(The Mog Nation Wiki, an archive)
ရခိုင်ကမ်းရိုးတမ်းကိုလေ့လာခြင်း
အပိုင်း (၄)
ဒေါက်တာမျိုးမြင့်
နိဒါန်း
ဂစ္ဆပနဒီမြစ်ဝကျွန်းပါ်ဒေသ၏ မြောက်ဘက်ပိုင်းတွင်ဖြစ်တည်မှုသည်မြစ်ကြီးလေးခုနှင့် ၎င်းမြစ် ကြီးလေးစင်းထဲသို့စီးဝင်လာနေကြသောမြစ်ချောင်းတို့အပေါ်တွင်မူတည်၍ဖွဲစီးဖြစ်ပေါ်နေကြသည်။ ဂစ္ဆ ပနဒီမြစ်ဝကျွန်းပါ်ဒေသ၏တောင်ဘက်ပိုင်းတွင်ရှိသောဧရိယာသည် (မြေပုံမှရမ်းဗြဲကျွန်းတောင်ဘက် အဆုံး) ၏ဖြစ်တည်ဖွဲ့စီးမှုသည်မြောက်ဘက်နှင့်ကွဲပြားခြားနားနေမည်။ ဂစ္ဆပနဒီမြစ်ဝကျွန်းပါ်ဒေသ၏ မြောက်ဘက်ပိုင်းသည်ဧရိယာအားဖြင့်ပိုမိုကျယ်ပြန့်နေခြင်းနှင့် ပို့ချဧရိယာကြီးမားနေခြင်းကြောင့်၊ ရခိုင် ပြည်၏စပါးကျီတစ်ခုဖြစ်နေသည်။ လူအခြေချနေထိုင်မှုနှင့်လူ့ပတ်ဝန်းကျင်အဖွဲ့အစည်းသည်အလွန်မှ ကြာရှည်စွာဖြစ်ပေါ်ရပ်တည်နေခဲ့ခြင်းကြောင့်၊ ယဉ်ကျေးမှုတိုးတက်ထွန်းကားခဲ့သောနေရာဒေသတစ်ခု အဖြစ်၊ မြောက်ဦးရှိစေတီ၊ဘုရားများမှသက်သေပြနေသည်။
ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသ၏မြစ်ချောင်းများ၊
Estuaries of Gissapanadi Delta
ရမ်းဗြဲကျွန်း၏မြောက်ဘက်ပိုင်းတွင် မြောက်မှတောင်သို့စီးဆင်းနေသောနတ်မြစ် (Naf river)၊ မယူမြစ် (Mayu river)၊ ကလားတန်မြစ် (Kaladan river) နှင့် လေးမြို့မြစ် (Lamro) တို့သည်၊ အ နောက်မြောက်မြောက်မှအရှေ့တောင်တောင် (NNW-SSE) သို့တူရူတန်းလျှက်၊ အနောက်မှအရှေ့သို့အ ပြိုင်စီးတန်းလျှက်စီးဆင်းနေကြပြီး၊ မြစ်ဝကျယ်နှင့်ပင်လယ်အော်တို့ပုံဖွဲ့လျှက်၊ ဘင်္ဂလားပင်လယ်ထဲသို့ စီးဝင်ကြပြီး၊ မြစ်ဝကျွန်းပါ်ဒေသဖြစ်တည်နေသည်။ (ပုံ၁၊၂၊၃၊၄၊၆၊၈)။




(ဂ) ကလားတန်မြစ် (Kaladan River)
ကုလားတန်မြစ်သည်ကမ္ဘာပေါ်တွင်ပဉ္စမမြောက်အကြီးဆုံးမြစ်ဖြစ်ပြီး၊ဆည်များတည်ဆောက် ခြင်းမရှိခြင်းကြောင့်အပြတ်မဖြစ်သေးသောမြစ်တစ်ခုဖြစ်သည်။ကုလားတန်မြစ်ကိုကစ္စပနဒီ(Kysapnadi R.)၊ ဘီနို (Beino R.) နှင့် ကိုလိုဒိုင်း (Kolodyne R) ဟုအမျိုးမျိုးခေါ်ကြသည်။ ကုလား တန်မြစ် သည်အိန္ဒိယနိုင်ငံ၊မီဇိုယမ်ပြည်နယ်၏အရှေ့ဘက်၊ ရခိုင်ပြည်နယ် နှင့်ချင်းပြည်နယ်တို့ကိုဖြတ်သန်း စီး ဆင်းသည်။ ၎င်းကိုအိန္ဒိယနိုင်ငံတွင်ဟင်းတီပူမြစ် (Chhimtuipui R) ဟုခေါ်သည် (ပုံ ၅)။ မြစ်၏ မြောက် ဘက် (၂၂ံ ၄၇’ ၁၀” N) အမှတ်တွင်၊ မြောက်ဘက်သို့အစီးတော့ဘဲ၊ ကွေ့ပတ်ပြီးတောင်ဘက်သို့ ပြောင်းပြန်စီးဆင်းရာမှစ၍အိန္ဒိယနိုင်ငံနှင့်မြန်မာနိုင်ငံတို့၏နယ်စပ်မျဉ်းအဖြစ်အသုံးပြုထားသည် (ပုံ ၅)။

ပုံ ၅။ ကုလားတန်မြစ်နှင့်နယ်ခြားမျဉ်း (အိန္ဒိယ နှင့် မြန်မာ) ပြမြေပုံ (ဘယ်)။ ကုလားတန်မြစ်ကို အိန္ဒိ ယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင်တွေမြင်ရစဉ် (ညာအပေါ်)။ အိန္ဒိယနိုင်ငံ၊ ဟင်းတီပူမြစ် (Chhimtuipui R.) (ညာအောက်)
ကုလားတန်မြစ်သည်မြောက်ဘက်အရပ်မှစီးဆင်းလာပြီးစစ်တွေမြို့အနီးတွင်မြစ်ဝပုံသဏ္ဌာန်အ ဖြစ်ဖွဲ့စီးပြီး၊ ဘင်္ဂလားပင်လယ်သို့စီးဝင်သည် (ပုံ ၆၊၈)။ တစ်စက္ကန့်လျှင်ရေပမာဏ ၃၄၆၈ ကုဗမီတာ (3468 m3/s) သို့မဟုတ် ၁၂၂၅၀၀ ကုဗပေ (122,500 cuft/s) သယ်ယူထုတ်လွတ်သည် (Wikipidia)။ မြန်မာပြည်ထဲတွင် ၃၅၀ကီလိုမီတာ (၂၂၀မိုင်) ခန့်ရှည်လျားသည် (Arakan River network)။ သင်္ဘောများ ပင်လယ်ဝမှ၂၄၀ကီလိုမီတာ (၁၅၀မိုင်) ထိသာခုတ်မောင်းနိုင်သည် (Arakan River network)။ ကျောက်တော်မှပင်လယ်ဝထိ၊ ဧရိယာအားဖြင့် ၃၆၄၀ ကီလိုမီတာ (အလျားxအနံ) ရှိနှုန်း မြေ များပို့ချထားသောမြစ်ဝကျယ် (Estuary) အဖြစ်မြစ်ဝကျွန်းပေါ်၏ပုံမပျက်သေးဘဲရှိနေသည် (ပုံ ၆)။ လူဦးရေတစ်သန်းခန့်နေထိုင်နေကြသည်။ မြစ်၊ချောင်းတလျောက်နေထိုင်လုပ်ကိုင်စားသောက်နေထိုင် ကြသည်။ အနောက်ဘက်အခြမ်းတွင် ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့ များရှိနေကြသည်။ အရှေ့ဘက်အခြမ်းတွင်မြောက်ဦး၊မင်းပြားနှင့်တောင်ဘက်သို့ရောက်သွားလျှင်မြေပုံမြို့တို့ရှိနေကြသည်။ မြေပုံမြို့အနီးတွင်ဟန်းတားပင်လယ်အော် (Hunter Bay) အဖြစ်ပုံဖွဲ့နေကြသည်။ ၎င်းပြင်၊ အရှေ့ဘက် တွင်လေးမြို့မြစ်သည်လည်းကုလားတန်မြစ်နှင့်အပြိုင်တောင်ဘက်သို့စီးဆင်းပြီး၊ဟန်းတားပင်လယ် အော်အဖြစ်ပုံဖွဲ့ပြီး၊ ဘင်္ဂလားပင်လယ်ထဲသို့စီးဝင်ကြသည် (ပုံ ၆)။

ပုံ ၆။ ဂစ္ဆပနဒီမြစ်ဝကျွန်းပေါ်ဒေသ၏မြစ်ကြီးလေးသွယ်တို့သည် မြစ်ဝကျယ်အဖြစ်ပုံဖွဲ့ပြီး၎င်း (Estuaries)၊ ဟန်းတားပင်လယ်အော်အဖြစ်ပုံဖွဲ့ပြီး၎င်း (Hunter Bay)၊ ဘင်္ဂလားပင်လယ် နှင့်ထိ တွေ့ပေါင်းစပ်စီးဝင်နေပုံ၊ နှင့် အဓိကပြတ်ရွေ့များကိုဖေါ်ပြထားသည်။ ကုလားတန်ပြတ်ရွေ့နှင့် လေးမြို့ ပြတ်ရွေ့တို့သည် ညာဘက်သို့အလျှားလိုက်ရွေ့လျားသော၊ သက်ရှိလှုပ်ရှားမှှုရှိနေသေးသော (Active and Right lateral strike-slip Faults) ပြတ်ရွေ့များဖြစ်သည်။
ကုလားတန်မြစ်သည် ခဝန် (Kawang) (ပလက်ဝ၏မြောက်ဘက်) မှစတင်ပြီး၊ မြောက်ဦး၏အ နောက်ဘက်အထိ (၂ဝံ ၅၈’ ၄၁” N နှင့် ၉၃ံ ၀၈’ ၂၀” E)၊ အနောက်မြောက်မှအရှေ့တောင် (NNW-SSE) အတိုင်းတောင်ဘက်သို့စီးဆင်းနေသည် (ပုံ ၉)။ မြောက်ဦး၏အနောက်ဘက်မှစစ်တွေ မြစ်၀ အထိစီးဆင်းလားရာတူရူတန်းမှုအနည်းငယ်ပြောင်းလဲသွားသည်ကိုတွေရသည် (ပုံ ၂။၆)။ အနောက် တောင်ဘက်သို့ပို၍ကွေးကောက်သွားသည်။ ၎င်းပြင်၊မြစ်၏အကျယ်သည်လည်းသိသာစွာ ပို၍ကျယ် လာသည် (ပုံ ၂။၆)။ မြေအောက်ဘူမိဗေဒဆိုင်ရာအချက်အလက်များ၏ ထိမ်းချုပ်ထားမှု ကြောင့်ဖြစ် သည် (နောက် ပိုင်းအခန်းများတွင်ဆက်လက်ဖေါ်ပြပါမည်)။
၂၁၀၉ ခုနှစ်သြဂုတ်လတွင်ကောင်းကင်ဓာတ်ပုံမှ၊ ကုလားတန်မြစ်၏ ရေလွမ်းလွှင်ပြင်ကိုတွေ့ မြင်ရသည် (ပုံ ၇)။ ကျောက်တော်နှင့်မြောက်ဦးအနောက်ဘက် (၂ဝံ ၅၈’ ၄၁”N) အတွင်း တွင်တွေ ရသည်။ ကုလားတန်မြစ်၏ ရေလွမ်းလွှင်ပြင် (Flood plain) သည်ကျောက်တော် နှင့်မြောက်ဦ းအနောက်ဘက်အတွင်းတွင်အကျယ်သည်၂၅ကီလိုမီတာနှင့်စစ်တွေအနီးတွင်၄၀ကီလိုမီတာခန့်ကျယ် သွားသည် (ပုံ ၆၊၇)။ တောင်မြောက်အရှည်မှာ၂၀၀ကီလိုမီတာထိရှိသည်။ ရေလွမ်းလွှင်ပြင်သည် စိုက်ပျိုးရေး၊မွေးမြူရေးအတွက်အလွန်ကောင်းမွန်သောသဘာဝမြေသြဇာဖြင့်၊ပို့ချထားမှုကြောင့်ဂစ္ဆပန ဒီမြစ်ဝကျွန်းပေါ်ဒေသအတွက်သော်၎င်း၊ရခိုင်ပြည်နယ်အတွက်စပါးကျီတစ်ခုဖြစ်နေသည်။ ရေရှည်စီး ပွါးရေးရင်းနှီးမြုပ်နှံမှုအတွက်သဘာဝကပေးထားသောအရင်းအမြစ်တစ်ခုဖြစ်နေဦးမည်။ သို့ပါသော် လည်း၊ တိုးတက်ချမ်းသာအောင်လုပ်ဆောင်နိုင်မှုသည်လူသားအရင်းအမြစ်တို့၏စွမ်းဆောင်မှုပေါ်တွင် မူတည်နေသည်။

ပုံ ၇။ ၂၁၀၉ ခုနှစ်သြဂုတ် (သို့) စက်တင်ဘာလတွင်ကောင်းကင်ဓာတ်ပုံရိုက်ယူထားပုံ။ ကုလားတန်မြစ် ၏ရေလွမ်းလွှင်ပြင်ကိုမှတွေ့ရသည်။ ကျောက်တော်နှင့်မြောက်ဦးအနောက်ဘက် (၂ဝံ ၅၈’ ၄၁”N) အ တွင်းရှိဧရိယာများတွင်တွေရသည် (အနီရင့်ရောင်သည်ရေလွမ်းမိုးမှုကိုပြသည်)။

ပုံ ၈။ ကုလားတန်မြစ်၏မြစ်ဝကျယ် (Estuary) (ပွိုင့်နှင့်အနောက်ဖရုံကာကျွန်းအကြား။ အနောက်ဖရုံ ကာကျွန်း နှင့် အလယ်ဖရုံကာကျွန်းအကြား) ပုံဖွဲ့စီးဆင်းပြီး၊ ဘင်္ဂလားပင်လယ်နှင့်ပေါင်းစီးသည်။
မြစ်၏အနောက်ဘက်သည်တက်စားမှုဖြစ်ပြီး၊အရှေ့ဘက်သည်ပို့ချမှုအပိုင်းဖြစ်နေပြီးမြစ်ချောင်း အများအပြားဝင်ရောက်ပေါင်းစပ်စီးဝင်ကြသည် (ပုံ ၃၊၆၊၇)။ မြစ်ဝသည် စစ်တွေ (ပွိုင့်) နှင့် ဖရုံကာကျွန်း (လေရှန်တောင်မီးပြ) အကြားတွင်ရှိပြီး၊ ဘင်္ဂလာပင်လယ်သို့စီးဝင်သည် (ပုံ ၈၊၁၀၊၁၁)။ လေရှန် တောင်မီးပြ (Layshantaung lighthouse) သည်အနောက်ဖရုံကာကျွန်း (west Baronga) ၏အ နောက်မြောက်ဘက်တွင်ရှိပြီး၊ ပထမဆုံးတည်ဆောက်သောမီးပြ၏ဟုလည်းသိရသည် (ပုံ ၈၊၁၂)။ အ နောက်ဖရုံကာကျွန်း (west Baronga)၏ တောင်ဘက်ရွန်းရွန်း၊ အနောက်ဘက်ကမ်းတွင်ရှိသောဆံ တော်ရှင် (Sandawshin pagoda) စေတီသည်ဘုရင်စန္ဒာသူရိယမင်းလက်ထက်တွင်ပြုပြင် ဆောင် ရွက်ခဲ့ပြီး၊ ဝေသာလီခေတ် (Wesali period) ဘုရင်မင်းဖလောင်း (king Phalaung) ၏ဘုရင်မစောမဲ (Queen Sawmai) လက်ထက်တွင်ပိုမိုထိမ်း သိမ်းစောင့်ရှောက်ခဲ့သည်ဟုသမိုင်းတွင်တွေ့ရသည် (ပုံ ၁၃)။
အနောက်ဖရုံကာကျွန်း (west Baronga) ၏ အလယ်ခန့်၊ အနောက်ဘက်ကမ်းတွင်ရှိသော ကျောက်ကဘားရံ (sea cliff)၊ ရေလှိုင်းတိုက်စားလွင်ပြင် (wave-cut platform) နှင့် ရေလှိုင်း တိုက်စားလွင်ပြင်ဟောင်း (River Terrace) များကိုလည်း ထင်ရှားစွာတွေရသည် (ပုံ ၁၃)။

ပုံ ၉။ ကုလားတန်မြစ်ကိုမြင်တွေ့ရပုံ။ ပလက်ဝမြို့ (တံတားမဆောက်ရသေးခင်ပုံ၊ ယခုတံတားဆောက် ပြီးနေပြီးဖြစ်သည် (ဘယ်) နှင့် ကျောက်တော်တောင်ပေါ်မှ၊ (ကျောက်တော် တံ တား) (ညာ)

ပုံ၁၀။ စစ်တွေမြို့၏ပွိုင့် (မီးပြတိုက်အဟောင်း) ကိုလေယဉ်ပျံမှမြင်တွေ့ရစဉ်။ ဘင်္ဂလားပင်လယ်အော်မှ (southeast direction) အရှေ့တောင်သို့ဦးတည်မှုဖြင့်မြင်ရပုံ။ ပင်လယ်နှင့်ကာလားတန်မြစ်ကိုမြင် ရသည် (လေယဉ်ကွင်း နှင့်စစ်တွေကမ်းခြေ၏ longshore current ကို တွေမြင်ရသည်) (ဘယ်) နှင့် ကုလားတန်မြစ်မှ (southwest direction) အနောက်တောင်သို့ ဦးတည်မှုဖြင့်မြင်ရပုံ။ ကုလားတန်မြစ် နှင့်ပင်လယ်ကိုမြင်ရသည် (ဒီရေတက်နေချိန်နှင့် မိုးတွင်းလှိုင်းရိုတ်ခတ်နေပုံ) (ညာ)။

ပုံ၁၁။ စစ်တွေမြို့၏ပွိုင့် (မီးပြတိုက်အဟောင်း) မှတောင်ဘက်ပိုင်းကိုမြင်တွေ့ရပုံ (ဘယ်) နှင့် ပွိုင့်မှ အ နောက်မြောက်ဘက်နှင့် စစ်တွေကမ်းခြေကိုမြင်ရပုံ။ ရခိုင်တို့၏ကိုယ်စားပြုရုပ်ထုပုံသဏ္ဌာန်ဖြစ်သော ”ဗျာလ” နှင့် ရခိုင်တို့၏ရိုးရာအားကစားဖြစ်သောကျင်ကစားခြင်းရုပ်ထု (ရခိုင်လို ”ကျင်ကိုင်” သည်ဟု ခေါ်သည်) ကိုတွေ့ရစဉ် (ညာ)။

ပုံ၁၂။ လေရှမ်းတောင်မီးပြတိုက် (Layshantaung Lighthouse) ကိုမြင်တွေရပုံ (ဘယ်။ ညာ)။

ပုံ၁၃။ အနောက်ဖရုံကာကျွန်း အနောက်ဘက်ကမ်းခြေတွင်တည်ရှိသော ရွှေဆံတော်ရှင်စေတီ (ဘယ်) နှင့် အနောက်ဘက်ကမ်းခြေတွင်တည်ရှိနေသော ကျောက်ပေါ်ထွက်ပိုင်းများသည်ပင်လယ်လှိုင်းများ တိုက်စားခြင်းကြောင့်ဖြစ်ပေါ်လာသောလှိုင်းတိုက်စားလွင်ပြင် (wavecut platform) နှင့် ပင်လယ် ကမ်းရိုးတမ်းမြင့်တက်ခြင်းကြောင်ဖြစ်ပေါ်လာသော လှိုင်းတိုက်စားလွင်ပြင်ဟောင်းများ (Terrace platform) ကိုလည်းမြင်တွေ့ရပုံ (ညာ)။
(ဃ) လေးမြို့မြစ် (Lamro River)
လေးမြို့မြစ်သည်ရခိုင်ရိုးမတောင်တန်းနှင့်ကပ်လျှက်၊ အပြိုင်မြောက်ဘက်မှတောင်ဘက်သို့ စီး ဆင်းလာပြီးမြေပုံမြို့အနီးတွင်မြစ်ဝကျယ်အဖြစ်ထိတွေ့စီးဝင်ပြီးဟန်းတားပင်လယ်အော်အဖြစ်တောင် ဘက်သို့မျက်နှာမူပြီး၊ ဘင်္ဂလာပင်လယ်နှင့်ပေါင်းစီးပြီးစီးဝင်သည် (ပုံ ၃၊၄၊၆)။ မြောင်းဘွေ၊ မင်းပြား နှင့် မြေပုံမြို့များတည်ရှီနေကြသည် (ပုံ ၃၊၄၊၆)။ လေးမြို့မြစ်သည် အနောက်မြောက်မှအရှေ့တောင် (NNW-SSE) အတိုင်းတူရူတန်းပြီး၊ တောင်ဘက်သို့စီးဆင်းနေသည်။ လေးမြို့မြစ်ဖျားသည် ရခိုင်ရိုးမတောင် တန်း၏မြောက်ဘက်ပိုင်းမှစတင်ခဲ့သော ရှည်လျှားသောချောင်းများသည်၊ တောင်ဘက်ကိုစီးဆင်းလာ ပြီးလျှင်၊ တောင်ဘက်ပိုင်းမှစတင်လာသော၊ ရှည်လျှားသောချောင်းများသည်လည်း၊ မြောက်ဘက်ကို စီးဆင်းလာပြီးလျှင်၊ ၎င်းချောင်းများပေါင်းစပ်ပြီးလျှင်လေးမြို့မြစ်ဖြစ်လာသည် (ပုံ ၁၊၂၊၆)။ ၎င်းပြင်၊ လေးမြို့မြစ်သည် မြောက်ဦးမြို့၏အရှေ့မြောက်ဘက် နေရာအမှတ် (၂ဝံ ၈၅’ ၉၀”N နှင့် ၉၃ံ ၂၄’ ၆၁”E) တွင်ရုတ္တရက် အရှေ့ဘက်သို့ ဒေါင့်ချိုး (၉ဝံ) ကွေ့ပြီးပြောင်းလဲသွားသည်ကိုတွေ့ရသည် (ပုံ ၁၊၂၊၆)။ လေးမြို့မြစ်၏မြစ်လက်တက်ချောင်းများသည် ရခိုင်ရိုးမတောင်တန်းပေါ်မှစီးဆင်းလာခြင်း၊ ကွေ့ကောက် ရှည်လျှားခြင်းကြောင့်ဆည် တည်ဆောက်နိုင်ခြင်း၊လျှပ်စစ်ထုတ်လုပ်နိုင်ရန်စဉ်းစားသင့်သည် (ပုံ ၁၄)။
မြစ်လေးစင်းဖြစ်သော (အနောက်မှအရှေ့သို့) နတ်မြစ်၊ မယူမြစ်၊ ကလားတန်မြစ်၊ လေးမြို့မြစ် တို့၏ တူရူသွယ်တန်းမှုသည် အပြိုင်ဖြစ်နေကြခြင်းသည် အောက်ခံကျောက်လွာများ၏အနေအထားက ထိမ်းချုပ်ထားနေခြင်းကြောင့်ဖြစ်သည် (ပုံ ၆)။ လေးမြို့မြစ်သည်တခြားသောမြစ်သုံးစင်းနှင့်နှီုင်းလျှင် တိုက်စား မှုနှင့်ဖို့ချမှုမှာနည်းနေခြင်းကြောင့်ရင့်ကျက်မှု (maturity) မရှိသလောက်နည်းနေခြင်းသည် တခြားသောမြစ်များထက်ဖြစ်ပေါ်လာသောသက်တမ်းမှာပို၍ငယ်နိုင်သည်ဟုခန်းမှန်းတွက်ဆနိုင်သည်။

ပုံ၁၄။ လေးမြို့မြစ်ဖျား၊ ဝါးများကိုရေမျှော၍အောက်အရပ်ဒေသသို့သယ်ဆောင်ရောင်းသယ်ရန်ပြုလုပ် နေကြပုံ (ဘယ်)။ လေးမြို့မြစ်နှင့် ယာမောင်တံတားမြင်ရပုံ (ညာအပေါ်)၊ လေးမြို့မြစ်နှင့် မင်းမြားမြို့ (ညာအောက်)။
ကျေးဇူးတင်ရှိခြင်း။ ။ တချို့သောဓာတ်ပုံများသည် Facebook မှကူးယူဖေါ်ပြခြင်းကြောင့် မူလပိုင်ရှင်များ ကိုကျေးဇူးတင်ကြောင်းပြောလိုပါသည်။
ဆက်လက်ဖေါ်ပြပါဦးမည်။
ဒေါက်တာမျိုးမြင့်
(12th October 2020)

Myo Myint | on Facebook
End Notes and External links
- On Facebook | “ရခိုင်ကမ်းရိုးတန်းကိုလေ့လာခြင်း Study of Arakan Coast | အပိုင်း (၄)“
- ကုလားတန်မြစ် | The Mog Nation Wiki
- Last updated on 18th April 2022
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter


