ရခိုင်ကမ်းရိုးတန်းကိုလေ့လာခြင်း Study of Arakan Coast | အပိုင်း (၆)

(The Mog Nation Wiki, an archive)


Read the author’s original post

ရခိုင်ကမ်းရိုးတမ်းကိုလေ့လာခြင်း
အပိုင်း (၆)
ဒီရေရှိမြစ်ဝကျွန်းပေါ်ဒေသ (tide dominated delta)

ဒေါက်တာမျိုးမြင့်

နိဒါန်း

ရခိုင်ကမ်းရိုးတမ်း၏ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသမြောက်ပိုင်းသည်မြေပုံမြိုမှမြောက်ဘက်ပိုင်းအရပ်တွင်ရှိနေပြီး မြစ်ကြောင်းရှိမြစ်ဝကျွန်းပေါ်ဒေသ (river dominated delta) နှင့် ဂစ္ဆပနဒီမြစ်၀ ကျွန်းပေါ်ဒေသတောင်ဘက်ပိုင်းသည်မြေပုံမြိုမှတောင်ဘက်ပိုင်းအရပ်တွင်ရှိနေပြီး ဒီရေ ရှိမြစ်၀ ကျွန်း ပေါ်ဒေသ (tide dominated delta) များဖြင့် ဖြစ်တည်နေကြသည်။ ထိုကဲ့သို့ဖြစ်စဉ်နှစ်ခု နှင့်ကွဲ ပြားနေရခြင်းမှာအောက်ခံကျောက်သားတို့၏အမျိုးအစားနှင့်အနေအထားတို့၏ထိမ်းချုုပ်ထားမှုကြောင့် ဖြစ်သည်။ ထိုကဲ့သို့ဖြစ်ပေါ်နေရခြင်းမှာ ဘင်္ဂလားပင်လယ်ရေအောက်ကြမ်းခင်းပြင်တွင်ဆွန်ဒါးပြတ်ရွေ့ ထိတွေ့ကြောင်း (Sunda Thrust or subduction zone or boundary of two plates) တစ်ခုရှိ နေသည်။ ထိုထိတွေ့မှုသည် အနောက်ဘက်မှ အိန္ဒိယသမုဒ္ဒယာမြေထုချပ် Indian oceanic plate သည် အရှေ့ဘက်ရှိယူရေးရှားမြေထုချပ် Eurasia continental plate ၏အောက်သို့ အရှေ့မြောက် ဘက်ယွန်းယွန်းအတိုင်း ဦးတည်တိုးဝင်နေလျက်ရှိနေသည်၊ ထိုဖြစ်စဉ်ကြောင့် ရခိုင်ကမ်းရိုးတမ်း ၏ ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသသည် လွန်ခဲ့သော နှစ်သန်း ၃-၅ မီလီယမ်နှစ် မှစတင်ဖြစ်ပေါ်လာပြီး၊ နှစ်စဉ် ၂မီလီမီတာ ခန့်မျှမြင့်တက်နေသည်ဟု သိပ္ပံပညာရှင်များကတွက်ဆထားကြသည် (ပုံ၉)။ ယခုအ ခန်း တွင် ဒီရေရှိမြစ်ဝကျွန်းပေါ်ဒေသ (tide dominated delta) ဖြစ်တည်ဖွဲ့စီးနေမှုကိုဖေါ်ပြဆွေးနွေးထား သည်။ အလွန်မှရှုပ်ထွေးသောမြေမျက်နှာသွင်ပြင်ကိုမြေပုံမြို့တောင်ဘက်မှရမ်းဗြဲကျွန်းအဆုံး၊ တောင် ကုတ်ချောင်း အထိတွေ့နေရသည်။ တောင်ကုတ်ချောင်း (သူဌေးချောင်း) မှ ငပလီ ထိုမှတဆင့် မော်တင်စွန်းအထိသည်ကမ်းရိုးတမ်း (beach and open shelf) ပွင့်လင်းစွာဖြင့်ဘင်္ဂလား ပင်လယ်ပြင်ကိုမျက်နှာပြုနေကြသည်။

ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသ
Gyspnadi (Gissapanadi) Delta

ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသကို နှစ်ပိုင်းခွဲခြားနိုင်သည်။ ၁၊မြစ်ကြောင်းရှိမြစ်ဝကျွန်းပေါ်ဒေသ (river dominated delta) ဖြစ်ပြီး မြေပုံမြို့ နှင့် ဖရုံကာကျွန်း၏မြောက်ဘက်ပိုင်းဒေသ နှင့် ၂၊ဒီရေရှိမြစ် ဝကျွန်းပေါ်ဒေသ (tide dominated delta) ဖြစ်ပြီး မြေပုံမြို့ နှင့် ဖရုံကာကျွန်း၏တောင်ဘက်ပိုင်းဒေသ၊ ရမ်းဗြဲကျွန်းအရှေ့ဘက်ဒေသမှတဆင့် မာန်အောင်ကျွန်းနှင့်ပန်းထော်ကျွန်း (ခရိုင်ကျွန်း) အထိရှိနေ သောဒေသတို့ဖြစ်သည်။ ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသသည် လွန်ခဲ့သော နှစ်သန်း၃-၅သန်းခန့်မှစ၍ဖြစ် ပေါ်တည်ရှိခဲ့သည်ဟု သိပ္ပံပညာရှင်များကတွက်ချက်ယုံကြည်ထားကြသည်။

မြစ်ကြောင်းရှိမြစ်ဝကျွန်းပေါ်ဒေသ (river dominated delta)

မြစ်ကြီးလေးသွယ်ဖြစ်သော နတ်မြစ် (Naf R.), မယူမြစ် (Mayu R.)၊ ကုလားတန်မြစ် (Kaladan R.) နှင့် လေးမြို့မြစ် (Lemro R.) အနောက်မှအရှေ့သို့တည်ရှီနေကြပြီး၊ မြောက်အရပ်မှ တောင်ဘက်သို့ (NNW မှ SSE သို့) စီးဆင်းလာကြပြီး၊ နတ်မြစ်၊ မယူမြစ်၊ နှင့် ကလားတန်မြစ် တို့သ ည် မြစ်ဝကျယ်အဖြစ်ပြုမူပြီး၊ ဘင်္ဂလားပင်လယ်ထဲသို့စီးဝင်ကြသည်။ လေးမြို့မြစ်သည် မြေပုံမြို့အနီး တွင်ပြီးဆုံးပြီး၊ အနောက်ဘက်တွင်ဖရုံကာကျွန်းများနှင့် အရှေ့ဘက်တွင် ရခိုင်းရိုးမတို့၏အကြားတွင် ဟန်းတား (Hunter Bay) (သို့) မြေပုံပင်လယ်အော် (Myebon Bay) အဖြစ်တည်ဆောက်ပြီး ပုံဖွဲ့နေကြ သည် (ပုံ ၃)

ဒီရေရှိမြစ်ဝကျွန်းပေါ်ဒေသ (tide dominated delta)

ဒီရေ (ရောက်) ရှိမြစ်ဝကျွန်းပေါ်ဒေသ (tide dominated delta) သည် မြစ်ချောင်းတစ်ခုသည် ပင် လယ်နှင့်တိုက်ရိုက်ဆက်သွယ်နေပြီး၊ မြေနိမ့်ရေလွမ်းလွင်ပြင်များ (low lying flood plain) နှင့် ရွံ့နွံ့ တော (swamp) များဖြင့်ဖွဲ့စည်းတည်ဆောက်ထားသည် (ပုံ၁)။ ဒီရေလွမ်းမိုးမှုရှိနေခြင်းကြောင့်က တော့ပုံရှိနေပြီး၊ ကမ်းဘက်သို့ကျဉ်းမြောင်းသွားသော ချိုင့်ဝှမ်း၊ မြစ်ဝှမ်း (landward tapering funnel-shape valley) ကဲ့သို့ဖြစ်နေပြီး၊ မြစ်ချောင်းသည်ပင်လယ်နှင့်ဆက်သွယ်မှုကို မြစ်ချောင်းခွဲများစွာ (series of distributary channels) ဖြင့်ဆက်သွယ်ထားသည် (ပုံ၁)။ မြစ်ချောင်းခွဲများစွာတို့သည် ကျယ်ပျံ့သော၊ မြေပြင်ညီနီးပါးရှိ ရွံ့နွံ့တောများ (swamps) ဖြင့်ခွဲခြားထားသည်။

ပုံ၁။ မြစ်ချောင်းများနှင့်၎င်းတို့ကြောင့်ဖြစ်ပေါ်နေသောမြစ်ဝကျွန်းပေါ်ဒေသပုံစံငယ်တစ်ခု။

အဓိကအားဖြင့်၊ ရမ်းဗြဲကျွန်း၏အရှေ့ဘက်တွင်တည်ရှိနေပြီး၊ ယောချောင်း (Yaw C.)၊ ဒလက် ချောင်း (Dalet C.)၊ အမ်းချောင်း (Ann C.)၊ မအီချောင်း (Ma-I C.)၊ လမူးချောင်း (Lamu C.)၊ ဆားပြင်ချောင်း (Sabyin C)၊ တန်းလွဲချောင်း (Tanlwe C.) နှင့် တောင်ကုတ်ချောင်း (Taunggok C.) တို့ကိုအခြေပြု၍ ဒီရေရှိမြစ်ဝကျွန်းပေါ်ဒေသ (tide dominated delta) တစ်ခု ဖြစ်ပေါ်နေခြင်းဖြစ်သည် (ပုံ၂၊၃၊၄။၅။၆)။ အရှေ့မှအနောက်သို့ဖြစ်တည်နေပြီး၊ အကျဉ်းဆုံးနေရာတွင် ၁၀ကီလိုမီတာ နှင့် အ ကျယ် ဆုံးနေရာတွင် ၄၀ကီလိုမီတာခန့်အထိရှိနေကြသည်။ ပင်လယ်ကမ်းခင်းပြင်သည်ဒီရေရှိမြစ်၀ ကျွန်းပေါ်ဒေသပြီးဆုံးသည်နှင့်ရုတ္တရက်နိမ့်ဆင်းသွားနေသည်ကိုတွေ့ရသည်။အကျိုးဆက်အားဖြင့်၊ အနောက် ဘက်အရပ်သို့ရေပိုနက်သွားခြင်းဖြစ်သည်။

ပုံ၂။ဂစ္ဆအနဒီဖြစ်ဝကျွန်းပေါ်ဒေသ၊ ရမ်းဗြဲကျွန်းမြောက်ဘက်နှင့်မြေပုံ၏တောင်ဘက်ဒေသရှိ ဒီရေရှိမြစ် ဝကျွန်းပေါ်ဒေသ (tide dominated delta) တစ်ခု၊ (အစိမ်းရင့်ရောင်=မြေမြင့်တောင်တန်းများ၊ အညိုနုရောင်=မြေနုကျွန်းများ၊ အပြာရင့်ရောင်=ရေနက်ပိုင်း၊ အပြာနု=ရေတိမ်ပိုင်း၊ အစိမ်းပြာ=ဒီ ရေ လွမ်းချောင်းများနှင့်ကမ်းနားများ)

ပုံ၃။ဂစ္ဆအနဒီဖြစ်ဝကျွန်းပေါ်ဒေသ၊ အလယ်ဖရုံကာကျွန်း၏ စင်တမော်မြစ် နှင့်ဖဒူမြစ် (တောင်ဘက်သို့ စီးဆင်းပြီး၊ဘင်္ဂလားပင်လယ်သို့စီးဝင်ကြသည်) တို့သည် မြစ်ကြောင်းရှိမြစ်ဝကျွန်းပေါ်ဒေသ (River dominated delta) တစ်ခုဖြစ်ပေါ်နေသည်။၊ အပြာရင့်ရောင်=ရေနက်ပိုင်း၊ အစိမ်းပြာ=ရေတိမ်ပိုင်း၊ (ပုံ၂ ကိုကြည့်ပါ)။

ပုံ၄။ဂစ္ဆအနဒီဖြစ်ဝကျွန်းပေါ်ဒေသ၊ ရမ်းဗြဲကျွန်းအရှေ့မြောက်ဘက်ဒေသရှိ ဒီရေရှိမြစ်ဝကျွန်းပေါ်ဒေသ (tide dominated delta) တစ်ခု၊ (အစိမ်းရင့်ရောင်=မြေမြင့်တောင်တန်းများ၊ အညိုနုရောင်= မြေနု ကျွန်းများ၊ အပြာရင့်ရောင်=ရေနက်ပိုင်း၊ အပြာနု=ရေတိမ်ပိုင်း၊ အစိမ်းပြာ=ဒီ ရေ လွမ်းချောင်းများ နှင့်ကမ်းနားများ)

ပုံ၅။ဂစ္ဆအနဒီဖြစ်ဝကျွန်းပေါ်ဒေသ၊ ခွန်ချောင်းကျွန်းနှင့်ကျွန်းသာယာ၏ အရှေ့ဘက်နှင့်ရခိုင်ရိုးမဒေသ အကြားတွင် ဒီရေရှိမြစ်ဝကျွန်းပေါ်ဒေသ (tide dominated delta) တစ်ခု ဖြစ်ပေါ်တည်ဖွဲ့နေပုံ၊

ရမ်းဗြဲကျွန်းနှင့်တခြားသောကျွန်းငယ်များ (ခွန်ချောင်းကျွန်း၊ ကျွန်းသာယာကျွန်း၊ ငပုသုန်ကျွန်း နှင့် တန်ကာတိုကျွန်း) သည်လည်းဒီရေရှိမြစ်ဝကျွန်းပေါ်ဒေသဖြစ်ပေါ်မှု၏သဘာဝအတားအဆီးတစ်ခု အဖြစ်ရှိနေခဲ့သည်။ ၎င်းကျွန်းများ၏အနောက်ဘက်ကမ်းခြေ သည်ဘင်္ဂလားပင်လယ်ကိုမျက်နှာပြုနေ ကြသည် (ပုံ ၄၊၅၊၆)။

ပုံ၆။ဂစ္ဆအနဒီဖြစ်ဝကျွန်းပေါ်ဒေသ၊ ခွန်ချောင်းကျွန်းနှင့် အရှေ့ဘက်ရခိုင်ရိုးမဒေသအကြားတွင်ဒီရေ ရှိ မြစ်ဝကျွန်းပေါ်ဒေသ (tide dominated delta) တစ်ခု ဖြစ်ပေါ်တည်ဖွဲ့နေပုံ၊

တောင်တန်းပေါ်မှစီးဆင်းလာသော ချောင်းများသည်ပင်လယ်ပြင်အနီးသို့ရောက်ရှိလာသောအ ခါတွင်ရေစီးနှုန်းနှေးကွေးလာပြီး၊ ရွံ့များသည်အနယ်ပို့ချခြင်းပြီး ရွံ့နွံ့မြေသားကျွန်းဖြစ်ပေါ်စေပြီး၊ ချောင်း ငယ်များ (distributary channels) ဖြစ်ပေါ်စေပြီး၊ ပင်လယ်ထဲသို့စီးဝင်စေခြင်းဖြင့် ဒီရေရှိမြစ်ဝကျွန်း ပေါ်ဒေသ (tide dominated delta) ကိုဖြစ်ပေါ်တည်ဆောက်ကြသည် (ပုံ၁)။
ရခိုင်ရိုးမတောင်တန်းပေါ်မှစီးဆင်းလာသော (မြောက်မှတောင်သို့) ချောင်းများမှာ ယောချောင်း၊ ဒလက်ချောင်းနှင့်အမ်းချောင်းတို့ဖြစ်သည်။ ယောချောင်းမှတဆင့် ဂဏန်းချောင်း နှင့် လဒူချောင်းအဖြစ် ချောင်းငယ်များ (distributary channels) ကွဲထွက်စေခဲ့ခြင်းနှင့် မြင်တော်မူကျွန်း၊ အလယ်ကျွန်: နှင့်အိမ့်ယာဂေါက်ကျွန်းတို့သည်ဒီရေတောများနှင့်အတူဖြစ်ပေါ်နေသည် (ပုံ၂။၃၄၊၅)။ ဒလက်ချောင်းမှ သည်လည်း ကဘိုင်ကျွန်းချောင်း၊ နေပူခံချောင်း၊ ကံပြင်ချောင်း၊ ငန်းဒေါင်ချောင်း၊ တောင်စိမ်းချောင်း၊ ကျောက်ပဒေါင်းချောင်း၊ တောင်ရှည်ချောင်း၊ ဆဘထချောင်း၊ တီချောင်း နှင့် တောင်ယောင်းတောင် ချောင်းများ အဖြစ်ချောင်းငယ်များ (distributary channels) အဖြစ်ကွဲထွက်စေခဲ့သည်။ ကျွန်းများ အ ဖြစ်၊ ကျောက်ပုဏ္ဏားကျွန်း၊ နတ်ကျွန်း၊ မီးဂျောင်းမကျွန်း၊ ငပုသုန်ကျွန်း၊ အောက်တောင်ကျွန်း၊ တောင်ယောင်းတောင်ကျွန်း၊ အောက်ကဲကျွန်း၊ ခွန်ချောင်းကျွန်း နှင့် အောက်တောင်ကျွန်းတို့ဖြင့် ဖွဲ့ စီးတည်ရှိနေကြသည် (ပုံ၄၊၅၊၆)။ အမ်းချောင်းသည်ရခိုင်ရိုးမတောင်ပေါ်တွင်မြောက်မှတောင်သို့ စီး ဆင်း လာပြီး၊တောင်ဘက်ပိုင်းတွင်အမြိတ်မြစ်အဖြစ်ပြောင်းလည်းပြီး၊ မြစ်သည်အနောက်ဘက်သို့ပို၍ ကျယ်လာပြီးလျှင်၎င်း၊သံစစ်မြစ်နှင့်မဒေးမြစ်အဖြစ်၎င်းပြောင်းလည်းပြီး၊ မြစ်သည်အနောက်ဘက်သို့ပို ၍ ကျယ်လာပြီးလျှင်၎င်း၊ ယောချောင်းနှင့် ဒလက်ချောင်း မှစီးဆင်းလာသော ကွဲထွက်မြစ်ချောင်း ငယ် များ နှင့်ပေါင်းစပ်ပြီးဘင်ဒါမီယားဘေး (Bendermere Bay) သို့မဟုတ်၊ နောင်တော်ပင်လယ်အော် (Naungdaw Bay) အဖြစ်ပေါင်းစပ်ဖြစ်ပေါ်ပြီး၊ ရမ်းဗြဲကျွန်း မြောက်ဘက်နှင့်ခွန်ချောင်းကျွန်းတောင် ဘက်အကြား၊ ဘင်္ဂလားပင်လယ်ထဲသို့စီးဝင်သွားသည် (ပုံ၄၊၅၊၆)။
ရမ်းဗြဲကျွန်း၏မြောက်ဘက်ပိုင်းရှိကျွန်းများကိုလေ့လာလျှင်၊ရခိုင်ရိုးမတောင်တန်းနှင့်အပြိုင်ကပ် လျှက်ဖြစ်ပေါ်နေသောကျွန်းများသည်နံှုးတင်မြေနုရွံ့နွံ့ကျွန်းများအဖြစ်ဖွဲ့တည်နေပြီး၊ အောက်ခံကျောက် များပေါ်ထွက်မှုမှာအလွန်းနည်းပါးသည်။ သို့သော်၊ အနောက်ဘက်သို့ရွေ့သွားခဲ့သော်၊ နှုံးမြေပို့ချမှု ကျွန်းများမရှိခဲ့ဘဲမူလအောက်ခံကျောက်များဖြင့်ဖွဲ့စည်းထားသောတောင်တန်းကျွန်းများ ဖြင့်ဖွဲ့စည်းဖြစ် ပေါ်နေကြသည်။ ၎င်းပြင်၊ ကျွန်းကြီးတစ်ခုနှင့်တစ်ခုကို နှုံးမြေများဖြင်တွယ်ဆက်ထားသည်ကိုလည်း တွေ့နေရသည် (ပုံ၅၊၆)။ ထိုကဲ့သို့ဖြစ်နေရခြင်းမှာကျောက်သားများနှင့်မြေအောက်အနေအထားများ၏ ထိမ်းချုပ်ထားမှုကြောင့်ဖြစ်သည် (ပုံ၅၊၆)။ ဥပမာအားဖြင့်၊ ကျွန်းသာယာ၊ အဇစ်ပြတ်ရွေ့နှင့် မဒေး၊ သံစစ် ပြတ်ရွေ့များကြောင့်ဖြစ်သည်။ ထိုပြတ်ရွေ့များကြောင့်ကွဲထွက်သွားပြီး၊ မြစ်ချောင်းများဖြစ် ပေါ်လာသည်ဟုကောက်ချက်ချနိုင်သည်။ မြစ်ချောင်းများကွဲထွက်သွား ခြင်းကြောင့်ဖြစ်ပေါ်လာ သည့်ရေနက်သောမြစ် ချောင်းများကိုတွေ့နေရသည်။ ရမ်းဗြဲကျွန်း၊ ကျောက်ဖြူမြို့ မြောက်ဘက်ရှိ တန်ခတိုကျွန်း (Tankhato Isl.) ၏မြောက်ဘက်စွန်းအဖျားကို အင်္ဂလိပ်ခေတ် တွင်သင်္ဘောဆိပ် ကမ်းအဖြစ်အသုံးပြုခဲ့သည်ဟုမှတ် တမ်းတွေ့ရသည် (Wood Harbour) ဟုခေါ်သည် (ပုံ၄၊၅၊၆)။

ပုံ၇။ဂစ္ဆအနဒီဖြစ်ဝကျွန်းပေါ်ဒေသ၊ ရမ်းဗြဲကျွန်းအရှေ့တောင်ဘက်ဒေသရှိ ဒီရေရှိမြစ်ဝကျွန်းပေါ်ဒေသ (tide dominated delta) တစ်ခုသည် ကလိမ်တောင်မြစ်၏အရှေ့ဘက်ကမ်းခြေတွင်ရှိနေသည်၊ (အစိမ်းရင့်ရောင်=မြေမြင့်တောင်တန်းများ၊ အညိုနုရောင်=မြေနုကျွန်းများ (swamp)၊ အပြာရင့်ရောင် =ရေနက် ပိုင်း၊ အပြာနု=ရေတိမ်ပိုင်း၊ အစိမ်းပြာ=ဒီရေလွမ်းချောင်းများ နှင့်ကမ်းနားများ)

၎င်းပြင်၊ ရမ်းဗြဲကျွန်း၏ အရှေ့နှင့် အရှေ့တောင်ဘက်ပိုင်းတွင်ရှိ၊ ရခိုင်ကမ်းခြေတွင် ဖြစ်ပေါ်နေ သောမြစ်၀ ကျွန်းပေါ်ဒေသသည်မြောက်မှတောင်သို့သွယ်တန်းနေသောကလိမ်တောင်မြစ်မှခွဲခြားထား သည်။ ထို ဒေသတွင်မအီချောင်း၊ လမူးချောင်း၊ ဆားပြင်ချောင်း၊ တန်းလွဲချောင်း၊ တောင်ကုတ်ချောင်း တို့သည်ရခိုင်ရိုးမတောင်တန်းပေါ်မှစီးဆင်းလာပြီးကလိုင်တောင်မြစ်ထဲသို့စီးဝင်ပြီး ဒီရေရှိမြစ်ဝကျွန်းပေါ် ဒေသ (tide dominated delta) ကိုဖြစ်ပေါ်တည်ဆောက်ကြသည် (ပုံ၇၊၈)။
ဒီရေရှိမြစ်ဝကျွန်းပေါ်ဒေသ (tide dominated delta) ဖြစ်သည့်အလျှောက်၊ ရေငံဒေသ၊ ရေချိုေ ရငံစပ်ဒေသနှင့် ရေချိုဒေသတို့ဖြစ်တည်ရှိနေကြသည်၊ ဒီရေတောများသည်လည်းဒီရေအတက်အကျရ ရှိသောဒေသကိုလည်းကျယ်ပြန့်စွာတွေ့နေရသည်။ ဝမ်ဖိုက်ဒေသ (ကလိမ်တောင်မြစ်၏မြောက်ဘက် ပိုင်း) သည်ထင်ရှားသော၊ တစ်ခုတည်းသောဒီရေတောသစ်တောသာကျန်တော့သည် (ပုံ၃)။ အဓိက ဒီရေတောပျောက်ကွယ်လာရခြင်းမှာထင်းအဖြစ်အသုံးပြုရန်တောခုတ်ခြင်း၊ လူအသုံးပြုရန်နေရာချဲ့ ထွင်ခြင်းနှင့်စိုက်ပျိုးမြေချဲ့ထွင်ခြင်း (ဆည်မြေအဖြစ်ပြောင်းလဲခြင်း) တို့ကြောင့်ဖြစ်သည်။ နိုင်ငံခြား တိုင်းပြည်များ၏ NGO အဖွဲ့များ၏ငွေကြေးထောက်ပံ့မှုဖြင့်ပြုပြင်ထိမ်းသိမ်းရေး လုပ်ငန်းများ ဆောင် ရွက်လျှက်ရှိသည်။

ပုံ၈။ ဂစ္ဆအနဒီဖြစ်ဝကျွန်းပေါ်ဒေသ၊ ရမ်းဗြဲကျွန်းအရှေ့တောင်ဘက်ဒေသရှိ ဒီရေရှိမြစ်ဝကျွန်းပေါ်ဒေသ (tide dominated delta) တစ်ခုသည် ကလိမ်တောင်မြစ်၏အရှေ့ဘက်ကမ်းခြေတွင်ရှိနေသည်၊ (တောင်ကုတ်ချောင်နှင့်ဆားပြင်ချောင်းအကြား (အစိမ်းရင့်ရောင်=မြေမြင့်တောင်တန်းများ၊ အညိုနု ရောင်=မြေနုကျွန်းများ (swamp)၊ အပြာရင့်ရောင် =ရေနက်ပိုင်း၊ အပြာနု=ရေတိမ်ပိုင်း၊ အစိမ်းပြာ=ဒီ ရေလွမ်းချောင်းများ နှင့်ကမ်းနားများ)။

ကလိမ်တောင်မြစ်သည်လည်းမြောက်ဘက်ပိုင်းတွင်ကျဉ်းမြောင်းနေသော်လည်း၊ တောင်ဘက် သို့ရောက်လာသည်နှင့် မြစ်သည်ပို၍ကျယ်လာပြီး၊ အရှေ့ဘက်ကမ်းတွင်ရှိသောနှုံးတင်မြေနုပို့ချမှု ရပ် ဝန်းသည်လည်းပိုမို၍ကျယ်ပျံ့လာသည်။ ၎င်းပြင်၊တောင်ဘက်ပိုင်း၏ရမ်းဗြဲကျွန်းအဆုံးတွင်မာန်အောင် ကျွန်း၊ စကုကျွန်း နှင့်မကျီးကျွန်းတို့နှင့်ပေါင်းစပ်ပြီးအဆုံးသတ်သည်။ ထိုနေရာတွင်၊ရခိုင်ကမ်းရိုးတမ်း၏ ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသပြီးဆုံးပြီး၊ ထိုမှတဆင့် မော်တင်စွန်းအထိကမ်းရိုးတမ်း (beach or shelf) အဖြစ်ရှိနေပြီး၊ အနောက်ဘက်ရှိဘင်္ဂလားပင်လယ်ကိုမျက်နှာပြုနေသည်။

ပုံ၉။ ဘင်္ဂလားပင်လယ်ရေအောက်ကြမ်းခင်းပြင်တွင်ဆွန်ဒါးပြတ်ရွေ့ထိတွေ့ကြောင်း (Sunda Thrust or subduction zone or boundary of two plates) (အမဲရောင်လိုင်းမျှားပါသည်) တစ်ခုရှိပြီး၊ အနောက်ဘက်မှ အိန္ဒိယသမုဒ္ဒယာမြေထုချပ် Indian oceanic plate သည် အရှေ့ဘက်ရှိယူရေး ရှား မြေထုချပ် Eurasia continental plate ၏အောက်သို့ အရှေ့မြောက် ဘက်ယွန်းယွန်းအတိုင်း ဦးတည် စိုက်တိုးဝင်နေပုံ။

ဆက်လက်ဖေါ်ပြပါဦးမည်။

~ ဒေါက်တာမျိုးမြင့်

Myo Myint | on Facebook



The Mog Nation Wiki

Leave a comment