အစ္စလာမ်ဘာသာဝင်များ၏ တကီယာ (Taqiyyah)

(The Mog Nation Wiki, an archive)


မွတ်စလင်(အစ္စလာမ်ဘာသာဝင်)များနဲ့ မွတ်စလင်မဟုတ်တဲ့ ပညာရှိတွေက တရားဆွေးနွေးလို့ မရပါဘူး။ တကီယာကြောင့်ပါ။

*ရှီအဟ်ဂိုဏ်းရော စွန္နီဂိုဏ်းရော တကီယာကို လက်ခံကြပါတယ်။ (စာအဆုံးမှာ ရှင်းပြထားပါတယ်။)

(ချက်ခ်နိုင်ငံမှာကျင်းပထားတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဦးဇင်းက ဗုဒ္ဓဘာသာအတွက် မေးခွန်းများ ဖြေပေးရလို့ ဒီမှာ ခံစားချက်တစ်ခု မျှဝေပေးချင်ပါတယ်။ ဘာသာရေးအားလုံးဟာ အတူတူ ငြိမ်းချမ်းစွာနေနိုင်အောင် ဖြေရှင်းချက် ရှာနေသေးတယ်။ စင်္ကာပူမှာ အတင်းအကြပ် ပုံစံတော့ သိပ် သဘာဝမကျဘူးလို့ ထင်မိပါတယ်။)

အစ္စလာမ်ဘာသာဝင်များနဲ့ ဆွေးနွေးရင်၊ တကယ်တော့ ဘယ်သူမဆိုနဲ့ ဆွေးနွေးရင် နှစ်ဖက်လုံးက အမှန်ပဲ ပြောရပါတယ်။ တစ်ဖက်က လိမ်လည်လှည့်စားရင် ဆွေးနွေးတာ အချည်းနှီးပါပဲ။

အစ္စလာမ်ဘာသာဝင်တွေလည်း လူကောင်းတွေ ဖြစ်နိုင်ပါတယ်။ အစ္စလာမ်ဘာသာဝင်တချို့က အင်မတန် ချစ်စရာကောင်းတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ သီရိလင်္ကာမှာ ဦးဇင်း နေခဲ့တုန်းက မွတ်စလင်ပညာရှင်တစ်ယောက်နဲ့ ခင်ပါတယ်။ သူက ဦးဇင်းကို ဒီလို ပြောတယ် – “အရှင်ဘုရား၊ တပည့်တော်မှာ သမီးပဲ ရှိပါတယ်၊ သား မရှိပါဘူး ဘုရား။ အရှင်ဘုရားကို သားအဖြစ် သတ်မှတ်လို့ ရလား ဘုရား။ အရှင်ဘုရားက မွတ်စလင် မဖြစ်ရင်လည်း ရပါတယ်။ အရှင်ဘုရားက လူထွက်ရင် တပည့်တော်က ကားလည်း ပေးချင်ပါတယ်၊ အိမ်လည်း ပေးချင်ပါတယ်တဲ့။” သူက ဦးဇင်းကို အမြဲတမ်း အင်မတန် ရိုးသားစွာ ပြောပါတယ်။ ဒါတွေ ပေးချင်ရင်လည်း ဦးဇင်းက လက်မခံနိုင်ပါဘူး။ အဖေလည်း ရှိပြီးသား၊ ကိုရင် (အဲ့ဒီတုန်းက ကိုရင်ဘဝပဲ ရှိပါသေးတယ်) အဖြစ်လည်း အိမ်၊ ကား ဘယ် လက်ခံမလဲ၊ လူလည်း မထွက်ချင်ပါဘူး။ အိမ် ကား အတွက် သာသနာ့ဘောင် မဝင်ခဲ့ပါဘူး၊ ရဟန္တာမဂ်၊ဖိုလ် ရောက်ရအောင် သာသနာ့ဘောင် ဝင်ခဲ့ပါတယ်လို့ ရှင်းပြခဲ့ပါတယ်။

နောက်မှ ဦးဇင်းက အစ္စလာမ်ဘာသာနဲ့ပတ်သက်ပြီး စာစီစာကုံး ရေးလိုက်တော့ သူ့ဇနီးက ဖတ်ဖြစ်ပါတယ်။ စာစီစာကုံးမှာ ကိုရန်ကျမ်းမှာ အဆင်မပြေနိုင်တဲ့ ကိစ္စတွေ ခံစားချက် အကြီးနဲ့ (ဒဿနိကပြဿနာကို စာဖတ်သူ သေချာ ခံစားနိုင်အောင်) ရှင်းပြထားတော့ ဇနီးလေးက ခင်ပွန်းနဲ့ ဦးဇင်းရဲ့ ဆက်ဆံရေးကို တားမြစ်လိုက်ပါတယ်။ ဇနီးလေးက ခင်ပွန်းကို ဘာမိန့်ထားလဲဆိုတော့ “အစ္စလာမ်ဘာသာမှာ မကြိုက်တာရှိရင် ထားပါတော့၊ ဒါပေမဲ့ အစ္စလာမ်ဘာသာကို ပြောင်လှောင်နေရင် အဆင်မပြေဘူး”တဲ့။ (ဦးဇင်းမှာတော့ ပြောင်လှောင်ချင်စိတ် မရှိခဲ့ပါဘူး…)

ရပါတယ်၊ ဦးဇင်းရဲ့ နားလည်သဘောပေါက်မှုကို မချေပနိုင်ဘူးဆိုရင် ဦးဇင်း လက်ခံပါတယ်။ ခင်ပွန်းက ဇနီးလေးကို နားထောင်တဲ့ပုံတော့ ဦးဇင်း အံ့သြခဲ့ပါတယ်။ တကယ်တော့ အစ္စလာမ်ဘာသာမှာ ဇနီးက ကလေးမွေးရင် အတော် စွမ်းပါတယ်။ ပညာရှင်ကြီးကတောင် ဇနီးရဲ့အမိန့်နဲ့ အညီ နေရပါတယ်…

တချို့ အစ္စလာမ်ဘာသာဝင်တွေက အားကိုးစရာ ကောင်းပါတယ်။ ကြားဖူးတာက ရခိုင်ပြည်နယ်မှာ အစ္စလာမ်ဘာသာဝင်တချို့က ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမှာ ဆွမ်းတောင် လှူခဲ့ကြပါတယ်တဲ့။ ဒါပေမဲ့ ကိုရန်ကျမ်းအတိုင်း ပြောမယ်ဆိုရင် မွတ်စလင်မဟုတ်တဲ့ ပုဂ္ဂိုလ်ကို ချစ်ခင်ခြင်း၊ ညီညီမျှမျှ ချမ်းသာခြင်း၊ ရိုးသားစွာ ဆက်ဆံခြင်း အတွက် သိပ် အကိုးအကား မတွေ့ရပါဘူး။ အစ္စလာမ်ဘာသာမှာ တကီယာ ဆိုတဲ့ ခွင့်ပြုချက် ရှိပါတယ်။ တကီယာ ဆိုတဲ့ ခွင့်ပြုချက်ကြောင့် အစ္စလာမ်ဘာသာဝင်များက မိမိ ဘာသာရေးဖြစ်စေ နိုင်ငံအတွက်ဖြစ်စေ စိုးရိမ်ရင် လိမ်လည်၊ လှည့်စားမှု(ဥပါယ်တံမျဉ်)ကို အသုံးပြုလို့ရပါတယ်။ အဲ့လို မသုံးရင်လည်း ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ မသုံးအောင် ဘာမှ တားမြစ်ချက် မရှိပါဘူး။ ဒါကြောင့် အစ္စလာမ်ဘာသာဝင်များနဲ့ ဆွေးနွေးတာ အင်မတန် ခက်ခဲပါတယ်။ ဗုဒ္ဓဘာသာမှာ လိမ်လည်၊ လှည့်စားမှု ဘယ်လိုမှ ခွင့်မပြုထားလို့ မွတ်စလင်များနဲ့ ဆွေးနွေးရမယ်ဆို မတရားပါဘူး။

ဒါကြောင့် မွတ်စလင်များနဲ့ ဗုဒ္ဓဘာသာအကြောင်း၊ အစ္စလာမ်ဘာသာအကြောင်းများကို တစ်ခါမှ မဆွေးနွေးလိုပါဘူး။ သူတို့ ပြောသမျှ အစ္စလာမ်ဘာသာအကြောင်း စသည်ကို မယုံကြည်ရလို့ အန္တရာယ် များပါတယ်။

အစ္စလာမ်ဘာသာဝင်တစ်ယောက်က ဘာသာရေး/နိုင်ငံရေး ပြောမယ်ဆိုရင် တကီယာ အသုံးပြုမလား / ပြောခဲ့တဲ့ဟာအတွက် တကီယာ အသုံးပြုခဲ့လား လို့မေးရင်တောင် အဖြေမှန်ရဖို့ မသေချာပါဘူး၊ ဦးဇင်း မေးပြီး သူက လိမ်ညာပြီး ဖြေလို့ ရပါတယ်။ တကီယာကို မသုံးဘူးလို့ ပြောကြရင်လည်း စိတ်မချနိုင်ပါဘူး။

တကီယာအကြောင်းကို မွတ်စလင်တွေနဲ့ မွတ်စလင်ပညာရှင်တို့မှလွဲပြီး ရိုးရိုးလူများ မသိကြပါဘူး။ ပရိသတ်က လက်မခံဘူးဆိုရင် ပထမ ကိုရန်လေ့လာပါ – ကိုရန်ကျမ်း ၁၆း၁၀၆၊ ၃း၂၈၊ ၆၆း၂၊ ၃း၅၄ မှာ တကီယာအကြောင်းကို လေ့လာနိုင်ပါတယ်။ (ကျမ်းကို “ကိုရန်” လို့ စာလုံးပေါင်းရတာ ဦးဇင်း သဘောမကျဘူး နော်။ “ကိုရာန်” လို့ ပြောင်းကြရင် ပိုကောင်းပါတယ် ထင်ပါတယ်။)

နိဂုံးအနေနဲ့ ကိုရန်ကျမ်းမှ တကီယာ ဆိုတာကို ပယ်ဖျက်ရင် ကမ္ဘာ့ငြိမ်းချမ်းရေး လုပ်တာ ပိုလွယ်ပါတယ် နော်။

တကီယကို အဓိက ရှီအဟ် အစ္စလာမ်ဂိုဏ်းမှာ တွေ့ရပါတယ်။ ကမ္ဘာမှာ ရှီအဟ်အစ္စလာမ်ဘာသာဝင်များ ပေါင်း သန်း ၁၅၀ ကျော် ရှိပါတယ်။

“This practice is emphasized in Shia Islam whereby adherents are permitted to conceal their religion when under threat of persecution or compulsion.[3][8] The practice is much less prominent in Sunni Islam, but may be permitted under certain circumstances such as threats to life (though martyrdom in such instances is still regarded as more honourable).[9]”

( https://en.wikipedia.org/wiki/Taqiya#cite_note-STROT-9 )

ဒါပေမဲ့ စွန္နီ အစ္စလာမ်ဂိုဏ်းမှာလည်း တကီယာကို (အရေးကြီးတဲ့ ကိစ္စမှာ) လိုက်နာကြပါတယ်။ စွန္နီအစ္စလာမ်ဘာသာဝင်များ ပေါင်း သန်း ၁၅၀၀ ရှိပါတယ်။

“Taqiyyah – as an idea or concession to be used in extreme circumstances, on a temporary basis – is known to Ahl as-Sunnah, but it is different from the taqiyyah practised by the Raafidis in both general and specific terms. According to Ahl as-Sunnah, it is something to be resorted to when one has no other choice, and it is an extraordinary measure to be used only in times of extreme necessity. “

( – https://islamqa.info/en/answers/178975/what-is-taqiyyah – )

ဆရာတော်၊ ဆရာလေး၊ ဒကာ၊ ဒကာမများ အားလုံး

ကျန်းမာချမ်းသာကြပါစေ။

ချက်ခ် အရှင် သရဏ

~ Ashin Sarana



The Mog Nation Wiki
Kyaw Zaw Oo

Leave a comment