ခြင်းများ (ဘေးတိုက်ရွေ့ လျားခြင်း (transform)၊ ကွဲထွက်သွားခြင်း (Divergent) နှင့် စုဆုံသွားခြင်း (Convergent) ထိတွေ့ ကြောင်းများ) (ပုံ ၁၀)၊ ပြတ်ရွေ့ကြောင်းများလှုပ်လျားခြင်းဖြင့်၎င်း၊ မီးတောင်ပေါက်ကွဲခြင်း ကြောင့်၎င်း ဖြစ်ပေါ်စေသည်။
ရခိုင်ကမ်းရိုးတမ်းနှင့်မြေငလျင်လှုပ်ခတ်ခြင်းသည်နယ်မြေခြင်းထိတွေ့ဆက်စပ်နေသောဘင်္ဂလားပင်လယ်အော်၊ကပ္ပလီပင်လယ်ပြင်၊မြန်မာနိုင်ငံတစ်ခုလုံး၊ဘင်္ဂလားဒေ့ချ်နိုင်ငံ၊အိန္ဒိယအရှေ့မြောက် ဒေသနှင့်ဟိမဝန္တာတောင်တန်းဒေသတို့သည်လည်းအကျိုုးသက်ရောက်မှုအတူတူပင်ဖြစ်သည်။
ဘ၈ၤလားပင်လယ်အော်ရေအောက်စိုက်စမစ်လေ့လာချက်များ၊ IODP၏လေ့လာသုတေသနပြု ဆောင်ရွက်ချက်များ နှင့် မြေပေါ်လေ့လာတွေ့ရှိချက်များအပေါ်အခြေခံပြီး၊ ပြတ်ရွေများကို လေ့လာ တွေ့ရှိရသည်။ ဘ၈ၤလားပင်လယ်အော်၊ ရခိုင်ကမ်းခြေရှိ ရေနံလုပ်ကွက် A4/AD2 ၏ မာန်အောင်ကျွန်း တောင်ဘက်ပိုင်းရှိ (A and B lines)၊ ရေအောက်စိုက်စမစ် လေ့လာချက်များကိုဖေါ်ပြထားသည် (ပုံ )။ အရှေ့မြောက်ဖက်သို့ညွန်ပြနေသောပြတ်ရွေ့ကြောင်းများသည်၊ ဆွန်ဒ ထိတွေ့ကြောင်းကို ညွန်ပြနေပြီး၊ အရှေ့မြောက်မြောက်ဖက်သိုတိုးဝင်နေကြသည် (ပုံ ၁၆)။ ဆွန်ဒ ထိတွေ့ကြောင်းသည် ကုန်းစောင်း (slope) နှင့် ရေအောက်မြေပြန့် (plain) အကြားရှိ ပြတ်ရွေ့ကြောင်းများကကိုယ်စားပြုသည်။

ပုံ ၁၄။ ဘ၈ၤလားပင်လယ်အော်ရေအောက်စိုက်စမစ်လေ့လာချက်များ၊ မူလပုံကြမ်း (အပေါ်) နှင့်ဘူမိဗေ ဒဆိုင်ရာအချက်အလက်များကိုအဓိပ္ပါယ်ဖေါ်ထားပြီး (အောက်) (က) ကမ်းနီးမြေပြန့် (shelf) (ခ) ကုန်း စောင်း (slope) နှင့် ရေအောက်မြေပြန့် (plain)။ အနီရောင်မျဉ်း=ပြတ်ရွေများ။ (ရေနံကုမ္ပဏီတစ်ခုမှရ ယူသည်) (ညာ=အရှေ့မြောက်ဖက်)
ဤဒေသရပ်ဝန်းတွင်၊ ဖြစ်ပေါ်သောငလျင် ၏အကျိုးဆက်သည် ဆွန်ဒထိတွေ့တိုးဝင်ပြတ်ရွေ့ ကြောင်း၏ရွေ့လျားမှုကြောင့်ဖြစ်သည်။ ၎င်းတိုးဝင်ပြတ်ရွေ့ကြောင်းသည် အိန္ဒိယသမုဒ္ဒရာမြေထုချပ် (indian oceanic plate) ကယူရေးရှားကုန်းတွင်းမြေထုချပ် (Eurasia continental plate) အောက် ထဲသို့အရှေ့ မြောက်မြောက်ယွန်းယွန်းအတိုင်းတိုးဝင်ထိတွေ့ပွတ်တိုက်မှုတို့ကြောင့်၊ အားသက်ရောက် ရာဒေသအထိ၊ ပြတ်ရွေ့များဖြစ်ပေါ်လာသည် (ဥပမာ၊ မြောက်မှတောင်သို့သွယ်တန်းနေသောကုလား တန်ပြတ်ရွေ့၊ လေးမြို့ပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့၊ စစ်ကိုင်းပြတ်ရွေ့)။ ထို့ကြောင့်၊ တိုးဝင်ပြတ်ရွေ့ကြောင်း နှင့် တစ်ခြားဆက်စပ်နေသောပြတ်ရွေ့ကြောင်းများကြောင့်ငလျင်ရပ်ဝန်းဖြစ်ပေါ်စေသည် (ပုံ ၁၆)။
ပုံအထောက်အထားများအရ။ မြန်မာနိုင်ငံ၏ ကုန်းတွင်းပိုင်းတွင်ကဘော်ပြတ်ရွေ့မြောက်ဖက် ပိုင်းနှင့်စစ်ကိုင်းပြတ်ရွေ့များသည်လှုပ်ခတ်မှုအဖြစ်အများဆုံးတွေ့ရသည်။ ပင်လယ်ပြင်ဒေသတွင်၊ဆွန် ဒထိတွေ့တိုးဝင်ပြတ်ရွေ့ ကြောင်း၏ရွေ့လျားမှုကြောင့်ဖြစ်နိုင်သည်။

ပုံ ၁၅။ ဆွန်းဒထိတွေ့တွန်တင်ပြတ်ရွေ့ကြောင်း (၁) အိန္ဒိယသမုဒ္ဒရာမြေထုချပ် (indian oceanic plate) နှင့် ယူရေးရှားကုန်းတွင်းမြေထုချပ် (Eurasia continental plate) တို့၏ထိတွေ့နေပုံ၊ (၂) ကုလား တန်ပြတ်ရွေ့၊ (၃) ကျွန်းသာယာ-တန်းလွဲချောင်းပြတ်ရွေ့ (၄) ကဘော်ပြတ်ရွေ့ (၅) စစ်ကိုင်းပြတ်ရွေ့၊ (၆) ရှမ်း-ဂဘားဂျောက်ပြတ်ရွေ့၊ (၇) မွိုင်းအိုင်ပြတ်ရွေ့ (ဂ) ဘုရားသုံးဆူပြတ်ရွေ့ နှင့် ဆက်စပ်နေသော မြန်မာပြည်၏ အဓိကပြတ်ရွေ့များ (ညာ)။ နှင့် မြန်မာပြည်၏အဓိကပြတ်ရွေ့များနှင့် မြေပြင်ဗဟိုချက်များ (Epicenter) ၂၀၂၀ခုနှစ် လှုပ်ရှားမှုများ (USGS: United State Geological Survey) (ညာ)
ရခိုင်ကမ်းရိုးတမ်းတွင်ဖြစ်ပေါ်စေသောမြေငလျင်များသည်၊ ဆွန်းဒထိတွေ့တွန်တင်ပြတ်ရွေ့ ကြောင်း၊ ကုလားတန်ပြတ်ရွေ့ နှင့်ကျွန်းသာယာ-တန်းလွဲချောင်းပြတ်ရွေ့တို့၏လှုပ်ခတ်မှုတို့၏အကျိူး ဆက်များကြောင့်ဖြစ်သည်ဟုကောက်ချက်ဆွဲနိုင်သည် (ပုံ ၁၅)။
အမျုီုးမျိုးသောအကြောင်းအရာများပေါ်မူတည်ပြီး၊ မြေငလျင်ဖြစ်ပေါ်မှုကိုကြိုတင်တွက်ဆမှုများ ကိုတွေ့ရှိ၊ မှန်းဆခဲ့ကြသည်။ သို့သော်လည်း၊ မြေငလျင်ဖြစ်ပေါ်မှုကိုကြိုတင်တွက်ဆမှုများအတွက်၊ တိ ကျသောနည်းစနစ်များမရှိသေးပါ (Earthquake Prediction)။
မြေငလျင်ဖြစ်ပေါ်မှုအခြေအနေ (Earthquake Probability) ကိုလည်း တွက်ဆနိုင်ခဲ့သည်။ ၎င်းတို့မှာ၊ အချိန်ပေါ်မူတည်၍ဖြစ်သောပြတ်ရွေ့၏သမိုင်းစဉ်များ၊ လှုပ်ခတ်ချိန်။ ပြင်းအား၊ နှင့် ပြတ်ရွေ့ နှင့် မြေထုချပ်တို့၏ရွေ့လျားမှု နှင့် တစ်ခြားသောသိပ္ပံဆိုင်ရာများ တို့ပါဝင်သည်။

ပုံ ၁၆။ အိန္ဒိယသမုဒ္ဒရာမြေထုချပ် (indian oceanic plate) နှင့် ယူရေးရှားကုန်းတွင်းမြေထုချပ် (Eurasia continental plate) တို့၏ ထိတွေ့ပြီး ဆွန်းဒ ထိတွေ့တွန်းတင်ပြတ်ရွေ့ကြောင်းဖြစ်ပေါ်လာပုံ (ဘယ်) နှင့် အိန္ဒိယသမုဒ္ဒရာမြေထုချပ်ရွေ့လျားလာရာလမ်းကြောင်း (အရှေ့မြောက်ယွန်းယွန်း NNE) နှင့် သက်တမ်းများ (ညာ)။
(၆) ရခိုင်ကမ်းရိုးတမ်းမြေငလျင်လှုပ်ခတ်မှု နှင့် စူနားမီဖြစ်ပေါ်ခြင်း
Earthquakes and Tsunamis of Rakhine coast
ရခိုင်ကမ်းရိုးတမ်းမြေငလျင်လှုပ်ခတ်မှုကြောင့် စူနားမီဖြစ်ပေါ်ခြင်းမှာ၊ ဘင်္ဂလားပင်လယ်အော် ရေပြင်အောက်ရှိ၊ ဆွန်းဒထိတွေ့တွန်တင်ပြတ်ရွေ့ကြောင်း၏ရွေ့လျားမှုကြောင့်၊ရေထုမြင့်တက်ရွေ့လျား မှုသည်စူနားမီဖြစ်ပေါ်လာရခြင်းဖြစ်သည်။
၁၇၆၂ ခုနှစ်၊ စစ်တကောင်းဗဟိုပြုမြေငလျင်ဖြစ်ပေါ်ပြီး၊ ငလျင်ကြောင့်ဘင်္ဂလားပင်လယ်နှင့် ရ ခိုင်ကမ်းခြေတွင်စူနားမီဖြစ်ခဲသည်ဟုမှတ်တမ်းများအရသိရသည် (ကျမ်းကိုး Cummins, P.R 2007 The Potential for giant Tsunamigenic Earthquakes in the northern Bay of Bengal: Nature v.449) (အခန်း ၈ ကြည့််ပါ)။ သို့သော်၊ ၁၇၆၂ခုနှစ်၊ စူနားမီဖြစ်ပေါ်ခဲ့ခြင်းကြောင့်၊ မြေပြင်ပေါ်တွင်ဖြစ် နိုင်ခဲ့သောရုပ်ပိုင်းဆိုင်ရာအထောက်အထားများကိုကမ်းရိုးတမ်းတစ်လျှောက်ရှာဖွေတွေ့ရှိရရှိမှုဖြင့်သက် သေပြနိုင်ခြင်းကိုမတွေ့ရသေးပါ။
ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်ရှိကျွန်းများနှင့် ကမ်းခြေများမြင့်တက်လာခြင်း ကြောင့်ဖြစ်ပေါ် လာသော၊ ကမ်းခြေမြင့်တက်လွင်ပြင်များ (marine terrace) ကိုသုတေသနပြု ဆောင်ရွက်ချက်များ ကို တွေ့ရသည် (နောက်အခန်းတွင်ဆက်လက်ဆွေးနွေးမည်)။ မာန်အောင်ကျွန်းတွင် ကမ်းခြေမြင့်တက် လွင်ပြင်ရှစ်ခု ခန့်တွေ့ရသည်။ တစ်ချို့သော မြောက်ဖက်ပိုင်းဒေသတွင် မြေပြင်နိမ့်ဆင်းမှုများကိုလည်း တွေ့ရသည်ဟုဆိုသည်။

ပုံ ၁၇။ ၂၀၀၄ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်၊ စူနားမီဖြစ်ပေါ်ခြင်း၊ စူနားမီလှိုင်းရွေ့လျားရာလမ်း ကြောင်း နှင့် ကမ်းခြေသို့ရောက်ရှိချိန်ကိုတွက်ချက်ထား (၅ နာရီနှင့် ၁၀နာရီလိုင်း (အမဲရောင်လိုင်း) (ဘယ်) နှင့် ၂၀၀၅ခုနှစ်၊ ဇန္နဝါရီလ ၂ ရက်နေ့တွင်၊ စုမာတြားကျွန်းတွင်ရေလွမ်းမိုးမှုဖြစ်ပြီး၊ ပျက်စီးနေ မှုကိုတွေ့ရစဉ် (ညာ)။
၂၀၀၄ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်၊ အင်ဒိုနီးရှား၊ အာချေးဒေသ၏ ရေအောက်မြေ ပြိုမှု ကြောင့်ဖြစ်ခဲ့သည် (ပုံ ၁၆)။ စူနားမီက ၇.၅၈နာရီတွင်ဖြစ်ပေါ်ခဲ့သည်။ ဗဟိုနေရာသည် မြေပြင်မှ ၃၅ ကီလိုမီတာ (၂၁ မိုင်) အနက်တွင်ရှိသည်။ မြေငလျင်ပြင်းအား ၉.၁-၉.၃Mw ရှိပြီး၊ မြေငလျင်၏ ပြင်းထန် အား ကို မာကယ်လီစ ကေး အသစ် (modified Mercalli Intensity) ဖြင့် အဆင့် (IX) ရှိခဲ့သည်။ လူ ပေါင်း ၂၂၇၈၉၈ ဦးသေဆုံးခဲ့သည်။ စူနားမီက အမြင့် ၃၀မီတာ (၁၀၀ ပေ) ရှိသည်။ အာချေး၊ အင်ဒို နီးရှား၊ သီရိလကာၤ၊ တမီးနာဒူး၊ အိန္ဒိယ၊ နှင့် ယိုးဒယား တို့ကိုထိရောက်ခဲ့သည်။ စူနားမီ လှိုင်းရွေ့ လျားရာလမ်း ကြောင်း နှင့် ကမ်းခြေသို့ရောက်ရှိချိန်ကိုတွက်ထားချက်သုတေသနပြုလုပ်ထားသည်။ သြစတေလျအ နောက်ဖက်ကမ်းခြေအထိ ၅နာရီ၊ အာရပ်ကျွန်းစုများ၏ကမ်းခြေအထိ ၇နာရီ၊ အာဖ ရိကတောင်ဖက် ကမ်းခြေများသို့ မြေငလျင်ဖြစ်ပြီးနောက် ၁၁နာရီကြာသည့်တိုင်အောင်ရောက်ရှိမှု မ ရှိသေးဟုသိရသည် (ပုံ ၁၇)။ ရခိုင်းကမ်းခြေတွင်သက်ရောက်မှုမှာ ရေထုသည်ပင်လယ်ဖက်သို့ လျော့ ဆင်းသွားပြီး၊ ကမ်းခြေရေလှိုင်းသည်လည်း၊ ပင်လယ်ဖက်သို့ရွေ့ဆင်းနောက်ဆုတ်သွားသည်ဟု သိရ သည်။
ထို့ကြောင့်၊ ရခိုင်ကမ်းရိုးတမ်းတစ်လျှောက် ပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုဖြစ်ခဲ့လျင်၊ စူ နားမီဖြစ်ပေါ်လာနိုင်ခြင်းကြောင့်၊ဘေးလွတ်ရာဖြစ်သောကမ်းခြေနှင့်ဝေးရာသို့၎င်း၊ မြင့်မားသောတောင် ထိပ်သို့ တက်ရောက်နေထိုင်ခြင်းဖြင့် စူနားမီဘေးအန္တရာယ်မှ ကင်းဝေးနိုင်မည်ဖြစ်သည်။ ကမ်းခြေသို့ စူနားမီရောက်ရှိအချိန်သည် မြေငလျင်ဗဟိုချက်နှင့် ကမ်းခြေတို့၏ အကွာအဝေးနှင့် မြေငလျင်ပြင်း အားတို့ပေါ်တွင်မူတည်နေမည်။ ကမ်းခြေများတွင်နေထိုင်သူများအဖို့ မြင့်မားသောနေရာ (တောင်ထိပ်) ကိုစုရပ် (master points) အဖြစ်သတ်မှတ်ပြီး၊ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားသင့်ပါသည်။
အချုပ်အားဖြင့်၊ မြေငလျင်နှင့် စူနားမီများရှိနေခြင်းကြောင့်အရေးပေါ်အခြေအနေနှင့် သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုစနစ်များ (Emergencies and Disaster Management Systemး EDMS) များကိုအချိုးညီစွာနှင့်အပေါ်အောက်ဆက်စပ်ထိရောက်မှုရှိစွာဖြင့်လုပ်ဆောင်နိုင်ရန်ဆောင် ရွက်သင့်သည်။ ထိုလုပ်ငန်းထဲတွင်၊ လူသား ဆိုင်ရာသွင်ပြင်လက္ခဏာများ၏အရေးပေါ်အခြေအနေများ (အရန်အသင့်ဖြစ်မှု preparedness၊ ဖြေရှင်းပြန်ကြားတုံ့ပြန်မှု response၊ လျော့နည်းအောင်ပြုလုပ် ခြင်း mitigation၊ ပြန်လည်ကောင်းမွန်လာခြင်း recovery) ကို အင်အားအရင်းအနှီး နှင့် တာဝန်ဝတ္တရားများ ဖြင့်အဖွဲ့အစည်းနှင့် စီမံခန့်ခွဲခြင်းဖြစ်သည်။ အဓိကရည်ရွယ်ချက်သည်ဘေး အန္တ ရာယ်များ (ဘေးဒုက္ခများ) ၏ထိခိုက်နစ်နာစေသောဖြစ်ပေါ်မှုကိုလျှော့နည်း အောင်ပြုလုပ်ခြင်း ဖြစ် သည်။
ဆက်လက်ဖေါ်ပြပါမည်
နောက်အပတ်တွင်
ရခိုင်ကမ်းရိုးတမ်း၏ ကမ်းခြေမြင့်တက်ခြင်း/ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်း
ကျေးဇူးတင်ပါသည်။
~ ဒေါက်တာမျိုးမြင့်

Myo Myint | on Facebook
End Notes and External links
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter

