၂၀၁၈ မြောက်ဦးလူသတ်ပွဲ ဖြစ်ရပ်မှန်အား ဖော်ထုတ်တင်ပြခြင်း / Mraukoo Massacre Documentary

မြောက်ဦးဆန္ဒပြပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့ကာ ဒဏ်ရာရသွားပြီးနောက် ဆေးရုံ၌ ကုသမှုခံယူနေစဉ် အမှုဖွင့်ခံရရာမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သူ လူငယ်တစ်ဦး၏ ထွက်ဆိုချက် –

၂၀၁၈ ဇွန်နဝါရီလ (၁၆) ရက်နေ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ လုံခြုံရေးတပ်ဖွဲ့ရဲ့လက်ချက်နဲ့ အရပ်သား ခုနစ်ဦး ရက်ရက်စက်စက် အသတ်ခံသေဆုံးခဲ့ကြရပါတယ်။

ရဲတွေဟာ ဆန္ဒပြနေတဲ့ လူအုပ်ထဲကို ဘာမှ သတိပေးခြင်းမရှိဘဲနဲ့ ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့တဲ့အပြင် ဒဏ်ရာနဲ့ လဲနေတဲ့ သူတွေကိုလည်း သေနတ်ဒင်နဲ့ ထုထောင်းရိုက်နှုက် တက်နင်းကန်ကျောက်ကြတဲ့အတွက် အပြစ်မဲ့ လူ ခုနစ်ဦး သေဆုံးခဲ့ရပါတယ်။

တရားလက်လွတ်ပြုမှုတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပစ်မိန့်ပေးသူတွေကို အာဏာပိုင်တွေက အရေးယူ ဆောင်ရွက်ခြင်း ဘာတစ်ခုမှ မရှိပါဘူး။ ဒါတင်မကဘဲ ကျည်ဆံထိမှန် ဒဏ်ရာရလို့ ဆေးရုံတက်ရောက် ကုသမှုခံယူ (၁၂) ဦးကို မတရား ဖမ်းဆီးချုပ်နှောင်တဲ့အတွက် အဲဒီအထဲက ရှစ်ဦးဟာ စစ်တွေထောင်မှာ ချုပ်နှောင်ခံနေရပြီး တရားစွဲဆိုခြင်း ခံထားရပါတယ်။ ကျန်လေးဦးကတော့ ဆေးရုံကနေ ထွက်ပြေး လွတ်မြောက် နိုင်ခဲ့ပါတယ်။

ထွက်ပြေးနိုင်ခဲ့တဲ့ ဒဏ်ရာရ မျက်မြင်သက်သေတစ်ဦး ဖြစ်တဲ့ မောင်အောင်နိုင်က ပြောပြရာမှာ . . . သေဆုံးသူ အများစုဟာ ဒဏ်ရာရ လဲကျနေစဉ်မှာ ရဲတွေရဲ့ ထုထောင်းရိုက်နှုက်မှုကြောင့် သေဆုံးရတာ ဖြစ်ကြောင်း . . . နိုင်ငံတော်အလံကို ဖြုတ်ချပြီး ရခိုင်အလံတင်တယ် ဆိုတာ မဟုတ်မှန်ကြောင်း . . . ဆန္ဒပြသူတွေက ရဲတွေဆီကနေ သေနတ်လုယူခြင်း လုံးဝမရှိခဲ့ဘဲ အဲသည် စွပ်စွဲမှုဟာ လိမ်လည်ခြင်းသာဖြစ်ကြောင်း . . . အစိုးရဘက်ကပြောသလို ရဲတပ်ဖွဲ့ဝင် တစ်ဦးတလေတောင်မှ ဒဏ်ရာရခဲ့တာ မရှိကြောင်း . . . ပြောကြားပါတယ်။

ဒါ့အပြင် ကျည်အစစ်နဲ့ ပစ်ခတ်မှုမလုပ်ခင်မှာ ရဲတွေဆီက သတိပေးမှု တစ်ခုခုပေးခဲ့တာမျိုး လုံးဝမရှိခဲ့ဘူးလို့ သိရပါတယ်။ ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရသူ မြောက်ဦးမြို့နယ် ဆင်ချဆိပ်ရွာသား မောင်အောင်နိုင်ရဲ့ ပြောကြားချက်ကို ဆက်လက်နားဆင်ကြပါ။

===

cloud (1) at wave.video

cloud (2) at Google drive

cloud (3) at Youtube


cloud (1) at wave.drive

cloud (2) at Google Drive

https://drive.google.com/file/d/1M6wV-t0Jk1UtC0-gXzYQW9bTnT7xTskR/view?usp=sharing


cloud (3) at Youtube



Leave a comment