သီတာထွေးထိုးတဲ့ ခေါင်းလောင်းသံကို ဘယ်နှနှစ်ကြာကြာ မမေ့ဖို့ လိုတယ်

**********************************

[ Unicode ]

သီတာထွေးထိုးတဲ့ ခေါင်းလောင်းသံကို ဘယ်နှနှစ်ကြာကြာ မမေ့ဖို့ လိုတယ်

ကျော်ဇောဦး
(၂၈-၀၅-၂၀၁၆)

မသီတာထွေး အသတ်ခံရတာ ဒီကနေ့ လေးနှစ်ပြည့်ပါတယ်။

ပြီးခဲ့တဲ့ လေးနှစ်က ၂၀၁၂-ခုနှစ် မေလ (၂၈) ရက်နေ့ ညနေငါးနာရီလောက်မှာ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်ကျေးရွာသူ အသက် (၂၆) နှစ် အရွယ် ရခိုင်အမျိုးသမီးငယ် မသီတာထွေးဟာ စက်ချုပ်သွားသင်တဲ့ ကျောက်နီမော်ကျေးရွာကနေ မိမိနေထိုင်ရာ သပြေချောင်ကျေးရွာသို့ လမ်းလျှောက်ပြန်လာခဲ့တယ်။ အရင်နေ့တွေက အဖော်တွေပါနေကျပေမယ့် အဲသည်နေ့ အပြန်ဖော်မရှိလို့ တစ်ယောက်တည်းပြန်လာခဲ့ရာမှာ လူခြေပြတ်ရာ ပြန်လမ်းမှာ ရှိနေတဲ့ မူဆလင်လူငယ်သုံးဦးရဲ့ လုယက်မုဒိမ်းကျင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။

နောက်တစ်နေ့ (၂၉-၀၅-၂၀၁၂) ရက်နေ့ မနက်ကိုးနာရီကျတော့မှ ဓါးဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မသီတာထွေးရဲ့အလောင်းကို ချောင်းဝရွာနှင့် ကျောက်ထရံ ရွာကြား ပရဟိတကျောင်း အနောက်ဖက်က ကာရီဆည်ဘောင် အဟောင်းပေါ်မှာ တွေ့ကြရတယ်။

မသီတာထွေးကို မူဆလင်တွေ မုဒိမ်းကျင့်သတ်ဖြတ်တာကို ကြားသိရပြီးတဲ့နောက်မှာ တောင်ကုတ်မှာ မူဆလင်ဘာသာဝင်အချို့သတ်ဖြတ်ခံရမှုဖြစ်ပွားတယ်။ ဒီနောက် ရက်များမကြာခင် ဘင်္ဂါလီမူဆလင်တွေ ကြီးစိုးတဲ့ မောင်တောနယ်မှာ အချိန်ကိုက် ဆူပူမှုတွေဖြစ်တယ်။ သူတို့ချိန်ကိုက်ထားတဲ့အချိန်မှာ ရခိုင်၊ ဗမာ တိုင်းရင်းသားရွာတွေကို မောင်တော်နယ်မှာ တိုက်ခိုက်သတ်ဖြတ်တယ်။

ဘင်္ဂါလီ (၄၀) ရာနှုန်း ရခိုုင်နဲ့အခြားမျိုးနွယ်စုတွေက (၆၀) ရာနှုန်းလောက်ရှိတဲ့ စစ်တွေမြို့မှာလည်း ဘင်္ဂါလီကုလားရွာတွေကြားမှာ ရှိနေတဲ့ မှန်စီ သချႍုင်းကို အသုဘလိုက်ပို့ကြတဲ့ ရခိုင်အသုဘယဉ်တန်းကို ဘင်္ဂါလီတွေက အကြောင်းမဲ့ ကျောက်ခဲနဲ့ပစ်ခတ်တိုက်ခိုက်ကြရာကနေ ဘင်္ဂါလီတွေကတစ်ဖက် ရခိုင်၊ မရမာကြီး၊ ဟိန္ဒူတွေက တစ်ဖက် အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားတယ်။ ပဋိပက္ခမီးဟာ ရခိုင်ပြည်အနှံ့ ကူးစက် လောင်ကျွမ်းတယ်။

လူတွေ သေကြတယ်။ အိမ်တွေ မီးလောင်တယ်။ အိုးမဲ့အိမ်မဲ့တွေ ဖြစ်ကြရတယ်။

အဲဒီ ၂၀၁၂-ခုနှစ် ဘင်္ဂါလီဆူပူမှုမတိုင်မီ နှစ်ပေါင်း (၇၀) တိတိ အချိန်က ၁၉၄၂-ခုနှစ်မှာ ဆုတ်ခွာသူ ဗြိတိသျှတွေ ပေးထားခဲ့တဲ့ လက်နက်တွေကို စွဲကိုင်ထားတဲ့ V Force ရာဇပုတ် ကုလားစစ်သားတွေနဲ့ ပူးတွဲပြီးတော့ ဘင်္ဂါလီတွေဟာ ရခိုင်နဲ့ အခြားတိုင်းရင်းသားတွေကို လူမျိုးတုံးသတ်ဖြတ်တဲ့အတွက် အဲဒီ ၁၉၄၂-ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုမှာ ရခိုင်နဲ့အခြားတိုင်းရင်းသား အနည်းဆုံးသုံးသောင်းခန့် အသက် ဆုံးရှုံးခဲ့ကြ ရတယ်။ ဘူးသီးတောင် နဲ့ မောင်တော နှစ်မြို့နယ်အတွင်းက ရာချီတဲ့ တိုင်းရင်းသားကျေးရွာတွေ (နှစ်ရာခန့်) အစတုံး မီးရှို့ဖျက်ဆီးခြင်းခံရတယ်။ အဲဒီဖျက်ဆီးခံရတဲ့ တိုင်းရင်းသားရွာတွေမှာ ဘင်္ဂါလီမူဆလင်တွေ ဝင်ရောက်နေထိုင်ကြတဲ့အတွက် အကုန်လုံး ကုလားရွာတွေ ဖြစ်ကုန်တယ်။ အဲသည် ကျေးရွာတွေ ကုလားရွာတွေ ဖြစ်ကုန်တာ အဲဒီအချိန်ကနေ အခုထက်တိုင်ပါပဲ။ အဲဒီရွာတွေက ကုလားတွေ ယနေ့ထွန်ယက်စားသောက်နေကြတဲ့ လယ်တွေဟာလည်း တိုင်းရင်းသားပိုင်လယ်မြေတွေသာ ဖြစ်တယ်။

အသက်ဘေးက လွတ်မြောက်ခဲ့ကြသူတိုင်းရင်းသားတွေဟာ အဲဒီ ၁၉၄၂ လူမျိုးတုံးသတ်ဖြတ်မှုနောက်ပိုင်း အခြေအနေတွေကို အတန်အသင့် ပြန်လည် ထိန်းသိမ်းနိုင်လာတဲ့ကာလမှာ မိမိတို့ မိသားစုဝင် အမျိုးသမီးတွေကို ရှာပုံတော်ပြန်ဖွင့်ကြရတယ်။ ပျောက်ဆုံးသွားတဲ့ ယောကျင်္ားသားကြီးငယ်တွေကိုတော့ ကုလားတွေက အရှင်မထားတဲ့အတွက် ပြန်ရှာလို့တွေ့နိုင်စရာ အကြောင်းမရှိပါဘူး။ အင်အားသုံး၍ သော်လည်းကောင်း ရွေးငွေပေး၍သော်လည်းကောင်း တောင်းဆို၍သော်လည်းကောင်း နည်းလမ်းတစ်မျိုးမျိုးနဲ့ သော်လည်းကောင်း မိမိတို့ရဲ့ အစ်မ၊ ညီမ၊ ဇနီး၊ အမေ၊ အဒေါ် စသည်ဖြင့် ဘင်္ဂါလီတွေ လက်ထဲကနေ ပြန်လည် ရယူလာနိုင်ခဲ့တဲ့ ရခိုင်အမျိုးသမီး အရေအတွက်ဟာ အယောက် လေးရာကနေ ခြောက်ရာကြား ရှိတယ်။ (ပိုမိုတိကျတဲ့ ကိန်းကဏန်းကို ရလာတဲ့အခါ ဖြည့်စွက်ရေးသားပေးပါ့မယ်။) မိမိတို့ရဲ့ မိသားစုနဲ့ ဒီလိုမျိုး မဆုံဆည်းနိုင်ခင်မှာ ကျွန်ပြုခံနေခဲ့ရတဲ့ အဲသည် ရခိုင်အမျိုးသမီးတွေဟာ ဘင်္ဂါလီတွေလက်ထဲမှာ ဘယ်လို ခံစားခဲ့ရသလဲ နေ့စဉ်ဘဝတွေကို ဘယ်လိုဖြတ်သန်းခဲ့ရသလဲ ဆိုတာကို ပြန်ပြောကြမယ် ပြန်ရေးကြမယ်ဆိုရင် ရင်တွေ ဆို့နင့်စရာ မျက်ရည်တွေ ချောင်းစီးဖွယ်ရာ ဖြစ်ပါလိမ့်မယ်။

နောင်နှစ်ပေါင်း ခုနှစ်ဆယ်အကြာမှာ ရမ်းဗြဲသူ မသီတာထွေး တစ်ယောက် မုဒိမ်းကျင့်သတ်ဖြတ်ခံရပြီးနောက် တစ်တိုင်းပြည်လုံး ဆူပူမှုတွေဖြစ်လာတဲ့အခါ လူ့အဖွဲ့အစည်းတိုင်းမှာ ဖြစ်တတ်တဲ့ ရိုးရိုးရာဇဝတ်မှုတစ်ခုကို အကြောင်းပြုပြီး ဆူပူစေလိုသူတွေဖွတဲ့အတွက် မငြိမ်မသက်ဖြစ်ခဲ့ရတာဖြစ်ပါတယ် ဆိုတာမျိုး ပြောချင်ကြတဲ့ သူတွေရှိတယ်။

တကယ်တော့ မသီတာထွေးဖြစ်ရပ်ဟာ လတ်တလောအကြောင်းရင်းမျှသာဖြစ်တယ်။ အနာလုံးကြီးရဲ့ထိပ်က ပြည်ပေါက်ဝထိပ်က အစို့အညှောင့်ကလေးမျှသာဖြစ်တယ်။ အဲသည် အစို့အညှောင့်ကလေးအောက်မှာက အနာအုံကြီးရှိနေတယ်။ အရင်းအမြစ်အကြောင်းခံတွေရှိနေတယ်။ အဲသည် အစို့အညှောင့်ပွင့်ထွက်လာတဲ့အခါ အနာအုံပွင့်လာပြီး ပြည်ပုပ်အသားဆွေးတွေ ထွက်ကျလာပြီးတော့ သြော . . . အနာအုံကြီး ဖြစ်နေပါရောလား လို့ အများမြင်ရတာ ဖြစ်ပါတယ်။

မသီတာထွေးဖြစ်ရပ်မှာ မသီတာထွေး တစ်ယောက်ထဲကိုပဲ မြင်ရတာမဟုတ်ဘူး။ မသီတာထွေး ရဲ့ အပြစ်မဲ့ မျက်နှာဟာ ၁၉၄၂-ခုနှစ်မှာ လိင်ကျွန်အပြုခံခဲ့ရတဲ့ အယောက်ခြောက်ရာမကသော ရခိုင်အမျိုးသမီးတွေကို ကိုယ်စားပြုတယ်။ အဲဒီနှစ်ပေါင်း (၇၀) အကြားကာလမှာ ခိုးဝင်/တိုးပွားနေကြတဲ့ ဘင်္ဂါလီတွေရဲ့ မုဒိမ်းကျင့်ခြင်းခံခဲ့ကြရတဲ့ ရခိုင်အမျိုးသမီးတွေကို ကိုယ်စားပြုတယ်။ ဘင်္ဂါလီတွေရဲ့ မုဒိမ်းကျင့်မှုကို ခံရတဲ့ ဘူးသီးတောင်နယ်က ခမီးတိုင်းရင်းသူလေးကို ကိုယ်စားပြုတယ်။ စစ်တွေ-ပေါက်တောအကူး မြစ်အလယ်မှာ ဘင်္ဂါလီတံငါသည်တွေရဲ့ တိုက်ခိုက် မုဒိမ်းကျင့်သတ်ဖြတ်ခြင်းကို ခံလိုက်ရတဲ့ ရခိုင်အမျိုးသမီးတွေကို ကိုယ်စားပြုတယ်။ စစ်တွေမြို့နားက သံတော်လီကျေးရွာအနီး ဗျိုင်းဖြူရွာသွားလမ်းမှာ သံတော်လီကုလားတွေရဲ့ ဖမ်းဆီးမုဒိမ်းကျင့်မှုကို ခံလိုက်ရပြီး လူအများမသိအောင် ကြိတ်မှိတ်ငိုကြွေးခဲ့ရတဲ့ သီလရှင်ဆရာလေးကို ကိုယ်စားပြုတယ်။

အဲသည်ပြီးခဲ့တဲ့ အနှစ်(၇၀)ကြားကာလ အတွင်းမှာ စစ်တွေမြို့နာဇီရပ်ကွက်နံဘေး ချောင်းငယ်ကို ရပ်ခိုရာအဖြစ် အသုံးပြုကြတဲ့ မှောင်ခိုစက်လှေတွေဟာ ဘင်္ဂလာကိုအသွားမှာ သစ်လုံးတွေကို မှောင်ခိုတင်သွားပြီးတော့ အပြန်ကျရင် ဘင်္ဂလာဒေ့ရှ်က ကုလားတွေကို မှောင်ခို ခေါ်တင်လာတယ်။ နာဇီရပ်ကွက်အုပ်ချုပ်ရေးမှူးက ကုလားတစ်ယောက်ကို နာမည်ထည့်ပေးရင် ဘယ်ရွေ့ဘယ်မျှဆိုတဲ့စျေးနှုန်းနဲ့ ယာယီနေထိုင်ခွင့်ပုံစံတွေ ထုတ်ပေး တယ်။ နောက်နှစ်အနည်းငယ်ကြာလို့ အလုပ်အကိုင်အထိုင်ကျလာရင် ကမန်လူမျိုးဆိုပြီး မှတ်ပုံတင်ရအောင်လုပ်တယ်။ ကမန်မှတ်ပုံတင်ကိုင်ဆောင်ထားသူ (ဘင်္ဂါလီ)နှစ်ယောက်က ထောက်ခံရင် နောက်ထပ် ဘင်္ဂါလီတစ်ယောက်ကို ကမန်လူမျိုးမှတ်ပုံတင် တစ်ခုထုတ်ပေးတယ်။ ဒီလိုနည်းအားဖြင့် စစ်တွေကျွန်းအနောက်ပိုင်းက ကုလားဝင်ပေါက်တွေကို ထည့်မတွက်ပဲနဲ့ စစ်တွေမြို့နာဇီတစ်ရပ်ကွက်တည်းကိုတင် အရေအတွက်သိန်းကဏန်းနီးနီးသော ကုလားတွေဟာ ဝင်ပေါက်အဖြစ် အသုံးပြုသွားခဲ့တယ်။ အဲဒီဝင်ပေါက်ကနေ နောက်ရေပိုကြည်ရာ မြက်ပိုနုရာနေရာတွေကို ရွေ့ကြတယ်။ စစ်တွေဘက်က ကမန်အတု ဘင်္ဂါလီတွေ ဆက်ရွှေ့တဲ့နေရာတွေထဲက တစ်ခုကတော့ ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဖြစ်တယ်။

ဒီလိုနဲ့ နှစ်တွေရွေ့လျားလာတဲ့အခါ ယခင်က တိုက်ပုံဝတ်ပြီး ဗလီတက်သူတွေများတဲ့ ရခိုင်ပြည်နယ်ထဲက ကမန်လူမျိုး ဆိုသူတွေထဲမှာ အရှေ့အလယ်ပိုင်းဆန်ဆန် ဝတ်စားဆင်ယင်ပြီး ဗလီတက်သူတွေ ပိုပို များလာတယ်။ ဘာသာရေးဟောပြောမှုတွေဟာ အရင်ရှေးပိုင်းနှစ်တွေထက် ပိုပို ပြီး အခြေခံဝါဒီဆန်လာတယ်။ (ဒါကြောင့်မို့လို့ ပြီးခဲ့တဲ့လပိုင်းလောက်က စစ်တွေနဲ့ ပေါက်တောအကြား စက်လှေမှောက်သူတွေက သူတို့ကိုယ် သူတို့ ကမန်တွေပါလို့ မီဒီယာကို ပြောတယ်။ ဒါပေမဲ့ ကမန်အစစ်တွေရဲ့ နိုင်ငံရေးပါတီက အဲသည် လူတွေ ဟာ ကမန် မဟုတ်ပါဘူး လို့ ငြင်းတယ်။ ဒါဟာ လုပ်ကမန် ခေါ် ကမန်အတုတွေကြောင့် ဖြစ်နေရတဲ့ ပြဿနာ ဖြစ်ပါတယ်။)

အဲသည် ကျောက်နီမော် နဲ့ အရမ်းအဆက်အသွယ်များတဲ့ နယ်မြေတစ်ခုကတော့ သံတွဲမြို့ဖြစ်ပါတယ်။ အဲသည် သံတွဲမြို့ဟာလည်း မြန်မာပြည်မ နဲ့ ဒိုးလျှိုပေါက် သွားမှုလာမှု အဆက်အစပ်ရှိနေတာ ဖြစ်တယ်။ ဒီလိုနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းမှာ ရေခံမြေခံကောင်းတဲ့ ကုလားစီးကြောင်း အချက်အချာကျတဲ့ ကျောက်နီမော်နယ်မြေမှာ အစ္စလမ်ဘာသာရေး အဖွဲ့အစည်းတွေရဲ့ လည်ပတ်မှုဟာ နှစ်တွေနဲ့အမျှခိုင်မာ အားကောင်းလာခဲ့တယ်။ ကျောက်နီမော်က ဘာသာရေးကျောင်းတွေ၊ ဗလီတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေဟာ ဆော်ဒီအာရေဗီးယားနဲ့ အခြားအရှေ့အလယ်ပိုင်းနိုင်ငံတွေဆီက လျှို့ဝှက် အလှူငွေတွေအများကြီး စီးဝင်လာရာတွေ ဖြစ်လာခဲ့တယ်။ ကနဦးလက်ခံရသူ အကြီအကဲတွေက ကဲ့ယူစေဦး ခိုးစေဦး ဝှက်စေဦး ကျန်တာတွေလုပ်ဖို့အတွက်လည်း ငွေက အမြောက်အများ ကျန်သေးတယ် လို့ ဆိုကြတယ်။

အင်အားကောင်းလာတာနဲ့အမျှ နယ်ခံတွေကို အနိုင်ကျင့်တာ များသထက်များလာတဲ့ အချိန်မှာ မသီတာထွေး ထိုးတဲ့ အရေးပေါ် အချက်ပေး ခေါင်းလောင်းသံကို ကျွန်တော်တို့ကြားရတာဖြစ်ပါတယ်။ မသီတာထွေးက သွေးမြေအကျခံပြီး ထိုးလိုက်တဲ့ ခေါင်းလောင်းသံကို ရခိုင်တစ်ပြည်လုံးသာမက မြန်မာ တစ်နိုင်ငံလုံး ကြားလိုက်ရတယ်။
နှစ်တွေကြာပင်ကြာသော်ငြားလည်း ဒါကို ကျွန်တော်တို့ မမေ့ဖို့လိုပါတယ်။ မေ့သွားခဲ့ရင် ကျဆုံးလေပြီးသော အာဇာနည်တွေရဲ့ ကျေးဇူးသစ္စာကို မစောင့်သိရာရောက်တယ်။

၂၀၀၄-ခုနှစ် ဆူနာမီ ဖြစ်သွားတဲ့အခါ ပိုလီနေရှားကျွန်းငယ် တစ်ကျွန်းပေါ်က တစ်ကျွန်းသားလုံး (Moken မျိုးနွယ်စုလား ထင်မိတယ်)၊ အဲဒီကျွန်းသားတွေအကုန်လုံးဟာ ဆူနာမီဘေးက မသေဘဲ လွတ်မြောက်ခဲ့ကြတယ် လို့ ဆိုပါတယ်။ သူတို့မှာ အစဉ်အဆက် ပါးစပ်နဲ့ လက်ဆင့်ကမ်းခဲ့ကြတဲ့ ပုံပြင်တွေဖြစ်ရပ်တွေ ရှိတယ်။ အဲသည် ဒဏ္ဍာရီဆန်ဆန် ပြောစကားတွေ ပုံပြင်တွေထဲမှာ တစ်ကျွန်းလုံးကို ရေတံတိုင်းကြီးလွှမ်းမိုးမသွားခင် ဖြစ်ပုံပျက်ပုံတွေ ပါရှိတယ်။ ရေတံတိုင်းကြီးမလာခင် ကျွန်းပေါ်က ပိုးကောင်သံတွေ လုံးဝ တိတ်ဆိတ်သွားတာ၊ ပင်လယ်ပြင်ဟာ အများကြီးနောက်ဆုတ်သွားတာ စတာတွေဟာ ပုံပြင်တွေမှာပါတယ်။ ၂၀၀၄-ခုနှစ် ဆူနာမီလှိုင်း မရိုက်ခတ်ခင်မှာ အမြဲတမ်း တစ်ကျွန်းလုံး ဆူညံနေတဲ့ ပိုးကောင်သံ ပုစဉ်းရင်ကွဲသံတွေ တိတ်ဆိတ် သွားခဲ့တယ်။ ဒါကို သတိထားမိတဲ့ ကျွန်းသားတွေဟာ ကလေးလူကြီးမကျန် အကုန်လုံးကို ခေါ်ပြီး ကျွန်းလယ်က တောင်တွေပေါ်ကို တက်သွားကြတယ်။ ပြန်မဆင်းပဲနဲ့စောင့်နေခဲ့ကြတယ်။ သူတို့လုံခြုံရာကို ရောက်ပြီး အချိန်နာရီတွေ ကြာပြီးခါမှ ဆူနာမီလှိုင်း ဆိုက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ မိမိတို့မျိုးနွယ်စုရဲ့ သမိုင်းမတင်မီက အတွေ့အကြုံတွေကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး အသုံးချနိုင်ခဲ့တဲ့အတွက် ၂၀၀၄-ခုနှစ်မှာ မျိုးနွယ်စုကို ဆက်လက်ရှင်သန်စေနိုင်ခဲ့တယ်။ ထိုနည်းတူစွာ မသီတာထွေးထိုးတဲ့ ခေါင်းလောင်းသံဟာ ရခိုင်လူမျိုး မြန်မာလူမျိုးတွေအတွက် မမေ့မလျော့ နှစ်စဉ် လက်ဆင့်ကမ်းအပ်တဲ့ စုပေါင်းအတွေ့အကြုံ (collective experience) တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စုပေါင်းမှတ်ဉာဏ်ထဲမှာ ရှိကိုရှိနေရမယ့် စုပေါင်း အတွေ့အကြုံ တစ်ခု ဖြစ်ပါတယ်။

အေဒီ တစ်ရာစုဝန်းကျင်လောက်က ဗီယက်နမ် နယ်မြေကို ကျူးကျော်အုပ်ချုပ်ခဲ့တဲ့ တရုတ်တပ်တွေကို တိုက်ပွဲဝင်တော်လှန်ပြီး နောက်ဆုံးမှာ အသတ်ခံခဲ့ရတဲ့ ထရွန် ညီအစ်မနှစ်ဖော်တို့ရဲ့ အကြောင်းဟာ ဗီယက်နမ်လူမျိုးတွေရဲ့ ရင်ထဲအသည်းထဲက အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ဒါတွေကို သယ်ဆောင်ထားတဲ့ နှလုံးသားများအားဖြင့် ဗီယက်နမ်လူမျိုးဟာ ပြင်သစ်ကိုတော်လှန်နိုင်ခဲ့တယ်။ အမေရိကန်ကို တွန်းလှန်နိုင်ခဲ့ကြတယ်။ ကမ္ဘာစစ်ကြီးအပြီး ကျူးကျော်တဲ့ မော်ဝါဒီ တရုတ်နီတပ်တွေကို တွန်းလှန်နိုင်ခဲ့ကြတယ်။ ထရွန်နှစ်ဖော်ကို မမေ့ခြင်းဟာ ဗီယက်နမ်နိုင်ငံကို တည်တံ့စေတဲ့ ဗီယက်နမ် အမျိုးသားရေးဝါဒ ရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်တယ်။ ထရွန်နှစ်ဖော်ကို မမေ့ကြသလို မသီတာထွေးကိုလည်း ကျွန်တော်တို့ မမေ့ဖို့ လိုအပ်တယ်။

ပရိနိဗ္ဗာန်မစံခင်မှာ အရှင်မောဂ္ဂလန်ဟာ ခိုးသူတွေရဲ့ ရိုက်နှက်ထုထောင်းမှုကို ခံခဲ့ရတယ်။ ဂျုန်းအော့ဖ်အာ့ခ် ဟာ ရန်သူတွေက ကားစင်တင် သတ်ဖြတ်တာကို ခံခဲ့ရတယ်။ ယေရှုဟာလည်း သူသတ်တွေက ကားစင်တင်လို့ သတ်တာကို ခံခဲ့ရသူ ဖြစ်တယ်။ သျှင်ငယ်မြဝါဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် မိမိရဲ့ အသက်သွေးကို စတေးခဲ့သူအဖြစ် ရခိုင်တွေက အစဉ်အလာစကားတွေအရ သိကြတယ်။ သမိုင်းတစ်ကွေ့မှာ မလွဲမရှောင်သာ သွေးမြေကျ အသတ်ခံရလေတိုင်း သူတို့ဟာ ရှုံးနိမ့်သူတွေ မဟုတ်ကြပါဘူး။ သူတို့ရဲ့ သွေးမြေကျသော ပုံရိပ်များအားဖြင့် အမှန်တရားကို အနိုင်ဘက်ကို ရောက်စေအောင် အလှည့်အကွေ့ ဖြစ်စေခဲ့သူတွေရှိတယ်။

မသီတာထွေး သွေးမြေကျခဲ့ရတဲ့ အကြောင်းကို ကျွန်တော်တို့ ဘယ်တော့မှ မေ့ပျောက်ကြမှာ မဟုတ်ပါဘူး။

ကျော်ဇောဦး
၂၀၁၆-ခုနှစ် မေလ (၂၈) ရက်

Leave a comment