၁၉၄၂-ခုနှစ် ကုလား-ရခိုင် အဓိကရုန်းတွင် BIA ဗိုလ်ရန်အောင် ၏ အခန်းကဏ္ဍ

(The Mog Nation Wiki, an archive)


၁၉၄၂-ခုနှစ် ကုလား-ရခိုင် အဓိကရုန်းတွင် BIA ဗိုလ်ရန်အောင် ၏ အခန်းကဏ္ဍ

written by: ခိုင်ထူး (ရခိုင်မျိုးစောင့်အုပ်စု)

၁၉၄၂-ခုနှစ် ကုလား-ရခိုင် အဓိကရုန်းတွင် BIA မှ ဗိုလ်ရန်အောင် (ရဲဘော်သုံးကျိပ်၀င်) ပါ၀င်ပတ်သက်ခဲ့သော သမိုင်းမှန်ကို လက်ရှိရခိုင်ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းရေးအတွက်သင်္ခန်းစာယူနိုင်ရန် တင်ပြထားပါသည်။

(က) ဆူပူမှုလား?၊ ခုခံမှုလား?

ကုလား-ရခိုင် အဓိကရုန်းကို အမြစ်ပြတ်ဖြေရှင်းရန် BIA ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်က အစွမ်းကုန် ကြိုးစားကြသည်။

အဓိကရုန်းတွင် ခေါင်းဆောင်ခဲ့သော ရခိုင်အမျိုးသား ဦးသိန်းကျော်အောင်နှင့် ဦးကျော်ယတို့အား မင်းပြားမြို့၌ ဖမ်းဆီးလိုက်သည်။ ရခိုင်နိုင်ငံရေးခေါင်းဆောင် ဦးဘုံပေါက်သာကျော်တို့က တောင်းပန်ညှိနှိုင်း၍ အသက်ချမ်းသာပေးခဲ့သည်။

မြို့ဟောင်းမြို့ (မြောက်ဦးမြို့)သို့ ရောက်သောအခါ ဆွေးနွေးညှိနှိုင်းရန်ရှိသဖြင့် မြောက်ဦးမြို့သို့ လိုက်လာခဲ့ရန် ဖိတ်ကြားချက်အရ ဦးထွန်းလှအောင်က လာတွေ့သည်။

မြောက်ဦးမြို့ နန်းရာကုန်းပေါ်ရှိ BIA စခန်းတွင် ဦးထွန်းလှအောင်ကို ခေါ်ထားသည်မှာ သုံးရက်ရှိပြီ။ ဤရက်များအတွင်း မြောက်ဦးမြို့နယ်တခုလုံး ကျေးရွာများသို့ မောင်းခတ်၍ကြေငြာသည်။ BIA ခေါင်းဆောင် ဗိုလ်ရန်အောင် (ရဲဘော်သုံးကျိပ်၀င်) တရားဟောမည်ဖြစ်၍ တအိမ်တစ်ယောက်ကျ မလာမနေရ မြို့ဟောင်းမြို့ ဘောလုံးကွင်းသို့ လာရမည်ဖြစ်ကြောင်း။

ဘောလုံးကွင်းတွင် စုဝေးရောက်ရှိနေသော လူထုပရိသတ်ကြီးက ဗိုလ်ရန်အောင် ဆင်းလာနိုးနှင့် နန်းတော်ကုန်း၏ တောင်ဘက်လှေကားကို တမျှော်မျှော် ကြည့်နေကြသည်။

မမျှော်လင့်သောမြင်ကွင်း ပေါ်လာသောအခါ ပရိသတ်တခုလုံး “ဟင်” “ဟယ်”ဖြစ်သွားပြီး ပထမ အံ့သြတကြီး ငေးကြည့်နေကြသည်။ နောက်သတိ၀င်လာသောအခါ ထပြန်ရန်ကြိုးစားကြသည်။ တဦးတယောက်မျှ ပြန်သွား၍ မရနိုင်တော့၊ စစ်သားများက ထွက်ပေါက်အားလုံးကို ပိတ်ထားကြပြီ၊ ပရိသတ်ကို သေနတ်ဖြင့် ချိန်ရွယ်၍ ငြိမ်ငြိမ်ထိုင်နေရန် ညွှန်ကြားသည်။

နောက်ပြန်ကြိုးတုပ်၍ ခေါ်လာသော ဦးထွန်းလှအောင်ကို ကားစင်တင်လိုက်ကြသည်။ ဗိုလ်ရန်အောင်၏ မိန့်ခွန်းမှာ တိုတိုတုတ်တုတ်။ အင်္ဂလိပ်အဆုတ်၊ ဂျပန်အတက်၊ အုပ်ချုပ်ရေးကင်းမဲ့နေချိန် ကုလား-ရခိုင် လူမျိုးရေးအဓိကရုန်းကိုဖန်တီး၍ ဆိုးသွမ်းခဲ့သူ ဦးထွန်းလှအောင်အား စံနမူနာပြသည့်အနေဖြင့် လူထုရှေ့တွင်ပင် သတ်ဖြတ်မည်။ လူမျိုးရေးအဓိကရုန်းကို ဖန်တီးတိုက်ခိုက်သူများ ဦးထွန်းလှအောင်ကဲ့သို့ သေရမည်ဖြစ်ကြောင်း။

ဦးထွန်းလှအောင်ကို နောက်ဆုံးအခွင့်အရေးပေးသည့်အနေဖြင့် တောင်းဆိုခွင့်ပေးရာ၊ ဘုန်းကြီးတပါးကို အလှူအဒါန်းပြုလုပ်လိုကြောင်းနှင့် ရခိုင်လူထုကို တရား တနာရီဟောခွင့်ပြုရန် တောင်းဆိုသည်။ ဗိုလ်ရန်အောင်က ခွင့်ပြုလိုက်သည်။

အနီးဆုံး ဘုန်းကြီးကျောင်းတကျောင်းမှ ဆရာတော်တပါးအား ပင့်လာကြသည်။ ခါးတွင်လိပ်၍ ယူဆောင်လာသော ပိုက်ဆံအနည်းငယ်ကို စစ်သားများအား ဦးထွန်းလှအောင်က ထုတ်ယူစေပြီး ဆရာတော်အား ကပ်လိုက်သည်။

ငယ်စဉ်ကပင် အလှူရေစက် လက်နှင့်မကွာ ကြီးစွာပြုကျင့် နေထိုင်လာခဲ့ပါသည်။ ယခုအလှူသည် တပည့်တော်၏ နောက်ဆုံးအလှူဖြစ်ခြင်းကြောင့် နည်းပါးသော်လည်း လက်ခံတော်မူပါဘုရားဟု လက်အုပ်ချီ မကန်တော့နိုင်သော်လည်း ပါးစပ်ဖြင့် ကန်တော့လိုက်သည်။

ပြီးသည်နှင့် တရားစဟောတော့သည်။ ရခိုင်လူမျိုးတို့၏ ကြီးကျယ်မြင့်မြတ်ခဲ့သော သမိုင်းကို အတိုချုပ် ဟောပြောသည်။ ကုလား-ရခိုင်အဓိကရုန်း ဖြစ်ပေါ်လာပုံ၊ ယိုင်သည်ရွာစျေးရှိ မိမိနှင့်ရခိုင်များ စုဖွဲ့၍ ရောင်းချနေသော အသင်းပိုင်ဆိုင်ခန်းကို ကုလားများက ဝါဦးလပြည့်နေ့ ဥပုဒ်လာစောင့်နေကြသော အချိန်တွင် ဆိုင်ကိုဖေါက်၀င်၍ ဆိုင်ရှိပစ္စည်းများကို ဖျက်ဆီးပြခြင်းဖြင့် ရခိုင်များကို ရန်စလာပုံ၊ ယိုင်သည်ကုလားရွာတွင် အင်္ဂလိပ်စစ်တပ်မှ နောက်ချန်တပ်သား ရာဂျပုတ် ကုလားစစ်သားများ ရောက်ရှိနေ၍ ကုလားများဖက်မှ ၀င်တိုက်ခဲ့ပုံ၊ မိမိတို့ဘက်မှ ဗြိတိသျှတပ်ပြေး ကရင်ရဲဘော်အနည်းငယ်က ၀င်တိုက်ခဲ့ပုံ၊ နောက်ဆုံး ရခိုင်တွင် ယခင်ကပင် နေထိုင်လာခဲ့သော ဌာနေကုလားများကိုယ်က ကုလားနှင့်ရခိုင် ပဋိပက္ခဖြစ်ရခြင်းသည် နောက်မှ၀င်လာသော ကုလားများကြောင့် ဖြစ်ရသည်ဟု အသစ်၀င်လာသော ကုလားများကို မောင်းထုတ်ကြပုံ၊ လူသစ်ကုလားများ အနေဖြင့်လည်း အေးအေးဆေးဆေး ကိုယ့်ပြည်ကိုကိုယ် ပြန်လိုလျှင် ပြန်ခွင့်ပြုခဲ့ရုံသာမက ခရီးလမ်းတွင် အန္တရာယ် မကျရောက်နိုင်စေရန် ရသေ့တောင်မြို့နယ်အထိ မိမိတို့က တာ၀န်ယူ ပို့ဆောင်ပေးခဲ့ပုံ၊ ငြိမ်းချမ်းစပြုလာသော အခြေအနေတွင် BIA တပ် မိမိတို့ရွာများသို့ ရောက်လာပြီး မြို့ဟောင်းတွင် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပုံ၊ အဟုတ်ဆွေးနွေးမည်ထင်သဖြင့် မိမိဖာသာမိမိ လိုက်လာခဲ့ပုံ၊ နောက်ဆုံး ယခုအခြေအနေများသို့ ရောက်ရပုံ၊ ခရစ်ယာန်ဘာသာ၀င်များဖြစ်သော ကရင်စစ်သားကလေးများကပင် အရေးကြီး သွေးနီးစကားနှင့်အညီ ရခိုင်များဘက်မှ ကာကွယ်ပေးခဲ့ခြင်းကြောင့်၊ ဗုဒ္ဓဘာသာ၀င်များဖြစ်သော ဗမာများက မိမိအား ဤသို့လုပ်ကြံလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ပုံ၊ ဗမာကို ယုံကြည်ခဲ့သဖြင့် ရခိုင်ပြည်ကြီး ပျောက်ဆုံးသွားကာ ရခိုင်လူမျိုး ခြောက်သိန်းကျော် အသတ်ခံခဲ့ရသည်ကိုပင် သင်္ခန်းစာမယူခဲ့သော မိမိသည် ယခု အသက်ဆုံးရတော့မည်ဖြစ်သည်။

ကျွန်တော့်ကို သတ်ဖြတ်ခြင်းသည် ၁၇၈၄-ခုနှစ် ရခိုင်ပြည်ကို ဗမာကျူးကျော်သိမ်းပိုက်စဉ်က သတ်ဖြတ်မှု၏ နောက်ဆက်တွဲဖြစ်သည်။ နောင်လာနောက်သား ရခိုင်များတို့ ဗမာကိုမယုံကြည်ကြဖို့ ကျွန်တော့်ဖြစ်ရပ်ကို သင်္ခန်းစာယူနိုင်ကြလျှင် ကျွန်တော်သေရကျိုးနပ်သည်။ အစဉ်အဆက်ဆက်သော ရခိုင်အာဇာနည်များကဲ့သို့ပင် ကျွန်တော်ရဲဝံ့စွာ အသေခံသွားမည်။ ဗမာများဂတိဖေါက်ဖျက် သစ္စာပျက်ခဲ့သည်မှာ သမိုင်းတွင် အကြိမ်များစွာရှိခဲ့ပြီ၊ ရခိုင်ပြည် ဆုံးရှုံးခဲ့ရသည်မှာလည်း ဗမာဘုရင်မောင်ဝိုင်းက ဂတိဖျက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အနောက်ဘက် မျက်နှာစာတွင် ကုလားရန်ကို နှစ်ပေါင်းများစွာ ခုခံကာကွယ်နေရသော ရခိုင်နိုင်ငံသည် တဖြည်းဖြည်း အင်အားချိနည်းလာသည်၊ တိုင်းပြည်အင်အား ချိနည်းမှုကြောင့် ဗဟိုထိန်းချုပ်မှု ပျက်စီးလုလုဖြစ်ပြီး ဒေသအသီးသီး သူတလူငါတမင်း ဖြစ်နေချိန် လူမျိုးခြား၊ ဘာသာခြားများ၏ လက်အောက် ကျရောက်မသွားစေရန် ဗမာဘုရင်မောင်ဝိုင်းအား ထိန်းသိမ်းပေးရန် စစ်ပန်ခဲ့သည်။ သို့သော် ရခိုင်ပြည်ကိုရောက်သည်နှင့် ဂတိဖျက်ပြီး ရခိုင်ထီးနန်းကိုဖြိုဖျက်၊ ရခိုင်များကို မျိုးဖြုတ် သတ်ဖြတ်တော့သည်၊ ဘယ်နေရာမှာ ဘယ်မျှသတ်ဖြတ်ခဲ့သည်။ ကလေးသူငယ်များကို ဘယ်မျှသတ်ခဲ့သည်၊ ကိုယ်၀န်ဆောင်များကို ဘယ်နေရာမှာ သတ်ခဲ့သည် စသည်ဖြင့် နေရာဒေသ၊ အရေအတွက် အတိအကျနှင့် ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သည်ကို သတ်နည်း သတ်ဟန်များကအစ ဟောပြောနေရာ ခွင့်ပြုထားသောအချိန် တနာရီစေ့အောင်ပင် မစောင့်နိုင်တော့၊ အနာပေါ် တုတ်ကျ၍ ဒေါသ အမျက်ထွက်နေသော ဗိုလ်ရန်အောင်က စစ်သားများကို စစ်ရေးပြရန်အမိန့်ပေးသည်။

စစ်သားများ ကားစင်နှင့် လူထုအကြားတွင် ဘယ်ညာ၊ဘယ်ညာအော်၍ စစ်ရေးပြကြပြီးသည်နှင့် ကျားထိုးရန် ဗိုလ်ရန်အောင်က အမိန့်ပေးသည်။

ဦးထွန်းလှအောင် ရင်၀ကို စစ်သားတစ်ဦးက လှံစွပ်ဖြင့် အားကုန်ထိုးသွင်းလိုက်သည်။ ဦးထွန်းလှအောင် တရားဟောမပျက်။

နောက်တစ်ချက်ထိုးသည်၊ သွေး၀တ်ရုံလွှမ်းခြုံထားသော ဦးထွန်းလှအောင်သည် တရား ဟောကောင်းဆဲ။

သုံးချက်မြောက်ထပ်ထိုးရန် အမိန့်ပေးလိုက်သည်။ ထိုသုံးချက်မြောက်တွင် “ထွန်းလှအောင်ဆိုတာ လူသေသွားပေမဲ့၊ ရခိုင်သမိုင်းမှာ နာမည်မသေနိုင်တော့”ဟု အသံကုန်အော်ပြောပြီး ခေါင်းငိုက်စိုက်ကျ ငြိမ်သက်သွားသည်။

မငြိမ်နိုင်သူက ဗိုလ်ရန်အောင်။ နတ်ပူးသလို တဆတ်ဆတ်တုန်နေသည်။ လူထုဘက်ကို ကြည့်လိုက်သောအခါ အားမတန်၍ မာန်လျှော့ကာ အံကြိတ်ခံနေကြသော ရခိုင်သားများနှင့်၊ တယောက်နှင့်တယောက် ပွေ့ဖက်၍ ခေါင်းမဖေါ်နိုင်အောင် ငိုကြွေးနေကြသော ရခိုင်အမျိုးသမီးများ။ သည်ကြားထဲ BIA တပ်ထဲမှ ရခိုင်ရဲဘော်အများစုက လက်နက်များကိုအပ်၊ ယူနီဖေါင်းကိုပင် ချက်ချင်းချွတ်ပေးပြီး တပ်မှထွက်သွားကြသည်။

ကုလားများကို တိုက်ခိုက်ခဲ့၍ ဆိုးသွမ်းယုတ်မာသူအဖြစ် မိမိက စံနမူနာပြ သတ်ဖြတ်ခဲ့သော်လည်း အသတ်ခံရသူက မိမိအား လူယုတ်မာကြီးအဖြစ် ပုံဖေါ်သွားခဲ့ပြီ။ လှံစွပ်နှင့်ထိုးနေသည်ကို အပ်ဖျားနှင့် ထိုးသလောက်ပင် နာကြင်မှုကိုမပြပဲ သေသည်အထိ မိမိအား အာခံသွားခဲ့သည်။

ညနေ မြို့လူကြီးများနှင့်တွေ့ချိန်တွင် မိမိလက်လွန်သွားကြောင်း ဗိုလ်ရန်အောင်က ၀န်ခံလိုက်သည်။

(ခ) ငြိမ်းချမ်းရေးလား?၊ င/ရဲလား?

ဗြိတိသျှစစ်တပ် နတ်မြစ်အနောက်ဘက်ခြမ်းထိ ဆုတ်ခွာသွားပြီးနောက် မိမိတို့၏ ရှေ့ကာအတားအဆီးအဖြစ် ဘူးသီးတောင်၊ မောင်တောနယ်မှ ကုလားများကို အပျော်ထမ်းတပ်များဖွဲ့စည်း၍ လက်နက်များ တပ်ဆင်ပေးထားခဲ့သည်။ ရည်ရွယ်ချက်မှာ ရှေ့တိုးလာသော ဂျပန်တပ်များကို ထောက်လှမ်းရန်နှင့် နှောင့်ယှက်ဟန့်တား တိုက်ခိုက်ရန်ဖြစ်သည်။

သို့သော် ကုလားများသည် ဂျပန်ကိုမတိုက်၊ ဂျပန်ရောက်မလာမီကပင် ယင်းဒေသရှိ ရခိုင်များကို အပြတ်ရှင်းတော့သည်။ မောင်တောတနယ်လုံး ရခိုင်များ ပြုတ်ပြုတ်ပြုန်းကုန်ပြီး ဘူးသီးတောင်ကို ဝိုင်းရံ၍ အားစမ်းတိုက်ခိုက်နေကြသည်။ ဘူးသီးတောင်မြို့တွင် ဗြိတိသျှအုပ်ချုပ်မှု အကြွင်းအကျန် ရခိုင်ပုလိပ်အချို့နှင့် ဘူးသီးတောင် မြို့သူမြို့သားများက မြို့ကိုမဆုတ်မနစ် ခုခံနေကြသည်။

ထိုအချိန် ဗိုလ်ရန်အောင် ခေါင်းဆောင်သော ဗမာ့လွတ်လပ်ရေးတပ်မတော် BIA က ဘူးသီးတောင်မြို့ကို သေနတ်တစ်ချက်မဖေါက်ရပဲ သိမ်းပိုက်လိုက်သည်။ ဘူးသီးတောင် ဘဏ်တိုက်မှ ငွေသိန်းပေါင်း နှစ်ဆယ်ကို သိမ်းယူလိုက်သည်။ ရခိုင်ပုလိပ်များနှင့် ဘူးသီးတောင် မြို့သူမြို့သားများထံမှ သေနတ်အလက် နှစ်ရာကိုလည်း သိမ်းယူလိုက်သည်။

မိမိတို့ ဗမာ့လွတ်လပ်ရေးတပ်မတော်မှ လုံခြုံရေးတာ၀န် ယူထားလိုက်ပြီဖြစ်ခြင်းကြောင်း ရခိုင်လူမျိုးများလက်ထဲတွင် သေနတ်လက်နက် ထားရှိရန် မလိုတော့၊ ကုလားများနှင့်ဖြစ်ပွားနေသော လူမျိုးရေးအဓိကရုန်းကို မိမိတို့က ညှိနှိုင်းဖြေရှင်းပေးမည်။

ကုလားများကို ငြိမ်းချမ်းရေး ကမ်းလှမ်းလိုက်သည်။ ကုလားများက ဆွေးနွေးညှိနှိုင်းရန် ကိုယ်စားလှယ်လွှတ်ပေးဖို့ တောင်းဆိုသည်။ BIA မှ ဗိုလ်ရန်နောင်နှင့် ဗိုလ်မျိုးညွန့်နှစ်ဦးတို့ကို ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ် လွှတ်လိုက်သည်။

ကုလားများက ငြိမ်းချမ်းရေး မဆွေးနွေးမီ ထမင်းစားပွဲကြီး ပြင်ဆင်ထားသည်။ ထမင်းစားဝိုင်းတွင် သေနတ်ကို ဘေးတွင်ချ၍ BIA ကိုယ်စားလှယ်နှစ်ဦး ၀င်ထိုင်လိုက်ကြသည်နှင့် နောက်ဘက်မှ ကုလားများက ဖမ်းချုပ်၊ အပြင်ဆွဲထုတ်ကာ လည်ပင်းကိုလှီးဖြတ်၍ ဟာလာလုပ်လိုက်ကြသည်။

ဧရာမထမင်းစားပွဲကြီးကို မိမိတို့အတွက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုဟု ထင်မှတ်ခဲ့သော BIA ကိုယ်စားလှယ်တော်ကြီးနှစ်ဦး မြင်သာမြင်ရ မစားခဲ့ရပဲ၊ ကိုယ်တိုင်က ယဇ်ကောင်ဘ၀ ကျရောက်သွားသည်။ ထမင်းစားပွဲကြီးကား ကုလားများအတွက် အောင်သေအောင်သား စားတော်ပွဲကြီးတခုသာ။

ငြိမ်းချမ်းရေး ဗိသုကာကြီး ဗိုလ်ရန်အောင် (ရဲဘော်သုံးကျိပ်၀င်) သည် မည်သို့မှ မတတ်နိုင်တော့။

ကုလားများ၏ စစ်ရေးလှုပ်ရှားမှုများက ပို၍ပြင်းထန်လာသည်။ သည်ကြားထဲ အင်္ဂလိပ် ဒီဝီဇံတပ်မကြီး ချီတက်လာပြီဟု ကုလားများက လုပ်ကြံ သတင်းလွှင့်ကြရာ BIA ဗမာစစ်သားများ ဆုတ်ခွာချင်လာကြသည်။ ဦးဘုံပေါက်သာကျော် အစရှိသော ရခိုင်ခေါင်းဆောင်များက ကုလား လက်နက်ကိုင်များသာဖြစ်ကြောင်း၊ အင်္ဂလိပ်တပ် မဟုတ်ကြောင်း မည်သို့ပင် နားချစေကာမူ သွေးပျက်နေသော ဗမာစစ်သားများက ဆုတ်ခွာရန်သာ ပြောလာကြသည်။

“ပရိုဂရက်” (Progress) သင်္ဘောပေါ်တွင် စစ်သားအားလုံး တက်ရောက်ပြီးခါမှ ဗမာ့လွတ်လပ်ရေးတပ်မတော် ဆုတ်ခွာမည်ကို ဘူးသီးတောင် မြို့သူမြို့သားများ သိသွားကြသည်။

မနေရဲကြတော့။ အဓိကရုန်းကို ကာကွယ်ပေးမည်ဆိုသော BIA စစ်သားများပင် ဆုတ်ပြေးနေကြပြီ။ လူမျိုးရေးအဓိကရုန်း ဆက်မဖြစ်ရန် အကြောင်းပြချက်ဖြင့် မိမိတို့၏ လက်နက်များကိုလည်း သိမ်းယူသွားကြသေးသည်။

အတူလိုက်ပါရန် ဘူးသီးတောင် မြို့သူ၊ မြို့သားများ စုပြုံဆင်းလာကြသည်။ စစ်သားများ၏ “ပရိုဂရက်”သင်္ဘောပေါ်သို့ တက်ရန် တားဆီးခံရသောအခါ၊ စက်ပျက်နေသော “မီးဝ” သင်္ဘောကို ဆွဲယူပေးရန် တောင်းပန်ကြသည်။ ဗိုလ်ရန်အောင်က သဘောတူ၍ “မင်း၀” သင်္ဘောသို့ မြို့သူမြို့သားများ မဆန့်မပြဲတက်ကြသည်။

ကြိုးဖြင့်ဆွဲလျှက် ထွက်လာသည်။ မြုတ်လု မြုတ်ချင် ဖြစ်နေသော “မင်း၀” သင်္ဘောပေါ်တွင် ကြောက်အား လန့်အားနှင့် လူးလွန့်နေကြရာ သင်္ဘောစောင်းလာသည်။ မိမိတို့၏ သင်္ဘောပါ နစ်မြုတ်သွားမည်ကို စိုးရိမ်လာသော ဗိုလ်ရန်အောင်က ကြိုးဖြတ်ရန် အမိန့်ပေးလိုက်၍ ဆွဲထားသောကြိုးကို ဖြတ်ပစ်လိုက်သည်နှင့် “မင်း၀”နစ်မြုတ်ရတော့သည်။

ကယ်ပါ၊ ကူပါ တစာစာ အော်နေကြသော ဘူးသီးတောင် မြို့သူမြို့သား လေးရာကျော်အား မေယုမြစ်က ဝါးမျိုနေသည်ကို မသိကျိုးကျွမ် စွန့်ခွာလျှက် ဗိုလ်ရန်အောင်၏သင်္ဘော စစ်တွေသို့ ဆက်လက်ထွက်ခွာသွားသည်။

ကုလား-ရခိုင် အဓိကရုန်းကို ငြိမ်းချမ်းအောင် လုပ်ပေးမည့် ကယ်တင်ရှင်ကြီး ဗိုလ်ရန်အောင် အကြီးအကျယ် စိတ်မကောင်း ခံစားရသည်ဟုဆို၏။

စစ်တွေမြို့သို့ ရောက်ပြီး မကြာမီ ဘူးသီးတောင်မြို့ကို ကုလားများ အလုံးအရင်းဖြင့် တိုက်နေပြီဟူသော သတင်းစကားကြောင့် ရခိုင်ရဲဘော်များ၏ တောင်းဆိုချက်အရ BIA တပ်စုတစ်စုကို စက်လှေတစ်စီးဖြင့် ဘူးသီးတောင်မြို့သို့ လွှတ်လိုက်သည်။ သို့သော် မရတော့။ လမ်းခုလပ် ခွဆုံရွာရောက်သည့်နှင့် ကုလားများက ကမ်းမှလှမ်းပစ်၍ စက်လှေမြုပ်ပြီး အားလုံးသေကုန်သည်။

ဘူးသီးတောင်မြို့၏ နောက်ဆုံးအခြေအနေကို အောက်ပါမိသားစုတစ်ခု၏ ဖြစ်ရပ်က ပုံပေါ်စေလိမ့်မည်။

ကုလားများ မြို့ထဲသို့ ၀င်လာပြီ။ လှေပေါ်တက်၍ ထွက်ပြေးကြသည်။ မိမိတို့ အိမ်ကြီးအား ကုလားများက မီးရှို့လိုက်သည်ကို မြင်နေရသည်။ ကုလားလှေများ ဝဲယာညှပ်၍ လာနေကြသည်။ တဘက်ကမ်းသို့ ဦးတည်လှော်ခတ်သွားရာ ကမ်းပေါ်မှာ ကုလားပေါင်းများစွာ ဘွားခနဲပေါ်လာသည်။ ဓါးကို ထောင်ပြနေကြသည်။ “လာခဲ့၊ လာခဲ့ နွားလှီးသလို လှီးမည်”ဟု ပြောင်ပြနေကြသည်။

ညီမဖြစ်သူက “မောင်ကြီး ကျွန်မ ကုလားမယားအဖြစ် မခံနိုင်၊ ကျွန်မဂုတ်ကို ဓါးဖြင့်ခုတ်၍ အယင်သတ်ပေးပါ”ဟု တောင်းပန်နေသည်။

အမကြီးကလည်း “ငါလည်း ကုလားမယားအဖြစ် မခံနိုင်၊ ငါ့ကိုပါသတ်ပေးပါ”ဟု တောင်းဆိုလာသည်။ အမေနှင့် အဘွားတို့ကလည်း “ကုလားလက်ထဲ ဠင်းတဆွဲသလို အသေမခံနိုင်၊ ငါတို့ကိုလည်း အယင်ခုတ်သတ်လိုက်”ဟု တောင်းဆိုလာသည်။

မောင်ကြီးနှင့် မောင်လေးတို့က “ညီမနှင့် အမကိုတော့ ခုတ်သတ်မည်၊ အမေနှင့် အဘွားကိုတော့ လက်မတင်ကောင်း၍ မသတ်နိုင်”ဟုပြောသော်လည်း၊ မိခင်က “ငါ့သားတို့ကို ငါတို့ခွင့်ပြုသည်၊ ခွင့်လွှတ်သည်၊ ငါတို့ကို သတ်ပြီးသည်နှင့် ကုလားယုတ်များကို သေနိုင်သမျှ များများသေအောင် ခုတ်ပြီး မင်းတို့လည်း မလွတ်နိုင်လျှင် အသေခံကြလော။ ဤတိရစ္ဆာန်များလက်ထဲမှာ အသက်ရှင်လျှက်ဖြင့် လုံး၀ အဖမ်းမခံကြလေနှင့်။”

(ဂ) စကားချပ်

(၁) ရဲဘော်သုံးကျိပ်၀င် ဗိုလ်ရန်အောင်သည် ဦးထွန်းလှအောင်ကို သတ်ဖြတ်ခဲ့မှု၊ ဘူးသီးတောင် မြို့သူမြို့သားများကို သေစေခဲ့မှု ၀ဠ်ကြွေးကြောင့်ထင်သည်၊ ၁၉၆၇-ခုနှစ် ဒီဇင်ဘာလ ၂၆-ရက်နေ့၌ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ၏ ဖြုတ်ထုတ်သတ် စီမံကိန်းတွင် ရက်ရက်စက်စက် အသတ်ခံလိုက်ရသည်။

ဗကပ ဗဟိုစခန်းတွင် ဗိုလ်ရန်အောင်အား စွဲချက်များ တစ်ယောက်တစ်မျိုး ဝိုင်းတင်ကြရာ၌ သခင်ဇင်၏ စွဲချက်တွင် ဘူးသီးတောင်မှာ သင်္ဘောမြုပ်၍ လူအများအပြား သေစေခဲ့မှု၊ ကုလား-ရခိုင် အဓိကရုန်းကို ကိုင်တွယ်မှု အမှားကြောင့် ဘူးသီးတောင်၊ မောင်တောနယ်ရှိ ရခိုင်များစွာ အသက်ဆုံးရှုံးခဲ့ရမှုအတွက် တာ၀န်ရှိသည်ဟု စွပ်စွဲခဲ့သည်။

သားလတ် ရဲဘော်စောမင်းကပါ အဖေအရင်းကို သစ္စာဖေါက်အဖြစ် စွဲချက်တင်၍ ဖြစ်နိုင်လျှင် သူကိုယ်တိုင် လာသတ်လိုသည်ဟု စာရေးသားခဲ့သည်။

စိတ်ရော၊ လူကိုပါ အမျိုးမျိုးနှိပ်စက်ခြင်း၏ဒဏ်ကို မခံနိုင်တော့၍ ၁၉၆၇-ခု၌ နို၀င်ဘာလ ၁၅-ရက်နေ့ကပင် အက်စ်ပရင်ဆေး ၃၃-လုံးသောက်ကာ ကိုယ့်ကိုကိုယ် သတ်သေရန်ကြိုးစားသည်။ မသေနိုင်လိုက်။

ခြေထောက်တွင် သစ်တုံးချိတ်ဆွဲ၍ တိရစ္ဆာန်ရိုင်းများကဲ့သို့ ဝါးရုံပင်တွင် ချဉ်နှောင်ထားခြင်းကြောင့် နမိုးနီးယား၀င်ကာ သေလုမျောပါး ဖြစ်လာသည်ကို ချက်ချင်းမသေစေရန် ပဋိဇီဝဆေးများ ထိုးသွင်းပေးသည်။ တံတွေး ဝိုင်းထွေးကြပြီး သေးအလူးလူး၊ ချေးအလူးလူး ဖြစ်နေသော ဗိုလ်ရန်အောင်ကို ဝါးရင်းတုတ်များဖြင့် ရိုက်နှက်၍ မချီမဆန့် အသက်ထွက်စေခဲ့သည်။

(၂) ဦးထွန်းလှအောင်ကား မသေနိုင်တော့။ ကုလား နယ်မြေချဲ့မှု ရှိနေသမျှ ရခိုင်သားများ တွန်းလှန်နေကြမည်။ ရခိုင်သားများ ခုခံတွန်းလှန်နေသမျှ သူလုပ်ခဲ့သော လုပ်ရပ်များသည်လည်း ဆက်လက် ရှင်သန်နေမည်။

၁၉၄၂-ခုနှစ် ကုလား-ရခိုင် အဓိကရုန်းတွင် သူ့အားပါ၀င်စေခဲ့သော ယိုင်သည်ရွာသည်၊ ၂၀၁၂-ခုနှစ် အောက်တိုဘာလ ၂၃-ရက်နေ့က မီးရှို့ခံလိုက်ရပြီ။ ရာဇ၀င်ကြွေးလော၊ အရိုးတွန်ခြင်းလော မပြောတတ်။ သေချာသည်ကား ရခိုင်သမိုင်းရှိနေသမျှ ဦးထွန်းလှအောင်သမိုင်းက ရှင်သန်နေမည်သာ။

(၃) ၁၈၁၀-နှင့် ၁၈၁၆-ကြားကာလတွင် ရခိုင်ပြည်၌ လူဦးရေ ၁-သန်းကျော်ရှိခဲ့သည်။ ဗမာဘုရင် လက်ထဲမှ ရခိုင်ပြည်ကို ဗြိတိသျှတို့ သိမ်းယူပြီး ၁၈၂၆-ခုနှစ်တွင် လူဦးရေစာရင်း ကောက်ယူသောအခါ ရခိုင်ပြည်၌ လူဦးရေ (၁၀၀၀၀၀) တစ်သိန်းသာ ကျန်တော့သည်။

(၄) ယခုဖြစ်ပွားနေသော ပဋိပက္ခတွင် လိုအပ်သည်ထက်ပို၍ ရခိုင်များကို နှိမ်နင်းသတ်ဖြတ်နေသော ဗမာစစ်ဗိုလ်၊ စစ်သားများသည် အထက်ပါ သမိုင်းဖြစ်ရပ်မှန်ကို သင်္ခန်းစာ ယူကြစေလိုသည်။ ပဋိပက္ခ တားဆီးရုံထက် ပိုလွန်၍ ရခိုင်များအား ဖိနှိပ်ခြင်းသည် မှန်သလား?၊ ရခိုင်များထံမှ ထင်းခုတ်မည့် ဓါးပါမကျန် လက်နက်များ သိမ်းဆည်းခြင်းသည် မှန်သလား?။

(၅) အထက်ပါ သမိုင်းဖြစ်ရပ်မှန် တင်ပြချက်သည် ဗမာမုန်းတီးရေး တင်ပြချက်ဖြစ်သည်ဟု မမှတ်ယူကြစေလို။

အတိတ်မှ သမိုင်းမှန်ကို သင်္ခန်းစာယူနိုင်မှ လက်ငင်းအခြေအနေကို ဖြေရှင်းနိုင်မည်ဖြစ်သည်။

၁၉၅၆-ခုနှစ် ရွေးကောက်ပွဲတွင် လူတစ်ကိုယ် မဲတစ်ပြားစီစနစ်ဖြင့် မဲပေးနိုင်ရန် ဦးနုဦးဆောင်သော ဖဆပလ သည် တဘက်နိုင်ငံမှ ကုလားများအား မြောက်များစွာ သွင်းခဲ့သည်။ မဲနိုင်သည်ကား ဗမာအုပ်စိုးသူ၊ ကုလားဒဏ်ကို ခံရသူက ရခိုင်ပြည်သူ။

ဗမာအုပ်စိုးသူများကို အစဉ်အဆက် ယုံကြည်၍မရသည်မှာကား သမိုင်းက သက်သေပြခဲ့ပါပြီ။

ဦးနေ၀င်း လက်ထက်ကဆိုလျှင် ရခိုင်ပြည်၊ ရခိုင်မြေဖြစ်သော အုန်းကျွန်းကို ဘင်္ဂလားဒေ့(ခ်ျ)သို့ လက်ဆောင် ပေးသကဲ့သို့ အသားလွတ် ပေးပစ်ခဲ့သည်။ နဂါးမင်းစီမံချက်ကြောင့် ကုလား (၁၅၆၆၃၀) ယောက် ထွက်ပြေးသွားသည်ကို ဟင်္သာစီမံချက်ဖြင့်(၁၈၈၇၈၀) ထိ လက်ခံခဲ့သည်။ နိုင်ငံတကာက အခွင့်အရေး ပေးလာမည်ကို မျှော်လင့်ပြီး ရခိုင်မြေမှာ ကုလား ၃၂၁၅၀-ယောက်ကို ပိုမိုဖြည့်သိပ်ခဲ့သည်။

ယခု သမ္မတကြီး ဦးသိန်စိန်ကား အပြောက ရွှေမန်းဖြစ်ခြင်းကြောင့် ရခိုင်အမျိုးသားအားလုံး ၀မ်းသာအားရ ထောက်ခံနေကြသော်လည်း နိုင်ငံတကာ အထောက်အကူနှင့် ရခိုင်မြေကို အလဲအလှယ် လုပ်မည်လားဟု သံသယစိတ်နှင့် စောင့်ကြည့်နေကြသည်။

ဤတစ်ကြိမ်တွင် ဗမာရဟန်းရှင်လူ ပြည်သူအားလုံးက ရခိုင်လူမျိုးများ၏ ခံစားမှုကို ထပ်တူထပ်မျှ ၀င်ရောက်ခံစား ပေးကြနေကြခြင်းသည် ရခိုင်-ဗမာ သွေးစည်းညီညွတ်ရေးဆီသို့ ဦးတည်နေသည်။

လက်ရှိပဋိပက္ခကို မှန်ကန်စွာ ဖြေရှင်းနိုင်ရေးသည် ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်ချက်ကြီး တစ်ခုဖြစ်သည်။ သို့မဟုတ်ပါက———–။

ခိုင်ထူး (ARG-222)

ရခိုင်မျိုးစောင့်အုပ်စု

ဂျပန်နိုင်ငံ

ရက်စွဲ-၁၈.၁၁.၂၀၁၂

မှီငြမ်း-

(၁) တော်လှန်ရေးခရီး၀ယ် (စာရေးသူ-ဘုံပေါက်သာကျော်) ၊ သန္တာအောင်စာပေ၊ သတင်းဂျာနယ် ပုံနှိပ်တိုက်မှ ၁၉၇၃-ခု ဇူလိုင်လ ၁၅-ရက်နေ့တွင် ထုတ်ဝေသည်။

(၂) ရခိုင်တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု (စာရေးသူ-ဦးဘစံ)၊ သဟာယစာပေမှ ၁၉၉၆-ခု မတ်လတွင် ထုတ်ဝေသည်။

(၃) သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ပထမတွဲ)၊ မြရာပင်စာပေမှ ၁၉၆၉-ခုနှစ် မေလ ၁-ရက်နေ့တွင် ထုတ်ဝေခဲ့သည်။

တွေ့ဆုံမေးမြန်းခဲ့သူများ-

(၁) ဦးမောင်ကြီး (တောင်ကုတ်မြို့)၊ BIA တပ်သားဟောင်းဖြစ်သည်။ ဦးထွန်းလှအောင်ကို ဗိုလ်ရန်အောင် ကျားထိုး၍ သတ်စဉ်က ရှေ့ဆုံးတွင် ရှိနေပြီး ရခိုင်ရဲဘော်များ တပ်မှထွက်ကြစဉ် ပါ၀င်ခဲ့သူဖြစ်သည်။ (မြောက်ဦးမြို့မှ ကျောင်းဆရာ ဦးမောင်တင်ကြီး၏ အကိုဖြစ်သည်)။

(၂) ဦး၀င်းမြအောင် (မြောက်ဦးမြို့) ကွယ်လွန်။

(၃) ဦးဘအောင် (မြောက်ဦးမြို့) ကွယ်လွန်။(ဦးထွန်းလှအောင်၏ ညီဖြစ်သည်)။

(၄) ဦးစိန်ကျော် (မြောက်ဦးမြို့) ကွယ်လွန်။ ကျောင်းဆရာ။

(၅) ဦးစံထွန်းအောင်ကျော် (မြောက်ဦးမြို့) အသက်-၉၆-နှစ်။

(၆) ဒေါ်ဦးစိန်သာ (မြောက်ဦးမြို့) အသက်-၈၆-နှစ်။

(၇) ဦးစိုးသာအောင် (ကျွဲတဲရွာ) ကွယ်လွန်။ (ဇာတိ-ဘူးသီးတောင်)။

(၈) ဦးနီထွန်းဦး (ကျွဲတဲရွာ) ကွယ်လွန်။ (ဇာတိ-ဘူးသီးတောင်)။

(၉) ဒေါက်တာအေးချမ်း (ပါမောက္ခ) ဂျပန်နိုင်ငံ။ (ဇာတိ-ဘူးသီးတောင်)။

(၁၀) ဆရာကြီးဦးမောင်ဗသိန်း(အငြိမ်းစား-မြို့နယ်ပညာရေးမှူး၊ ရခိုင်သမိုင်းသုတေသီ) စစ်တွေမြို့



The Mog Nation Wiki

Leave a comment