ရခိုင်ကမ်းရိုးတန်းကိုလေ့လာခြင်း Study of Arakan Coast | အပိုင်း (၁)

(The Mog Nation Wiki, an archive)


Read the author’s original post

ရခိုင်ကမ်းရိုးတန်းကိုလေ့လာခြင်း
Study of Arakan Coast

ဒေါက်တာမျိုးမြင့်

ကမ်းရိုးတန်း (Coast or Coastal or Seashore)

ကမ်းရိုးတန်း (coast or coastal or seashore) ဆိုသည်မှာ ကုန်းမြေ နှင့် သမုဒ်္ဓရာ သို့မဟုတ်ပင်လယ်ပြင် တို့ ထိတွေ့သောနေရာတခုဖြစ်သည်။ coastal ကိုတိကျစွာ သတ်မှတ်ထားနိုင်ခြင်းမ ရှိသော် လည်း coastal zone/ region အဖြစ် ကုန်းမြေ နှင့် သမုဒ်္̔ဓရာ သို့မဟုတ် ပင်လယ်ပြင် ဆက်စပ်ပြီး ဖြစ်စဉ် များဖြစ် နေသော နေရာဖြင့် သတ်မှတ်ကြသည်။

ရခိုင်ကမ်းရိုးတန်း (Arakan Coast)

ရခိုင်ကမ်းရိုးတန်း (Arakan Coast) ကို အိန္ဒိယသမုဒ်္ဓရာ မြောက်ဖက်ရှိ ဘင်္ဂလားပင်လယ်အော် နှင့် အနောက် ဖက်တွင်၎င်း၊ ရခိုင်ရိုးမနှင့်အရှေ့ဖက်တွင်၎င်းထိတွေ့နေကြသည်။ ဘူမီရုပ်သွင်အနေအ ထားအရဆို လျှင် မြောက်ဖက်တွင် ဂိန်ချ် မြစ်ဝကျွန်းပေါ် (Gange delta) နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် (Ayerawaddy delta) ကြားတွင်ရှိသည်။
ရခိုင်ကမ်းရိုးတန်း ဆိုရာတွင် စစ်တကောင်းတောင်ဖက်ရှိ ခေါ်င်းတုံးဈေး (cox bazar) မှ ဧရာဝဒီ တိုင်း၊ မော်တင်စွန်း (Mawtinzone, Ayerawaddy Division) ထိဖြစ်ပြီး၊ နတ်မြစ်မှစ၍ မြန်မာနိုင်ငံ၏ပိုင်ဆိုင် သောဒေသဖြစ်သည်။
လေ့လာခြင်း ဆိုရာတွင် coastal geography (ပင်လယ်ကမ်းရိုးတန်းဘူမိပထဝီ) ကိုအခြေခံ တင်ပြ မည် ဖြစ် သည်။ ၎င်းအထဲတွင် physical geopgraphy အဖြစ် (coastal geomorphology, ပင်လယ်ကမ်းရိုး တန်းဘူမီရုပ်သွင်။ geology, (ဘူမီဗေဒ)။ oceanography (သမုဒ္ဓရာ သို့မဟုတ် ပင် လယ်ပြင် ဆိုင်ရာများ) နှင့် human geography (လူသားပထဝီဝင်) အဖြစ် sociology and history (လူမှုဗေဒ နှင့် လူသ မိုင်း ဆိုင်ရာများ) ကို အခန်းဆက်ဆွေးနွေးမည်ဖြစ်သည်။

(၁) ရခိုင်ကမ်းရိုးတန်း၏ရွံ့မီးတောင်များကိုလေ့လာခြင်း

ရခိုင်ကမ်းရိုးတန်းသည် အိန္ဒိယသမုဒ္ဒရာ၊ ဘင်္ဂလားပင်လယ်အော်၏ အရှေ့ဘက် ကမ်းရိုးတန်း တစ်ခုဖြစ်သည်။ အနောက်မြောက်မှအရှေ့တောင်အတိုင်းတူရတန်းလျှက်ရှိသည်။ ရခိုင်ကမ်းရိုးတန်းဟု ဆိုရာတွင်ဘဂ်လာဒေ့င်္ချနိုင်ငံ၊ စစ်တကောင်းမြို့မှမော်တင်စွန်း၊ဧရာဝတီတိုင်း အထိပါဝင်သည်။
ဘူမိဗေဒအနေအထားအရ၊ ရခိုင်ကမ်းရိုးတန်းကို နှစ်သန်း ၆၅ သန်းမှ နှစ်သန်း ၁ သန်းထိ အ သက်ရှိသော တာချရီ (65 to 1 million year of Tertiary rocks ) သက်တမ်းရှိကျောက်လွှာများဖြင့် ဖွဲစည်းထားသည်။ ကမ္ဘာမြေထုချပ်လှုပ်ရှားမှု (plate tectonics) အဆိုအရ၊ အိန္ဒိယသမုဒ္ဒရာမြေထုချပ် (india oceanic plate) သည်ယူရေးရှားကုန်းမြေ၊မြေထုချပ် (Eurasia continental plate) ထဲသို့ ရ ခိုင်ကမ်းရိုးတန်း၏အနောက်ဘက်၊ဘင်္ဂလားပင်လယ်အော်ရေအောက်ကြမ်းပြင်တွင်ကမ်းရိုးတမ်းနှင့် အ ပြိုင်ထိတွေ့စိုက်ဝင်နေသည်ဟုသိရသည်။ ထိတွေ့စိုက်ဝင်နေသည့် လမ်းကြောင်းသည် အရှေ့မြောက် မြောက် (North North East) အရပ်သို့တိုးဝင်တွန်းတိုက်နေမှုကြောင့်ကမ်းရိုးတန်းရှိကျောက်လွှာများ တွန့်ခေါက်ခြင်း(လွှာတွန့်ခုံးနှင်လွှာတွန့်ချိုင့်)နှင့်ပြတ်ရွေ့ (ကလားတန်ပြတ်ရွေ့သည်လေးမြို့မြစ်အတိုင်း) များဖြစ်ပေါ်ပြီး၊ငလျှင်များ ဖြစ်ပေါ်လျှက်ရှိသည်။ ထိတွေ့စိုက်ဝင်နေသည်ကိုတောင်ဘက်ပိုင်းတွင် အင်ဒို နီးရှားကျွန်းဆွယ်အထိရှိနေပြီး၊ ဆောင်းဒါးထိတွေစိုက်ဝင်ဇုံ (Sunda megathrust or trough or subduction zone) ဟုခေါ်ဆိုသည်(ပုံ ၁)။
ဘူမိရုပ်သွင်အရ၊ ရခိုင်ကမ်းရိုးတန်းကိုဒေသနှစ်ခုပိုင်းခြားပြီးလေ့လာနိုင်သည်။ ၎င်းမှာ(၁) မြစ်၀ ကျွန်းပေါ်ဒေသ (dealtic region) မောင်တောမှတောင်ကုတ်သို့မဟုတ် ရမ်းဗြဲကျွန်း/မာန်အောင်ကျွန်း အဆုံးထိဖြစ်ပြီး၊နှင့် (၂) ကမ်းခြေနှင့် ပင်လယ်အော်ဒေသ (beach and bay region) သည်တောင် ကုတ်မှမော်တင်စွန်းထိ ရှိပြီး၊ တို့အဖြစ်တည်ရှိနေကြသည်(ပုံ ၁)။
ရခိုင်ကမ်းရိုးတန်းတွင်ရွံ့မီးတောင်များနှင့် ၎င်းတို့၏လှုပ်ရှားမှုကိုတွေ့ရှိသည်။အရပ်အခေါ် “နဂါး ဗွက်“ ဟုခေါ်သောရ့ွံမီးတောင်ဆိုသည်မှာတောင်ပို့တစ်ခုကဲ့သို့ဖြစ်ပြီး၊မြေအောက်အနက်မှတိုးတွက်လာ သောရွံ့များဖြင့်ဖွဲ့စည်းထားသည်။ မီးတောင်အ၀ (crater)သည်ကြိမ်ဖန်များစွာပေါက်ထွက်မှု ဖြစ်ပေါ် သည်။ဆက်တိုက်ရွံ့ရည်များပေါက်ထွက်နေလျှင်၊ ကတော့ချွန် (cone) ပုံတွေ့ရပြီး၊ သဘာဝမှတိုက်စား ခြင်းကိုခံရလွယ်နေခြင်းကြောင့်ပုံပျက်သွားပြီး၊မူလအတိုင်းမတွေ့ရတော့ပါ။
ရွံ့မီးတောင်ဖြစ်ပေါ်မှုကိုထိမ်းချုပ်ထားသောအချက်အလက်များမှာ(၁) လက်ရှိဖြစ်ပေါ်နေသော မြေထုချပ်များလှုပ်ရှားမှုရပ်ဝန်း (ငလျှင်ဇုံများ) (recent tectonic activities)၊ (၂)ဆက်တိုက်ဖြစ်ပေါ် လှုပ်ရှားနေသောရေနံနှင့်သဘာဝဓာတ်ငွေ့ဖြစ်ပေါ်ရရှိနိုင်သောဒေသများ (continuous active hydrocarbon generation)၊(၃) ထူထဲသော၊ ပျော့ပြောင်းပြီး၊ ညွှတ်ပြောင်းနိုင်သော ရွံ့တို့သည် မြေ အောက်အနက်ရှိကျောက်လွှာများအတွင်းတွင်ထူထဲစွာရှိနေခြင်း (existence of thick, fine-grained, soft plastic sediments deep in the sedimentary succession) တို့ဖြစ်ကြသည်။ သို့သော်၊ ရွံ့ ရည်များသည်မြေအောက်မှတဆင့်ပြတ်ရွေ့ကြောင်းများ (faults)၊အက်ကွဲကြောင်းများ (fractures) နှင့် လွှာတွန့်ခုံးနှင့်လွှာတွန့်ချိုင့်၏ထိပ်ပိုင်းများ (crests of anticline and syncline) အတိုင်းကမ္ဘာမြေပြင် ပေါ်သို့ပေါက်ထွက်ပြီး၊တောင်ပို့ပုံသဏ္ဌာန်အဖြစ်ဖွဲ့စည်းဖြစ်ပေါ်နေသည်ကိုတွေ့ရသည်။ အထက်ပါ၊ ရွံ့မီး တောင် ဖြစ်ပေါ်မှုအချက်အလက်များမှာရခိုင်ကမ်းရိုးတန်းတွင် ရွံ့မီးတောင်များဖြစ်ပေါ်မှု နှင့်ကိုက်ညီ သောအချက်အလက်များဖြစ်သည်။
ရခိုင်ကမ်းရိုးတန်းတွင်ရွံ့မီးတောင်များ အဓိကတွေ့ရှိရသောနေရာများမျာ (၁) အနောက်ဖရုံကာ ကျွန်း။ (၂) ရမ်းဗြဲကျွန်း(ဆိုင်ချုံ၊ ရောက်ချောင်း၊ ဇင်ချောင်း)။ (၃) မာန်အောင်ကျွန်း။ (၄) ရဲကျွန်း။ (၅) တိုက်ကျွန်း။ (၆) စကုကျွန်း။ (၇) နံ့သာကျွန်း တို့ဖြစ်ကြသည်။

(၁) အနောက်ဖရုံကာကျွန်း

လွန်ခဲ့သောနှစ်ဆယ်ငါးနှစ်၊ ၁၉၉၈ခုနှစ်၊ ဖရုံကာကျွန်းသို့ကွင်းဆင်းရောက်ရှိခဲ့စဉ်ကဖြစ်သည်။ ရွာသားလမ်းပြတစ်ဦးလိုက်ပြ၍ရောက်ခဲ့ဘူးသည်။ အနောက်ဖရုံကာကျွန်း၊ ဗြိုင်းတောင်ရွာ၊ အနောက် ဘက်၊ တောင်ပေါ်တွင်ရှိပြီး၊ သေးငယ်သောရွံ့မီးတောင်တစ်ခုရှိသောနေရာတစ်ခုကိုတွေ့ခဲ့သည်။ တည် နေရာကိုလောင်ဂျီတွတ်၉၂°၉၅’၁၄” အရှေ့နှင့်လတ္တီတွတ်၂၀°၀၂’၈၆” မြောက်၊ ဟုမှန်းဆသတ်မှတ် ထားသည်။ရွံ့မီးတောင် နှင့်ပတ်သက်၍ မှတ်တမ်းရှာဖွေမတွေ့ရှိပါ။မီးတောင်ရွံ့ရည်များ နှင့်အတူရေနံ စိမ်းပါဝင်နေသည်ကိုတွေ့ခဲ့ရသည်(ပုံ ၁)။

(၂) ရမ်းဗြဲကျွန်း

ရမ်းဗြဲကျွန်းသည်အနောက်မြောက်မှအရှေ့တောင်အတိုင်း တူရူသွယ်တန်းနေပြီး၊ ရခိုင်ကမ်းရိုး တန်း၏အကြီးဆုံးသောကျွန်းတစ်ခုဖြစ်သည်။အနောက်ဘက်တွင်ဖြောင့်တန်းသောကမ်းခြေ (beach) ရှိပြီးဘင်္ဂလားပင်လယ်အော်ဖြင့်ထိတွေ့နေသည်။ အရှေ့ဘက်တွင်ရခိုင်ရိုးမတောင်တန်းပေါ်မှစီးဆင်း လာသောမြစ်များတို့ဖြင့်ပေါင်းစပ်ပြီး၊မြစ်ဝကျွန်းပေါ်ဒေသကိုဖြစ်ပေါ်နေသည်(ပုံ ၁)။ ရွံ့မီးတောင် ပေါ် ထွက်နေရာအများဆုံးတွေ့ရသည်။အဓိကနေရာသုံးခုကိုဖေါ်ပြပါမည်။(က)ဆိုင်ခြုံ ှSaichon။(ခ)ရောက် ချောင်း Yauk chaungနှင့်(ဂ)ဇင်ချောင်း Zin chaung တို့ဖြစ်ကြသည်။ဆိုင်ခြုံ နှင့် ရောက်ချောင်းတို့ သည်ကီလိုမီတာအနည်းငယ်သာကွာဝေးသော်လည်း၊ ဇင်ချောင်းနှင့်ကီလိုမီတာများစွာကွာဝေးသည် (ပုံ ၁)။
(က) ဆိုင်ခြုံ ှ(Sai Chon)ရွံ့မီးတောင်။(ပုံ ၁။ ၂။ ၃)မီးတောင်အစုအဝေးတစ်ခုဖြစ်ပြီး၊ ဆိုင်ခြုံရွာ ၏အရှေ့ဘက်၁.၄မိုင်တွင်တည်ရှိသည်။အသစ်တည်ဆောက်နေသောကျောက်ဖြူစက်မှုဇုံ၏အနောက် မြောက်တစ်မိုင်ခန့်အကွာအဝေးတွင်တည်ရှိသည်။တည်ရှိနေရာမှာလောင်ဂျီတွတ်၉၃°၅၉’၁၁”အရှေ့ နှင့် လတ္တီတွတ်၁၉°၃၉’၆၅”မြောက် ဖြစ်သည်။ ရွံ့မီးတောင်ပေါက်ကွဲမှုကို မှတ်တမ်းများတွေ့ရသည်။ ပေါက်ကွဲမှုများကို ၁၉၉၀၊၁၉၉၆၊၂၀၀၀၊၂၀၀၄၊၂၀၀၆၊၂၀၀၈၊၂၀၁၁၊၂၀၁၄နှင့်၂၀၁၆ ခုနှစ်များတွင် ဖြစ် ခဲ့သည်ဟုမှတ်တမ်းများတွေ့ရသည်။သို့သော်၊ထိုမှတ်တမ်းများတွင်တွေ့ရှိရသောအရအတွက်ထက် အ ကြိမ်များစွာပေါက်ကွဲခဲ့ပြီးဖြစ်ကြောင်းကောက်ချက်ချနိုင်သည်။ရွံ့လွှမ်းဧရိယာသည် အရှေ့ဘက်တွင်ထူ ထဲစွာဖုန်းလွှမ်းလျှက်ရှိသည်။ မာန်အောင်ကျွန်း၊ နဂါးတောင်ရှိမီးတောင်အစုအဝေးနှင့် ဆင်တူသည်။
(ခ) ရောက်ချောင်း (Yauk chaung)ရွံ့မီးတောင်။(ပုံ ၁။ ၂။ ၃) ဆိုင်ခြုံ (Sai Chon) ရွံ့မီးတောင် အစုအဝေး၏အနောင်တောင်ဘက်၂.၅ကီလိုမီတာအကွာအဝေးတွင်တည်ရှိသည်။ တည်ရှိနေရာမှာ လောင်ဂျီတွတ်၉၃°၅၉’၁၁”အရှေ့နှင့်လတ္တီတွတ်၁၉°၃၉’၆၅” မြောက်တွင်ရှိသည်။သီးခြားမီးတောင် များ၏အစုအဝေးဖြစ်သည်။ မီးတောင်ငယ်များ၏အဝလေးခုကိုတောင်ထိပ်တွင်သီးသန့်စီတွေ့ရသည်။ ပေါက်ကွဲမှုမှာလည်းသီးခြားမြင်တွေ့ရသည်။ မီးတောင်၏အဝသည်တောင်ထိပ်တွင်ရှိနေပြီး၊ ရွံ့ရည်စီး ကြောင်းများမှာတောင်အောက်သို့စီးဆင်းသွားနေသည်ကိုတွေ့ရသည်။ ၂၁သြဂုတ်လ၂၀၁၄ နေ့တွင် ပေါက်ကွဲမှုကိုမှတ်တမ်းတွေ့ရသော်လည်း၊တခြားသောပေါက်ကွဲမှုဆိုင်ရာမှတ်တမ်းကိုမတွေ့ရှိ ပါ။ ပေါက်ကွဲမှုအရေအတွက်သည်ဆိုင်ခြုံမီးတောင်နှင့်နှီုင်းယှဉ်လျှင်အကြိမ်အရေအတွက်အလွန်နည်း နေကြောင်းတွေ့ရသည်။မာန်အောင်ကျွန်း၊နဂါးတောင်ရှိမီးတောင်အစုအဝေးနှင့်ဆိုင်ခြုံမီးတောင်အစု အဝေးတို့နှင့် နှိုင်းယှဉ်လျှင်ဆင်တူမှုမရှိပါ၊သို့သော်နန့်သာကျွန်းမီးတောင်နှင့်ပုံသဏာန်တူညီမှုရှိနေ သည်။
ဆိုင်ခြုံမီးတောင်သည်ရွံ့ဖုံးလွှာဧရီယာ၏ပုံအရ၎င်း၊လုံးဝိုင်းမှုရှိနေခြင်းဖြင့်၎င်း၊မီးတောင်အဝအ လယ်သည်ချိုင့်ဝှမ်းဖြစ်နေခြင်း၊ရ့ွံလွှာများထပ်တလဲလဲပို့ချထားခြင်းဖြင့်၎င်းနှင့်ဘေးပတ်ပတ်လယ်တွင် မြင့်မားသောတောင်တန်းများဝန်းရံနေမှုသည်၎င်း၊ဒယ်အိုး ပုံဖြစ်နေခြင်းကြောင့်၎င်း၊ အောင်ခံကျောက် အနေအထားသည်လွှာတွန့်ချိုင့် (syncline) ဖြစ်နေမှုကိုသက်သေပြနိုင်မည်ဖြစ်သည်။
သို့သော်၊ ရောက်ချောင်မီးတောင်သည်မတ်စောက်သောတောင်ထိပ်ပိုင်းများတွင်သီးခြားတည် ရှိနေသောမီးတောင်အဝ(crater)များရှိနေခြင်းဖြင့်၎င်း၊လိပ်ခုံးပုံဖြစ်နေခြင်းကြောင့်၎င်း၊ မီးတောင် ၏ အောက်ခံကျောက်အနေအထားသည်လွှာတွန့်ခုံး(anticline)ပုံဖြစ်နေပုံရသည်။
(ဂ) ဇင်ချောင်း(Zin Chaung)။(ပုံ ၁)သေးငယ်သောရွံ့မီးတောင်ကိုတွေ့ရသော်လည်း။ ပေါက် ကွဲမှုအတွက်တိကျသောမှတ်တမ်းများမတွေ့ရပါ။

(၃) မာန်အောင်ကျွန်း

ရမ်းဗြဲကျွန်း၏အနောက်တောင်ဘက်တွင်ရှိသည်။ လတ္တီတွတ်၁၈°၄၀’နှင့် ၁၈°၅၆’မြောက်အ ကြား နှင့်လောင်ဂျီတွတ်၉၃°၃၁’နှင့် ၉၃°၅၀’အရှေ့၊ အတွင်းတွင်ရှိကြသည်(ပုံ ၁)။ အမြင့်ဆုံးတောင် ထိပ်သည်၂၅၇မီတာ(၈၄၉ပေ)ရှိပြီး၊ အနောက်တောင်ဖက်ပိုင်းတွင်ရှိုသည်ပုလဲငူတောင်ဖြစ်သည်(ပုံ ၄၊ ၇)။
ရွံ့မီးတောင်အစုအဝေးတစ်ခု ဖြစ်ပြီး၊ လောင်ဂျီတွတ်၉၃°၃၉’၄၁”အရှေ့နှင့် လတ္တီတွတ် ၁၈°၄၄’ ၅၆”မြောက်တွင်တည်ရှိသည်(ပုံ ၄)။ ရခိုင်ကမ်းရိုးတန်းတွင်အကြီးဆုံးသောမီးတောင်အစုအဝေး တစ် ခုဖြစ်သည်။ ပေါက်ကွဲမှုအကြိမ်အရေအတွက်ကိုမှတ်တမ်းများတိတိကျကျမရှိသော်လည်း၊ကြိမ်ဖန်များ စွာပေါက်ကွဲမှုဖြစ်ခဲ့ပြီးဖြစ်သည်။ ကျယ်ဝန်းသောမီးတောင်အဝကိုထင်ရှားစွာတွေ့ရသည်။ ကျယ်ပြန့် သောစက်ဝန်းပုံရှိရွံ့ဖုံးလွှာဧရိယာကိုတွေ့ရသည်(ပုံ ၄၊ ၅)။ရွံ့ဖုံးလွှာကိုအနောက်ဘက်တွင်၊အရှေ့ဘက် ပိုင်းထက်ကျယ်ပြန့်စွာတွေ့ရသည်။ ရွံ့ဖုံးလွှာသည်အနောက်ဘက် နှင့်အနောက်တောင်ဘက်သို့ မီတာ ၁၀၀ခန့်အကွာအဝေးထိပြန့်ကျက်နေသည်။လက်ရှိအချိန်တွင်မီးတောင်အဝမှရွံ့များစီးဆင်းလျှက်ရှိနေ သည်။မီးတောင်အဝမှအနိမ့်ပိုင်းသို့ စီးဆင်းသွားသောရွံ့ရည်စီးကြောင်း (mud flow) များကိုထင်ရှားစွာ မတွေ့ရှိပါ။ မီးတောင်အဝသည်သိသာသောအမြင့်တစ်ခု တွင်တည်ရှိမနေခြင်းကြောင့်ဖြစ်သည်။ ၎င်း ပြင်ပေါက်ကွဲမှုပြင်းအားကြောင့်ရ့ွံများအမြင့်တစ်ခုသို့မြင့်တက်သွားပြီး၊ ထွက်ရှိလာသောရွံ့များ နှင့်အတူ မြေနိမ့်ရာအရပ်သို့ယပ်တောင်ပုံစီးဆင်းဖြန့်ကျက်သွားကြသည်(ပုံ ၅)။
ရွံ့ဖုံးလွှာဧရီယာ၏ပုံအရ၊ကျွန်း၏ အောင်ခံကျောက်အနေအထားသည်လွှာတွန့်ချိုင့်(syncline) ဖြစ်နေပုံရသည်(ပုံ ၄)။ နဂါးတောင်၏လုံးဝိုင်းမှုရှိနေခြင်း၊မီးတောင်အဝအလယ် သည်ချိုင့်ဝှမ်းဖြစ်နေ ခြင်းနှင့်ဘေးပတ်ပတ်လယ်တွင်မြင့်မားသောတောင်တန်းများရှိနေမှုသည်လွှာတွန့်ချိုင့် (syncline) ဖြစ် နေမှုကိုသက်သေပြနိုင်သည်။
ကျွန်း၏အလယ်တွင်ရွံံ့မီးတောင်အစုအဝေးကိုတွေ့ရသည်(ပုံ ၄)။ရွံ့မီးတောင်ပေါက်ကွဲမှုကြောင့် ရေနွေးငွေ့များ၊ နှင့် ဆာလဖါဓာတ်ငွေ့များအပြင်၊ရေနံနှင့်မီသိန်းသဘာဝဓာတ်ငွေ့တို့လည်းပါဝင်သည်။

(၄) ရဲကျွန်း (Ye Kyun)

အရှည်၆.၈ ကီလိုမီတာ (၄.၂မိုင်) နှင့် အကျယ်၂.၄ကီလိုမီတာ(၁.၅ မိုင်)ရှိပြီး၊ မာန်အောင်ကျွန်း ၏အရှေ့တောင်ဖက်၇.၈ ကီလိုမီတာ(၄.၈မိုင်)ကွာဝေးသည်(ပုံ ၁)။ အမြင့်ဆုံးနေရာသည် ၃၂မီတာ (၁၀၅ပေ)ရှိပြီး၊ရွာနှစ်ရွာရှိသည်၊ မြေမြက်နှာသွင်ပြင်သည်ညီညာပြန့်ဖြူးနေသည်ကိုတွေ့ရသည်(ပုံ ၁၊ ၆)။
တည်နေရာလောင်ဂျီတွတ်၉၃°၇၈’၆၆”အရှေ့နှင့်လတ္တီတွတ်၁၈°၆၂’၅၃”မြောက်) တွင်ရှိပြီး၊ လွန်ခဲ့သော၁၀စုနှစ်အတွင်းပေါက်ကွဲမှုဖြစ်ခဲ့ပြီးသည်ကိုဂြိုလ်ထုဓာတ်ပုံမှတွေ့မြင်ရသည်(ပုံ ၆၊ ၇၊ ညာ)။ ညီညာသောမြေမျက်နှာပေါ်တွင်မီးတောင်အဝကိုထင်ရှားစွာမတွေ့ရဘဲ၊ ကျယ်ပြန့်သောစက်ဝန်းပုံရှိ ရွံ့ ဖုံးလွှာဧရိယာကိုတွေ့ရသည်(ပုံ ၆)။ ရွံ့ဖုံးလွှာဧရီယာ၏ပုံအရ၊ကျွန်း၏အောင်ခံကျောက်အနေအထား သည်လွှာတွန့်ချိုင့်(syncline)ဖြစ်နေပုံရသည်(ပုံ ၆)။ ကျွန်း၏လုံးဝိုင်းမှုနှင့်ရေပြင်ညီမြေမျက်နှာသွင်ပြင် ရှိနေမှုသည်လွှာတွန့်ချိုင့် (syncline) ဖြစ်နေမှုကိုသက်သေပြနိုင်သည်။

(၅) တိုက်ကျွန်း (Taik Kyun)

အကျယ်၁.၄ကီလိုမီတာ(ဝ.၉မိုင်)ရှိပြီး၊လုံးဝိုင်သောကျွန်းဖြစ်ပြီး၊ ရှည်လျှားသောအရှေ့ဘက် ကမ်းခြေသည်၆ကီလိုမီတာရှည်သည်။ ရဲကျွန်း၏မြောက်ဘက်တွင်ရှိပြီး၊၅.၈ကီလိုမီတာ(၃.၆ မိုင်)ကွာ ဝေးသည်(ပုံ ၁)။ တည်နေရာလောင်ဂျီတွတ်၉၃°၈၁’၃၆”အရှေ့နှင့်လတ္တီတွတ်၁၈°၇၁’၇၉” မြောက် တွင်ရှိနေသောတိုက်ကျွန်းကိုရွံ့မီးတောင်သေ(ပေါက်ကွဲမှုမရှိသောမီးတောင်)ဟုသတ်မှတ်နိုင်သည်(ပုံ ၇ ဘယ်)။
ရွံ့မီးတောင် ပေါက်ကွဲမှုမှတ်တမ်းကိုမတွေ့ရပါ။ ကျွန်း၏တောင်ထိပ် တွင်ရွံ့မီးတောင်အ၀ နှင့် ရွံ့ လွှမ်းဧရိယာကိုထင်ရှားစွာမတွေ့ရှိပါ။ ကျွန်းသည်လုံးဝိုင်းသောပုံတည်ရှိနေသောကြောင့်၊ တချိန်သော၊ ကာလတွင်ရွံ့မီးတောင်ဖြစ်ခဲ့ပုံရသည်။ ကျွန်း၏ အောက်ခံကျောက်အနေအထားသည်လွှာတွန့်ခုံး (anticlne) ဖြစ်နေပုံရသည်(ပုံ ၇ ဘယ်)။

(၆) စကုကျွန်း (Saku Kyun)

စကုကျွန်းသည်ကီလိုမီတာ(၃.၁ မိုင်) ရှည်ပြီး၊၄ကီလိုမီတာ(၂.၅ မိုင်) ကျယ်ပြီး၊ ရမ်းဗြဲကျွန်း၏ တောင်ဘက်၂.၄ကီလိုမီတာ(၁.၅ မိုင်)ကွာဝေးသည်(ပုံ ၁)။ ကျွန်း၏မြောက်ဘက်တွင်ရွံ့မီးတောင် ကိုလောင်ဂျီတွတ်၉၃°၉၅’၃၇” အရှေ့ နှင့်လတ္တီတွတ်၁၈°၈၂’၇၁” မြောက် တွင်တည်ရှိပြီး၊ ရွံ့လွှမ်းထား သောနေရာကိုတွေ့ရသည် (ပုံ ၈ ဘယ်)။ ရွံ့မီးတောင်ပေါက်ကွဲမှု မှတ်တမ်းကိုမတွေ့ရပါ။ သို့သော်၊ ရွံ့မီးတောင်အနေအထားပေါ်မူတည်ပြီး၊ ဖြစ်နိုင်သည်မှာလွန်ခဲ့သောဆယ်စုနှစ်တစ်ခု သို့မဟုတ် နှစ်ခုအ တွင်းပေါက်ကွဲမှုဖြစ်ခဲ့သည်ဟုတွက်ဆနိုင်သည်။

(၇) နံ့သာကျွန်း (Nantha Kyun)

အရှည်၂.၄ကီလိုမီတာနှင့်အကျယ်၁.၇ကီလိုမီတာရှိပြီး၊၁၆၈မီတာ(၅၅၁ပေ)အမြင့်ရှိသည်။မှော် ရုံ၊ သံတွဲမြို့မှအနောက်တောင်ဖက် ၃၀ကီလိုမီတာတွင်တည်ရှိသည်။ တောင်ဘက်အစွန်းဆုံးရှိရွံ့မီး တောင်တစ်ခုဖြစ်ပြီး၊ လောင်ဂျီတွတ် ၉၄°၀၈’၇၉”အရှေ့နှင့် လတ္တီတွတ်၁၈°၀၆’၁၈” မြောက်၊အရပ် တွင်တည်ရှိနေသည် (ပုံ ၁)။ မတ်စောက်သောတောင်ထိပ်တွင်ဝိုင်းစက်သောမီးတောင်အ၀ (crater) ရှိသည်။ ကျွန်း၏ အောင်ခံ ကျောက် အနေ အထား သည် လွှာတွန့်ခုံး (anticline) ဖြစ်နေ ပုံရသည် (ပုံ ၈ ညာ)။
၂၀၀၈ခုနှစ်မေလ၂၅ရက် နေ့၊ ည ၁၂နာရီ၊၅၀မိနစ်တွင်အထမအကြိမ်နှင့်မနက် ၅နာရီတွင် ဒု တိယအကြိမ်ပေါက်ကွဲခဲ့သည်ဟုသီတင်းများအရသိရှိရသည်။ ပေါက်ကွဲစဉ်ရွံ့ရည်များ ၄၀မီတာ အမြင့် ထိရောက်ရှိသည်ဟုလည်းသိရသည်။ ရွံ့မီးတောင်၏အဝသည်အချင်းမီတာ၁၀၀ခန့်ရှိပြီး၊ လွှာတွန့်ခုံး (anticline)၏အလယ်ဗဟို(crest)တွင်ရှိနေပုံ ရသည်။ ပေါက်ကွဲပြီးရွံ့ရည် စီးကြောင်းများကိုကောင်းစွာ မြင်ရသည်။အနောက်ဘက်သို့ပမာဏများစွာစီးဆင်းသွားသည်။ ဒုတိယစီးကြောင်းမှာအနောက်တောင် ဘက်သို့စီးဆင်း သွားသည်။အဘယ်ကြောင့်ရွံ့ရည်စီးကြောင်းများအနောက်ဘက် နှင့် အနောက်တောင် ဘက်သို့စီးဆင်းသွားရသည့် အကြောင်း ကို တိကျစွာမသိရသော်လည်း၊ လေတိုက်သောလမ်းကြောင်း ကြောင့် ဖြစ်နိုင် ဘွယ်ရှိသည်ဟု စဉ်းစားနိုင်သည်။ ၎င်းပြင်၊ ရွံ့ရည်များသည်ပင်လယ်ရေထဲတွင် အရှေ့ မြောက်အရပ်သို့ရွေ့လျားသွားသည်ကိုတွေ့ရသည်။ ရွေ့လျားရခြင်းမှာပင်လယ်ရေလှိုင်း(waves) သို့မ ဟုတ်ကမ်းရောက်လှိုင်း (longshore current) တို့ကြောင့်ဖြစ်နိုင်သည်(ပုံ ၈ ညာ)။
နိဂုံးချုပ်အားဖြင့်၊ရခိုင်ကမ်းရိုးတမ်းတွင်ရ့ွံမီးတောင်များရှိနေခြင်းနှင့် လှုပ်ရှားမှုရှိနေခြင်းတို့ ကြောင့်မည်သည်အချိန်အခါမဆိုပေါက်ကွဲမှုဖြစ်နိုင်သည်။ပေါက်ကွဲမှုပြင်းအားပေါ်တွင်မူတည်ပြီး၊သက် ရှိသတ္တဝါများကိုသေကြေပျက်စီးစေခြင်း၊သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေခြင်းစသည့်အန္တရာယ်များ ကျရောက်နိုင်သည်။လက်ရှိဖြစ်ပေါ် နေသောမြေထုချပ်များလှုပ်ရှားမှု ရပ်ဝန်း(ငလျှင်ဇုံများ)နှင့်ဆက် စပ်တည်ရှိနေသောဒေသ တစ်ခုဖြစ် နေသော်လည်း၊ တချို့သော မီးတောင်များ ပေါက်ထွက်ခြင်းသည် ငလျှင်ဖြစ် ပေါ်မှုနှင့်ဆက်စပ်မှုမရှိပဲ၊ မြေတွင်းအားလှုပ်ရှားမှုကြောင့် ဖြစ်နိုင်သည်ဟုယူဆသည်။
သို့သော် လူသားများအတွက်အသုံးပြုပြီးအကျိုးအမြတ်ရစေခြင်းငှာ၊ ရွံ့မီးတောင်များရှိရာဒေသ ကိုခရီးသွားလုပ်ငန်းများတိုးချဲ့ပြီး၊ မီးတောင်လေ့လာရေးခရီးစဉ်များ (မာန်အောင်ကျွန်း နှင့် ရမ်းဗြဲ ကျွန်း တို့ကိုဦးတည်ပြီး) နှင့် တခြားသောစိတ်ဝင်စားနိုင်သောခရီးစဉ်များ နှင့်အတူပူးတွဲ ဆာင်ရွက်နိုင်သည်။ အထက်တန်း ကျောင်းသား များအတွက် သင်ကြားရေးဆိုင်ရာအထူးလေ့လာရေးခရီးစဉ်များ ကိုလည်း ပြုလုပ်နိုင်သည်။ ရ့ွံမီးတောင် နှင့် အတူရေပူစမ်းများထွက်ပေါ်တည်ရှိနေ ခြင်းကြောင့်ခရီးသွားလုပ်ငန်း များနှင့်တခြားသောလုပ်ငန်းများကိုအထောက်အကူ ဖြစ်စေမည်။၎င်းပြင်၊ကမ္ဘာမြေအောက် ရေပူထုတ် လုပ်ခြင်းမှလောင်စာ စွမ်းအင်အဖြစ်ပြောင်းလဲပြုလုပ်ခြင်း(Geothermal energy)ဟုခေါ်သောပြန်လည် အစားထိုးစွမ်းအားဖြည့်လောင်စာ (Renewable Energy)ကိုရရှိနိုင်ရန်အတွက်သုတေသန လုပ်ငန်း များဆက်လက်ဆောင်ရွက်ရန်လိုအပ်နေမည်ဖြစ်သည်။ ကမ္ဘာပေါ်ရှိရ့ွံမီးတောင် ရှိသောနေရာဒေသတို့ သည်ရေနံ နှင့်သဘာဝဓာတ်ငွေ့တည်ရှိနေမှုသည်ဆက်စပ်၊တွဲဖက် တွေ့ရှိနေရမှုကြောင့်၊ ရခိုင်ကမ်းရိုး တန်းကုန်းတွင်းပိုင်းနှင့်ပင်လယ်အောက်ရေနံမြေအသစ် နေရာများရှာဖွေဖေါ်ထုတ်နိုင်ရေးသည်လည်း အနာဂတ်အတွက်ကြီးစွာသောစိန်ခေါ်မှုတစ်ခုဖြစ်နေအုံးမည်။


ပုံ ၁။ရခိုင်ကမ်းရိုးတန်း၏ မြစ်ဝကျွန်းပေါ်ဒေသ၊ နှင့် ကမ်းခြေ နှင်ပင်လယ်အော်ဒေသ ၏ ခွဲခြားထား ခြင်းကို ဂြိုလ်ထုဓာတ်ပုံမှတွေ့ရစဉ်၊ ရွံ့မီးတောင်များ တည်နေရာပြမြေပုံ။(အိန္ဒိယသမုဒ္ဒရာ၏အောက်ခံ ကြမ်းပြင်အနေအထား နှင့် ဆောင်းဒါးထိတွေစိုက်ဝင်ဇုံ(Sunder Trough)ဖေါ်ပြထားသည်(အနီရောင် ကြယ်သည်ရခိုင်ကမ်းရိုးတန်းကိုဖေါ်ပြသည်၊ အပေါ်ညာဒေါင့်)။


ပုံ ၂။ရမ်းဗြဲကျွန်း၊ ကျောက်ဖြုမြို့အရှေ့ဘက်ရှိ ဆိုင်ခြုံ ရ့ွံမီးတောင်(c) (ဒယ်အိုးပုံရှိနေသောလွှာ တွန့် ချိုင့်) (မြောက်ဘက်) နှင့် ရောက်ချောင်းရွံ့မီးတောင် (လိပ်ခုံးပုံ ရှိနေသော လွှာတွန့်ခုံး) (တောင်ဘက်) မီးတောင်များ။ (a, b, c ကို ပုံ ၃တွင်ဖေါ်ပြထားသည်)။


ပုံ ၃။ဆိုင်ခြုံ ရွံ့မီးတောင်၏ မီးတောင်၀ တောင်ပို့ နှင့် ရ့ွံရည်စီးကြောင်းများ(ပုံ ၂ (c) ကိုကြည့်ပါ) (ဘယ်)။မီးတောင်ထိပ် မှ တောင်အောက်သို့ ရ့ွံရည်စီးကြောင်း တစ်ခုစီးဆင်းလာပုံ၊ရောက်ချောင်း ရွံ့မီး တောင်(လယ်) (ပုံ ၂ (a) ကိုကြည့်ပါ)။ရွံ့ရည်များတောင်စောင်းတလျှောက်ဖုံးအုပ်ခြင်းကြောင့်သဘာ၀ ပတ်ဝန်းကျင်ကိုပျက်စီးစေသည်၊ရောက်ချောင်းရွံ့မီးတောင်(ပုံ ၂ (b)ကိုကြည့်ပါ) (ညာ)။


ပုံ ၄။မာန်အောင်ကျွန်း ရှိဒယ်အိုးပုံ ဖြစ်နေသောနဂါးရွံ့မီးတောင်ပုံ(ဘယ်)၊ နှင့် နဂါးရွံ့မီးတောင်ကြိမ် ဖန်များစွာပေါ်က်ကွဲထားပြီးသော မီးတောင်အစုအဝေးကိုအနီးကပ်တွေ့ရပုံ(ညာ)။ နေရာ(က)၊(ခ)၊(ဂ) တို့ကို(ပုံ ၅)တွင်ကြည့်ပါ။


ပုံ ၅။မာန်အောင်ကျွန်းရှိ မီးတောင်များ၊ရွံ့မီးတောင်အစုအဝေး (သုံး ခု)၊ တောင်ဘက်အစွန်ဆုံးတွင်ရှိ မီးတောင်များ(ပုံ ၄ (က)ကိုကြည့်ပါ) (စကေးမှာမီးတောင်အဝသည်တစ်မီတာခွဲခန့်ရှိမည်)(ဘယ်)။ မီး တောင်ဝ(crater)နှင့် ရွံ့ရည်စီးကြောင်းများ(mud flow)(ပုံ၄ (ခ) ကိုကြည့်ပါ)(လယ်)။ကျယ်ပြန့်သော ရွံ့လွှမ်းလွှင်ပြင်(mud flow area)ကိုတွေ့ရစဉ်(ပုံ ၄ (ဂ)ကိုကြည့်ပါ)။


ပုံ ၆။ရဲကျွန်း(ညာ) နှင့်မာန်အောင်ကျွန်း(ဘယ်အပေါ်)တို့ကို ဂြိုလ်ထုဓာတ်ပုံမှတွေ့ရစဉ်(ဘယ်)။ နှင့် ရဲကျွန်းအလယ်တွင်တွေ့ရသောရွံ့မီးတောင်(အဝါရောင်မျဉ်းသည်ရွံ့လွှမ်းဧရိယာကိုဖေါ်ပြသည်)(ညာ)။


ပုံ ၇၊မာန်အောင်ကျွန်း၊ တိုက်ကျွန်း နှင့် ရဲကျွန်း။ နှင့် ရွံ့မီးတောင်များ(ဘယ်)။ နှင့် ရဲကျွန်းရှိရွံ့မီးတောင် ပေါက်ကွဲမှုမှတ်တမ်း(ညာ)


ပုံ ၈။ရမ်းဗြဲကျွန်း နှင့် စကုကျွန်းမြောက်ဘက်ပိုင်းတွင်ရှိရွံ့မီးတောင်(ဘယ်)။ နှင့် နံ့သာကျွန်းရှိရွံ့မီး တောင်၊မီးတောင်အ၀ (c) နှင့် ရွံ့ရည်စီးကြောင်းများ(mf) ကိုဂြိုလ်ထုဓာတ်ပုံမှမြင်ရပုံ။

ဒေါက်တာမျိုးမြင့်

Myo Myint | on Facebook



The Mog Nation Wiki

Leave a comment