“တိုင်းရင်းသားတွေလည်းရှုံးတယ်၊ပြည်ထောင်စုအတွက်လည်းအရှုံးပေါ်တယ်၊ပြည်သူတွေကပိုရှုံးတယ်”

(The Mog Nation Wiki, an archive)

“တိုင်းရင်းသားတွေလည်းရှုံးတယ်၊ပြည်ထောင်စုအတွက်လည်းအရှုံးပေါ်တယ်၊ပြည်သူတွေကပိုရှုံးတယ်”

ဓူဝံကြယ်
General life
၂၀၂၀ မတ် ၂၀

နေပြည်တော်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မဲခွဲ ဆုံးဖြတ်မှုတွေပြုလုပ်ရာမှာ ပြင်ဆင်သင့်တဲ့ပုဒ်မတွေဟာထောက်ခံ မဲရာခိုင် နှုန်း မပြည့်မီတာ ကြောင့်ပြင် ဆင် လို့မရတဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ ရခိုင်အမျိုးသားပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေ စိန်အောင်ကတိုင်းရင်း သားတွေလည်းရှုံးတယ်၊ပြည်ထောင်စုအတွက်လည်းအရှုံးပေါ်တယ်၊ပြည်သူတွေကပိုရှုံးတယ်လို့သုံးသပ်ပြောကြားလိုက်ပါတယ်။

ဒီကနေ့မတ်လ၂၀ရက်မနက်ပိုင်းကကျင်းပပြုလုပ်တဲ့ပြည်ထောင်စု လွှတ်ေ တ်ာအစည်းအဝေးအပြီးမှာ မီဒီယာတွေနဲ့တွေ့တဲ့အချိန် ဦးဝေစိန်ေ အာင်က အခုလိုပြောကြားလိုက်တာပဲဖြစ်ပါတယ်။

ဦးဝေစိန်အောင်က ” တိုင်းရင်းသားတွေ ပြင်ချင်တာ ဘာမှ မရဘူး။ အဲ့ဒါကြောင့် ဆရာတို့က စိတ်က အဲ့လိုဖြစ်နေတာ။ ပထမတော့ ၂၆၁ (ခ) လောက် ပြင်နိုင်လိမ့်မယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ ၄၅ ဦးကော်မတီမှာက ၂၆၁ ကို ဖြုတ်ပစ်ခဲ့တယ်။ ဒါပေမယ့် ၃၉ ဦးကော်မတီတင်တဲ့အခါ ပြန်ပါလာတယ်။ ပြန်ပါလာတော့ ဒါကို အာဏာရပါ တီက သဘောတူလို့ ပြန်ပါလာတယ်လို့ပဲထင်တော့ ဆရာတို့က ၂၆၁ (ခ) ကတော့ ၅၀=၅၀ ပေါ့လေ။ ရဖို့များ တယ်လို့ ထင်ပေမယ့် လက်တွေ့ကျတော့ ရှင်းရှင်းပြောရရင် အာဏာရပါတီက ကန့်ကွက်လိုက်တော့ ဘာမှ လည်းမရတော့ဘူး။ တပ်မတော်က ထောက်ခံ၊ ကြံ့ခိုင်ရေးက ထောက်ခံပေမယ့် NLD က ကန့်ကွက်လိုက်တော့ ၂၆၁ လည်း ဘာမှ အကောင်အထည်မပေါ်ဘူးဆိုတော့ တိုင်းရင်းသားရဲ့ အခွင့်အရေးက ဘာမှမရဘူး။ နောက်ဆုံးမှ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ စာလုံးတောင် မပြင်လိုက်နိုင်ဘူး။ အဲ့ဒါတောင် ဒီလွှတ်တော်မှာ မပြင်ရ ဘူးဆိုတော့ တော်တေ်ာလည်း ရှုံးတယ်လို့ပဲ ဆရာက သတ်မှတ်တယ်။တိုင်းရင်းသားတွေလည်းရှုံးတယ်။ ပြည် ထောင်စုအတွက်လည်း အရှုံးပေါ်တယ်။ အလုပ်ချိန်ပင်ပန်းပြီးတော့ ငွေကုန်ပြီးတော့ ဘာမှလည်း မထူးလာဘူး လို့ ဆရာက သုံးသပ်တယ်။ ပြည်သူတွေက ပိုရှုံးတာပေါ့။ ”လို့ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြင်ဆင်နိုင်ဖို့အတွက် လက်ရှိပြုလုပ်နေတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ကာလအတွင်းမှာ ပြီးမြောက်အောင်မြင်နိုင်မလား ဆိုတာနဲ့ပတ်သက်ပြီးတော့လည်း ဦးဝေစိန်အောင်က”ဒီ ငါးနှစ်အတွင်းတော့ ထူးလာစရာမရှိတော့ဘူး။ နောက် တတိယလွှတ်တော်သက်တမ်းမှာတော့ တပ်မ တော်နဲ့ ညှိရမယ် အဓိကကတော့ တပ်မတော်ကလည်း လိုလိုချင်ချင်ဖြစ်လာအောင် အဲ့လို ညှိရမယ်။ နောက်ပြီး တော့ ပြည်သူတွေလည်း သိကြပါပြီ တစ်ပါတီတည်းကို မဲပုံထည့်ပြီးတော့ သူလုပ်ချင်ရာလုပ်တယ်။ ညှိလို့မရ ဘူးဆိုတာ သိသွားပြီ။ အဲ့ဒီတော့ နောက်လွှတ်တော်သက်တမ်းမှာ ဟိုပါတီကလည်း မျှမျှတတရ၊ ဒီပါတီက လည်း မျှမျှတတရ။ တပ်မတော်နဲ့ ညှိလို့ရတဲ့အချိန်မှာတော့ အဲ့ဒါ ပြေလည်လာလိမ့်မယ်။ ”လို့ သုံးသပ်ပြောကြားခဲ့ပါသေးတယ်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ထဲမှာ မတ်လ၁၀ရက်နေ့ကစပြီး လျှို့ဝှက်မဲပေးတဲ့စနစ်နဲ့ မဲခွဲနေတာလည်းဖြစ်ပါတယ်။ဒီကနေ့မတ်လ၂၀ရက်နေ့အထိတော့ပုဒ်မ၊ပုဒ်မခွဲပေါင်း ၁၃၅ခုကို မဲခွဲခဲ့ရာမှာ ပုဒ်မ၄ခုသာပြင်ဆင်ဖို့အတွက်သတ်မှတ် ဆန္ဒမဲအရေအတွက် ရာခိုင်နှုန်း ပြည့် မီခဲ့ တာလည်းဖြစ်ပါတယ်။



The Mog Nation Wiki

Leave a comment