(The Mog Nation Wiki, an archive)
မြန်မာ့အခြေအနေကို အမေရိကန် နားမလည်၍ တပ်ချုပ်အပါအ၀င် စစ်ဘက်ခေါင်းဆောင် ၄ ဦးကို ပိတ်ဆို့ အရေးယူဟု NLD ပြော
ရန်ကုန်၊ ဇူလိုင် ၁၇
အမေရိကန်အစိုးရက တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအ၀င် စစ်ဘက်ခေါင်းဆောင် ၄ ဦး ကို ပိတ်ဆို့ အရေးယူမှုသည် မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို နားမလည်၍ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
“နိ်ုင်ငံရေးအရကတော့ အပြည်ပြည်ဆိုင်ရာမှာ ရခိုင်အရေး နှင့် ပတ်သက်ပြီး ဖိအားပေးတာ သူတို့ရဲ့ ရပ်တည်ချက်ပါ။ ကျနော်တို့ ပြည်တွင်းမှာ ထူးခြားတဲ့ဖြစ်စဉ် ဖြစ်မယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး။ ကျနော်တို့နိုင်ငံရဲ့ ပကတိအခြေအနေကို နိုင်ငံတကာက နားလည်သဘောပေါက်မှု နည်းတာတဲ့အတွက် ဒီလိုအရေးယူမှုတွေ ဖြစ်လာတယ်လို့ ကျနော်တို့ ပြောချင်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ရခိုင်တွင် မွတ်စလင်များအပေါ် ဥပဒေမဲ့ သတ်ဖြတ်မှု အပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုး၀င်း၊ ဗိုလ်ချုပ်သန်းဦးနှင့် ဗိုလ်ချုပ်အောင်အောင်တို့ကို အမေရိကန်က ပိတ်ဆို့ အရေးယူလိုက်သည်။
အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက လူ့အခွင့်အရေး ချိုးဖောက် မှုများအတွက် ဇူလိုင်လ ၁၆ ရက်နေ့က ဒဏ်ခတ်ပိတ်ဆို့မှု တစ်ရပ် ပြုလုပ်လိုက်ပြီး ယင်းဒဏ်ခတ်အရေးယူခံရသူများတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ် သန်းဦးနဲ့ ဗိုလ်ချုပ်အောင်အောင်တို့နှင့် ၎င်းတို့၏ မိသားစု၀င်များဖြစ်ကြောင်း သိရှိရသည်။
ဒေါက်တာမျိုးညွှန့်ကမူ လက်ရှိ NLD အစိုးရအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုင်တွယ်နေ ကြောင်း ပြောဆိုသည်။
“လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပတ်သက်ပြီး ကျနော်တို့က လွတ်လွတ်လပ်လပ် ကျနေ်ာတို့ဆီမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ တွေ ဖွဲ့စည်းပြီး စစ်ဆေးနေပါတယ်။ စွပ်စွဲတိုင်း ကျနော်တို့ မှန်တယ်လို့ ပြောလို မရပါဘူး ။ ကျနော်တို့ လွတ်လပ်စွာ စုံစမ်းစစ်ဆေးပြီး တစ်စုံတစ်ရာ အစီရင်ခံစာ ပေါ်ပေါက်လာမှာ ပေါ်ပေါက်ချက်အရ ဆုံးဖြတ်မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးညွှန့်က ဆိုသည်။
အမေရိကန်အစိုးရက မြန်မာစစ်တပ်ခေါင်းဆောင် ၄ ဦးကို အရေးယူရာတွင် အင်းဒင်ကျေးရွာလူသတ်မှုအတွက် တာ၀န်ရှိသော စစ်ဘက်တာ၀န်ရှိသူများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမိန့်ဖြင့် ပြန်လွှတ်ပေးမှုသည် တပ်မတော်က ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်များတွင် တစ်ခု အပါအ၀င် ဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ အမေရိကန်၏ အရေးယူမှုသည် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်ကြောင်း မီဒီယာများသို့ ထုတ်ပြန် ပြောဆိုသည်။
Photo Credit- MOI

End Notes and External links
- source: Khit thit media
The Mog Nation Wiki
Kyaw Zaw Oo
- Kyaw Zaw Oo’s Blog
- Kyaw Zaw Oo | Facebook
- ကျော်ဇောဦး | Facebook
- Kyaw Zaw Oo | Twitter

